မြန်မာနိုင်ငံနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်မှု အလားအလာ
မြန်မာနိုင်ငံက အခုအချိန်မှာ လူပေါင်း ၁ ဒသမ ၇ သန်းကို ကာကွယ်ဆေး ထိုးနှံ ပြီး…
အယ်ဒီတာမှတ်ချက် ယခု ဖော်ပြထားချက်သည် ဒေါက်တာစင်သီယာမောင်အား အင်တာဗျူးပုံစံဖြင့် မေးမြန်းခဲ့သည့်အပေါ် ပြန်လည် ဖြေကြားခဲ့သည်များအား ထင်မြင်ချက် ဆောင်းပါးပုံစံ ဖော်ပြထားခြင်းဖြစ်ပါသည်။ ဆရာမ စင်သီယာ မောင်ကို ဧပြီ ၁၀ ရက်တွင် မေးမြန်းခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် အင်တာဗျူးတွင်ပါဝင်သော ကိန်းဂဏန်းအချက် အလက်များသည် ဧပြီ ၁၀ ရက်မတိုင်ခင်က အခြေအနေများကို ထင်ဟပ် ဖော်ပြထားခြင်း ဖြစ်ကြောင်း သိစေအပ်ပါသည်။
မင်္ဂလာပါ
ကျမ ဒေါက်တာ စင်သီယာပါ။ မဲဆောက်မြို့ မယ်တော်ဆေးခန်းရဲ့ ဒါရိုက်တာ ဖြစ် ပါတယ်။ အခုလက်ရှိ ကမ္ဘာလုံးဆိုင်ရာ ကပ်ဘေးအနေနဲ့ ကျရောက်နေတဲ့ ကိုဗစ်-၁၉ ကို ထိုင်းနိုင်ငံမှာရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ၊ ဒုက္ခသည် စခန်းမှာရှိတဲ့ တိုင်းရင်းသားတွေ အားလုံးအပြင် လူမှုအဖွဲ့အစည်းတွေနဲ့ ဘယ်လို ပူးပေါင်း ဆောင်ရွက်မှုတွေရှိလဲ၊ ဘယ်လိုဘယ်ပုံ ထိခိုက် သက်ရောက်မှုရှိလဲဆိုတာ အကျဉ်းချုံး တင်ပြချင်ပါတယ်။
မယ်တော် ဆေးခန်းအနေနဲ့က ဆေးကုသရာ ဌာနဖြစ်တယ် ဆိုပေမဲ့လည်း Primary Care အခြေခံ စောင့်ရှောက်မှုတွေပဲ ဆောင်ရွက်နိုင်တာ ဖြစ်ပါတယ်။ သို့သော်လည်း ရွှေ့ပြောင်းလူထုတွေ ဆိုလို့ ရှိရင်တော့ တရားဝင် နေထိုင်တဲ့ လူတွေရှိ တယ်၊ တရားမဝင်နေထိုင်တဲ့၊ လက်မှတ်မရှိတဲ့ လူ တွေလည်း ရှိပါတယ်။ ဧပြီ ၂၃ ရက်မှာ နယ်စပ် တံတားတွေ ပိတ်ဆို့ချိန်ကစပြီးတော့ ကျမတို့ဆီမှာ လူနာ တဝက်လောက် ကျသွားပါတယ်။ လက်ရှိမှာ တော့ ပြင်ပလူနာ ၁၀ဝ ကနေ ၁၂၀ လောက် ရှိပြီး တော့ အတွင်းလူနာ နေ့စဉ် ၄၀ နဲ့ ၆၀ လောက် ရှိပါတယ်။ သို့သော်လည်း ကျမတို့က တရုတ်နိုင်ငံမှာ ဒီရောဂါ စဖြစ်ကတည်းက ဖေဖော်ဝါရီလောက်က တည်းက Community awareness လုပ်တာတွေ၊ ကျမတို့ရဲ့ facility တွေ၊ အထူးသဖြင့် ဆေးရုံ ဆေးခန်းတွေမှာ ဖြစ်စေ၊ ဘော်ဒါဆောင်တွေ၊ ကျောင်းတွေမှာဖြစ်စေ လိုအပ်တဲ့ Hand Washing facilities တွေ၊ အမှိုက်စွန့်ပစ်တာတွေ၊ လိုက်နာ ကျင့်သုံးရမယ့် Social Distancing ဒီကိစ္စတွေကို ကျမတို့ ပညာပေးတဲ့ အစီအစဉ်တွေ စနေပါတယ်။ ပြီးခဲ့တဲ့ တလလောက်ကနေ စပြီးတော့ မဲဆောက်မှာလည်း ရောဂါသည်တဦး စပြီး တွေ့ရှိတဲ့အခါမှာ ကျမတို့က ဆေးခန်းထဲမှာ ပြင်ဆင်မှုကို အားစိုက်ပြီးလုပ်ရပါတယ်။
အထူးသဖြင့် ဒီရောဂါ ကုသရေး၊ ကာကွယ်ရေးစတဲ့ ကိစ္စတွေ လက်ရှိ ရှိထားတဲ့ နေရာထိုင်ခင်းတွေပေါ်မှာ Isolation အတွက် ဖြစ်စေ၊ ကုသရေးအတွက် ကျန်းမာရေး ဝန်ထမ်းတွေရဲ့ ကာကွယ်ရေး အတွက်ဖြစ်စေ ကျမတို့ PPE သုံးစွဲမှုတွေ၊ ဆိုလိုတာက ကျမတို့ ပုံမှန်လုပ်နေတဲ့ သင်တန်းမျိုး မဟုတ်တော့ဘဲနဲ့ နေ့စဉ်ရက်ဆက်ပေါ့။ ကျန်းမာ ရေးလုပ်သားတွေ၊ Clinical staffs တွေကိုရော သင်တန်းတွေကို ဆက်တိုက် ပေးနေရပါတယ်။ နည်းပညာပိုင်းဆိုင်ရာ အရလည်း တချို့သင်တန်း အခြေအနေအရ မဲဆောက် ဆေးရုံနဲ့ တချို့လည်း SMRU (Shoklo Malaria Research Unit) နဲ့ ပူးပေါင်းဆောင် ရွက်မှုတွေ၊ သတင်း အချက်အလက် ဖလှယ်မှုမှာတော့ ဒုက္ခသည်စခန်းမှာရှိတဲ့ NGOs တွေရော၊ ထိုင်းအဖွဲ့အစည်းတွေနဲ့ပါ ကျမတို့ ဆောင်ရွက်နေရပါတယ်။
အထူးသဖြင့်တော့ ဝန်ထမ်းရေးရာအရ ကျမတို့ အခက်အခဲတွေ နည်းနည်းရှိပါ တယ်။ ဘာဖြစ်လို့လဲဆိုတော့ တချို့ဝန်ထမ်းတွေလည်း ပြန်သွားကြတယ်။ နွေရာသီ အတွက် ခွင့်ယူပြန်သွားရင်းနဲ့ ပြန်လာလို့ မရတဲ့သူတွေလည်း ရှိသလို တချို့လည်း ကျောင်းပိတ်ရက်ဖြစ်တဲ့ အတွက်ကြောင့် ကလေးတွေကလည်း အိမ်မှာရှိတဲ့အတွက် ကြောင့်မို့ ဝန်ထမ်းရေးရာဆိုင်ရာမှာ Isolation ward အတွက် လူတွေကို ခွဲစီစဉ်ရတာ မျိုးအစ လူအင်အားတွေကအစ စီမံခန့်ခွဲမှုတွေ ပြန်ပြီး လုပ်ရတာ ဖြစ်တဲ့ အတွက်ကြောင့် ပြီးခဲ့တဲ့တလအတွင်းမှာတော့ ဆေးခန်း တခုလုံးမှာရှိတဲ့ ဝန်ထမ်းရေးရာအပိုင်း၊ နည်းပညာပိုင်းတွေ မြှင့်တင်မှုတွေ အများကြီး ဆောင်ရွက်ရပါတယ်။ တချိန်တည်းမှာပဲ လက်ရှိ ကူညီနေတဲ့ ကလေး ဘော်ဒါဆောင်တွေမှာရှိတဲ့ ပြန်လို့မရတဲ့ ကလေးတွေရဲ့ နေရေးထိုင်ရေး စားဝတ်နေရေးကိုလည်း ဘော်ဒါအုပ်တွေနဲ့ရော ဒေသဆိုင်ရာ လူမှု အဖွဲ့အစည်းတွေနဲ့ပါ စောင့်ရှောက်မှုတွေ ဆောင်ရွက်နေပါတယ်။
အထူးသဖြင့် ရွှေ့ပြောင်းလုပ်သားအရေးနဲ့ ပတ်သက်ပြီးတော့ ဆောင်ရွက်ရမယ့် ကိစ္စတွေမှာတော့ လုံလုံခြုံခြုံနဲ့ စနစ်တကျပြန်နိုင်မယ့် အစီအစဉ်တွေအပြင် ကိုယ့် ဒေသအလိုက်မှာ လူထုအခြေပြု Facility Community Quarantine Centre တွေ ပြင်ဆင်ထားမှု အားနည်း နေသေးတယ်ဆိုတာ သိရတယ်။ ပြည်တွင်းမှာရှိတဲ့ လူထု အခြေပြု အဖွဲ့အစည်းတွေအနေနဲ့ရော သူတို့ရဲ့ဒေသအလိုက် Quarantine Area တွေကို ဆောင်ရွက်တာတင်မကဘူး၊ သူတို့အနေနဲ့ လူနာတွေကို အဆင့်ဆင့် လွှဲပြောင်းတဲ့ အချိန်မှာ သတင်းအချက်အလက်တွေ တိတိကျကျ မှန်မှန်ကန်ကန် ရရှိမှုကအစ သူတို့ အတွက် ကာကွယ်စောင့်ရှောက်မှုတွေကအစ ဒီဒေသထဲမှာရှိတဲ့ ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုတွေကအစ ပိုပြီးတော့ ဆောင်ရွက်နိုင်ဖို့ ဒါကို ပြင်ဆင်ဆောင် ရွက်ဖို့ လိုနေပါသေးတယ်။
အထူးသဖြင့်တော့ သင်္ကြန်ကာလမှာ ဖြစ်စေ၊ လာမယ့်အချိန်တွေမှာလည်း တရားဝင်နေထိုင်တဲ့ လက်မှတ်တွေ သက်တမ်းတွေကုန်လို့ ပြန်သွားမယ့်လူတွေ ရှိတဲ့ အချိန်မှာ ဒီဒေသခံအဖွဲ့အစည်းလိုက်ဖြစ်စေ၊ Quarantine Centre တွေမှာ ဖြစ်စေ ပြင်ဆင် ဆောင်ရွက်မှုတွေကိုလည်း ဦးစားပေးပြီးတော့ ဒေသအလိုက် ရပ်ရွာအလိုက် ဆောင်ရွက်တဲ့ Quarantine Centre တွေအတွက် စနစ်တကျ လုပ်ထုံးလုပ်နည်းတွေ လိုအပ်တဲ့ ပစ္စည်းကိရိယာတွေ၊ ရန်ပုံငွေတွေ ဒါတွေလည်း လိုအပ်နေတယ်ဆိုတာ ကျမတို့ သိရပါတယ်။ ဒီလိုမျိုး ဖြစ်နေတဲ့အချိန်မှာ အထူးသဖြင့်တော့ ဒီ ရွှေ့ပြောင်း လူထုတွေ။ ပြည်တွင်း ဒုက္ခသည်စခန်းတွေက လူတွေအတွက် ပိုပြီးတော့ မမျှမတ ထိခိုက် သက်ရောက်မှုတွေတော့ ဖြစ်နိုင်ပါတယ်။ အစကတည်းက သူတို့ရဲ့ ညီတူညီမျှ ရရှိထားတဲ့ ကျန်းမာရေး ဝန်ဆောင်မှုစနစ်တွေအရ ဒီရောဂါကပ်ဘေး ဖြစ်လာလို့ရှိရင် ရောဂါတွေကို ကာကွယ်နိုင်မယ့် အခြေခံ အဆောက်အအုံတွေကအစ နည်းပညာတွေ ကအစ ဒါတွေကို ဒေသအလိုက် ရှင်းရှင်းလင်းလင်း တိတိကျကျ ချမှတ်နိုင်တဲ့ အခြေ အနေတွေ ဖြစ်နေနိုင်တာ မရှိသေးဘူးဆိုရင် သူတို့အတွက်လည်း စိတ်ဖိစီးမှုတွေရော၊ အထူးသဖြင့် သူတို့နဲ့အတူရှိနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက်ရော ပိုပြီးတော့ စိတ်ဖိစီးမှုတွေ ဖြစ်နိုင်သလို တဖက်ကလည်း ကာကွယ်နိုင်တဲ့နည်းလမ်းတွေ နည်း စနစ်တွေကို စဉ်ဆက်မပြတ်နဲ့ နည်းပညာပိုင်း၊ ပစ္စည်း ကိရိယာပိုင်း၊ ရန်ပုံငွေ အပိုင်းတွေ ရရှိနိုင်ဖို့အတွက်ကို ရင်းနှီးမြှုပ်နှံနိုင်မှသာလျှင် ပိုပြီးတော့ ထိရောက်တဲ့ လုပ်ငန်းတွေ ပေါ် ပေါက်နိုင်မယ်လို့ ယုံကြည်ပါတယ်။
အထူးသဖြင့်တော့ တိုင်းရင်းသား ကျန်းမာရေးဌာနတွေ၊ တိုင်းရင်းသားဒေသတွေ မှာရှိတဲ့ တခြား Civil Society ကျန်းမာရေး အဖွဲ့အစည်းတွေအနေနဲ့လည်း နယ်စပ် တလျှောက်မှာ ရှိနေတဲ့ လူထုတွေအရေးကို ဆောင်ရွက်တဲ့အခါ၊ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်တဲ့ အစီအစဉ်မှာ နယ်စပ်က ကျန်းမာရေးလုပ်သားတွေရော၊ ပြည်တွင်းမှာ ရှိတဲ့ အစိုးရ ကျန်းမာရေးဌာနနဲ့ ဆက်စပ်နေတဲ့ လုပ်ငန်းတွေမှာရော နည်းနာတွေစနစ် တွေ၊ တိကျတဲ့လမ်းညွှန်မှု (Guideline) တွေ ပူးပေါင်းဆောင်ရွက်နိုင်မှုက အရေးကြီးပါတယ်။ ဒါက လတ်တလော ဖြစ်ပေါ်လာတယ် ဆိုပေမဲ့လည်း ရရှိလာတဲ့၊ လေ့လာသင်ယူရတဲ့ သင်ခန်းစာတွေ အပေါ်မှာ ဒေသ အခြေပြု ကျန်းမာရေးစနစ်တွေ အားကောင်း လာဖို့၊ တိုင်းရင်းသားကျန်းမာရေးဌာနနဲ့ အစိုးရကျန်းမာရေးဌာန ပူးပေါင်းဆောင် ရွက်မှုတွေ ပိုမိုအားကောင်းလာဖို့ဆိုတာ မျှတတဲ့ ကျန်းမာရေးစနစ် တည်ဆောက် နိုင်ဖို့ရယ်၊ လက်ရှိဆောင်ရွက်နေတဲ့ quarantine ကိစ္စတွေမှာဆိုရင် လူသားဆန်တဲ့ လူမှုရေးအရ အကာအကွယ်ပေးနိုင်တဲ့ လုံခြုံစိတ်ချမှုရှိတဲ့ အစီအစဉ်မျိုး ဖြစ်အောင်လည်း ကျမတို့ ဆက်လက် ဆောင်ရွက်ဖို့၊ သူ့ဒေသအလိုက် ပူးပေါင်းဆောင်ရွက်နိုင်တဲ့ အခြေအနေမျိုး ဖန်တီးပေးဖို့လိုတယ်လို့ အကြံပြုချင်ပါတယ်။
မြန်မာနိုင်ငံက အခုအချိန်မှာ လူပေါင်း ၁ ဒသမ ၇ သန်းကို ကာကွယ်ဆေး ထိုးနှံ ပြီး…
လော့ခ်ဒေါင်းချ ဆောင်ရွက်တဲ့ အခါမှာ ဆင်းရဲတဲ့အိမ်ထောင်စုတွေ၊ အလုပ်အကိုင် ဆုံးရှုံးသွားသူတွေ၊ ချို့တဲ့အားနည်းတဲ့ လူတွေအတွက်လည်း အဓိကစဉ်းစားပေးပြီး ကုစားရေး…
တရုတ်နိုင်ငံဟာ ကာကွယ်ဆေးကို အများကောင်းကျိုးအဖြစ် အသုံးပြုမယ်၊ မြန်မာနိုင်ငံစတဲ့ မိတ်ဖက်နိုင်ငံတွေကို ဦးစားပေးဖြန့်ဝေမယ် ဆိုတာဟာ စေတနာကောင်းရင်တောင် လက်တွေ့…
Discussion about this post