Menu & Search

ကိုဗစ်-၁၉ ရန်ပုံငွေမှ စီးပွားရေးလုပ်ငန်းများသို့ချေးငွေ

July 15, 2020
အစိုးရအနေနဲ့ ၂၀၂၀ ပြည့်နှစ် ဧပြီလကစပြီး စီးပွားရေး လုပ်ငန်းများကို ချေးငွေများ ထုတ်ပေးခဲ့ရာမှာ ခုနစ်ကြိမ်အထိ ရှိခဲ့ပြီဖြစ်ပြီး လုပ်ငန်းပေါင်း ၃၄၀၁ ခုကို ချေးငွေ ချထား ပေးခဲ့ပြီးဖြစ်ပါတယ်။ ဒီလိုချေးငွေရရှိထားတဲ့ လုပ်ငန်းတွေရဲ့ စာရင်းအရ ပထမသုံးကြိမ် အတွင်း ချေးငွေအများစုကို ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ လုပ်ငန်းတွေက ရရှိနေခဲ့ပြီး၊ စတုတ္ထအကြိမ်နဲ့ နောက်ပိုင်းမှာတော့ အခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက လုပ်ငန်း တွေပါ ပါဝင်လာခဲ့တာကို တွေ့ရပါတယ်။
အာရှဖောင်ဒေးရှင်းက ထုတ်ဝေထားတဲ့ ကိုဗစ်၁၉ ၏ စီးပွားရေးလုပ်ငန်းများအပေါ် သက်ရောက်မှု စစ်တမ်းမှာလည်း သင့်တော်တဲ့ စီးပွားရေး လုပ်ငန်းတွေ သိရှိရယူနိုင်စေဖို့အတွက် အစိုးရရဲ့ အစီအစဉ်တွေကို ပိုမိုသိရှိအောင် ထုတ်ပြန် ပေးဖို့ အကြံပြုထားပါတယ်။ ဆဌမအကြိမ်နဲ့ သတ္တမအကြိမ်အတွက် ချေးငွေချထားမှု အချက် အလက်တွေကို အသေးစိတ်ဖြည့်သွင်းရခြင်းမရှိသေးတဲ့အတွက် တိုင်းဒေသကြီး၊ ပြည်နယ် အလိုက် ခွဲဝေရရှိမှုကို မဖော်ပြနိုင်သေးပေမယ့် ရန်ကုန်အပြင် အခြားဒေသတွေက စီးပွားရေး သက်ရောက်မှုတွေအတွက် သက်ရောက်မှုကိုပါ တပြေးညီ တုံ့ပြန်ဆောင်ရွက်ဖို့ လိုအပ်တာ၊ သတင်းအချက်အလက်နဲ့ အခွင့်အလမ်း လက်လှမ်းမီရေး လိုအပ်နေတာကို ပထမချေးငွေငါးကြိမ်က ဖော်ပြနေပါတယ်။
ISP Admin

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျူ (ISP Myanmar) သည် လွတ်လပ်ပြီး ပါတီစွဲကင်းသည့် အစိုးရမဟုတ်သော သုတေသနအဖွဲ့ဖြစ်ပါသည်။ ISP Myanmar ၏ မြော်မြင်ချက်မှာ မြန်မာနိုင်ငံကို ရုန်းထကြံ့ခိုင်မှုအားကောင်းပြီး သည်းခံစိတ်ကြီးမားသော လူ့အဖွဲ့အစည်းတစ်ရပ်အဖြစ်ပေါ်ထွန်းလာရေး ဖြစ်သည်။ ISP Myanmar ၏ ဦးတည်ချက်မှာ ဒီမိုကရေစီကျသော ခေါင်းဆောင်မှုကို မြှင့်တင်အားပေးရန်နှင့် နိုင်ငံအရေးတွင် နိုင်ငံသားများ ပါဝင်ဆောင်ရွက်မှုအားကောင်းစေရန်ဖြစ်သည်။

Related article
ကိုဗစ်-၁၉ ကူးစက်မှုများနှင့် ကျန်းမာရေးအရင်းအမြစ်များ

ကိုဗစ်-၁၉ ကူးစက်မှုများနှင့် ကျန်းမာရေးအရင်းအမြစ်များ

ယခုအခါ ကိုဗစ်-၁၉ ကူးစက်ရောဂါ ပျံ့နှံ့မှုသည် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးသို့ ရောက်ရှိနေပြီ ဖြစ်သည့်အတွက် တိုင်းဒေသကြီးနှင့်…

ကိုဗစ်-၁၉ ရှေ့တန်းမှ ကျန်းမာရေးဝန်ထမ်းများ

ကိုဗစ်-၁၉ ရှေ့တန်းမှ ကျန်းမာရေးဝန်ထမ်းများ

မြန်မာနိုင်ငံရဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှာ တာဝန် ထမ်းဆောင်နေကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေဟာ ကိုဗစ်-၁၉ တုံ့ပြန် ဆောင်ရွက်ရေးအတွက် ရှေ့တန်းက…

ကိုဗစ်ကာလ သုံးလအတွင်း သေကြောင်းကြံစည်မှုများ

ကိုဗစ်ကာလ သုံးလအတွင်း သေကြောင်းကြံစည်မှုများ

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါ စတင်ဖြစ်ပွားသည့် မတ် ၂၃ ရက်မှ ဇွန် ၂၂ ရက်…

Discussion about this post

Leave a Reply

Your email address will not be published. Required fields are marked *

Type your search keyword, and press enter to search