မြန်မာနိုင်ငံနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်မှု အလားအလာ
မြန်မာနိုင်ငံက အခုအချိန်မှာ လူပေါင်း ၁ ဒသမ ၇ သန်းကို ကာကွယ်ဆေး ထိုးနှံ ပြီး…
၁။ မြန်မာနိုင်ငံ၏ စီးပွားရေးအပေါ် ကိုဗစ်–၁၉ ၏ ရိုက်ခတ်မှုအား မှန်ကန်စွာ သုံးသပ်နိုင်ပြီး ပြန်လည်ထူထောင်ရေး မဟာဗျူဟာအား အောင်မြင်စွာရေးဆွဲနိုင်ရန် အောက်ဖော်ပြပါ ဥပဒေသများသည် လွန်စွာမှ အရေးကြီးလှကြောင်း နိုင်ငံတကာသင်ခန်းစာများအရ မှတ်သားရပါသည်။
(က) ကိုဗစ်–၁၉၏ စီးပွားရေးအပေါ် ရိုက်ခတ်မှုသည် စီးပွားရေး အကျိုးဆက်များသာမက ကျန်းမာရေး အကျိုးဆက်များလည်း ရှိသောကြောင့် ယင်းအား တုံ့ပြန်ရာတွင် စီးပွားရေး မဟာဗျူဟာနှင့် ကျန်းမာရေး မဟာဗျူဟာ နှစ်ရပ်သည် ဒွန်တွဲ၍ လွန်ဆွဲနေမည် ဖြစ်သည်။ ကျန်းမာရေးအရ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို (ယခုကာလအတွင်း ဉီးစားပေး ဆောင်ရွက်လျက်ရှိနေသည့် လုပ်ငန်းများ) ဆောင်ရွက်ရာတွင် စီးပွားရေးအရ ကုစားသွားရမည့် အစီအမံမျာကိုထည့်သွင်းစဉ်းစားရန်လိုပြီး စီးပွားရေး ပြန်လည်ထူထောင်ရေး မဟာဗျူဟာ ချမှတ်ရာတွင်လည်း ကျန်းမာရေး ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အစီအမံများ၏ လိုအပ်ချက်ကိုလည်း မေ့ထား၍ မရချေ။ အနိမ့်ဆုံးအားဖြင့် ကျန်းမာရေး ကာကွယ်ထိန်းချုပ်မှုကြောင့် စီးပွားရေး ထိခိုက်မှုများ ပိုမို မဆိုးရွားသွားစေရန် သတိချပ်သင့်သည်။ ထို့အတူ စီးပွားရေး လည်ပတ်မှုကို ထိန်းသိမ်းရန် အလို့ငှာ လုပ်ငန်းများ ဆက်လက် လည်ပတ်စေသည့်အခါ ရောဂါကူးစက် ပြန့်ပွားမှုကိုလည်း ပို၍ မဆိုးသွားရန် အထူးကြပ်မတ် ထိန်းသိမ်းသင့်ပါသည်။
(ခ) ကိုဗစ်–၁၉ ၏ စီးပွားရေးအပေါ် သက်ရောက်မှုသည် မက်ခရိုစီးပွားရေးဝန်းကျင် တခုလုံး၏ လည်ပတ်မှုယန္တရားအစိတ်အပိုင်းအားလုံးကို ထိခိုက်သည်ဖြစ်ရာ ပြန်လည်ထူထောင်ရေး မဟာဗျူဟာ ဆောင်ရွက်ရာတွင် ကဏ္ဍအသီးသီး၊သက်ဆိုင်သူအသီးသီး ဌာနနှင့် ဒေသ အသီးသီး၏ စီးပွားရေး သက်ရောက်မှုများကို ခြုံငုံစဉ်းစားရန် အရေးကြီးပါသည် ကိုဗစ်–၁၉ ၏ လက်ငင်း သက်ရောက်မှုကြောင့် ဆက်လက်ဖြစ်ပေါ်နေသော အကျိုးဆက်များသာမက ပြန်လည်ထူထောင်ရေးတွင် ကြုံတွေ့ရမည့် စိန်ခေါ်မှုနှင့် အခွင့်အလမ်းများကိုပါ ရေရှည်စဉ်းစား သုံးသပ်ပြီးမှသာ ကုစားရေးနှင့် ပြန်လည်ထူထောင်ရေး မဟာဗျူဟာကို ချမှတ်ရေးဆွဲသင့်ပါသည်။
(ဂ) ကိုဗစ်–၁၉ ၏ ရိုက်ခတ်မှုကို ခါးစည်းခံရသည့် သက်ဆိုင်သူများမှာ စီးပွားရေးလုပ်ငန်းရှင်များ ဦးစွာ ကြုံတွေ့ရပြီး ယင်းနောက် အလုပ်သမားနှင့် လက်လုပ်လက်စားများ၊ အိမ်ထောင်စုများနှင့် ပြည်သူများပါ ယခုအခါ ခံစားနေရပြီဖြစ်သည်။ယခင်ကတွေ့ကြုံခဲ့ရသည့် စီးပွားရေးရိုက်ခတ်မှုများဖြစ်သော သဘာဝဘေးဒဏ် ခံရခြင်း၊ စစ်မက်ဖြစ်ပွားခြင်း ကိစ္စရပ်များတွင် အစိုးရနှင့် ပြည်သူ တပါတည်း သက်ရောက်မှုရှိခဲ့သော်လည်း ယခု အကျပ်အတည်းတွင်မူ အစိုးရအပေါ် သက်ရောက်မှုသည် နောက်ဆုံးမှ ဖြစ်လိမ့်မည် ဖြစ်သည်။ (ပူးတွဲပါ စီးပွားရေးလည်ပတ်မှုအပေါ် သက်ရောက်မှု အမျိုးမျိုးတွင် ကြည့်ရှုလေ့လာနိုင်ပါသည်။) ဤသို့လျှင် အစိုးရသည် နိုင်ငံတခုတွင် ကိုဗစ်–၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် တုံ့ပြန်ရေးအတွက် အင်အားအရှိဆုံး အရင်းအမြစ်နှင့် အဖွဲ့အစည်းများကို စီမံခန့်ခွဲနိုင်စွမ်းရှိသည့် တခုတည်းသော ဦးဆောင်အဖွဲ့အစည်းဖြစ်သည်။ ထို့ကြောင့် ကမ္ဘာ့ဘောဂဗေဒပညာရှင်များက စီးပွားရေး ပြန်လည်ထူထောင်ရာတွင် အစိုးရ၏ အခန်းကဏ္ဍသည် အကြီးမားဆုံး ဖြစ်လာမည် ဟု မိန့်ကြားခဲ့ပြီး အစိုးရတရပ်၏ စီးပွားရေးမူဝါဒ၊လုပ်ငန်းစဉ်နှင့် စွမ်းဆောင်မှုသည် ပုဂ္ဂလိကလုပ်ငန်းများနှင့် ပြည်သူများ၏ အနာဂတ်လူမှုစီးပွားကံကြမ္မာကို အဆုံးအဖြတ်ပေးလိမ့်မည်ဖြစ်သည်။ ဈေးကွက်စီးပွားရေးဖြစ်စေကာမူ ပုဂ္ဂလိကကဏ္ဍက ဦးဆောင်နိုင်ဦးမည်မဟုတ်ဘဲ နိုင်ငံတော်အစိုးရကသာ ဦးဆောင်မောင်းနှင်ရမည့် သဘော ဖြစ်သည်။
၂။ ကိုဗစ်–၁၉ ၏ စီးပွားရေးအပေါ်သက်ရောက်မှုကို သုံးသပ်ရာတွင် ဘောဂဗေဒပညာရပ်၏ အခြေခံအကျဆုံး ဥပဒေသဖြစ်သည့် လည်ပတ်စီးဆင်းမှု (Circular flow) ဖြစ်စဉ်အပေါ် မည်သို့မည်မျှ သက်ရောက်နေကြောင်းအား ကျယ်ပြန့်စွာ လေ့လာသုံးသပ်ရန် လိုအပ်ပါသည်။ ယင်းသက်ရောက်မှုများအနက် အောက်ဖော်ပြပါ သက်ရောက်မှုများကို မြန်မာ့စီးပွားရေး လည်ပတ်စီးဆင်းမှုဖြစ်စဉ်တွင် ဦးစားပေး လေ့လာသုံးသပ်သွားရန် အရေးကြီးပါသည်။ ယင်းလေ့လာသုံးသပ်ချက်များကို အခြေခံ၍ လာမည့် ၂၀၁၉–၂၀ ဖြည့်စွက်ဘတ်ဂျက်(ဧပြီလကုန်တွင် အပြီးသတ်အတည်ပြုမည် ဖြစ်သည်။)ကာလအတွင်း နိုင်ငံတော် စီမံကိန်းမူဘောင်ဖြစ်သည့် Myanmar Sustainable Development Plan (MSDP) စီမံကိန်းအောက်တွင် လျာထားသော လုပ်ငန်းစဉ်ပေါင်း ၂၅၁ ရပ် ရှိသည့်အနက် အောက်ဖော်ပြပါ လုပ်ငန်းစဉ်နှင့် နည်းဗျူဟာ ၂၁ ရပ်အား ဦးစားပေး အကောင်အထည်ဖော်သင့်ပါသည်။
(က) နိုင်ငံတကာဈေးကွက် ဝယ်လိုအားကျဆင်းမှု။။ ထင်ရှားသည့် ဥပမာမှာ ခရီး သွားလိုသူများ နည်းပါးလာခြင်းကြောင့် တစထက်တစ ထိခိုက်လာသော ဟိုတယ်နှင့် ခရီး သွားလာရေးကဏ္ဍသည် ယခုအခါ လုံးဝ ရပ်ဆိုင်းလုနီးပါး ဖြစ်နေပါသည်။ ထို့အတူ နိုင်ငံတကာ ဈေးကွက်များမှ ဝယ်ယူအားပေးလျက်ရှိသော မြန်မာ့ပို့ကုန်များဖြစ်သည့် သဘာဝဓါတ်ငွေ့၊ လယ်ယာထွက်ကုန်နှင့် စက်မှု ထွက်ကုန်များ၏ ဝယ်လိုအားလည်း တဟုန်ထိုးကျဆင်းသွားရာ ယင်း၏ အကျိုးဆက် တရပ်အဖြစ် ပို့ကုန်ရငွေမှာလည်း နည်းပါးလာလိမ့်မည်ဖြစ်သည်။ ယင်း၏ အကျိုးဆက်ကို ကုစားရန်နှင့် ပြန်လည်ထူထောင်ရန်မှာ နိုင်ငံတကာ ဈေးကွက် အနေအထားများနှင့် ဝယ်လိုအားအလားအလာများကို စနစ်တကျ တွက်ချက်သုံးသပ်ရန် လိုအပ်ပါသည်။ ဦးစားပေးစဉ်းစားရမည့် နည်းဗျူဟာနှင့် လုပ်ငန်းစဉ်များမှာ
(ခ) တန်ဖိုးကွင်းဆက်များပြတ်တောက်မှု။။ မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်ငန်း များသည် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ တန်ဖိုးကွင်းဆက်ကြောင်းများနှင့် ချိတ်ဆက်လျက် ရှိသောကြောင့် ယခုအခါ ယင်းအချိတ်အဆက်များ ပြတ်တောက်မှုကြောင့် ဖြစ်ပေါ်လာသော ရိုက်ခတ်မှုများကို စီးပွားရေးလုပ်ငန်းများ ခါးစည်းခံရလျက်ရှိသည်။ ထင်ရှားသော ဥပမာမှာ တရုတ်နိုင်ငံမှ တင်သွင်းရရှိလျက်ရှိသော ကုန်ကြမ်းပစ္စည်းများ ပြတ်တောက်မှုကြောင့် မြန်မာ့စက်မှု ကုန်ထုတ်လုပ်ငန်းတွင် ကြီးမားသော ရိုက်ခတ်မှုများ ဖြစ်ခဲ့ပြီး အလုပ်ရုံ၊ စက်ရုံများ ပိတ်သိမ်းခဲ့ရပါသည်။ ထို့အတူ ကျန်းမာရေး ကာကွယ်ထိန်းချုပ်မှုများ၏ လိုအပ်ချက်အရ ခြေချုပ်အမိန့်များ (ဥပမာ – ညမထွက်ရအမိန့်) ဆောင်ရွက်လာရသောအခါ ဆိပ်ကမ်း ကုန်တင်ကုန်ချ လုပ်ငန်းများနှင့် ကုန်စည်စီးဆင်းမှုကိုပါ သက်ရောက်လျက်ရှိပါသည်။ ထိုအခါ နိုင်ငံတော်အစိုးရသည် စီးပွားရေး လုပ်ငန်းများ ကြုံတွေ့နေရသည့် တန်ဖိုးကွင်းဆက် ပြတ်တောက်မှုများ အထူးသဖြင့် ငွေသားစီးဆင်းမှု အားနည်းလာသည့် အခြေအနေများကိုပါ ကုစားပေးရန် လိုအပ်လာပါသည်။ ဦးစားပေးစဉ်းစားရမည့် နည်းဗျူဟာများမှာ
(ဂ) ပြည်တွင်းဈေးကွက် ပြတ်တောက်မှုများ။။ နိုင်ငံအသီးသီးတွင် ကူးစက်ရောဂါ ပြန့်ပွားမှုကို ထိန်းချုပ်ရန်အတွက် ခြေချုပ်အမိန့်များနှင့် ဒေသန္တရအမိန့်များကို သူ့ထက်ငါ လက်ဦးမှုရရန် ဆောင်ရွက်လာသောအခါ ပြည်တွင်းဈေးကွက်များ၏ ချိတ်ဆက်မှုသည်လည်း တဖြည်းဖြည်း ပြတ်တောက်လာခဲ့ပါသည်။ ကိုဗစ်–၁၉ ကြောင့် ကမ္ဘာ့ဈေးကွက်နှင့် ပြည်ပဝယ်လိုအား ရပ်ဆိုင်းသွားချိန်တွင် နိုင်ငံတိုင်းအတွက် အရေးပါဆုံးဈေးကွက်မှာ ပြည်တွင်းဝယ်လိုမှုနှင့် စားသုံးမှုသာဖြစ်၍ ယင်းဈေးကွက်ကြီးကို ဆက်လက်ရှင်သန်နေရန် နိုင်ငံတိုင်းရှိ ဗဟိုအစိုးရများက အားယူကြိုးပမ်းလျက်ရှိပါသည်။ ထိုအခါ ဗဟိုဦးစီးစနစ် အားနည်းသော နိုင်ငံများ ဥပမာ – အမေရိကန်ပြည်ထောင်စုရှိ ပြည်နယ်တခုချင်းအလိုက် သီးခြားဆောင်ရွက်နေမှုများတွင် စီမံမှုများ ဖရိုဖရဲဖြစ်နေ၍ စီးပွားရေး ပြန်လည်နာလန်ထူရန် မဆိုထားနှင့် ကူးစက်ရောဂါပြန့်ပွားရေး ထိန်းချုပ်မှုကိုပါ ထိခိုက်လျက်ရှိသည်။ ဗဟိုဦးစီးစနစ် ကောင်းမွန်သော နိုင်ငံများတွင် အန္တရာယ် အတိုင်းအဆအလိုက် တနိုင်ငံလုံးသက်ရောက်မှုကိုသာ (မျှဝေမှုထက်ဦးစားပေးမှု) အာရုံထား စီမံခန့်ခွဲ၍ စီးပွားရေးလုပ်ငန်းများကို အန္တရာယ် နည်းပါးသော ဒေသများတွင် ဆက်လက် လည်ပတ်နိုင်စေရန် စီမံခန့်ခွဲနိုင်ခဲ့ပါသည်(ဥပမာ – တရုတ်နိုင်ငံ)။ ယခုအခါ မြန်မာနိုင်ငံတွင်လည်း တနိုင်ငံလုံးအတိုင်းအတာဖြင့် အန္တရာယ် အတိုင်းအဆကို သေချာစွာ တွက်ဆ၍ သက်ရောက်နိုင်မှု အနည်းဆုံးရှိနေမည့် နေရာ ဒေသများတွင် ပြည်တွင်းဈေးကွက်များ ဆက်လက် ရှင်သန်နေစေရန် ဆောင်ရွက် သွားသင့်ပါသည်။ ထို့အပြင် အန္တရာယ် အတိုင်းအဆကို ထောက်ရှုပြီး ကာကွယ် ထိန်းချုပ်ရေး၏ အဓိက နည်းဗျူဟာများဖြစ်သော ရောဂါပိုးစစ်ဆေးခြင်းနှင့် ခြေချုပ်မိန့်တားမြစ်ခြင်းတို့ကို ပိုမို ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ မဟာဗျူဟာမြောက်စီမံခန့်ခွဲရန်လည်း လိုအပ်လျက်ရှိပါသည်။
(ဃ) ပုဂ္ဂလိက လုပ်ငန်းများ ယိုင်နဲ့လာမှုနှင့် လူမွဲအဖြစ် ခံယူလာရနိုင်မှု။။ ကမ္ဘာ့နိုင်ငံ အသီးသီးတွင် ဝယ်လိုအားနှင့် ရောင်းလိုအား တပြိုက်နက်ကျဆင်းမှုကြောင့် စီးပွားရေးလုပ်ငန်း များ ကျဆင်းလျက်ရှိပြီး ဒေဝါလီ ခံရသည်အထိ ဆုံးရှုံးမှုများ ဖြစ်လာခဲ့ပါသည်။ ကမ္ဘာ့ဘဏ်၏ နောက်ဆုံး ထုတ်ပြန်ချက် (ဧပြီ ၁) အရ မြန်မာနိုင်ငံ ဂျီဒီပီ တိုးတက်နှုန်း ၃ ရာခိုင်နှုန်းမှ ၂ ရာခိုင်နှုန်းအထိ လျော့ကျသွားမည်ဟု ခန့်မှန်းခဲ့ပါသည်။ ယင်းသည် အိမ်နီးချင်း ထိုင်းနှင့် မလေးရှားနိုင်ငံများအတွက် ခန့်မှန်းထားသည့် အနုတ် ၅ ရာခိုင်နှုန်းအောက်နှင့် နှိုင်းဆလျှင် သက်သာမည်ဟု သိရှိရသည်။ သို့သော် မြန်မာ့စီးပွားရေး အပေါ်တွက်ဆမှုများသည် ‘တရားဝင် ကဏ္ဍများ’ ကိုသာ တွက်ဆထားခြင်းကြောင့် တရားမဝင် ကဏ္ဍများအပေါ် သက်ရောက်မှုလည်း ကြီးမားမည်ဖြစ်ရာ စီးပွားရေးဆုတ်ယုတ်မှုကို ပိုမိုဖြစ်စေနိုင်ကြောင်း လေ့လာရပါသည်။ ယင်းအခြေအနေဆိုးအောက်တွင် မြန်မာ့စီးပွားရေးလုပ်ငန်းများသည်လည်း တနေ့တခြား ယိုင်နဲ့လျက်ရှိပြီး ယာယီနှင့် အမြဲတမ်း ပိတ်သိမ်းခဲ့ရသည့် တရားဝင်မှတ်ပုံတင်ထားသော လုပ်ငန်းများ ၉၀၀ နီးပါးခန့် ရှိလာပြီဟု ကြားသိရပါသည်။ ယင်းသည် တနိုင်ငံလုံး စုစုပေါင်းလုပ်ငန်းဌာန အားလုံး၏ ၁၂ ရာခိုင်နှုန်းခန့်ရှိနေပြီဖြစ်သည်။ အခြားစစ်တမ်းတခုတွင် စက်မှုကုန်ထုတ်နှင့် ဝန်ဆောင်မှုလုပ်ငန်းများ၏ ၂၀ ရာခိုင်နှုန်းခန့်မှာ ငွေသားစီးဆင်းမှု အခက်အခဲများရှိနေပြီး ယင်းတို့အနက် အများစုမှာ တလတာမျှသာ တောင့်ခံနိုင်မည့် အခြေအနေ ရှိနေပါသည်။ ထိုအခြေအနေကို ကုစားရန် ကနဉီးချေးငွေ ကျပ် ၁၀၀ ဘီလီယံ အစီအစဉ် သာမက အခြားတိုက်ရိုက်ပံ့ပိုးမှုများဖြစ်သည့် အခွန်ဖြေလျှော့ခြင်း၊ အခွန်နှုန်းထားလျှော့ချခြင်း၊ ဘဏ်တိုးနှုန်း လျှော့ချခြင်း၊ ဘဏ်ချေးငွေပြန်ဆပ်မှု ဆိုင်းငံ့ခြင်း၊ အခြားအခွန်အခများ လျှော့ချခြင်း စသည့် အစီအစဉ်များကို တိုးချဲ့ဆောင်ရွက်သင့်ပါသည်။
(င) ငွေကြေးအဖွဲ့အစည်းများ ယိုင်နဲ့လာမှု။။ ပုဂ္ဂလိကလုပ်ငန်းများ ယိုင်နဲ့လာသည်နှင့်အမျှ ယင်းတို့အပေါ် ရင်းနှီးမြုပ်နှံထားသော ငွေရေးကြေးရေး အဖွဲ့အစည်းများ၏ ဝင်ငွေလည်း ထိခိုက်လာနိုင်မည် ဖြစ်သည်။ တဖက်တွင်လည်း ဘဏ်အပ်နှံသူများအနေဖြင့် သုံးစွဲမှုများ လျော့ကျသွားသောအခါ ဘဏ်၏ စုဆောင်းငွေများအပေါ် ပေးရသည့် အတိုးငွေမှာလည်း (ပေးရန်ရှိမှု) များလာရာ ဘဏ်များ၏ ဘဏ္ဍာရေး အခြေအနေပြ ရှင်းတမ်းမှာလည်း တဖြည်းဖြည်း အားနည်းလာပြီ ဖြစ်သည်။ ယင်းအဖွဲ့အစည်းများ၏ ပိုင်ဆိုင်ပစ္စည်း ရင်းနှီးမြှုပ်နှံမှု တန်ဖိုးကို ပြန်လည်တွက်ချက်ရန် (လျော့နည်းမှုအတိုင်းအဆ) လိုအပ်လာပြီး လက်ငင်းပေးရန် တာဝန်များအတွက် အထူးစီမံဆောင်ရွက်ရန် လိုအပ်လျက်ရှိပါသည်။ ယခုအခါတွင် ဗဟိုဘဏ်သည် ငွေပေါ်လွယ်မှု (Liquidity) ပြဿနာကို ကျော်လွှားဖြေရှင်းနိုင်သော်လည်း ယင်းထက် ကြီးမားသည့် အကြွေးပြဿနာ (Insolvency) ကို သေချာစွာ ကိုင်တွယ်ဆောင်ရွက်နိုင်ရန် စီစဉ်ပြင်ဆင်ထားသင့်ပါသည်။ ယနေ့ပြဿနာသည် ၂၀၀၈ ခုနှစ် ငွေရေးကြေးရေးဂယက်ကဲ့သို့ ဘဏ်များနှင့် ကုမ္ပဏီများကိုသာ ထိခိုက်သည်မဟုတ်ဘဲ အသေးစားငွေစု ငွေချေးလုပ်ငန်းများနှင့် လက်လုပ်လက်စားများ၏ စီးပွားရေး ရပ်တည်မှုကိုပါ ရိုက်ခတ်လျက်ရှိသည်ဖြစ်၍ ငွေရေးကြေးရေးကဏ္ဍ ပြန်လည်ထူထောင်ရေး အစီအစဉ်ကို တိကျစွာ ပြင်ဆင်ရေးဆွဲသင့်ပါသည်။ အခြား ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် ဆောင်ရွက်နေသော အောက်ဖော်ပြပါ ငွေရေးကြေးရေးကဏ္ဍဆိုင်ရာ ဖြေလျှော့မှု နမူနာများအနက် မြန်မာနိုင်ငံအတွက် သင့်လျော်မည့် အချို့လုပ်ငန်းစဉ်များကို စဉ်းစားနိုင်ပါသည်။
(စ) လုပ်သားပြည်သူများနှင့် အိမ်ထောင်စုများ၏ အခက်အခဲများ။။ ကိုဗစ်–၁၉ ၏ သက်ရောက်မှုများ များစွာရှိသည့်အနက် အကြီးမားဆုံးသက်ရောက်မှုတခုမှာ အလုပ်အကိုင် အခွင့်အလမ်းများ ဆုံးရှုံးမှုဖြစ်ပြီး လက်ရှိတွင် တကမ္ဘာလုံး၌ အလုပ်အကိုင်ပေါင်း ၂၅ သန်းကျော် ဆုံးရှုံးခဲ့ရပါသည်။ အချိန်ပိုင်း လုပ်အားလျှော့ချမှုကို ထည့်သွင်းတွက်ချက်မည်ဆိုပါက အမြဲတမ်းအလုပ်ပေါင်း ၁၉၅ သန်းနှင့်ညီမျှသည့် အလုပ်အကိုင် အခွင့်အလမ်းများ ဆုံးရှုံးမှု ဖြစ်ခဲ့ ပါသည်။ မြန်မာနိုင်ငံတွင်လည်း လုပ်အားလျှော့ခံရသူဦးရေမှာ လတ်တလောတွင် တသိန်းနီးပါးခန့် ရှိလာပြီး ခေတ္တရပ်နားထားခြင်းနှင့် အချိန်ပိုင်းလုပ်ရခြင်းတို့ကြောင့် ဆုံးရှုံသွားမည့် လုပ်အားပမာဏမှာ ဆယ်ဆခန့် ကြီးမားနိုင်သည်ဟု ခန့်မှန်းရ ပါသည်။ ယင်းသုံးသပ်ချက်တွင် ပြည်ပရောက် ရွှေ့ပြောင်းအလုပ်သမားများ၏ အလုပ်လက်မဲ့ဖြစ်နိုင်မှုနှင့် လုပ်အားလျှော့ချခံနိုင်ရမှု အနေအထားများကို မခန့်မှန်းနိုင်သေးပါ။ ဤသို့လျှင် မြန်မာနိုင်ငံ၏ အိမ်ထောင်စုများ၏ ဝင်ငွေမှာ ရုတ်ချည်း ကျဆင်းလာမည်ဖြစ်ပြီး ယင်းတို့၏ နေ့စဉ်စားဝတ်နေရေး လိုအပ်ချက်များအတွက် ပံ့ပိုးမှုများကို လုပ်အားလျှော့ချမှု၊ လုပ်ငန်း ပိတ်သိမ်းမှု အခြေအနေများနှင့်ဆက်စပ်၍ စနစ်တကျ ဆက်လက် ထောက်ပံ့သွားရန် လိုအပ်ပါသည်။ ဝင်ငွေနည်း မိသားစုများကို ရေရှည်ထောက်ပံ့နိုင်မည့် အစီအစဉ်များကို စဉ်းစားရာတွင် ငွေသား ပံ့ပိုးမှုအစီအစဉ်ကိုလည်း စနစ်တကျ ပြင်ဆင်ဆောင်ရွက်သင့်သည်။ ယင်းသည် မြန်ဆန်သက်သာပြီး လူစုလူဝေးမဖြစ်ဘဲ ဆောင်ရွက်နိုင်သည်သာမက အငယ်စား၊ အသေးစား စီးပွားရေးလုပ်ငန်းများသို့ပါ ငွေကြေးစီးဝင်နိုင်မည်ဖြစ်၍ စီးပွားလည်ပတ်မှုကို ထောက်ကူနိုင်မည် ဖြစ်သည်။
(ဆ) စားသုံးသူများ သုံးစွဲငွေ ကျဆင်းလာခြင်း။။ ယခုအခါ ကူးစက်ရောဂါ ပြန့်ပွားမှု အန္တရာယ်ကို ကြောက်ရွံ့နေကြသော လုပ်သားပြည်သူ အသီးသီးမှာလည်း ဝယ်ယူသုံးစွဲမှုများကို လျှော့ချပြီး ခြိုးခြံချွေတာမှုများဖြင့် အိမ်တွင်းပုန်းနေရပါသည်။ တဖက်တွင်လည်း စားသောက်ဆိုင်၊ ဈေးစင်တာများနှင့် ပွဲတော်များ ပိတ်သိမ်းမှုကြောင့် သုံးစွဲနိုင်မည့် အခွင့်အလမ်းများလည်း များစွာ လျော့ကျသွားပြီဖြစ်သည်။ ထို့ကြောင့် စားသုံးကုန်ပစ္စည်းများ ထုတ်လုပ်ရောင်းချနေသော၊ ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေသော ပုဂ္ဂလိကလုပ်ငန်းများလည်း တနေ့တခြား ထိခိုက်လာပြီဖြစ်သည်။ အချို့နိုင်ငံများတွင် ဝန်ဆောင်မှုလုပ်ငန်းများ ထိခိုက်မှုသည် အကြီးမားဆုံးဖြစ်သည်။ တဖက်တွင်လည်း ကျန်းမာရေးဝန်ဆောင်မှုများကို ပိုမိုသုံးစွဲရမည့် အလားအလာများ ရှိနေသော်လည်း ယင်းကိုဝန်ဆောင်မှုပေးနိုင်သော လုပ်ငန်းများ ပိုမိုထွန်းကားလာစေရန်နှင့် ခြေချုပ်စင်တာအဖြစ် ပြောင်းလဲဖွင့်ပေးနိုင်သော ဟိုတယ်ဝန်ဆောင်မှုများကို အစိုးရက စရိတ်ကျခံ စီစဉ်ပေးခြင်းဖြင့် အဆိုပါဝန်ဆောင်မှုလုပ်ငန်းများကို ဆက်လက်ထိန်းသိမ်း သွားနိုင်ရန် ထောက်ကူအားပေးသင့်ပါသည်။
(ဇ) သွင်းကုန်ဝယ်လိုအားကျဆင်းမှု။။ အိမ်ထောင်စုများ၏ ဝင်ငွေလျော့ပါးလာသည်နှင့်အမျှ ယင်းတို့၏ သုံးစွဲမှုများသည်လည်း မရှိမဖြစ် သုံးစွဲရမည့်ကိစ္စရပ်များကိုသာ ဉီးစားပေး ချွေတာလာသည်ဖြစ်၍ ပြည်ပမှ တင်သွင်းယူသော အသုံးအဆောင်များ (ဥပမာ– မော်တော်ကား) ၏ တန်ဖိုးပမာဏ ကျဆင်းလာမည်ဖြစ်သည်။ သို့သော် ဆေးဝါးနှင့် ကျန်းမာရေးဆိုင်ရာ သွင်းကုန်များမှာ အထူးလိုအပ်နေဦးမည်ဖြစ်၍ ယင်းတို့အပေါ် အခွန်စည်းကြပ်မှုများနှင့် လိုင်စင် လျှောက်ထားရမှု လုပ်ငန်းစဉ်များကို ဖြေလျှော့သွားရန် လိုအပ်လျက်ရှိပါသည်။ မည်သို့ပင် ဆိုစေကာမူ ပို့ကုန်ရငွေသည် သွင်းကုန်ထွက်ငွေထက် များစွာ လျော့နည်းလာမည်ဖြစ်ရာ ငွေယူမှုရှင်းတမ်းတွင် နောင်သုံးလအတွင်း များစွာ ထိခိုက်လာနိုင်ပါသည်။ ယခင်က နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများမှ ရရှိငွေဖြင့် ကုန်သွယ်မှုလိုငွေကို ထိန်းညှိနိုင်ခဲ့သော်လည်း ကိုဗစ်–၁၉ ကာလတွင် ယင်းသို့ဆောင်ရွက်ရန် မဖြစ်နိုင်တော့ပါ။ သို့ဖြစ်၍ မြန်မာနိုင်ငံအနေဖြင့် IMF, World Bank နှင့် ADB ကဲ့သို့သော နိုင်ငံတကာ ငွေရေးကြေးရေး အဖွဲ့အစည်းများထံမှ ထောက်ပံ့ငွေများ ရယူနိုင်ရန် ဆောလျင်စွာ ကြိုးပမ်းဆောင်ရွက်သင့်သည်။ ယခုအခါ ကိုဗစ်–၁၉ အတွက် အရေးပေါ် စီးပွားရေး အကူအညီပေးရေး အစီအစဉ်များကို ဆောင်ရွက်လျက်ရှိသော IMF ၏ အရေးပေါ် ပံ့ပိုးငွေ ခံစားခွင့်ရှိသည့် နိုင်ငံ ၂၅ နိုင်ငံ နှင့် ADB မှ ကနဉီးထောက်ပံ့ငွေ ဒေါ်လာ ၆ ဒသမ ၅ ဘီလီယံ အစီအစဉ်များတွင် မြန်မာနိုင်ငံ မပါဝင်သေးရာ လိုအပ်သည့် စီမံကိန်းရေးဆွဲမှုများနှင့် တောင်းဆိုညှိနှိုင်းမှုများကို အမြန်ဆုံးဆောင်ရွက်သွားသင့်ပါသည်။ ပြီးခဲ့သည့်အပတ်မှ ကမ္ဘာ့ဘဏ်က ချေးငွေ ဒေါ်လာ သန်း ၅၀ ထုတ်ယူခွင့် ရရှိခဲ့သော်လည်း ချေးငွေသဘောတူညီချက်အရ ဒေါ်လာ ၄၈ ဒသမ ၅ သန်း (၉၇ ရာခိုင်နှုန်း) ကို ကုသရေးဆေးရုံများတွင် အထူးလိုအပ်လျက်ရှိသော ICU အထူးကုလူနာခန်းများ ထူထောင်ရန် အတွက်သာ အသုံးပြုနိုင်မည်ဖြစ်ရာ အခြားကျန်းမာရေး ကာကွယ်စောင့်ရှောက်မှုနှင့် စီးပွားရေး ကုစားရေးလုပ်ငန်းများအတွက် များစွာ လိုအပ်နေဦးမည်ဖြစ်ပါသည်။ ယခုအချိန်တွင် ပြည်တွင်းအရင်းအမြစ် ရယူနိုင်ရေးသည် ခက်ခဲလှမည်ဖြစ်ရာ နိုင်ငံတကာချေးငွေများကို ရနိုင်သမျှ ရနိုင်အောင် ယခုထက် ပိုမို ကြိုးစားသင့်ပါသည်။ နိုင်ငံတကာထောက်ပံ့ငွေများ အလွယ်တကူရနိုင်မည့် ကျန်းမာရေး၊ ပညာရေး စီမံချက်များကို အမြန်ဆုံးရေးဆွဲ ပြင်ဆင်ရန် အရေးကြီးပါသည်။ ဦးစားပေးသင့်သည့် ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ လုပ်ငန်းစဉ်များမှာ
(ဈ) လူထု၏ ဈေးကွက်အပေါ်ယုံကြည်မှု။။ ယခုကဲ့သို့ဈေးကွက်၏ အနေအထားနှင့် အလားအလာများ မရေမရာ မသေမချာ ဖြစ်လာသည့်အခါ ဈေးကွက် အဖွဲ့အစည်းများအပေါ် လူထုယုံကြည်မှုလည်း အားနည်းလာမည်ဖြစ်သည်။ ထိုအချိန်တွင် ထိလွယ်ရှလွယ်အများဆုံး အဖွဲ့အစည်းမှာ ဘဏ်များဖြစ်ပြီး ယင်းတို့၏ စွမ်းဆောင်ရည်နှင့် ခံနိုင်ရည်ရှိမှုအပေါ် အစိုးရက အားဖြည့် ပံ့ပိုးဆောင်ရွက်သွားသင့်ပါသည်။ လက်ရှိဆောင်ရွက်ထားသည့် ဗဟိုဘဏ်၏ ဆောင်ရွက်ချက်များဖြစ်သော အတိုးနှုန်း ကို ၀ ဒသမ ၅ ရာခိုင်နှုန်း၊ ထို့နောက် ၁ ရာခိုင်နှုန်းအထိ လျှော့ချခြင်း ( policy rate ၈ ဒသမ ၅ ရာခိုင်နှုန်း သို့ ပြင်ဆင်သတ်မှတ်ခြင်း)၊ ဘဏ်အချင်းချင်း နိုင်ငံခြားငွေလဲနှုန်း လေလံပုံစံပြောင်းလဲခြင်း၊ ငွေကြေးလွယ်ကူမှုအချိုးတွင် ငွေတိုက်စာချုပ်များ ပါဝင်မှု ၉၀ ရာခိုင်နှုန်းအထိ တိုးလိုက်ခြင်း၊ အနည်းဆုံးသီးသန့်ငွေ ရာခိုင်နှုန်း ၃ ဒသမ ၅ သို့ ပြင်ဆင်လျှော့ချခြင်း (၃၀-၉-၂၀ အထိ) တို့သည် ငွေသားဖြစ်လွယ်မှု (liquidity) အတွက် ရည်ရွယ်ဆောင်ရွက်သည့် လုပ်ငန်းစဉ်များသာဖြစ်၍ ပုဂ္ဂလိကကဏ္ဍတွင် အကြီးအကျယ်ရင်ဆိုင်နေရသည့် ပေးရန်ရှိမှုအကြွေးပြဿနာ (insolvency) ကို ဖြေရှင်းနိုင်ဦးမည် မဟုတ်ပါ။ ယင်းအတွက် လိုအပ်မည့် asset management planning ကို သေချာစွာပြင်ဆင်သင့်ပါသည်။ ဦးစားပေးဆောင်ရွက်ရမည့် နည်းဗျူဟာများမှာ
၃။ ကိုဗစ်–၁၉ ၏ စီးပွားရေးအပေါ် သက်ရောက်မှုသည် ဘောဂဗေဒသီအိုရီများနှင့် ကမ္ဘာ့စီးပွားရေး ဖြစ်စဉ်များတွင် တကြိမ်တခါမှ မကြုံခဲ့ဘူးသော စီးပွားပျက်ကပ်ကြီးဖြစ်ရာ ယင်းအပေါ် ပြည့်စုံ ကုံလုံသော လေ့လာသုံးသပ်မှု၊ ရှုထောင့်စုံပါဝင်သော ကုစားရေး အစီအမံ၊ ဖြစ်နိုင်ချေမျိုးစုံအားခန့်မှန်းပြီး ရေးဆွဲထားသည့် မဟာဗျူဟာမြောက် ပြန်လည်ထူထောင်ရေး စီမံချက်တို့အား ကောင်းမွန်စွာ ပြင်ဆင်ထားရှိရန် လိုအပ်ပါသည်။ အဆိုပါ လိုအပ်ချက်များအတွက် အရေးပါသော အောက်ဖော်ပြပါ လုပ်ငန်းများကို စတင်ဆောင်ရွက်ရန် အကြံပြုအပ်ပါသည်။
(က) သုတေသနနှင့် လေ့လာသုံးသပ်ချက် လုပ်ငန်းစဉ်များ။။ ကိုဗစ်–၁၉ ၏ သက်ရောက်မှု အတိုင်းအတာများကို စေ့စပ်စုံလင်စွာ လေ့လာသုံးသပ်ရန် ပုဂ္ဂလိကကဏ္ဍ၊ လုပ်သားပြည်သူ အိမ်ထောင်စုများကဏ္ဍနှင့် အစိုးရကဏ္ဍဟူ၍ သုံးပိုင်းခွဲခြားကာ လိုအပ်သော စစ်တမ်းကောက်ယူမှု၊ တွေ့ဆုံမေးမြန်း ဖော်ထုတ်မှုနှင့် အကြံပြုချက်များ ရယူမှုကို အမြန်ဆုံးဆောင်ရွက်သင့်ပါသည်။
(ခ) ဘဏ္ဍာရေးနှိုးဆွမှု အစီအစဉ်။ ။ လက်ရှိ ကုစားရေးအစီအစဉ်များတွင် ကဏ္ဍအလိုက် ဆောင်ရွက်မှုများသာမက ဒေသအလိုက်(ဥပမာ–ရန်ကုန်တိုင်း စက်မှုဇုန်များဆိုင်ရာစီမံချက်) စီမံချက်များကို စီးပွားရေးလည်ပတ်မှု ဖြစ်စဉ်အလိုက် ဉီးစားပေးလုပ်ငန်းစဉ်များကို သက်ဆိုင်ရာ ဝန်ကြီးဌာနအသီးသီးတွင် စီမံချက်များ အမြန်ဆုံးရေးဆွဲပြီး ၂၀၁၉–၂၀ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ဘတ်ဂျက် ပြင်ဆင်ရေးအစီအစဉ်အောက်တွင် အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်သင့်ပါသည်။ လက်ရှိ အကျပ်အတည်းကာလတွင် ဘတ်ဂျက်လိုငွေပြမှု ပြဿနာကို အထူးဂရုစိုက်နေရန် မလိုအပ်ဘဲ လိုအပ်ပါက ငွေကြေးဖြည့်ဆည်းမှုကို ဖြစ်နိုင်သည့် နည်းလမ်းများဖြင့် ဆောင်ရွက်သင့်ပြီး လာမည့် ပြည်ထောင်စုလွှတ်တော်တွင် အမြန်ဆုံး ပြဋ္ဌာန်းသတ်မှတ်ကာ အစိုးရ၏ ဘဏ္ဍာရေးနှိုးဆွမှု အစီအစဉ်တရပ်ကို ချမှတ်ဆောင်ရွက်သင့်ပါသည်။
(ဂ) ပြန်လည်ထူထောင်ရေးစီမံကိန်း။ ။ ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေများ လွန်မြောက်သွားပြီး စီးပွားရေးနှိုးဆွမှု အစီအစဉ်ကို စတင်သည့်နောက်ပိုင်းတွင် ပြောင်းလဲလာသည့် နိုင်ငံတကာဈေးကွက် အလားအလာများ၊ ပြည်တွင်းစီးပွားရေး အနေအထားများကို ပြည့်စုံစွာ လေ့လာသုံးသပ်၍ ရေရှည်ပြန်လည်ထူထောင်ရေး အစီအစဉ်တရပ်ကို နိုင်ငံတော်အစိုးရက ဦးဆောင်၍ ဌာနဆိုင်ရာ အကြီးအကဲများ၊ ပုဂ္ဂလိကဆိုင်ရာ အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ၏ ခေါင်းဆောင်များ၊ စီးပွားရေးပညာရှင်များ ပါဝင်သော အထူးကော်မရှင် တရပ်ဖွဲ့စည်း၍ ရေးဆွဲ ပြင်ဆင်သွားသင့်ပါသည်။
ဒေါက်တာဇော်ဦးသည် Centre for Economic and Social Development ၏ အမှုဆောင်ဒါရိုက်တာ ဖြစ်ပါသည်။
မြန်မာနိုင်ငံက အခုအချိန်မှာ လူပေါင်း ၁ ဒသမ ၇ သန်းကို ကာကွယ်ဆေး ထိုးနှံ ပြီး…
လော့ခ်ဒေါင်းချ ဆောင်ရွက်တဲ့ အခါမှာ ဆင်းရဲတဲ့အိမ်ထောင်စုတွေ၊ အလုပ်အကိုင် ဆုံးရှုံးသွားသူတွေ၊ ချို့တဲ့အားနည်းတဲ့ လူတွေအတွက်လည်း အဓိကစဉ်းစားပေးပြီး ကုစားရေး…
တရုတ်နိုင်ငံဟာ ကာကွယ်ဆေးကို အများကောင်းကျိုးအဖြစ် အသုံးပြုမယ်၊ မြန်မာနိုင်ငံစတဲ့ မိတ်ဖက်နိုင်ငံတွေကို ဦးစားပေးဖြန့်ဝေမယ် ဆိုတာဟာ စေတနာကောင်းရင်တောင် လက်တွေ့…
Discussion about this post