Menu & Search

ကိုဗစ်-၁၉ နှင့် ဝင်းဖေလွယ်အိတ်

July 16, 2020

ကိုဗစ်-၁၉ နှင့် ပတ်သက်လို့ အခုလို စာတွေရေးပြီး အကျိုးရှိရာရှိကြောင်း လုပ်ကြမယ်ဆိုတော့ ကျနော် ဝမ်းသာ တယ်ဗျာ။ ကျနော်လည်း တတ်နိုင်သလောက် ပါချင်တယ်ပေါ့။ စေတနာ၊ မေတ္တာ ဒါအဓိကပါပဲ။ ဝမ်း မြောက်ဝမ်းသာ၊ ကျေးဇူးတင်စွာနဲ့ ကျနော်လည်း ဝင်ပါပါ့မယ်။ ကျနော် ပြောချင်တာလေးတွေက ရိုးရိုးလေးပါ။

ဒီလိုဗျ…သတင်းစာတွေကနေ ကိုဗစ်-၁၉ နဲ့ပတ်သက်လို့ ဗမာပြည် လူနာများ အခြေအနေတွေကို နေ့စဉ် ရေး တယ်ဗျ။ ဒါ…ကျေးဇူးတင်စရာပဲ။ သတင်းစာကို၊ မီဒီယာကို ကျေးဇူးတင်ရမယ်။ ဥပမာလေး ကျနော် ပြောမယ်။ ဗမာပြည်မှာ ကိုဗစ်-၁၉ ရောဂါရှိနေတဲ့လူတွေ စစ်ဆေးလိုက်တဲ့အခါကျတော့  ဘယ်နှစ်ယောက်ရှိနေပြီ၊ ရောဂါ ပျောက်ကင်းသွားတာတော့ ဘယ်နှစ်ယောက်၊ ရောဂါနဲ့ သေသွားတာ ဘယ်နှစ်ယောက်ပေါ့ဗျာ…။ အဲဒီ စာရင်းတွေ ပေးတယ်။ လူတွေ ဒါတွေသိရတော့ ဝမ်းသာစရာပေါ့ဗျာ။ ကျနော် ကျေးဇူးတင်ပါတယ်။ ကျေးဇူး တင်တဲ့ အကြောင်းကို အရင်ပြောချင်တာ။

ဒါပေမဲ့  အဲဒီနေရာမှာ မီဒီယာကို ကျနော်က ဝေဖန်တာလည်း မဟုတ်ဘူး၊ အပြစ်တင်တာလည်း မဟုတ်ဘူး။ ကျ နော် သတိရတာလေးကို အကြံပေးချင်တာ။ ဘယ်လိုလဲဆိုတော့ ဥပမာပြောချင်တယ်။ သူတို့က ဗမာပြည်မှာ အခု သိရှိရတဲ့ တရားဝင်စာရင်းအရ ကိုဗစ်-၁၉ ပိုးရှိလို့ ရောဂါဖြစ်နေတဲ့လူက ဥပမာအားဖြင့်ပေါ့ ဗျာ၊ ၂၅၀ ရှိနေပြီလို့ သူက သတင်းပေးလိုက်တယ်။ အိုကေ၊ ရပြီ။ ပြီးတော့မှ အဲဒီအောက်က နေပြီးတော့ ၂၅၀ အနက်မှာ ဥပမာ အားဖြင့် ပျောက်ကင်းသွားတဲ့လူက ဘယ်လောက်၊ သေဆုံးသွားတဲ့လူက ဘယ်လောက်၊ အဲဒါကြောင့်မလို့ ၁၅၀ ကတော့မရှိတော့ဘူး။ ဒါ ဥပမာပြောတာနော်။ အဲဒီတော့ ၂၅၀ ရှိတာကနေပြီးတော့ ပျောက်ကင်းသွားတဲ့လူနဲ့ သေဆုံးကွယ်လွန်သွားတဲ့လူ ပေါင်းလိုက်။ အဲဒီ ၁၅၀ ကို နုတ်လိုက်လို့ရှိရင် ၁၀၀ ကျန်တယ်။ နော်…။ ၁၀၀ ကျန် တယ်ဆိုတော့ သတင်းမီဒီယာအနေနဲ့ ဆက်ပြီး ရေးသင့်တယ်။ အခု ကျနော်တို့မှာ ရောဂါရှိနေတဲ့လူတွေ ၁၀၀ ရှိပါတယ်။ အဓိကအားဖြင့်က ရောဂါရှိနေတဲ့လူက သူ့ဆီမှာ ပိုး‌တွေရှိတယ်။ သူကနေပြီးတော့ ပြန့်နိုင်တယ်။ ဒါ အဓိက အကျဆုံး။ အဲ့ဒီနေရာမှာ ကျနော့် စေတနာက မီဒီယာက၊ သတင်းစာ တွေက ထပ်ပြီးတော့ ပိုပြီးတော့ ထည့် သင့်တယ်။ ကောင်းတယ်ပေါ့။

ဘာလဲဆိုတော့၊  ဗမာပြည်မှာ လူဦးရေသန်းပေါင်း ၅၅ သန်း လောက်ရှိတယ်။ အဲဒီတော့ ၅၅ သန်းမှာ အခု ရောဂါပိုးရှိတဲ့လူက ၁၀၀ ဆိုခြင်းကြောင့် အကြမ်းဖျင်း တွက်ကြည့်လိုက်လို့ရှိရင် အချိုးစားအားဖြင့် လူ ငါးသိန်း မှာ တယောက်လောက် ရှိတယ်။ အဲ့သတင်းလေးပေးနိုင်ရင် မကောင်းပေဘူးလား။ ဆိုတော့ လူ ငါးသိန်းမှာ တယောက်နော်။ အဲ့တော့ လူတွေက အပြင်ဘက်ထွက်သွားလို့ရှိရင် လူတယောက်က လူ ငါးသိန်းအုပ်စုထဲကို သွားဖို့မပြောနဲ့ လူ ငါးသောင်း၊ ငါးထောင်၊ ငါးရာဆီကို ရောက်သွားဖို့ကိုမလွယ်ဘူး။ အဲဒီတော့ အန္တရာယ်က တော်တော်ကို ကင်းတယ်ပေါ့ဗျာ။ အန္တရာယ်ကင်းတော့ ဘာဖြစ်လည်းဆိုတော့ လူတွေက ဒါလေးသိပြီးတော့ နည်းနည်း စိတ်ချမ်းသာရတာပေါ့။ ဝမ်းသာရတာပေါ့ဗျာ။

ဒါကအလကားမရဘူးဗျ။ လူတွေက အမှတ်တမဲ့ပြောမယ်။ ဗမာပြည်က ကံကောင်းတယ်ပေါ့။ ကံဆိုတော့ အလုပ်လုပ်တာကိုပြောတာ။ ကျနော်တို့ ညီညီညွတ်ညွတ်နဲ့ သက်ဆိုင်ရာဌာနတွေက ညွှန်ကြားတာကို နား ထောင်တယ်။ ကျနော်တို့က ဒီ ကိုဗစ်-၁၉ ပိုးမပြန့်အောင် တတ်နိုင်သမျှ နည်းအမျိုးမျိုးနဲ့ ကာကွယ်တယ်။ နောက် ထိန်းသိမ်းတယ်။ ဆင်ဆင်ခြင်ခြင် နေထိုင်တယ်။ ရှောင်တယ်။  ရှားတယ်။ ကာကွယ်တယ်။ ဒီဟာတွေကြောင့်မလို့ ကျနော်တို့ ဒီရလဒ်ကိုရတာ။ လူ ငါးသိန်းမှာမှ တယောက်လောက်ရှိ တယ်ဆိုတဲ့ သတင်းက မကောင်းပေ ဘူးလားဗျာ။ ရောဂါဖြစ်နေတဲ့လူရယ်၊ ပျောက်ကင်းသွားတဲ့လူရယ်၊ ကွယ်လွန်တဲ့လူရယ် စာရင်းလောက်တင် မပြီးဘဲနဲ့  နုတ်၊ နုတ်ပြီးတော့မှ ဗမာပြည်မှာ ဘယ်နှစ်သိန်းမှာမှ တယောက်ပဲရှိတယ် ဆိုတဲ့ဟာလေး၊ ဝမ်းသာ စရာစကားလေး၊ အားပေးစကားလေးပြောတာ မကောင်းပေဘူးလား။ လုပ်ပေးကြပါ။ သိပ်မခက်ပါဘူး။ ကျနော် ဒီလို အကြံဉာဏ်ပေးချင်တယ်။

အဲဒီတော့ ဒီလိုလုပ်ခြင်းအားဖြင့် ဗမာပြည်မှာရှိတဲ့ ပြည်သူလူထုတွေ ပေါ့တန်တဲ့စိတ် ဖြစ်သွားအောင် လုပ်ဖို့ မဟုတ်ပါဘူး။ ကျနော်တို့က ဂုဏ်ယူဖို့၊ ဒီညီညွတ်မှု၊ ဒီလုံ့လဝီရိယ၊ ဒီအားထုတ်မှု ဒါတွေကို ဒီနေရာတင် မဟုတ်ဘဲနဲ့ ဒီပြင်နေရာတွေပါ သုံးလို့ရတယ်။ ဘယ့်နှယ်.. ဘာညာပေါ့ဗျာ။ ဒါအတွက် ကျနော်က ပြောတာပါ။ ကျနော်က လူတွေ ပေါ့တန်သွားအောင်လို့ ရည်ရွယ်တဲ့ဟာ မဟုတ်ပါဘူး။ သို့သော် ဒါလေးဟာ ကောင်းတယ်ပေါ့။

နောက်တခုဗျာ။ ပြောလက်စနဲ့ ကျနော် ဆက်ပီးတော့ ပြောချင်ပါတယ်။ ကမ္ဘာပေါ်က ပညာရှိတယောက်က ပြော တယ်။ ကိုဗစ်-၁၉ ပိုးဟာ ကမ္ဘာပေါ်မှာ ဘယ်တော့မှ ပျောက်သွားတော့မှာ မဟုတ်ဘူးတဲ့။ အမြဲတမ်း ရှိနေ တော့မှာပဲတဲ့၊ ပြောလိုက်တယ်။ ပြောလိုက်တဲ့အခါကျတော့ ဗမာပြည်မီဒီယာနဲ့ ကာတွန်းဆရာတချို့က ချက်ချင်း သူတို့က ရေးတယ်။ ဟာ….ဒီရောဂါဟာ တသက်လုံးရှိနေတော့မှာဆိုရင် ကျုပ်တို့ အိမ်ထဲကအိမ်ပြင် မထွက် ရတော့ဘဲနဲ့ ကျုပ်တို့လည်း ဒုက္ခတွေရောက်၊ စီးပွားတွေပျက်၊ အလုပ်အကိုင်တွေ ပျက်၊ အနှောက်အယှက်တွေ ဖြစ်၊ စိတ်တွေညစ် ဖြစ်ရတော့မှာပဲ ဆိုပြီးတော့ မှတ်ချက်ရေးတယ်။ ဒီမှတ်ချက် ဟာလည်း စောလည်း စောတယ်၊ လွန်လည်း လွန်တယ်။ မကောင်းဘူးပေါ့။ လူတွေကို စိတ်ဓာတ်ကျစေတယ်လို့ ကျနော်ထင်တယ်။

ဥပမာအားဖြင့်ဗျာ ကမ္ဘာပေါ်မှာ အဲဒီလိုကူးစက်တတ်တဲ့ အဲဒီ Endemic တို့ Pandemic တို့ ဆိုတဲ့ကပ်ရောဂါကြီး ဖြစ်တယ်ဆိုတာတွေက ခဏခဏပါ။ ဒီ အလွယ်တကူ သတိရစရာကို ပြောရမယ်ဆိုရင် ပလိပ်ရောဂါရှိတယ်၊ ဝမ်းရောဂါရှိတယ်၊ ကျောက်ရောဂါရှိတယ်၊ ငှက်ဖျားရောဂါရှိတယ်။ ဒီ့ပြင် တုပ်ကွေး၊ ဘာနဲ့ ဘာ အများကြီး ရှိသေးတယ်။ တီဘီတွေကော၊ ဘာတွေကော ရှိတာပဲ။ အဲဒီပိုးတွေကော ခုချိန်ထိ မရှိဘူးလား။ ရှိနေတာပဲ။ ကမ္ဘာပေါ်မှာ သတ္တဝါတွေ ရှိနေသ၍ အဲဒါတွေ အကုန်ရှိတာပဲ။ သို့သော် ကျနော်တို့ ဘယ်အချိန်မှာ သောက၊ အပူအပင် လျော့သွားလည်းဆိုတော့ ကျနော်တို့က ဒီကာကွယ်ဆေးဆိုတဲ့ Vaccine ဆိုတဲ့ဆေး ရှာလို့ ရတာနဲ့တပြိုင်နက် ကျနော်တို့က သောကလျော့သွားတယ်။

အခုအချိန်ထိ ပုလိပ်ရောဂါက ရှိနေတုန်းပဲ။ ဒါပေမဲ့  ပုလိပ်ရောဂါကာကွယ်ဆေး ကျနော်တို့မှာရှိတယ်။ အခုချိန်ထိ ကျောက်ရောဂါ (Smallpox) လို့ခေါ်တဲ့ ရောဂါရှိ နေတုန်းပဲ။ ဒါပေမဲ့  ကျနော်တို့မှာ ကာကွယ်ဆေးရှိသွားပြီ။ အဲဒီ တော့ မကြောက်တော့ဘူး။ အလားတူပေါ့။ ငှက်ဖျားရှိတယ်၊ နောက် ဝမ်းရောဂါရှိတယ်။ ဘယ့်နှယ်..ဘာညာပေါ့။ ကပ်ရောဂါတွေ အကုန်လုံး။ အဲဒီတော့ကား မီဒီယာတွေက ဒါနဲ့ပတ်သက်လို့ အဲဒီလို ရှင်းတမ်းလေး၊ ကျနော်ကပဲ ညံ့လို့လားမပြောတတ်ဘူး၊ မတွေ့မိဘူး။

ဒီပိုးတွေဟာ ကမ္ဘာပေါ်က မပျောက်တော့ဘူးဆိုတာနဲ့ ကျနော်တို့က အိမ်ထဲက အိမ်ပြင်ထွက်လို့ မရတော့ဘူး၊  စီး ပွားရေးတွေလည်း ဒုက္ခရောက်မယ်၊  အလုပ်တွေပျက်မယ်၊ လူတွေစိတ်ညစ်ရမယ်၊  ဒီလိုမဟုတ်ပါဘူး။ ကျနော် တို့ဟာ သိပ္ပံပညာတွေလည်း တိုးတက်နေတယ်။ နည်းပညာတွေလည်း တိုးတက်နေတယ်။ သိပ်မကြာတဲ့ အချိန်မှာ ကာကွယ်ဆေးဆိုတဲ့ Vaccine ကျနော်တို့ရမယ်။ ရတာနဲ့ တပြိုင်နက် ကာကွယ်မယ်။ ကာကွယ်တာ နဲ့တပြိင်နက် ကျနော်တို့ အရင်တုန်းက ကပ်ရောဂါတွေကို တွန်းလှန်သလိုပဲ တွန်းလှန်နိုင်မယ် ဆိုတဲ့ဟာလေးကို မီဒီယာက ထုတ်ပြီးတော့ ပြောစေချင်တယ်။ မီဒီယာက ရေးတဲ့လူတွေလည်း အထိတ်တလန့် ဖြစ်အောင် မရေးစေချင်ဘူး။ ဒီကပ်ရောဂါတွေက ဒီလို နောက် မပျောက်တော့ဘူး၊ အမြဲတမ်းရှိနေမှာပဲကွာ ဆိုတာ အခုမှ ဖြစ်တာမဟုတ်ဘူး။ အစရောဂါတွေလည်း ဖြစ်ခဲ့ပြီးသားပါပဲ။ အဲဒါမျိုးလေးတွေပေါ့ဗျာ။လူ ငါးသိန်းမှာ တယောက်နော်။ အဲ့တော့ လူတွေက အပြင်ဘက်ထွက်သွားလို့ရှိရင် လူတယောက်က လူ ငါးသိန်းအုပ်စုထဲကို သွားဖို့မပြောနဲ့ လူ ငါးသောင်း၊ ငါးထောင်၊ ငါးရာဆီကို ရောက်သွားဖို့ကိုမလွယ်ဘူး။ အဲဒီတော့ အန္တရာယ်က တော်တော်ကို ကင်းတယ်ပေါ့ဗျာ။

ဒါ သတိရ သလောက် ကျနော်က ပြောရတာပါ။ ဒီထက်ပြောစရာရှိရင်လည်း ကျနော် ပြောပေးဦးမှာပါပဲ။ အဲဒါ ဒါမျိုးလေးတွေကို အခုပုံနှိပ်ထုတ်ဝေမယ့်လူတွေက ကျနော့်ကို အကူအညီတောင်းတယ်။ ခင်ဗျားဗျာတဲ့၊ အရင် တုန်းက BBC တို့ VOA တို့မှာ လွှင့်သလို ပုံစံလေးနဲ့ပဲ ပြောပေးပါ။ ဝင်ပြီးတော့ ပါပေးပါတဲ့။ ကျေးဇူးတင် တယ်ဗျာ။  ကျနော် ဝမ်းသာတယ်၊ ပါခွင့်ရတာ။ အဲဒီတော့ နောင်လည်း ပြောစရာရှိရင် ပြောပေးပါဦးမယ်။ ကျနော် အရင်လွှင့်နေကျအတိုင်းပဲ အဆုံးသတ်ပါရစေ။ ကျေးဇူးတင်ပါတယ်။ ကျနော် ဝင်းဖေပါဗျာ။

Win Pe

ဝင်းဖေသည် ထင်ရှားသော ရုပ်ရှင်ဒါရိုက်တာ၊ စာရေးဆရာနှင့် ပန်းချီဆရာတဦးဖြစ်သည်။

Related article
မြန်မာနိုင်ငံနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်မှု အလားအလာ

မြန်မာနိုင်ငံနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်မှု အလားအလာ

မြန်မာနိုင်ငံက အခုအချိန်မှာ လူပေါင်း ၁ ဒသမ ၇ သန်းကို ကာကွယ်ဆေး ထိုးနှံ ပြီး…

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနှင့်  လော့ခ်ဒေါင်းမှတ်စု  (လော့ခ်ဒေါင်းနှင့်အတူနေထိုင်ခြင်း)

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနှင့် လော့ခ်ဒေါင်းမှတ်စု (လော့ခ်ဒေါင်းနှင့်အတူနေထိုင်ခြင်း)

လော့ခ်ဒေါင်းချ ဆောင်ရွက်တဲ့ အခါမှာ ဆင်းရဲတဲ့အိမ်ထောင်စုတွေ၊ အလုပ်အကိုင် ဆုံးရှုံးသွားသူတွေ၊ ချို့တဲ့အားနည်းတဲ့ လူတွေအတွက်လည်း အဓိကစဉ်းစားပေးပြီး ကုစားရေး…

တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ကာကွယ်ဆေး သံတမန်လှုပ်ရှားမှုနှင့် မြန်မာနိုင်ငံအတွက် အလားအလာ

တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ကာကွယ်ဆေး သံတမန်လှုပ်ရှားမှုနှင့် မြန်မာနိုင်ငံအတွက် အလားအလာ

တရုတ်နိုင်ငံဟာ ကာကွယ်ဆေးကို အများကောင်းကျိုးအဖြစ် အသုံးပြုမယ်၊ မြန်မာနိုင်ငံစတဲ့ မိတ်ဖက်နိုင်ငံတွေကို ဦးစားပေးဖြန့်ဝေမယ် ဆိုတာဟာ စေတနာကောင်းရင်တောင် လက်တွေ့…

Discussion about this post

Leave a Reply

Your email address will not be published. Required fields are marked *

Type your search keyword, and press enter to search