Menu & Search

ကိုဗစ်- ၁၉ ကူးစက်ကပ်ဘေးကာလ နိုင်ငံတကာအစိုးရများ၏ စီးပွားလှုံ့ဆော်မှု ဆောင်ရွက်ချက်များ

April 19, 2020
အယ်ဒီတာမှတ်ချက် 

ဦးအောင်သူငြိမ်း ရေးသားထားသော "Covid-19 ကူးစက်ကပ်ဘေးနှင့် ပြောင်းလဲလာနေသော နိုင်ငံတော်၏ အခန်းကဏ္ဍ" ဆောင်းပါးနှင့် ဆက်စပ်ဖတ်ရှုရန် ဖြစ်ပါသည်။ ယခုအချက်အလက်များကို ဧပြီ ၁၃ ရက်တွင် စုစည်းထားခြင်း ဖြစ်သည့်အတွက် ဖော်ပြထားသည်များမှာ ဧပြီ ၁၃ ရက်မတိုင်မီက အခြေအနေများကို ထင်ဟပ်ပါကြောင်း သိစေအပ်ပါသည်။

အစိုးရများက စီးပွားရေးအရ မကျရှုံးရလေအောင် ကယ်ဆယ်ကူမရေး အထူး အရေးကြီးသူများ ဖြစ်ပါသည်။ COVID-19 ကူးစက်မှု ကပ်ဘေးကြောင့် ထိခိုက်သက်ရောက်မှုများက မျှော်လင့်ထားသည်ထက် ပို၍ကြီးမားသည်။ ယေဘုယျ တွက်ချက်မှုများအရ နိုင်ငံအစိုးရများက စီးပွားလှုံ့ဆော်တုံ့ပြန်မှု (stimulus package) ကို နိုင်ငံများ၏ အမျိုးသား အသားတင်ထုတ်ကုန် တန်ဖိုးစုစုပေါင်း GDP ၏ ၁၀ ရာခိုင်နှုန်းခန့် အသုံးပြုကြသည်ကို တွေ့ရှိရသည်။

အမေရိကန်ပြည်ထောင်စု
လွှတ်တော် နှစ်ရပ်၏ အတည်ပြုချက်ဖြင့် ဒေါ်လာ ၂ ဒသမ ၂ ထရီ လီယံတန်ဖိုးရှိ Coronavirus Aid, Relief, and Economic Security (CARES) အကူအညီပေးရေးဥပဒေကို မတ် ၂၇ ရက်တွင် လက်မှတ်ရေးထိုးသည်။

ဥရောပ နိုင်ငံများ
ဂျာမနီနိုင်ငံက ယူရို ၇၅၀ ဘီလီယံ (ဒေါ်လာ ၈၁၆ ဘီလီယံ) အကူအညီကို ကြေညာသည်။ ပြင်သစ်က ကနဦးအဖြစ် ယူရို ၃၀ဝ ဘီလီယံ နိုင်ငံတော်ချေးငွေ အာမခံချက်နှင့် အရေးပေါ် ကိစ္စများအတွက် ၄၅ ဘီလီယံ ယူရို သုံးမည်ဟု ကြေညာသည်။ စပိန်က ယူရို ၁၇ ဘီလီယံ လှုံ့ဆော်ရေး အကူအညီကို ကြေညာသည်။ အီတလီက ယူရို ၂၅ ဘီလီယံ လှုံ့ဆော်ရေး အကူအညီကို ကြေညာသည်။ လာမည့် အကူအညီတွင် နှစ်ဆ တိုးမည်ဟုလည်း စပိန်က ကတိပြုသည်။ စပိန်ရှိ စီးပွားရေး လုပ်ငန်းများအတွက် နောက်ထပ် ယူရို ဘီလီယံ ၇၅၀ ချေးငွေများ ထောက်ပံ့မည်ဟု ကတိပြုသည်။

ယူနိုက်တက် ကင်းဒမ်း
မတ်လ ၂၆ ရက်တွင် စတုတ္ထအသုတ် အကူအညီကို ကြေညာခဲ့ပြီး၊ ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ ကူညီထောက်ပံ့မှု စုစုပေါင်း ၆၅ ဒသမ ၅ ဘီလီယံပေါင် ရှိနေပြီဖြစ်သည်။ GDP ၏ ၃ ရာခိုင်နှုန်းခန့် ရှိမည်။

ဂျပန်နိုင်ငံ
ဂျပန်နိုင်ငံက စီးပွားလှုံ့ဆော်တုံ့ပြန်မှု (stimulus package) အတွက် ဂျပန်ယန်း ၁၀၈ ထရီလီယံ သုံးမည်ဟု ကြေညာခဲ့သည်။ ဒေါ် လာ ၉၉၃ ဘီလီယံနီးပါး တန်ဖိုးရှိပြီး၊ ဂျပန်နိုင်ငံ GDP ၏ ၂၀ ရာခိုင်နှုန်း ရှိသည်။

စင်ကာပူနိုင်ငံ
စင်ကာပူနိုင်ငံက စီးပွားလှုံ့ဆော်တုံ့ပြန်မှု (stimulus package) အတွက် စင်ကာပူဒေါ်လာ ၅၉ ဒသမ ၉ ဘီလီယံ သုံးမည်ဟု ထုတ်ပြန် ကြေညာခဲ့သည်။ အမေရိကန်ဒေါ်လာ ၄၂ ဘီလီယံ နီးပါးတန်ဖိုးရှိပြီး၊ စင်ကာပူနိုင်ငံ GDP ၏ ၁၂ ရာခိုင်နှုန်း ရှိသည်။

ထိုင်းနိုင်ငံ
ထိုင်းနိုင်ငံက ပြီးခဲ့သည့်အင်္ဂါနေ့ (ဧပြီ ၇ ရက်)တွင် စီးပွားလှုံ့ဆော် တုံ့ပြန်မှု (stimulus package) အတွက် ထိုင်းဘတ်ငွေ ၁ ဒသမ ၉ ထရီ လီယံ သုံးမည်ဟု ကြေညာခဲ့သည်။ ဒေါ်လာ ၆၃ ဒသမ ၃ ဘီလီယံနီးပါး တန်ဖိုးရှိပြီး၊ ထိုင်းနိုင်ငံ GDP ၏ ၁၂ ရာခိုင်နှုန်းကျော် ရှိသည်။

မလေးရှားနိုင်ငံ
မလေးရှားနိုင်ငံက စီးပွားလှုံ့ဆော်တုံ့ပြန်မှု (stimulus package) သုံးခုကို ကြေညာခဲ့သည်။ ပထမ အကူအညီကို ဖေဖော်ဝါရီ ၂၇ ရက် တွင် မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်က ထုတ်ပြန် ကြေညာခဲ့ပြီး မလေးရှားရင်းဂစ် ၂၀ ဘီလီယံ (ဒေါ်လာ ၄ ဒသမ ၆ ဘီလီယံ နီးပါး) တန်ဖိုးရှိသည်။ အဓိကအားဖြင့် နစ်နာရသည့် ခရီးသွားလုပ်ငန်းနှင့် အခြားကဏ္ဍများကို အထောက်အကူဖြစ်စေရန် အိမ်သုံး၊ စက်မှုသုံး၊ စီးပွားရေးသုံး လျှပ်စစ်မီတာခများကို ၂ ရာခိုင်နှုန်း ကျသင့်ငွေ လျှော့ချပေးရန်ဟု ဖွင့်ဆိုခဲ့သည်။ ထို့အပြင် ဝန်ထမ်းများအတွက်လည်း ငွေ ကြေးထောက်ပံ့ပေးမှု ပေးမည်ဖြစ်သည်။ ဒုတိယ စီးပွားလှုံ့ဆော်တုံ့ပြန်မှု (stimulus package) အကူအညီအဖြစ် မလေးရှား ရင်းဂစ် ၂၃၀ ဘီလီ ယံ (ဒေါ်လာ ၅၃ ဘီလီယံ) တန်ဖိုး ထောက်ပံ့မည်ဟု ဝန်ကြီးချုပ်သစ် မူဟီဒင်ယာဆင် (Muhyiddin Yassin) က မတ် ၂၇ ရက်တွင် ကြေညာ ခဲ့သည်။ ဤထောက်ပံ့မှုတွင် ဝင်ငွေနည်းမိသားစု ၄ သန်း အကျုံးဝင်မည် ဖြစ်ပြီး၊ ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံ တန်ဖိုးရှိမည်။ စီးပွားရေးလုပ်ငန်း များကို ထောက်ပံ့ပေးဖို့ ဒေါ်လာ ၂၃ ဒသမ ၁ ဘီလီယံ ပါဝင်သည်။ တတိယ စီးပွားလှုံ့ဆော်တုံ့ပြန်မှု (stimulus package) အဖြစ် မလေး ရှားရင်းဂစ် ၁၀ ဘီလီယံ (ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံ)ကို ဧပြီ ၆ ရက်တွင် ထပ်မံကြေညာခဲ့သည်။ အခွန်လျှော့ပေါ့ပေးခြင်း၊ လုပ်ခလစာကို ကူ၍ပံ့ပိုးပေးခြင်းနှင့် အသေးစား- အလတ်စား လုပ်ငန်းများ (SMEs) များကို ထောက်ပံ့ပေးရန်ဖြစ်သည်။ ပထမအသုတ်နှင့် ဒုတိယအသုတ် ထောက်ပံ့မှု နှစ်ခုပေါင်းလျှင်၊ မလေးရှားနိုင်ငံ GDP ၏ ၁၅ ဒသမ ၅ ရာခိုင်နှုန်း ရှိနေပြီဖြစ်သည်။ မလေးရှားနိုင်ငံ ၂၀၂၀ ပြည့်နှစ် ဘတ်ဂျက် ၏ ၈၄ ဒသမ ၂ ရာခိုင်နှုန်းကိုလည်း သုံးစွဲခဲ့ပြီးဖြစ်သည်။

ဖိလစ်ပိုင်နိုင်ငံ
ဖိလစ်ပိုင်နိုင်ငံက စီးပွားလှုံ့ဆော်တုံ့ပြန်မှု (stimulus package)  အဖြစ် ဧပြီ ၇ ရက်တွင် ဖိလစ်ပိုင်ပီဆို ၃၀ ဒသမ ၈ ဘီလီယံ (ဒေါ်လာ သန်း ၆၁၀)ကို ဒေသန္တရ အစိုးရများအား ကူညီထောက်ပံ့မှု ရန်ပုံငွေ (Bayanihan Grant to Cities and Municipalities) အဖြစ် ကြေညာခဲ့သည်။ မြို့တော်များနှင့် ဒေသန္တရ အစိုးရများကို ဘဏ္ဍာရေးအရ တကြိမ်တည်းသော အပြတ် ထောက်ပံ့ပေးထားမှုဖြစ်သည်။ မတ် ၃၀ ရက်တွင် ဒေါ်လာ ၃ ဒသမ ၉ ဘီလီယံ တန်ဖိုးရှိ လူမှုကာကွယ်ရေး အစီအစဉ် (Social protection program) ကို အတည်ပြုပေးခဲ့သည်။ ဆင်းရဲသည့် မိသားစုများကို ဒေါ်လာ ၁၀ဝ မှ ၁၅၀ အကြားကို နှစ်လ တိုင်တိုင် ထောက်ပံ့ပေးထားမည် ဖြစ်သည်။ မတ် ၁၆ ရက်တွင် သမ္မတ ဒူတာတေးက လစာ ဖြည့်ဆည်းထောက်ပံ့ငွေ၊ ခရီးသွားလုပ်ငန်းအပေါ် ပံ့ပိုးပေးမှုနှင့် လူမှုဖူလုံရေး လုပ်ငန်းများအတွက် ဒေါ်လာ ၅၃၁ သန်း စီးပွားလှုံ့ဆော်တုံ့ပြန်မှု (stimulus package) ထောက်ပံ့ပေးရန် ထပ်မံ ကြေညာခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံ
မတ် ၃၁ ရက်တွင် သမ္မတ ဂျိုကိုဝီက တတိယအသုတ် လှုံ့ဆော်ရေး အကူအညီ ဒေါ်လာ ၂၄ ဒသမ ၆ ဘီလီယံကို ကြေညာခဲ့သည်။ ဖေဖော်ဝါရီတွင် ဒေါ်လာ ၇၂၅ သန်း အကူအညီနှင့် မတ် ၁၃ ရက်တွင် ဒေါ်လာ ၈ ဘီလီယံ အကူအညီ ပေးခဲ့ပြီးဖြစ်သည်။ ဧပြီ ၂ ရက်တွင် အခွန်စနစ် ပြုပြင်ပြောင်းလဲရေး အစီအစဉ်များကို ကြေညာခဲ့ရာ ကော်ပိုရေးရှင်းများ၏ အခွန်များကို လျှော့ချပေးဦးမည် ဖြစ်သည်။ ဧပြီ ၇ ရက်တွင် အင်ဒိုနီးရှား ဗဟိုဘဏ်က ကမ္ဘာဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ အာရှ အခြေခံအဆောက်အဦ ရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) တို့မှ ချေးငွေ ဒေါ်လာ ၇ ဘီလီယံ ရယူမည်ဖြစ်ကြောင်း ကြေညာသည်။

ဘရူနိုင်းနိုင်ငံ
ဧပြီ ၁ ရက်တွင် ဘဏ္ဍာရေးနှင့် စီးပွားရေးဝန်ကြီးဌာနက အငယ်စားနှင့် အလတ်စားလုပ်ငန်းများ (SMEs)၊ COVID-19 ကြောင့် တဦး ချင်း ထိခိုက် နစ်နာရသူများကို ကူညီပေးရန် ဒေါ်လာ ၁ ဒသမ ၇ သန်း တန်ဖိုးရှိ အကူအညီကို ကြေညာခဲ့သည်။ ယင်းထောက်ပံ့မှုငွေ ကြွေးဆပ်ရမှုများ ဆိုင်းငံ့ထားပေးရန်နှင့် အဖိုးအခနှင့် အသုံးစရိတ်များ ကင်း လွတ်ခွင့်ပေးရန် ဖြစ်သည်။  မတ် ၁၉ ရက်တွင် ဘရူနိုင်းဒါရူဆလမ် ငွေကြေးအာဏာပိုင်အဖွဲ့က COVID-19 ကူးစက်မှုကပ်ဘေးကြောင့် ငွေကြေး ဝန်ထုပ်ဝန်ပိုးများ သက်သာစေရန် ကိစ္စများ ကြေညာပေးခဲ့သည်။ ဧပြီ ၁ ရက်မှ စတင်၍ ခရီးသွားလုပ်ငန်း၊ ဟိုတယ်လုပ်ငန်း၊ လေကြောင်းပို့ဆောင်ရေး၊ ကျန်း မာရေးနှင့် စားနပ်ရိက္ခာ တင်သွင်းကုန်လုပ်ငန်းများသည် သူတို့၏ ပင်မချေးငွေများ ပေးဆပ်ရန် ဆိုင်းငံ့ခွင့်ခြောက်လ ရရှိမည်ဖြစ်သည်။

ကမ္ဘောဒီးယားနိုင်ငံ
မတ် ၃၀ ရက်အထိ ကျန်းမာရေး ကဏ္ဍအတွက် အသုံးစရိတ် ပိုမို သုံးစွဲနိုင်ရန် ဒေါ်လာသန်း ၇၀ အပိုဆောင်းချပေးခဲ့သည်။ (၂၀၁၉ ခုနှစ် နိုင်ငံ GDP ၏ ဝ ဒသမ ဝ၂ ရာခိုင်နှုန်း ရှိသည်) မတ် ၉ ရက်တွင် ဝန်ကြီး ချုပ်က COVID-19 ကူးစက်မှုကပ်ဘေးကြောင့် စီးပွားရေး ထိခိုက်နစ်နာ ရမှုများအပေါ် ဒေါ်လာ သန်း ၈၀ဝ မှ ၂ ဘီလီယံအထိ အသုံးပြုမည်ဟု ဆိုသည်။ သို့သော် တရားဝင် မှတ်ပုံတင်ထားသော၊ စစ်ဆေး အတည်ပြု နိုင်သော SMEs များသာ အကူအညီ ရရှိနိုင်မည်ဖြစ်သည်။ ကမ္ဘောဒီးယားနိုင်ငံ၏ ၉၅ ရာခိုင်နှုန်းသော SMEs များမှာ တရားဝင် မှတ်ပုံတင် ထားခြင်း မဟုတ်ဘဲ လုပ်ကိုင်နေကြသူများ ဖြစ်သည်။  ဧပြီ ၂ ရက်တွင် ကမ္ဘာ့ဘဏ်က ကူးစက်မှု ကပ်ဘေး တုံ့ပြန်ရေး အတွက် ကမ္ဘောဒီးယားနိုင်ငံကို ဒေါ်လာ သန်း ၂၀ ချေးငွေကို အတည် ပြုပေးခဲ့သည်။ ဆေးဝါးများ ဝယ်ယူရန်၊ လူများခွဲခြားထားရေးအတွက် သီးသန့်ခန်းများ ဆောက်လုပ်ရန်၊ ကုသရေးစင်တာများ ဆောက်လုပ်ရန်အတွက် ထောက်ပံ့ခြင်းဖြစ်သည်။

လာအိုနိုင်ငံ
မတ် ၂၀ ရက် ကက်ဘိနက်ဝန်ကြီးအဖွဲ့ အစည်းအဝေးတွင် အပိုင်း ၁၃ ခုပါ စီးပွားလှုံ့ဆော်ရေးအကူအညီ (stimulus package)  ကို အတည်ပြုခဲ့သည်။ တန်ဖိုး ဒေါ်လာ ၁၁ သန်းခန့် ရှိပြီး၊ ရောဂါကူးစက်မှု ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးအတွက် GDP ၏ ၁ ရာခိုင်နှုန်းအောက် သုံးမည်ဖြစ်သည်။ မတ် ၂၆ ရက်တွင် နောက်ထပ် စီးပွားလှုံ့ဆော်ရေး အကူအညီကို ထပ်မံကြေညာမည်ဟု မျှော်လင့်ရသည်။  ဧပြီ ၇ ရက်တွင် ကမ္ဘာ့ဘဏ်အုပ်စုက ဒေါ်လာ ၁၈ သန်းတန်ဖိုးရှိ အကူအညီကို လာအိုအတွက် အတည်ပြုပေးခဲ့သည်။ လာအို၏ ကျန်းမာရေးစနစ်နှင့် တုံ့ပြန်နိုင်စွမ်းကို အားဖြည့်ပေးရန် ရည်ရွယ်သည်။

ဗီယက်နမ်နိုင်ငံ
ဧပြီလဆန်းပိုင်းတွင် ဗီယက်နမ်အစိုးရက ဒေါ်လာ ၂ ဒသမ ၆ ဘီလီယံ တန်ဖိုးရှိ ကူးစက်ဘေးကြောင့် ထိခိုက်နစ်နာရသော လုပ်ငန်းများကို ပံ့ပိုးပေးရန် ကြေညာခဲ့သည်။ ဤထောက်ပံ့မှုအရ အလုပ်အကိုင် ပြောင်းရွှေ့ရသူများ၊ အလုပ် ပြုတ်ကြရသူများကို တလလျှင် ၇၆ ဒေါ်လာ ခန့်ဖြင့် ငွေသားကို ဇွန်လအထိ ထောက်ပံ့ပေးမည်ဖြစ်သည်။ ဆင်းရဲသူနှင့် ဆင်းရဲမျဉ်းသို့ နီးသော အိမ်ထောင်စုများကို တလလျှင် ၄၂ ဒေါ်လာနှုန်းဖြင့်လည်းကောင်း၊ တော်လှန်ရေး ကာလအတွင်း နိုင်ငံတော်အကျိုးဆောင် ပေးခဲ့သူများကို တလလျှင် ၂၂ ဒေါ်လာနှုန်းဖြင့် ထောက်ပံ့ပေးမည် ဖြစ်သည်။  မတ် ၁၃ ရက်တွင် ဗီယက်နမ်ဝန်ကြီးချုပ်က တန်ဖိုးအားဖြင့် ၁ ဒသမ ၁၆ ဘီလီယံ ဒေါ်လာ တန်ဖိုးရှိ ဗဟိုအရေးပေါ်ထောက်ပံ့မှု ဘတ်ဂျက်ကို ကြေညာခဲ့သည်။ ယင်းပံ့ပိုးမှုတွင် အခွန်လျှော့ပေါ့ပေးမှုများ၊ အခွန်ဆိုင်းငံ့ပေးမှုများ၊ အခြေခံအဆောက်အအုံ စီမံကိန်းများ ပါဝင် မည်ဖြစ်သည်။ မတ် ၂၄ ရက်မှစ၍ စားနပ်ရိက္ခာ လုံခြုံရေးအတွက် ဆန် ပြည်ပတင်ပို့မှုကိုလည်း ရပ်ဆိုင်းထားခဲ့သည်။

အကိုးအကား

Centre for Strategic and International Studies (CSIS). Southeast Asia Covid-19 Tracker.

Skolimowski, Piotr and John Ainger. (April 09, 2020). Analysis: Europe’s crisis impasse signals Greek lesson not yet learned. Washington Post.

Aung Thu Nyein

အောင်သူငြိမ်းသည် ISP-Myanmar ၏ ပြင်ပဆက်ဆံဆက်သွယ်ရေးဌာန ဒါရိုက်တာ ဖြစ်ပါသည်။

Related article
မြန်မာနိုင်ငံနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်မှု အလားအလာ

မြန်မာနိုင်ငံနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်မှု အလားအလာ

မြန်မာနိုင်ငံက အခုအချိန်မှာ လူပေါင်း ၁ ဒသမ ၇ သန်းကို ကာကွယ်ဆေး ထိုးနှံ ပြီး…

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနှင့်  လော့ခ်ဒေါင်းမှတ်စု  (လော့ခ်ဒေါင်းနှင့်အတူနေထိုင်ခြင်း)

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနှင့် လော့ခ်ဒေါင်းမှတ်စု (လော့ခ်ဒေါင်းနှင့်အတူနေထိုင်ခြင်း)

လော့ခ်ဒေါင်းချ ဆောင်ရွက်တဲ့ အခါမှာ ဆင်းရဲတဲ့အိမ်ထောင်စုတွေ၊ အလုပ်အကိုင် ဆုံးရှုံးသွားသူတွေ၊ ချို့တဲ့အားနည်းတဲ့ လူတွေအတွက်လည်း အဓိကစဉ်းစားပေးပြီး ကုစားရေး…

တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ကာကွယ်ဆေး သံတမန်လှုပ်ရှားမှုနှင့် မြန်မာနိုင်ငံအတွက် အလားအလာ

တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ကာကွယ်ဆေး သံတမန်လှုပ်ရှားမှုနှင့် မြန်မာနိုင်ငံအတွက် အလားအလာ

တရုတ်နိုင်ငံဟာ ကာကွယ်ဆေးကို အများကောင်းကျိုးအဖြစ် အသုံးပြုမယ်၊ မြန်မာနိုင်ငံစတဲ့ မိတ်ဖက်နိုင်ငံတွေကို ဦးစားပေးဖြန့်ဝေမယ် ဆိုတာဟာ စေတနာကောင်းရင်တောင် လက်တွေ့…

Discussion about this post

Leave a Reply

Your email address will not be published. Required fields are marked *

Type your search keyword, and press enter to search