Menu & Search

About Us

April 16, 2020

မြန်မာ့ မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP Myanmar) သည် လွတ်လပ်ပြီး ပါတီစွဲ ကင်းသည့် အစိုးရ မဟုတ်သော သုတေသန အဖွဲ့ ဖြစ်ပါသည်။ ISP Myanmar ၏ မြော်မြင်ချက်မှာ မြန်မာနိုင်ငံကို ရုန်းထ ကြံ့ခိုင်မှု အားကောင်းပြီး သည်းခံစိတ် ကြီးမားသော လူ့ အဖွဲ့အစည်းတရပ် အဖြစ် ပေါ်ထွန်းလာစေရေး ဖြစ်သည်။ ထို့အတူ အစိုးရသည်လည်း တာဝန်ယူမှု၊ တာဝန်ခံမှု ရှိသည့် အပြင် ပြည်သူအားလုံး ပါဝင်မှုကို လမ်းဖွင့်ပေးသော အစိုးရတရပ် ဖြစ်ပေါ်ရေးကို ဦးတည်ပါသည်။

ISP Myanmar ၏ ဦးတည်ချက်မှာ ဒီမိုကရေစီ ကျသော ခေါင်းဆောင်မှုကို မြှင့်တင် အားပေးရန်နှင့် နိုင်ငံ့အရေးတွင် နိုင်ငံသားများ ပါဝင်ဆောင်ရွက်မှု အားကောင်းစေရန် ဖြစ်သည်။

ISP Myanmar အနေဖြင့် အစီအစဉ် သုံးရပ်ကို ဆောင်ရွက်နေပြီး ယင်းတို့မှာ –
(၁) မူဝါဒ ဦးတည်သည့် သုတေသနလုပ်ငန်းများ၊ (၂) သုတေသန အရည်အသွေး မြှင့်တင်ရေး သင်တန်းများနှင့် ခေါင်းဆောင်အဆင့် ဆွေးနွေး ထိစပ်ခြင်း၊ (၃) မီဒီယာကြားခံပေါင်းစုံဖြင့် ဆက်ဆံဆက်သွယ်ရေးနှင့် ပြင်ပဆက်ဆံရေး လုပ်ငန်းများ ဖြစ်ကြသည်။

ISP Myanmar သည် မြန်မာ့ မဟာဗျူဟာ နှင့် မူဝါဒလေ့လာရေးဂျာနယ် (The Myanmar Quarterly) ကိုလည်း ထုတ်ဝေနေပြီး ရေးသူ ဖတ်သူ ဆွေးနွေးပွဲ ပုံစံဖြစ်သော Myanmar Quarterly Symposium ကို သုံးလတကြိမ် ပြုလုပ်လျက်ရှိကာ ယောမင်းကြီးဇရပ် စကားဝိုင်း ဆွေးနွေးပွဲ (Talk Show) ကိုလည်း ပြုလုပ်နေပါသည်။

Type your search keyword, and press enter to search