မြန်မာနိုင်ငံနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်မှု အလားအလာ
မြန်မာနိုင်ငံက အခုအချိန်မှာ လူပေါင်း ၁ ဒသမ ၇ သန်းကို ကာကွယ်ဆေး ထိုးနှံ ပြီး…
အယ်ဒီတာ မှတ်ချက် ယခုဖော်ပြထားချက်သည် ဒေါက်တာမြတ်ထူးရာဇတ်အား အင်တာဗျူးပုံစံဖြင့် မေးမြန်းခဲ့သည့်အပေါ် ပြန်လည် ဖြေကြားခဲ့သည်များအား ထင်မြင်ချက်ဆောင်းပါးသ္ဌာန်ဖြင့် ဖော်ပြထားခြင်းဖြစ်ပါသည်။ဒေါက်တာမြတ်ထူးရာဇတ်သည် အာရှ၊ အာဖရိက၊ လက်တင်အမေရိကနှင့် အမေရိကန် ပြည်ထောင်စုတို့တွင် HIV/AIDS ကာကွယ်တားဆီးကုသရေး၊ အပြည်ပြည်ဆိုင်ရာ ကျန်းမာရေးစနစ် မြှင့်တင်ရေးနှင့် အပြည်ပြည်ဆိုင်ရာ ကပ်ရောဂါများ ရှာဖွေတားဆီး တိုက်ဖျက်ရေး လုပ်ငန်းများကို လုပ်ဆောင်ခဲ့သူဖြစ်သည်။ယခု ဖော်ပြမှုတွင်ပါရှိ သည့် ပြောဆိုချက်များသည် ဒေါက်တာမြတ်ထူးရာဇတ်၏ အာဘော်သာဖြစ်ပြီး သူလုပ်ကိုင်ခဲ့သော (သို့မဟုတ်) သူလုပ်ကိုင်နေသည့် အ¸အစည်းများနှင့် သက်ဆိုင်ခြင်းမရှိကြောင်း သိစေအပ်ပါသည်။
Covid-19 ဗိုင်းရပ်စ်ဟာ တကမ္ဘာလုံးကို ဒုက္ခပေးနေတဲ့ ပိုးအသစ်ဖြစ်ပါတယ်။ တက္ဘာလုံးမှာ လူနှစ်သန်းနီးပါး ဗိုင်းရပ်စ်ရှိကြောင်းConfirm ဖြစ်နေပါပြီ။ ပြီးတော့ သေဆုံးမှုကလည်း တသိန်းနှစ်သောင်းလောက် ရှိနေပါပြီ။ အားလုံးဟာ ဒီဗိုင်းရပ်စ်ကို တုံ့ပြန်ဖို့ ကြိုးစားနေကြပါတယ်။ တတ်နိုင်သလောက်လည်း တုံ့ပြန်နေကြပါတယ်။ ဒါပေမဲ့ ထိရောက်မှုရှိသလို၊ မထိရောက်တာတွေ အများကြီးပါပဲ။ တကမ္ဘာလုံး အတိုင်းအတာ အခြအနေနဲ့ ကြည့်ရမယ်ဆိုရင် ဒီဗိုင်းရပ်စ်ကြောင့် သေဆုံးမှု၊ ရောဂါဖြစ်ပွားမှုက တော်တော်လေး များနေတာကို တွေ့ရပါတယ်။
အဲဒီတော့ ကျနော်တို့ မြန်မာနိုင်ငံအနေနဲ့ ဘယ်လိုလုပ်မလဲ ဆိုတာကို ပြောကြမယ်ဆိုရင် ပြောပြချင်တာ အချက် သုံး၊ လေးချက်လောက် ရှိပါတယ်။ အရေးကြီးတာက ရှိတာနဲ့ အထိရောက် ဆုံးတုံ့ပြန်နိုင်ဖို့ အရေးကြီးပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အခုချိန်မှာ ဗိုင်းရပ်စ်ပိုးစစ်နိုင်တဲ့ Test တွေ မရှိဘူးဆိုပြီး အာရုံစိုက်နေတာတွေ၊ စိတ်ဆင်းရဲနေတာတွေ ရှိနေမယ်ဆိုရင် ကျနော်တို့ အနေနဲ့ တုံ့ပြန်မှုအပိုင်းမှာ အားနည်းသွားနိုင်ပါတယ်။ မရှိတာတွေကို အာရုံစိုက်နေဖို့ မလိုပါ ဘူး။ Test တွေ မရှိတာ၊ ကုသ စစ်ဆေးမှုတွေ မရှိတာကို သွားပြီးတော့ စိုးရိမ်နေမယ်ဆိုရင် ဒါက အချိန်ကုန်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆေး စစ်လိုက်လို့ ပိုးရှိတာပဲ သိသိ၊ ပိုးမရှိတာပဲ သိသိ အဓိက လုပ်ရမှာက ကာကွယ်တားဆီးရေး ဖြစ်ပါတယ်။ ပြီးတော့ ထိန်းချုပ်ရပါမယ်။ တကယ်လို့ ဖြစ်နေပြီဆိုရင် ကုသရပါမယ်။ အခုလောလော ဆယ် တကမ္ဘာလုံးမှာ ဒီရောဂါကို ထိထိရောက် ရောက် ကုသနိုင်တဲ့ဆေး မရှိသေးပါဘူး။ သုတသနတွေ အများကြီးလုပ်နေပါတယ်။ အချို့ဆေးတွေကို အချို့က ကောင်းတယ်လို့ ပြောကြပါတယ်။ ဒါပေမဲ့ ကျနော်တို့ ပြန်ကြည့်တဲ့အချိန်မှာ ထိရောက်တဲ့ဆေး အခုအချိန်အထိ မရှိသေးပါဘူး။
အဲဒီတော့ ကုသဖို့ ဆေးမရှိတဲ့ အချိန်မှာ ကျနော်တို့ ဘာလုပ်ရမလဲ။ ကာကွယ် တားဆီးရပါမယ်။ အများပြည်သူကို အာရုံစိုက်စေချင်တာက ဒီဗိုင်းရပ်စ်ဟာ ကိုယ့်ရဲ့ ရပ်ရွာ၊ ကိုယ့်ရဲ့ ပတ်ဝန်းကျင်မှာ ရှိနေပြီလို့ကို သဘောထားရပါမယ်။ အဲဒီလို သဘောထားလိုက်တယ်ဆိုရင် ဘာလုပ်ရမလဲ။ ကိုယ့်ကိုယ်ကို ကာကွယ်ရပါမယ်။ ကိုယ့် မိသားစုဆီကို ဒီဗိုင်းရပ်စ် ရောက်မလာအောင် ကာကွယ်ရမယ်။ တချိန်တည်းမှာပဲ ကိုယ့်ရပ်ရွာမှာ ဒီဗိုင်းရပ်စ်ပျံ့နှံ့နှုန်းနည်းအောင် အတတ်နိုင်ဆုံး လုပ်ရပါမယ်။ အဲဒီလို လုပ်နိုင်ကြတာကြောင့် တကမ္ဘာလုံးမှာ ထိရောက်တဲ့ ကာကွယ်တားဆီးမှုတွေ တွေ့နေ ရပါတယ်။ တယောက်နဲ့တယောက် ခွာခွာနေမယ်။ အနည်းဆုံး ခြောက်ပေ ခွာနေမယ်။ လက်ဆေးမယ်။ ကိုယ်လက်သန့်စင်မှုကို စနစ်တကျ လုပ်ထားမယ်။ တံခါးလက်ကိုင်၊ လှေကားလက်ကိုင်၊ ရေအိမ်လက်ကိုင် စသဖြင့် အရာတွေကို ပိုးသတ်ဆေးနဲ့ သေသေ ချာချာ သုတ်သင်ထားမယ်ဆိုရင် ဗိုင်းရပ်စ်က ကိုယ်ခန္ဓာထဲကို ဝင်နိုင်တဲ့အခွင့်အရေး နည်းသွားပါတယ်။ ဘာမှမရှိတဲ့အချိန်မှာ ကိုယ်တတ်နိုင်တာ ဘာရှိသလဲ။ တယောက်နဲ့ တယောက် ခွာခွာနေမယ်။ ဘယ်လိုမျိုး ကာကွယ်တားဆီးရမလဲဆိုတဲ့ လမ်းကြောင်း တွေကို ကျန်းမာရေးဝန်ကြီးဌာနက ပြောထားတယ်။ အဲဒီပြောကြားချက်တွေအတိုင်း လိုက်နာဖို့ အရေးကြီးပါတယ်။
အဓိက အချက်ကတော့ လိုက်နာဖို့ အရေးကြီးတယ်။ ဘယ်လိုပဲ ထိရောက်တဲ့ ကာကွယ်တားဆီးမှုတွေ ပြောထားပေမယ့် ပြည်သူလူထုက မလိုက်နာဘူးဆိုရင် ဒီဗိုင်းရပ်စ်က ပြန့်ပွားသွားမှာပဲ။ ကိုယ်တတ်နိုင်တာ ဘာရှိသလဲ။ နံပါတ်တစ် – ကာကွယ် တားဆီးမယ်။ ပြီးတော့ ဘယ်လို ထိန်းချုပ်မလဲ။ ထိန်းချုပ်တယ် ဆိုရာမှာ တကယ်လို့ ရှိလာခဲ့ပြီဆိုရင်၊ ပိုးတွေ့ပြီဆိုရင် ရှိတဲ့လူတွေကို Quarantine လို့ ခေါ်တဲ့ သီးခြား ထုတ် ထားလိုက်တယ်။ ပြီးတော့ သူတို့ကို ၁၄ ရက်ကနေ ၂၁ ရက်အထိ လူတွေနဲ့ ထိတွေ့မှု မရှိအောင် လုပ်ပေးထားမယ်ဆိုရင် ဒီဗိုင်းရပ်စ်က သူတို့ဆီကနေ အခြားအပြင်လူကို ကူးဖို့ အရမ်းနည်းသွားပါတယ်။ တချိန်တည်းမှာပဲ ဒီဗိုင်းရပ်စ်ရဲ့ သေနှုန်းက တချိန်က အီဘိုလာတို့ သေနှုန်းထက် အများကြီးနည်းပါတယ်။ ဒါပေမဲ့ ကျနော်တို့အတွက် လူတယောက် သေတာကလည်း အင်မတန်မှ စိတ်ထိခိုက်ဖို့ ကောင်းပါတယ်။
ဗိုင်းရပ်စ်ချင်း ယှဉ်လိုက်မယ်ဆိုရင် အီဘိုလာဟာ Covid-19 ထက် လူ ပိုသတ်ပါ တယ်။ Covid-19 ရဲ့ သေနှုန်းက နည်းပါတယ်။ နည်းတယ်ဆိုပေမဲ့ ၁၀ဝ မှာ ၅ ယောက်၊ ၁၀ဝ မှာ ၇ ယောက် ကနေ ၁၀ ယောက် ဆုံးတာတွေရှိပါတယ်။ လူနာရဲ့ အခြေအနေပေါ် မူတည်ပါတယ်။
ပြောကြစတမ်းဆိုရင် Covid-19 ဖြစ်ရင် လူတိုင်းက သေဆုံးနိုင်ဖို့ အလားအလာ ရှိတယ်။ ဒါပေမဲ့ အီဘိုလာတို့လို မဟုတ်ဘဲ နည်းပါတယ်။ အဲဒီတော့ ကုသမှုမရှိဘဲ ရောဂါဖြစ်နေတဲ့ ဒီလူတွေကို ဘယ်လိုမျိုးပံ့ပိုးမလဲ၊ ကုသမလဲဆိုတာ အရေးကြီးပါတယ်။ အခု ဒီဗိုင်းရပ်စ်ကပ်ဆိုးနဲ့ ရင်ဆိုင်နေရချိန်မှာ မြန်မာလူမျိုးတွေရဲ့ ရိုင်းပင်းကူညီတဲ့ စိတ်စေတနာကိုတွေ့ရတာ အင်မတန် ဂုဏ်ယူမိပါတယ်။ ကျနော်တို့ ပြည်သူ၊ ပြည်သား တွေရဲ့ စေတနာ၊ ဂရုဏာနဲ့ မေတ္တာ၊ တယောက်နဲ့ တယောက် ကူညီစိတ် ရှိကြချိန်မှာ ဒီစိတ်နဲ့ အများကြီး ရှေ့ကို ဆက်သွားရမှာပါပဲ။ ဘာကြောင့်လဲဆိုတော့ Quarantine လုပ်ထားတဲ့ လူတွေကို ပံ့ပိုးကြမယ်။ တချိန်တည်းမှာပဲ ကိုယ့်ကိုယ်မှာ ဗိုင်းရပ်စ်ရှိလာ ပြီလို့ ထင်တဲ့လူတွေကလည်း ကိုယ့်အသိစိတ်နဲ့ကိုယ် အပြင်မှာ ခွဲထုတ်နေဖို့ ကြိုးစား ကြပါတယ်။ အင်မတန်မှ ဝမ်းသာပါတယ်။ ကာကွယ်တားဆီးရေးနဲ့ ထိန်းချုပ်ဖို့ အဓိက အရေးကြီးပါတယ်။
ပြန်ပြောကြမယ်ဆိုရင် ဒီဗိုင်းရပ်စ်က လူတိုင်းမှာ ရှိနေနိုင်တာပါ။ တရုတ်ပြည်က စခဲ့တယ်ဆိုပေမဲ့ တကမ္ဘာလုံးမှာ ပျံ့နေတာပါ။ ကျနော်တို့နိုင်ငံရဲ့ နယ်နိမိတ်ကို ပြန် ကြည့်မယ်ဆိုရင် တရုတ်နယ်စပ်၊ ထိုင်းနယ်စပ်၊ အိန္ဒိယနယ်စပ်၊ ဘင်္ဂလားဒေ့ရှ်နယ်စပ်၊ လာအိုနယ်စပ်တွေ ရှိပါတယ်။ ကြည့်လိုက်မယ်ဆိုရင် ဗိုင်းရပ်စ်က တရုတ်ပြည်မှာလည်း လူဦးရေ မြောက်မြားစွာကို ရောဂါရစေခဲ့ပါတယ်။ မြောက်မြားစွာ သေခဲ့ပါတယ်။ ထိုင်း နိုင်ငံမှာလည်း အခု ၂၅၀ဝ ကျော်ဖြစ်နေပါတယ်။ သေဆုံးမှုတွေလည်း ရှိနေခဲ့ပါတယ်။ လာအိုမှာလည်း တက်နေပါပြီ။ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယမှာလည်း များနေပါပြီ။ ကျနော်တို့ အနေနဲ့ ဘေးမှာ အဲဒီလို ဝိုင်းနေတဲ့အချိန်၊ နိုင်ငံထဲမှာ ၆၂ ယောက်ဖြစ်နေပြီလို့ သိရတဲ့အတွက်ကြောင့် ၆၂၀ ဖြစ်မလာအောင်၊ ၆၂၀ဝ ဖြစ်မလာအောင် လုပ်ကြရမှာပါ။
အဲဒီတော့ တရုတ်ပြည်နယ်စပ်က လူတွေ၊ ဝင်လာကြတဲ့လူတွေ၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီက ဝင်လာကြတဲ့လူတွေကို ဘယ်လို စောင့်ကြည့်ကြမလဲ။ ထိုင်းနိုင်ငံက ဝင်လာတဲ့ လူတွေကို ဘယ်လို စောင့်ကြည့်ကြမလဲ။ တချိန်တည်းမှာ သူတို့နဲ့ ထိစပ်နေတဲ့ ရပ်ရွာ၊ မိသားစုတွေကို ဆက်ပြီးတော့ ကြည့်ရပါမယ်။ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနရော၊ အုပ်ချုပ်သူတွေကရော၊ ပြည်သူလူထုကပါ ဝိုင်းဝန်းလုပ်ဆောင်နေ ကြပါတယ်။ အရေးအကြီးဆုံးကတော့ ပြည်သူလူထုပါပဲ။ တိုင်းပြည် ပြန်လည်ကောင်း မွန်အောင် လုပ်ဆောင်တဲ့အခါမှာ ပြည်သူမပါဝင်ဘဲ လုပ်လို့မရပါဘူး။
ကျနော်တို့ တိုင်းပြည်က ပြည့်စုံတဲ့ တိုင်းပြည်တော့ မဟုတ် ပါဘူး။ မရှိတာနဲ့ ဖြစ်အောင်လုပ်ကြရမှာပါ။ အင်မတန်မှ ချမ်းသာတယ်ဆိုတဲ့ အမေ ရိကန်လို နိုင်ငံမျိုးမှာလည်း အင်မတန် ဒုက္ခရောက်နေကြပါတယ်။ တနိုင်ငံနဲ့ တနိုင်ငံ ပြိုင်နေမယ့်အစား ကိုယ့်ဆီမှာရှိတာနဲ့ ဖြစ်အောင်လုပ်ဖို့ အရေးကြီးပါတယ်။ တချိန် တည်းမှာပဲ Test တွေ ရောက်လာမှာပါ။ Test တွေ ရှိရှိ၊ မရှိရှိ ကျနော်တို့လုပ်ရမှာက ကာကွယ် တားဆီးရမယ်၊ ထိန်းချုပ်သွားရမယ်။
အစိုးရကောင်းတဲ့ အချိန်မှာ ပိုပြီးတော့ ထိထိရောက်ရောက် လုပ်နိုင်ပါတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်အနေနဲ့ ပြည်သူလူထုကို ပွင့်ပွင့်လင်းလင်း ပြောနေတာ ဝမ်းသာပါတယ်။ ဒါပေမဲ့ ကျနော်တို့ တိုင်းပြည်က ပြည့်စုံတဲ့ တိုင်းပြည်တော့ မဟုတ် ပါဘူး။ မရှိတာနဲ့ ဖြစ်အောင်လုပ်ကြရမှာပါ။ အင်မတန်မှ ချမ်းသာတယ်ဆိုတဲ့ အမေ ရိကန်လို နိုင်ငံမျိုးမှာလည်း အင်မတန် ဒုက္ခရောက်နေကြပါတယ်။ တနိုင်ငံနဲ့ တနိုင်ငံ ပြိုင်နေမယ့်အစား ကိုယ့်ဆီမှာရှိတာနဲ့ ဖြစ်အောင်လုပ်ဖို့ အရေးကြီးပါတယ်။ တချိန် တည်းမှာပဲ Test တွေ ရောက်လာမှာပါ။ Test တွေ ရှိရှိ၊ မရှိရှိ ကျနော်တို့လုပ်ရမှာက ကာကွယ် တားဆီးရမယ်၊ ထိန်းချုပ်သွားရမယ်။ Test တွေ ရှိရင် ကာကွယ်တားဆီးတာ ပိုပြီး လွယ်ကူလာနိုင်ပါတယ်။ ဒီ Test တွေရလာအောင်၊ ကုသမှုတွေရလာအောင် အားလုံးက ကြိုးစားနေကြပါတယ်။ ကျနော်တို့ တိုင်းပြည်လည်း မကြာခင်မှာ ရလာ မှာပါ။ မရသေးတဲ့ ကာလအတွင်းမှာ ၆၂ ကနေ ၆၂၀ မဖြစ်ဖို့၊ ၆၂၀ ကနေ ၆၂၀ဝ မဖြစ်ဖို့ ကျနော်တို့ ကြိုးစားရပါမယ်။ တချိန်တည်းမှာဘဲ သေဆုံးသွားတဲ့သူက လေးယောက်ကနေ ၄၀ ဖြစ်မလာဖို့ ကျန်းမာရေး ဝန်ထမ်းတွေအားလုံး ကြိုးပမ်းနေကြပါ တယ်။ ပြည်သူလူထုအားလုံးက ဝိုင်းပြီး ပံ့ပိုးနေကြပါတယ်။ အားလုံးကို ထိရောက် အောင် ကြိုးစားပံ့ပိုးကြရမှာ ဖြစ်ပါတယ်။
နောက်တခု ဘာကို ဦးစားပေးမလဲ ဆိုတော့ ကျနော်တို့ရန်သူက ဒီဗိုင်းရပ်စ်ဖြစ်ပါ တယ်။ မမြင်ရတဲ့ ရန်သူကို အာရုံစိုက်နေရတာပါ။ အဲဒီအချိန်မှာ ကုသရမယ့် ဆေးလည်း မရှိဘူးဆိုရင် လူက သောကနဲ့ဒေါသ များလာတာရှိပါတယ်။ အဲဒီအချိန် ရောက်ရင် ရန်သူကို ဗိုင်းရပ်စ်လို့မမြင်တော့ဘဲ တယောက်နဲ့တယောက် တိုက်ခိုက်တာတွေ ရှိလာ ပါတယ်။ အဲဒီလိုမဖြစ်ဖို့ အရေးကြီးပါတယ်။ ပြည်သူအားလုံးက စုစုစည်းစည်း၊ ညီညီ ညွတ်ညွတ်နဲ့ ဒီဗိုင်းရပ်စ်ကို ဘုံရန်သူအဖြစ် သတ်မှတ် ချေမှုန်းကြရမှာပါ။ အဲဒီလို တိုက်ကြတဲ့အချိန်မှာ ကျန်းမာရေးဝန်ထမ်းကပဲ လုပ်လို့မရပါဘူး။ ကျန်းမာရေးဝန်ထမ်း တွေ၊ သန့်ရှင်းရေးလုပ်သားတွေ၊ လုံခြုံရေးဝန်ထမ်းတွေ၊ ရပ်ရွာမိဘတွေ အားလုံး ဝိုင်းပြီး ကူညီကြရမှာဖြစ်ပါတယ်။ စီးပွားရေးသမား၊ ကျောင်းဆရာ၊ဆရာမတွေ အားလုံးဝိုင်းပြီး လုပ်ကြရမှာပါ။ ဘယ်သူက ဘယ်သူထက် ပိုလုပ်နိုင်တယ် ဆိုတာထက် အားလုံး ကျရာ နေရာကနေ လုပ်ကြရမှာပါ။ ဘာကြောင့်လဲဆိုတော့ ဒီဗိုင်းရပ်စ်က ဘုံရန်သူဖြစ်တာ ကြောင့် အားလုံး စုစုစည်းစည်းနဲ့ ထိရောက်အောင် လုပ်ဆောင်ကြရပါမယ်။
နောက်တခုကတော့ ဒီဗိုင်းရပ်စ်က ပိုးအသစ်တခု ဖြစ်တဲ့အတွက်ကြောင့် တကမ္ဘာလုံးမှာ လေ့လာနေရပါတယ်။ လေ့လရင်းနဲ့ ပိုပြီးသိလာကြပါတယ်။ လွန်ခဲ့တဲ့ လတွေက သိခဲ့တဲ့ အချက်တွေနဲ့ ဒီနေ့သိတဲ့ အချက်တွေ ကွာလာပါတယ်။ အဲဒီတော့ ပြည်သူလူထုရဲ့ နားလည်မှုက ဘာဖြစ်ရမလဲဆိုတော့ သိပ္ပံပညာ ရှင်တွေ လေ့လာနေကြတာတွေ၊ သူတို့ ပိုသိလာ တာတွေကို ရှင်းပြနေတဲ့အချိန်မှာ ဒီကောင်တွေ အရင်တုန်းက ဒီလို၊ အခုကျ ဒီလို စိတ်ကိုမထားဘဲနဲ့ ပိုသိလာတဲ့ အချက်တွေကို အခြေခံပြီးတော့ လက်တွေ့ကျကျ ကျင့်သုံးနိုင်အောင် စီမံကိန်းတွေ ချပြီး လိုက်နာနိုင်ဖို့ အရေးကြီးပါတယ်။
ဥပမာပြောရရင် အရင်တုန်းက သုံးပေခွာ နေရင် ရပြီလို့ ပြောကြတယ်။ အခုကျ ခြောက်ပေ ဖြစ်သွားပြန်ပြီ။ ခြောက်ပေကနေ ပိုတက်လာနိုင် တာလည်း ဖြစ်လာနိုင်ပါသေးတယ်။ ဒါကြောင့် ဒီကောင်တွေ မသိဘူးလို့ပြောမယ့်အစား သူတို့ ပိုသိလာပါလား၊ ကြိုးစားနေကြပါလား၊ သူတို့ ပြောနေတာကို လက်တွေ့ ကျင့်သုံးလိုက်နာကြ ရမယ်လို့ သဘောထားရပါမယ်။ နောက်တခုက အရင်တုန်းက Mask ကို မသုံးနဲ့လို့ ပြောတယ်။ သုံးစရာ မလိုဘူးပြောတယ်။ အခုကျ သုံးရပြန်ပြီ။ ဒါက ဘာဖြစ်လာလဲဆိုတော့ အခြေအနေနဲ့ ပိုသိ လာတာတွေအရ ပြည်သူလူထုကို ဘာလုပ်သင့်လဲ ဆိုတာ ပြောနေတာပါ။ အဲဒီအချိန်မှာ ပြည်သူလူထုက လိုက်ပြီးတော့ လက်ခံစေချင်ပါတယ်။ အဲဒီလို ဆိုရင် တုံ့ပြန်မှုအားက ပိုကောင်းလာမှာပါ။ နောက်တခုက အမြဲတမ်း အဆင်သင့် ပြင်ထားရပါမယ်။ ပတ်ဝန်းကျင်မှာ ဒီဗိုင်းရပ်စ်ပိုးရှိနေပြီလို့ကို သဘောထားပြီးတော့ ဒီဗိုင်းရပ်စ် ဝင်လာရင် ကိုယ့်မိသားစု ဘယ်လိုတုံ့ပြန်မလဲ၊ ကိုယ့် မိသားစုမှာ နေမကောင်းတဲ့သူ၊ ရောဂါအခံရှိတဲ့သူတွေကို ထိထိရောက်ရောက် ဘယ် လို ကာကွယ်တားဆီးကြမလဲ။ တကယ်လို့ ဖြစ်လာပြီဆိုရင် ဒီရောဂါရှိတဲ့လက္ခဏာ ပြလာရင် ဘယ်လိုလုပ်မလဲ။ ကျန်းမာရေး ဝန်ထမ်းတွေနဲ့ တိုင်ပင်ပြီး ဘယ်လို လုပ်သွားမလဲ။ ရပ်ရွာမိဘတွေနဲ့ တိုင်ပင်ပြီး ဘယ်လိုလုပ်သွားမလဲ။ ဥပမာ ဆေးရုံတွေမှာ လူနာ လက်မခံနိုင်ရင် ဘယ်နေရာတွေမှာ ထားမလဲ။ ဘယ်လိုမျိုး ထိထိရောက်ရောက်နဲ့ ပြုစု စောင့်ရှောက်မလဲ။ ဘယ်သူတွေက ပြုစုစောင့်ရှောက်မှာလဲ။ ပြုစုစောင့်ရှောက်တဲ့ သူတွေ ကာကွယ်နိုင်အောင် ဘယ်လိုပံ့ပိုးမလဲ။ အဲဒါတွေအားလုံးကို ပြင်ထားရပါမယ်။
အခုချိန်မှာ ပြည်သူလူထုက အလုပ် မလုပ်နိုင်တော့ပါဘူး။ အချို့ လက်လုပ်လက် စားတွေဆိုရင် စားစရာ မရှိပါဘူး။ နိုင်ငံတော်ကနေ အတတ်နိုင်ဆုံး ကူညီထောက်ပံ့ နေပါတယ်။ တချိန်တည်းမှာပဲ စေတနာအရ ပြည်သူတွေဝိုင်းပြီး ကူညီတာ တွေ့တော့ အားရဝမ်းသာပါတယ်။ ဆက်ပြီးလုပ်ကြရမှာပါပဲ။ ဒါပေမဲ့ အချိန်ကြာလာရင် ပိုပြီးတော့ အခက် တွေ့လာနိုင်ပါတယ်။ ရေရှည်အတွက် ပြင်ထားကြရပါမယ်။
နောက်ပြီး အိမ်နီးနားချင်းနိုင်ငံတွေမှာ Covid-19 ဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး ပြောပြချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ Covid-19 က တယောက်၊ နှစ်ယောက်ပဲ ဖြစ်နေတာ၊ ကိစ္စမရှိပါဘူး၊ နောက်တပတ် ကြာလည်း တယောက်၊ နှစ်ယောက်ပဲ ဖြစ်တာ၊ ကိစ္စမရှိဘူးဆိုပြီး ထားလိုက်မယ်ဆိုရင်၊ ကာကွယ် တားဆီးမှုတွေကို ထိထိ ရောက်ရောက် မလုပ်ဘူးဆိုရင် ကူးစက်မှုနှုန်းက အင်မတန်များလာတာကို တွေ့ရပါတယ်။ ထိုင်းနိုင်ငံမှာဆိုရင် ဖေဖော်ဝါရီ ၁၅ ရက်မှာ လူ ၃၈ ယောက်က Infection ရှိပါ တယ်။ မတ် ၁၄ ရက်မှာ ၈၂ ယောက်ဖြစ်နေပါပြီ။ မတ် ၃၀ ရက်မှာ ၁၅၀ဝ ဖြစ်သွား ပါတယ်။ အခု ဧပြီ ၁၂ ရက်မှာ ၂၅၀ဝ ဖြစ်နေပါပြီ။ ဒီနှစ်လအတွင်းမှာ ၃၈ ယောက်ကနေ ၂၅၀ဝ အထိ တက်သွားတာကို တွေ့ရပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာ ပြန်ကြည့်ရင်လည်း မတ် ၈ ရက်မှာ ၃ ယောက်ပဲ ရှိပါတယ်။ မတ် ၃၁ ရက်မှ ၅၁ ယောက်ဖြစ်ပြီးတော့ ဧပြီ ၁၃ ရက်မှာ ၈၀ဝ ကျော်နေပါပြီ။ အိန္ဒိယမှာလည်း ဒီအတိုင်းပါပဲ။ ၁၂ ရက်အတွင်းမှာ ၁၀ဝ၀ ကနေ တသောင်းအထိ တက်သွားတာကို တွေ့ရပါတယ်။ အဲဒါကြောင့် ကျနော် တို့ဆီမှာလည်း လူနည်းသေးတာပဲ၊ ကိစ္စမရှိပါဘူးဆိုရင် ဒီ ၆၂ ယောက်ကနေပြီး ၆၂၀ ဖြစ်လာနိုင်ဖို့ အလားအလာ ရှိပါတယ်။ အဲဒါကြောင့် ကာကွယ်တားဆီးရေးနဲ့ ထိန်းချုပ် ရေးတွေ ထိထိရောက်ရောက် လုပ်ဆောင်နိုင်ဖို့လိုကြောင်း ပြောပါရစေ။
ဒေါက်တာမြတ်ထူးရာဇတ်သည် အာရှ၊ အာဖရိက၊ လက်တင်အမေရိကနှင့် အမေရိကန်ပြည်ထောင်စုတို့တွင် HIV/AIDS ကာကွယ်တားဆီးကုသရေး၊ အပြည်ပြည်ဆိုင်ရာကျန်းမာရေးစနစ် မြှင့်တင်ရေးနှင့် အပြည်ပြည်ဆိုင်ရာ ကပ်ရောဂါများ ရှာဖွေတားဆီးတိုက်ဖျက်ရေး လုပ်ငန်းများကို လုပ်ဆောင်ခဲ့သူဖြစ်သည်။
မြန်မာနိုင်ငံက အခုအချိန်မှာ လူပေါင်း ၁ ဒသမ ၇ သန်းကို ကာကွယ်ဆေး ထိုးနှံ ပြီး…
လော့ခ်ဒေါင်းချ ဆောင်ရွက်တဲ့ အခါမှာ ဆင်းရဲတဲ့အိမ်ထောင်စုတွေ၊ အလုပ်အကိုင် ဆုံးရှုံးသွားသူတွေ၊ ချို့တဲ့အားနည်းတဲ့ လူတွေအတွက်လည်း အဓိကစဉ်းစားပေးပြီး ကုစားရေး…
တရုတ်နိုင်ငံဟာ ကာကွယ်ဆေးကို အများကောင်းကျိုးအဖြစ် အသုံးပြုမယ်၊ မြန်မာနိုင်ငံစတဲ့ မိတ်ဖက်နိုင်ငံတွေကို ဦးစားပေးဖြန့်ဝေမယ် ဆိုတာဟာ စေတနာကောင်းရင်တောင် လက်တွေ့…
Interested