ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနှင့် လော့ခ်ဒေါင်းမှတ်စု (လော့ခ်ဒေါင်းနှင့်အတူနေထိုင်ခြင်း)
လော့ခ်ဒေါင်းချ ဆောင်ရွက်တဲ့ အခါမှာ ဆင်းရဲတဲ့အိမ်ထောင်စုတွေ၊ အလုပ်အကိုင် ဆုံးရှုံးသွားသူတွေ၊ ချို့တဲ့အားနည်းတဲ့ လူတွေအတွက်လည်း အဓိကစဉ်းစားပေးပြီး ကုစားရေး…
အကျဉ်းချုပ်
– ကမ္ဘာမှာ ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ဦးစားပေးပြီး အင်တိုက်အားတိုက်လုပ်ကြ၊ ကာကွယ် ဆေး ထိုးနှံရေးအတွက် မဟာဗျူဟာတွေ ချမှတ်နေကြ ပေမဲ့ မြန်မာမှာတော့ အရင်းအမြစ် မလောက်ငတာ၊ အာဏာသိမ်းစစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်မှု မလုပ်လိုတာ၊ စစ်ကောင်စီဘက်ကလည်း ပေါင်းစပ် ညှိနှိုင်းမှု မရှိတာတွေကြောင့် တကျောင်း တဂါထာ ဖြစ်နေပါတယ်။
– မြန်မာအဖို့ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု COVAX ကနေ ကာကွယ်ဆေးရနိုင်သလို၊ နှစ်နိုင်ငံချင်း ပူးပေါင်း ဆောင်ရွက်မှုအဖြစ် တရုတ်၊ ရုရှား၊ အိန္ဒိယနိုင်ငံတွေက မျှော်မှန်းလို့ရနိုင်ပါတယ်။ လက်ရှိမှာ တရုတ်နိုင်ငံကနေ ကာကွယ်ဆေး ခြောက်သန်းကို မှာယူထားပါတယ်။ ရုရှားနိုင်ငံကနေလည်း ကာကွယ်ဆေး ခုနစ်သန်း ဝယ် ယူဖို့ ပြင်ဆင်ထားပြီး ကနဦးအနေနဲ့ ကာကွယ်ဆေး နှစ်သန်း ဝယ်ယူဖို့ သဘောတူထားပါတယ်။
– မြန်မာနိုင်ငံမှာ လူပေါင်း ၁ ဒသမ ၇ သန်းကို ကာကွယ်ဆေးထိုးနှံထားပြီး (စုစုပေါင်းလူဦးရေ၏ ၃ ဒသမ ၂ ရာခိုင်နှုန်း)လို့ ဖော်ပြကြပါတယ်။ မြန်မာနိုင်ငံ မြောက်ပိုင်း တရုတ်နယ်စပ်မှာရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (EAOs) နယ်မြေတွေမှာ ကိုယ်ပိုင် အစီအစဉ်နဲ့ ကာကွယ်ဆေး ထိုးနှံနေပါတယ်။ ကာ ကွယ်ဆေးရဲ့ လုံခြုံစိတ်ချရမှု၊ ထိရောက်မှု စတဲ့ အရည် အသွေး၊ ထိုးနှံပုံ၊ မှတ်တမ်းမှတ်ရာ ထားရှိပုံကအစ စည်းစနစ်နဲ့ စံသတ်မှတ်ချက် တန်းဝင်ရေးဟာ အရေး ပါလာပါတယ်။
– ယခင် NLD အစိုးရ ချမှတ်ထားတဲ့ မူဝါဒအတိုင်း “မည်သူတဦးမျှ နောက်မကျန်ရစ်စေရ” သဘောအရ ကာကွယ်ဆေးရရှိခြင်း တန်းတူညီမျှမှုရှိဖို့ လိုအပ်ပါတယ်။ ဘယ်အုပ်စုတွေကို ဦးစားပေး ကာကွယ်ဆေး ထိုးစေမလဲဆိုတာကို ကျန်းမာရေးရှုထောင့်၊ အရင်း အမြစ် လုံလောက်မှုရှုထောင့်၊ လူမှုတရားမျှတမှု (social justice) ရှုထောင့်များကပါ အလေးအနက် ထည့်သွင်းစဉ်းစားရပါမယ်။
– စစ်ကောင်စီက ၂၀၂၁ ခုနှစ်အတွင်း လူဦးရေရဲ့ ၅၀ ရာခိုင်နှုန်းကို ကာကွယ်ဆေးထိုးနှံပေးနိုင်မယ်လို့ မှန်း ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တော့ မြန်မာ့လူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းကို ကာကွယ် ဆေး စတင်ထိုးနှံပေးတော့မယ်လို့ ဆိုပါတယ်။
– Economist Intelligence Unit (EIU) ရဲ့ သုံးသပ်ချက် အရ မြန်မာနိုင်ငံအပါအဝင် လာအို၊ မြောက်ကိုရီးယား၊ တီမောလက်စတီ စတဲ့နိုင်ငံတွေဟာ ၂၀၂၅ ခုနှစ် အလွန်ကာလမှသာ လူဦးရေရဲ့ ၆၀ ရာခိုင်နှုန်း ကာကွယ်ဆေး ထိုးနှံပြီးစီးမယ်လို့ ဖော်ပြပါတယ်။ EIU နဲ့ Our World in Data တွေကို ကိုးကားတွက်ချက်ပြီး ဖော်ပြထားတဲ့ Nikkei Asia ဆောင်းပါး သုံးသပ်ချက်မှာ တော့ ၂၀၂၃ ခုနှစ် အလွန်မှသာ ကာကွယ်ဆေးထိုးနှံမှု တွေ လုံလောက်မယ်လို့ ပြောထားပါတယ်။
– ၂၀၂၁ ခုနှစ် မတ်မှာ ကိုဗစ်ကာကွယ်ဆေး နိုင်ငံခြား တင်ပို့မှုကို အိန္ဒိယနိုင်ငံက ရပ်ဆိုင်းလိုက်ပြီး၊ ပြည်တွင်း ကူးစက်မှု ထိန်းချုပ်ရေးကို ဦးစားပေးလိုက်ပါတယ်။ ဒါကြောင့် ဖွံ့ဖြိုးဆဲ အာရှနိုင်ငံများအဖို့ ကာကွယ်ဆေး ရရှိနိုင်ရေးဟာ ကြီးမားတဲ့စိန်ခေါ်မှု ဖြစ်လာပါတယ်။ ဥရောပသမဂ္ဂ၊ အမေရိကန်ပြည်ထောင်စု စတဲ့ အခြား ကာကွယ်ဆေး ထုတ်လုပ်သူတွေဆီက ရဖို့ အကန့် အသတ် ရှိနေတဲ့အခါ နိုင်ငံအများစုက တရုတ်နဲ့ ရုရှား ထုတ် ကာကွယ်ဆေးတွေအပေါ် ဝယ်လိုအား များနေပါ တယ်။
နောက်ခံအခြေအနေ
ကိုဗစ်ဒုတိယလှိုင်းကာလအတွင်း ယာယီ ထိန်းချုပ်နိုင်ဟန်ရှိတဲ့ အောင်မြင်မှုအပေါ် စိတ်ကျေနပ်နှစ်သိမ့်နေမှု (complacency) ဖြစ်ခဲ့ကြပါတယ်။ အဲဒီကတဆင့် ကာကွယ်ဆေး နှောင့်နှေးနေခြင်း၊ စစ်ဆေးမှုနှုန်းနည်းပါးခြင်းနဲ့ ရင်းမြစ်မသိရတဲ့ ကူးစက်မှုတွေ များပြားလာတာနဲ့ အထူး ကူးစက်ပြန့်နှံ့တဲ့ ဗိုင်းရပ်စ်မျိုးကွဲများ (contagious variants) တွေကြောင့် နိုင်ငံအများစုမှာ ကိုဗစ်တတိယလှိုင်းကို ရင်ဆိုင်လာ ရပါတယ်။
၂၀၂၁ ခုနှစ် မေလဆန်းပိုင်းမှာဆိုရင် အိန္ဒိယနိုင်ငံမှာ တရက်ကို ကူးစက်မှု လူ ၄၀ဝ,၀ဝဝ ကျော်နဲ့ ကမ္ဘာ့ကူးစက်မှုအများဆုံး စံချိန်ချိုးခဲ့ပါတယ်။ ဇူလိုင်နောက်ဆုံး ပတ်အထိ စာရင်းအရဆိုရင် အိန္ဒိယမှာ ကူးစက်မှု စုစုပေါင်း ၃၁ ဒသမ ၄ သန်းနဲ့ သေဆုံးသူ ၄၂၀,ဝဝဝ ကျော် ရှိလာပါတယ်။ အရှေ့တောင်အာရှနိုင်ငံများဖြစ်တဲ့ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ်နဲ့ မြန်မာ စတဲ့ နိုင်ငံတွေမှာလည်း ကူးစက်မှု တဟုန်ထိုး မြင့်မားလာပါတယ်။ ကိုဗစ်-၁၉ ပထမလှိုင်းဖြစ်တဲ့ ၂၀၂၀ ပြည့်နှစ် အစောပိုင်းကာလမှာ ထိန်းချုပ်နိုင်မှု စံပြနိုင်ငံတွေဖြစ်ခဲ့တဲ့ ဗီယက်နမ်၊ ထိုင်ဝမ်နဲ့ အရှေ့တောင်အာရှနိုင်ငံများဟာ အောင်လံတွေပြိုလဲကျကုန်ပါတယ်။ ဒီအခါ ကိုဗစ်- ၁၉ ကာကွယ်ဆေးရရှိရေးအတွက် ပိုပြီး အားထုတ်လာကြသလို လူဦးရေအများ အပြားကို ကာကွယ်ဆေး ထိုးပေးနိုင်ရေးအတွက်လည်း ကြိုးပမ်းလာရပါတယ်။
ကာကွယ်ဆေး မဟာဗျူဟာ (Vaccine Strategy) ဆိုသည်မှာ အဘယ်နည်း
ကာကွယ်ဆေးများ (Vaccines) က ဗိုင်းရပ်စ်ပိုးများကို တိုက်ခိုက်နိုင်ဖို့ ခန္ဓာ ကိုယ်ထဲက ပဋိပစ္စည်းများ (antibodies) ပရိုတင်းများ ထုတ်လုပ်နိုင်ဖို့ လေ့ကျင့်ပေး ပါတယ်။ သဘောကတော့ လှူခန္ဓာကိုယ်က ရောဂါပိုးကို တွေ့ရှိပြီးသားသဘော ဖြစ် သွားပါတယ်။ လူသားတွေကို အကြီးအကျယ် မဖျားနာစေဘဲနဲ့ ကာကွယ်ဆေးက အရေးပါတဲ့ ပဋိပစ္စည်းများထုတ်လုပ်ဖို့ လှုံ့ဆော်ထားပေးပါတယ်။ ဤနည်းအားဖြင့် လူတဦးအတွက် ကာကွယ်ပေးထားပြီး ဖြစ်သလို၊ ကူးစက်မှုကွင်းဆက် (chains of transmission) ကိုလည်း ဖြတ်တောက်ပေးပါတယ်။ နိုင်ငံတွေက ဗိုင်းရပ်စ်ပိုး ကာ ကွယ်ရေးအတွက် လူဦးရေအများစုကို ကာကွယ်ဆေးထိုးနှံပေးဖို့ ကြိုးပမ်းဆောင် ရွက်ကြပါတယ်။
နိုင်ငံတကာ အဖွဲ့အစည်းများရဲ့ ကာကွယ်ဆေးထိုးနှံရေး မဟာဗျူဟာများကို လေ့လာတဲ့အခါ-
– အရည်အသွေးကောင်းပြီး လုံခြုံဘေးကင်း၊ ထိရောက်တဲ့ အာနိသင် ကာကွယ် ဆေးများ (quality, safety and efficacy) ရရှိရေး ဦးစားပေးကြတာကို တွေ့ရှိရ ပါတယ်။
– နိုင်ငံတကာ မျက်နှာစာမှာတော့ သွေးစည်းညီညွတ်ရေး အသင်းအဖွဲ့များ၊ ဆက်ဆံရေးကောင်းမွန်မှုအပေါ် မူတည်ပြီး ကာကွယ်ဆေး အမြန်ရရှိနိုင်ရေး (swift access) ဗျူဟာ ချမှတ်ဆောင်ရွက်ကြပါတယ်။ သုတေသန၊ နည်းပညာ စွမ်း ဆောင်ရည်ရှိတဲ့ နိုင်ငံတွေက ကိုယ်ပိုင်ထုတ်လုပ်ဖို့လည်း ကြိုးပမ်း၊ အားပေးကြ ပါတယ်။
– ကာကွယ်ဆေး ရရှိလာတဲ့အခါ တန်းတူညီမျှမှုရှိစွာ ဆေးထိုးနှံပေးရေး (equitable access) ကလည်း အချက်တခု ဖြစ်ပါတယ်။
– ပြည်သူများနဲ့ ယုံကြည်မှု တည်ဆောက်ရေးက အရေးကြီးပါတယ်။ အဆက် မပြတ် ပွင့်လင်းမြင်သာစွာ ဆက်သွယ်နေဖို့ လိုပါတယ်။ ကာကွယ်ဆေး ခွင့်ပြု ပေးမိန့်၊ အတည်ပြုမှု၊ အကြံပြုချက်များ၊ ကာကွယ်ဆေး ဘေးကင်းမှုအပေါ် စောင့်ကြည့်လေ့လာနေမှု၊ ဖြန့်ဝေမှု၊ စီမံမှု၊ ဒေတာအချက်အလက် သိမ်းဆည်းမှု စတာတွေကို စဉ်ဆက်မပြတ် ထုတ်ပြန်နေရပါမယ်။ သတင်းအသစ်များဖြစ်ထွန်း နေမှုနဲ့ ဘေးထွက်ဆိုးကျိုးများ စတဲ့ ပုံမှန်ဖြစ်ထွန်းမှုကိုလည်း တင်ပြဖို့လိုအပ်ပါ တယ်။ သတင်းမှားတိုက်ဖျက်ရေးဟာလည်း အရေးကြီးပါတယ်။
– ကျန်းမာရေးပညာရှင်များ၊ ဝန်ထမ်းများကိုလည်း ကာကွယ်ဆေးနဲ့ ပတ်သက်လို့ ပညာပေး၊ ဖြည့်ဆည်းနေဖို့ လိုအပ်ပါတယ်။ ကျန်းမာရေးစနစ်တခုလုံးနဲ့ ပတ်သက်လို့ ချိတ်ဆက်ဆောင်ရွက်မှုတွေကိုလည်း စဉ်းစားရပါမယ်။
– လူတဦးချင်း၊ ရပ်ရွာလူထု အဖွဲ့အစည်းတွေနဲ့ အင်အားစုအားလုံး ပါဝင်ဆောင် ရွက်နိုင်တဲ့နည်းလမ်း (inclusive way) နဲ့ သူတို့ နားထောင်လာအောင်၊ ယုံ ကြည်မှု ရရှိနိုင်အောင်၊ ပူးပေါင်းဆောင်ရွက်မှု ရရှိနိုင်အောင် လုပ်ဖို့ကတော့ သိပ်ကိုအရေးကြီးပါတယ်။
ကာကွယ်ဆေး မဟာဗျူဟာ လိုအပ်ပါသလား
ဩဇာကြီးမားတဲ့ The Economist မဂ္ဂဇင်းက ဆွေးနွေးခဲ့တဲ့ ကိုဗစ်ကပ်ဘေး အလွန် စီးပွားရေးပြန်လည်ထူထောင်မှုမှာ ဖြစ်နိုင်မယ့် အက်ကြောင်းတွေထဲက ပထမဆုံးတခုက ကာကွယ်ဆေး ရရှိပြီးသူတွေနဲ့ မရသေးသူတွေကြားက ခြားနားမှု ဖြစ်ပါတယ်။ နိုင်ငံအလိုက် ကွာခြားမှုရှိသလို၊ လူတဦးချင်းအလိုက်လည်း ကွာခြားမှု ရှိမှာ မလွဲမသွေပါပဲ။
ကာကွယ်ဆေး ထိုးနှံရရှိခြင်းက လူတဦးချင်းရဲ့ လူမှု ဆက်ဆံရေးဘဝအတွက် အရေးကြီးပါတယ်။ ရောဂါကူးစက်မှုကွင်းဆက်ကို ဖြတ်တောက်နိုင်မယ့်အပြင်၊ လူ လူချင်း ပေါင်းသင်းဆက်ဆံရေး၊ ထုတ်လုပ်မှု၊ လူမှုအသိုက်အဝန်းဆိုင်ရာ လုပ်ငန်း များကို ထိရောက်စွာ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။
တသီးပုဂ္ဂလ လူတဦးချင်းရဲ့ ဘဝ၊ ထုတ်လုပ်နိုင်စွမ်းရှိတဲ့ ဘဝ (Productive Life) အတွက်လည်း အရေးကြီးပါတယ်။ လူတဦးချင်း ထုတ်လုပ်နိုင်စွမ်းရှိမှသာ စီးပွားရေး ဘဝကို ရရှိနိုင်မှာဖြစ်ပါတယ်။ အလားတူ နိုင်ငံတခုရဲ့ ထုတ်လုပ်နိုင် စွမ်းအတွက်လည်း အရေးကြီးပါတယ်။ ဓနဥစ္စာတောင့်တင်းတဲ့ နိုင်ငံတွေအဖို့ လူတိုင်းကို ကာကွယ်ဆေး ထိုးပေးနိုင်ပြီး၊ စီးပွားရေး (Economy) ကို ပြန်လည်စတင်နိုင်ပြီ ဖြစ်ပါတယ်။ ချို့ငဲ့တဲ့ နိုင်ငံများအဖို့ ရောဂါကူးစက်မှုသံသရာမှာ ဆက်ပြီး ရုန်းကန်နေကြရဦးမှာ ဖြစ်ပါ တယ်။ တခါ သင်ယူလေ့လာရေး (Learning) အတွက်လည်း အရေးကြီးပါတယ်။ လုံခြုံစိတ်ချရတဲ့ သင်ယူလေ့လာရေးအတွက် ကာကွယ်ဆေးရရှိရေးဟာ ကလေး တွေ၊ ကျောင်းဆရာ၊ ဆရာမတွေအတွက် အရေးကြီးလာပါတယ်။ ဒီလို အခြေအနေ တွေကြောင့်ပဲ နိုင်ငံအများက ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေး ကို မဟာဗျူဟာချမှတ် ကြိုးပမ်းနေကြသလို ဒါတွေကို အလျင်အမြန် ဖော်ဆောင်နိုင်ဖို့ ကာကွယ်ဆေး မဟာဗျူဟာလည်း လိုအပ်ပါတယ်။
ကာကွယ်ဆေးရနိုင်သည့် ရင်းမြစ်များ
အစောပိုင်းမှာ ဖွံ့ဖြိုးဆဲ အာရှနိုင်ငံများအဖို့ အိန္ဒိယကထုတ်တဲ့ ကာကွယ်ဆေးကို မျှော်ကိုးခဲ့ကြပါတယ်။ အိန္ဒိယက ပြည်ပတင်ပို့မှုရပ်စဲပြီး ပြည်တွင်းကိုသာ ဦးစားပေး တဲ့မူဝါဒ ချမှတ်လာတဲ့အခါ အခက်အခဲ တွေ့ကြရပါတယ်။
ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ကမ္ဘာ့ကုလသမဂ္ဂ (UN) က ဦးဆောင်တဲ့ COVAX ခေါ် တဲ့ ကာကွယ်ဆေးရရှိရေးအစီအစဉ် ရှိပါတယ်။ COVAX ကတော့ ဝင်ငွေ အလယ် အလတ်ရှိတဲ့ နိုင်ငံများ၊ ဝင်ငွေနည်းနိုင်ငံများ ကာကွယ်ဆေး ရရှိနိုင်ရေးအတွက် က္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် ဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ချုပ် (WHO)၊ ဥရောပကော်မရှင်၊ ပြင်သစ်အစိုးရတို့ စတင်တည်ထောင်ပြီး၊ Gavi, the Vaccine Alliance, the Coalition for Epidemic Preparedness Innovations, WHO တို့ ပါဝင်ကြပါတယ်။ COVAX က သှူရဲ့ကာကွယ်ဆေး ၈၀ ရာခိုင်နှုန်းကို အိန္ဒိယ နိုင်ငံက ရယူတာကြောင့် နောက်ထပ် ကာကွယ်ဆေးရရှိရေး အခက်အခဲများလည်း ရှိနေပါတယ်။
မြန်မာနိုင်ငံအဖို့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု COVAX ကနေ ကာကွယ် ဆေး ရရှိနိုင်သလို၊ နှစ်နိုင်ငံချင်း ပူးပေါင်းဆောင်ရွက်မှုအဖြစ် တရုတ်၊ ရုရှား၊ အိန္ဒိယ နိုင်ငံတွေက မျှော်မှန်းလို့ရနိုင်ပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်တတိယလှိုင်းဖြစ်ပြီး နောက်ပိုင်း တရုတ်နိုင်ငံကနေ ကာကွယ်ဆေးခြောက်သန်းကို မှာယူထားပါတယ်။ ဒီအထဲကမှ လေးသန်း (Sinovac ကုမ္ပဏီမှ နှစ်သန်း၊ Sinopharm မှ နှစ်သန်း) ကို ဝယ်ယူခဲ့ပါတယ်။ နှစ်သန်းကို တရုတ်က လှူခဲ့တာဖြစ်ပြီး ကာကွယ်ဆေး သုံးသန်း တော့ ရောက်လာပါပြီ။ ရုရှားနိုင်ငံကနေလည်း ကနဦးအနေနဲ့ ကာကွယ်ဆေး နှစ်သန်း ဝယ်ယူဖို့ သဘောတူညီမှုရထားပြီး ခုနစ်သန်း ဝယ်ယူဖို့ ညှိနှိုင်းမှုတွေ လုပ် နေတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။
အမှန်တော့ ဝင်ငွေနည်းနိုင်ငံတခုအဖို့ ကာကွယ်ဆေးရရှိရေးအတွက် ရွေးချယ် စရာ မရှိပါဘူး။ အခုအခြေအနေ အတိုင်းဆိုရင် တရုတ်နဲ့ ရုရှား ကာကွယ်ဆေးတွေကို အားထားရဖို့ဖြစ်နိုင်ပါတယ်။ အာရှတိုက်မှာ နိုင်ငံ ၁၉ ခုက တရုတ်ကာကွယ်ဆေးတွေ သုံးနေပြီး၊ နိုင်ငံကိုးခုက ရုရှားကာကွယ်ဆေးကို အသုံးပြုနေကြပါတယ်။ ရုရှား နိုင်ငံက Sputnik V ကာကွယ်ဆေးကို အာရှနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယနဲ့ တောင်ကိုရီးယားနိုင်ငံတွေမှာ ထုတ်လုပ်ဖို့ လျာထားပြီး၊ တရုတ်ကာကွယ်ဆေးကိုလည်း အင်ဒိုနီးရှားနဲ့ မလေးရှားအပါအဝင် အခြားအာရှနိုင်ငံ ၁၀ ခုမှာ ထုတ်လုပ်ဖို့ ပြင်ဆင်နေ ကြပါတယ်။
ကာကွယ်ဆေး စီမံခန့်ခွဲမှု
မြန်မာနိုင်ငံက အခုအချိန်မှာ လူပေါင်း ၁ ဒသမ ၇ သန်းကို ကာကွယ်ဆေး ထိုးနှံ ပြီး (စုစုပေါင်း လူဦးရေရဲ့ ၃ ဒသမ ၂ ရာခိုင်နှုန်း) လို့ ဖော်ပြကြပါတယ်။ (နှစ်ကြိမ် ထိုးနှံပြီးလို့ ယူဆနိုင်ပါတယ်)။ အခြားသတင်းများအရ မြန်မာနိုင်ငံ မြောက်ပိုင်း တရုတ်နယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAOs) နယ်မြေတွေမှာ ကိုယ်ပိုင်အစီအစဉ်နဲ့ ကာကွယ်ဆေး ထိုးနှံနေ တယ်လို့ ဖော်ပြကြပါတယ်။
UWSP/UWSA ထိန်းချုပ်ရာ ပန်ဆန်းဗဟိုပြုဒေသတခုလုံးရှိ လူဦးရေ ၅၀ဝ,ဝဝဝ၊ ထိုင်းနယ်စပ် မိုင်းဆတ်ခရိုင်အတွင်းရှိ ၁၇၁ စစ်ဒေသတွင် လူဦးရေ ၂၀ဝ,ဝဝဝ၊ NDAA ထိန်းချုပ်ရာဒေသရှိ လူဦးရေ ၁၀ဝ,ဝဝဝ ကျော် ကိုဗစ်ကာကွယ်ဆေး ထိုး ထားပြီလို့ ဆိုပါတယ်။ SSPP/SSA ထိန်းချုပ်ရာ ဝမ်ဟိုင်းဒေသမှာလည်း လူဦးရေ ၅၀ဝ,ဝဝဝ အထိ ထိုးနှံသွားမယ်လို့ ဆိုပါတယ်။ KIO/KIA ထိန်းချုပ်ရာဒေသများတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပေးနေပါတယ်။
ကာကွယ်ဆေး ထိုးနှံမှုမှာ ဦးစားပေးအုပ်စုတွေ ရှိပါတယ်။ ဒါပေမဲ့ NLD အစိုးရ ချမှတ်ထားတဲ့မူဝါဒ “မည်သူတဦးမျှ နောက်မကျန်ရစ်စေရ” သဘောအရ ကာကွယ် ဆေးရရှိမှု တန်းတူညီမျှမှု ရှိဖို့ လိုအပ်ပါတယ်။
အချိန်ဇယား
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) ကတော့ လူဦးရေ ဘယ်မျှအတိုင်းအတာ ကူးစက်၊ တနည်း ကာကွယ်ဆေးရရှိတဲ့အခါ အုပ်စုလိုက်ခုခံအား (herd immunity) သို့မဟုတ် လူဦးရေခုခံအား (population immunity) ရရှိမယ်ဆိုတာ အတိအကျ တွက်ချက်ဖော်ပြတာ မရှိပါဘူး။ ဝက်သက်ရောဂါ (measies) တုန်း က လူဦးရေ ၉၅ ရာခိုင်နှုန်းအထိ ကာကွယ်ဆေးထိုးပေးဖို့ လိုအပ်ပါတယ်။ အလားတူ ပိုလီယိုရောဂါအတွက် လူဦးရေ ၈၀ ရာခိုင်နှုန်းတိုင် အနိမ့်ဆုံး ကာ ကွယ်ဆေးထိုးပေးဖို့ လိုအပ်ပါတယ်။ အခုအခါ နိုင်ငံအများစုက လူဦးရေရဲ့ ၆၀ ရာခိုင်နှုန်းတိုင် ကာကွယ်ဆေးရရှိရေးအတွက် ကြိုးပမ်းရုန်းကန်နေကြပါတယ်။
မြန်မာနိုင်ငံအဖို့ လူဦးရေ၏ ၆၀ ရာခိုင်နှုန်းကို ဘယ်အချိန်မှာ ကာကွယ်ဆေး ထိုးနှံပြီးစီးနိုင်မလဲ
စစ်ကောင်စီက ၂၀၂၁ ခုနှစ်အတွင်း လူဦးရေရဲ့ ၅၀ ရာခိုင်နှုန်းကို ကာကွယ် ဆေး ထိုးနှံပေးနိုင်မယ်လို့ မှန်းပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ မြန်မာ့လူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းကို ကာကွယ်ဆေး စတင်ထိုးနှံပေးတော့ မယ်လို့ ဆိုပါတယ်။ အခုလထဲမှာပဲ နည်းလမ်းနှစ်သွယ်နဲ့ စတင်ထိုးနှံပေးဖို့ရှိပြီး ပထမဦးစားပေးအနေနဲ့ ကာကွယ်ဆေးခြောက်သန်း ရဖို့ရှိတယ်လို့ NUG က ပြောထားပါတယ်။ NUG ရဲ့ နည်းလမ်းနှစ်သွယ်အနက် ပထမနည်းလမ်းက ရလာတဲ့ ကာကွယ်ဆေးတွေကို တိုင်းရင်းသားဒေသတွေမှာ ထိုးပေးမှာဖြစ်ပါ တယ်။
ဒုတိယနည်းလမ်းကတော့ တတိယအဖွဲ့အစည်းတွေက ထိုးနှံပေးမယ်လို့ ဆိုပါ တယ်။ ဒါ့အပြင် အခုရလာတဲ့ ကာကွယ်ဆေးတွေက အရင် NLD အစိုးရလက်ထက်က လုပ်ခဲ့တာတွေကို ဆက်လက်ပြီး ကြိုးစားဆောင်ရွက်တာ ဖြစ်တယ်လို့လည်း ပြော ထားပါတယ်။ NUG က ထိုးနှံပေးမယ့် ကာကွယ်ဆေးအမျိုးအစားကိုတော့ မသိရ သေးပါဘူး။
Economist Intelligence Unit (EIU) ရဲ့ သုံးသပ်ချက်အရ မြန်မာနိုင်ငံအပါအဝင် လာအို၊ မြောက်ကိုရီးယား၊ တီမောလက်စတီ စတဲ့နိုင်ငံတွေက ၂၀၂၅ အလွန်ကာလ မှသာ လူဦးရေရဲ့ ၆၀ ရာခိုင်နှုန်း ကာကွယ်ဆေး ထိုးနှံပြီးစီးမယ်လို့ ဖော်ပြပါတယ်။ EIU နဲ့ Our World in Data တွေကို ကိုးကားတွက်ချက်ပြီး ဖော်ပြထားတဲ့ Nikkei Asia ဆောင်းပါးသုံးသပ်ချက်မှာတော့ ၂၀၂၃ ခုနှစ် အလွန်မှသာ ကာကွယ်ဆေး ထိုးနှံမှုတွေ လုံလောက်မယ်လို့ ဖော်ပြပါတယ်။
EIU ရဲ့ နိုင်ငံအလိုက် စီးပွားရေး အခြေအနေ အစီရင်ခံစာ (ဇူလိုင် ၂၄၊ ၂၀၂၁) မှာတော့ မြန်မာနိုင်ငံက တရုတ်နိုင်ငံနဲ့ ရုရှားနိုင်ငံက ကာကွယ်ဆေးတွေ ရဖို့ ထုတ် ဖော်ပြောကြားထားတယ်။
အကြံပြုချက်များနှင့် ဆက်လက်ဆွေးနွေးဖွယ် အကြောင်းများ
မြန်မာနိုင်ငံအနေနဲ့ ထိရောက်တဲ့ ကာကွယ်ဆေးဖြန့်ဝေမှု၊ လူသားရင်းမြစ်နဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုအတွက် အာဆီယံရဲ့ AHA၊ ကမ္ဘာ့ကုလသမဂ္ဂ လူသားချင်း စာနာမှုညှိနှိုင်းရေးမှူးရုံး (OCHA) တွေနဲ့ ပူးပေါင်း ဆောင်ရွက်သင့်ပါ တယ်။ ဒီအတွက် ဘယ်လို ဆောင်ရွက်သင့်တယ်ဆိုတာကို ပြီးခဲ့တဲ့ ဇူလိုင် ၂၀ ရက် မှာ ISP-Myanmar က ဖော်ပြထားတဲ့ “ကိုဗစ် တတိယလှိုင်း အကျပ်အတည်းကို လူသားချင်းစာနာမှုဆိုင်ရာ နိုင်ငံတကာအကူအညီဖြင့် ဖြေရှင်းရေး မူဝါဒအကြံပြုချက်” မှာလည်း အကျယ်တဝင့် ဖတ်နိုင်ပါတယ်။
ဒါ့အပြင် ဒေသအလိုက်၊ အဖွဲ့အစည်းအလိုက် တကျောင်းတဂါထာထိုးနှံမှုတွေမှာ ကာကွယ်ဆေးရဲ့ လုံခြုံစိတ်ချရမှုနဲ့ ထိရောက်မှုစတဲ့ အရည်အသွေး၊ ထိုးနှံပုံ၊ မှတ် တမ်းမှတ်ရာထားရှိပုံကအစ စည်းစနစ်ရှိရေး ဦးစားပေးသင့်ပါတယ်။ ကာကွယ်ဆေး ထိုးနှံပြီးနောက် ထိရောက်မှု ပြန်လည်သုံးသပ်မှုဟာလည်း မရှိမဖြစ် လိုအပ်တဲ့ဖြစ် စဉ်ပါ။ ကာကွယ်ဆေးအာနိသင်ကို သိရှိနိုင်တဲ့အပြင်၊ လိုအပ်တဲ့ နောက်ဆက်တွဲ သုတေသနများလည်း ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။
တတ်နိုင်သမျှ သတင်းအချက်လက် ဖလှယ်တာ၊ ချိတ်ဆက်ညှိနှိုင်းဆောင်ရွက် တာ၊ ပဋိပက္ခကြောင့်၊ စစ်မက်ပြိုင်မှုတွေကြောင့် အင်အားစုတွေအကြား ပူးပေါင်း ဆောင်ရွက်မှု မဖြစ်နိုင်သေးရင်တောင် က္ဘာ့ကျန်းမာရေးအ¸လို၊ ကျန် လွတ်လပ်တဲ့ အ¸စည်းတွေကတဆင့် အချက်အလက်ဖလှယ်၊ မှတ်တမ်းမှတ်ရာဖလှယ်တာမျိုး တွေကို ဆောင်ရွက်သင့်ပါတယ်။ ကာကွယ်ဆေးထိုးနှံမှုမှာ ကပ်ဘေး ကယ်ဆယ်ရေး အဓိကဖြစ်သင့်ပြီး၊ နိုင်ငံရေးကွဲပြားမှုတွေကို အလွန်အကျူး ရှေ့တန်းတင် အမြတ် ထုတ်တာမျိုး မပြုလုပ်ကြဖို့လည်း လိုအပ်ပါတယ်။ တချိန်တည်းမှာ ကာကွယ်ဆေး ထိုးနှံမှုမှာ လူမှုတရားမျှတမှု (social justice) အခြေအနေကိုပါ အလေးအနက် ထည့်သွင်းစဉ်းစားသင့်ပါတယ်။
ရည်ညွှန်းကိုးကား
Centers for Disease Control and Prevention. (2019, October 30). Vaccinate with Confidence. https://www.cdc.gov/vaccines/partners/vaccinate-with-confidence.html [Access date: July 20,2021]
D’Souza, G., & Dowdy, D. (2021, April 7). What is Herd Immunity and How Can We Achieve It With COVID-19? Johns Hopkins Bloomberg School of Public Health. https://www.jhsph.edu/covid-19/articles/achieving-herd-immunity-with-covid19.html . [Access date: July 20, 2021]
European Commission. (2020, June 17). Coronavirus: Commission unveils EU vaccines strategy. European Commission. https://ec.europa.eu/commission/presscorner/detail/en/IP_20_1103 [Access date: July 23,2021]
Johns Hopkins University & Medicine. (2021). Report Series: A Primer on Covid-19 Vaccine Development, Allocation and Deployment. Johns Hopkins Coronavirus Resource Center. https://coronavirus.jhu.edu/vaccines/report [Access date: July 20, 2021]
Li, G. (2021, July 6). Asia’s new COVID waves. Nikkei Asia. https://asia.nikkei.com/Spotlight/The-Big-Story/Asia-s-new-COVID-waves . [Access date: July 26, 2021]
Paddock, R. C. (2021, July 4). Virus Surges in Myanmar After Coup. The New York Times. https://www.nytimes.com/2021/07/01/world/asia/covid-myanmar-coup.htm
World Health Organisation. (n.d.). Coronavirus disease (COVID-19): Herd immunity, lockdowns and COVID-19. WHO. Retrieved July 29, 2021, from https://www.who.int/news-room/q-a-detail/herd-immunity-lockdowns-and-covid-19 [Access date: July 20,2021]
The Economic Intelligence Unit. (2021, May 4). Myanmar- Asia’s Covid-19 vaccination timeline: still playing catch-up.
The Economist Intelligence Unit. (2021, July). Country Report – Myanmar (3rd Quarter 2021). Economist Intelligence Unit Limited. [Access date: July 26, 2021]
မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျူ (ISP Myanmar) သည် လွတ်လပ်ပြီး ပါတီစွဲကင်းသည့် အစိုးရမဟုတ်သော သုတေသနအဖွဲ့ဖြစ်ပါသည်။ ISP Myanmar ၏ မြော်မြင်ချက်မှာ မြန်မာနိုင်ငံကို ရုန်းထကြံ့ခိုင်မှုအားကောင်းပြီး သည်းခံစိတ်ကြီးမားသော လူ့အဖွဲ့အစည်းတစ်ရပ်အဖြစ်ပေါ်ထွန်းလာရေး ဖြစ်သည်။ ISP Myanmar ၏ ဦးတည်ချက်မှာ ဒီမိုကရေစီကျသော ခေါင်းဆောင်မှုကို မြှင့်တင်အားပေးရန်နှင့် နိုင်ငံအရေးတွင် နိုင်ငံသားများ ပါဝင်ဆောင်ရွက်မှုအားကောင်းစေရန်ဖြစ်သည်။
လော့ခ်ဒေါင်းချ ဆောင်ရွက်တဲ့ အခါမှာ ဆင်းရဲတဲ့အိမ်ထောင်စုတွေ၊ အလုပ်အကိုင် ဆုံးရှုံးသွားသူတွေ၊ ချို့တဲ့အားနည်းတဲ့ လူတွေအတွက်လည်း အဓိကစဉ်းစားပေးပြီး ကုစားရေး…
တရုတ်နိုင်ငံဟာ ကာကွယ်ဆေးကို အများကောင်းကျိုးအဖြစ် အသုံးပြုမယ်၊ မြန်မာနိုင်ငံစတဲ့ မိတ်ဖက်နိုင်ငံတွေကို ဦးစားပေးဖြန့်ဝေမယ် ဆိုတာဟာ စေတနာကောင်းရင်တောင် လက်တွေ့…
ကိုဗစ်-၁၉ ကပ်ရောဂါကာလလို အကျပ်အတည်း ကာလမျိုးမှာ "ရွေးကောက်ပွဲဖြစ်စဉ်တခုလုံးကို တန်းတူညီမျှစွာ ပါဝင်ဆောင်ရွက်ခွင့်"ဆိုတဲ့ ရွေးကောက်ပွဲတွေရဲ့ အခြေခံကျတဲ့ ဒီမိုကရေစီစံနှုန်းကို…
Discussion about this post