မြန်မာနိုင်ငံနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်မှု အလားအလာ
မြန်မာနိုင်ငံက အခုအချိန်မှာ လူပေါင်း ၁ ဒသမ ၇ သန်းကို ကာကွယ်ဆေး ထိုးနှံ ပြီး…
အားလုံးပဲ မင်္ဂလာပါ။ ကျေးဇူးတော်ရှင် ဆရာတော်၊ သံဃာတော်၊ အရှင်သူမြတ်တို့ ဘုရား။ ဗုဒ္ဓဘာသာခေါင်းဆောင် ဆရာတော်၊ သံဃာတော်များနဲ့ ဗုဒ္ဓဘာသာဝင်များ၊ အခြား ဘာသာရေးအသီးသီးက ဘာသာရေးခေါင်းဆောင်များ၊ ဘာသာဝင်များ အားလုံး မင်္ဂလာပါ။
ဘာပဲပြောပြော ကိုဗစ်-၁၉ ဆိုတာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အတွင်းကို ရောက်လာပြီလို့ ပြောရမှာပါ။ ဘယ်လိုပဲ ရောက်လာရောက်လာ၊ အပြင်က လူတွေ ဝင်လာလို့ ရောက်လာတာ၊ အပြင်ကလူတွေကို အပြစ်တင်တာမျိုး မဖြစ်စေချင်ပါဘူး။ အပြင်ကလူတွေ ဆိုတဲ့နေရာမှာ လုပ်ငန်းကိစ္စ အဝဝအရ နိုင်ငံတကာနဲ့ ဆက်ဆံနေတဲ့ ဒီခေတ် ဒီအခါကြီးမှာ နိုင်ငံခြားသားတွေ အဝင်အထွက်ရှိတဲ့ ကိုယ့်နိုင်ငံမှာကိုပဲ ရှေးယခင်ကတည်းက တွေ့ထိမှုတွေနဲ့ ဒီရောဂါတွေက ဖြစ်ချင်လည်း ဖြစ်နေတတ်ကြတာပဲ။ အခုကျမှ ဟိုနိုင်ငံက ပြန်လာလို့၊ ဒီနိုင်ငံက ပြန်လာလို့ သူတို့ ကြောင့်လို့ အဲဒီလိုမျိုး မထင်ပါနဲ့။ ဒါတွေက ဖြစ်တတ်တဲ့ သဘာဝတွေပါ။ ဖြစ်ရင် ဘယ်လိုလုပ်မလဲ။ ဒါလေး အစောကြီးကတည်းက စိတ်ထဲ ထည့်ထားစေချင်ပါတယ်။
အခုလို ကြုံနေတဲ့အချိန်မှာ စုပေါင်းပြီးတော့ ညီညီညွတ်ညွတ်နဲ့ စည်းကမ်းတကျ နေကြရင် အန္တရာယ်ခပ်သိမ်းကို ကျော်လွှားနိုင်ပါတယ်။ ဒီလို စဖြစ်တဲ့အချိန်မှာတော့ စိတ်လှုပ်ရှားကြမှာပဲ။ တရက်၊ နှစ်ရက်နဲ့ ပြီးသွားမယ့်ကိစ္စမျိုး ဟုတ်မယ် မထင်ဘူး။ အဲဒီတော့ အသိဉာဏ်ရှိရှိ၊ စည်းကမ်းရှိရှိနဲ့ ညီညီညာညာ ဆောင်ရွက်ကြဖို့ပါပဲ။ ဒီနေရာမှာ တဦးနဲ့တဦး ခံယူချက်ချင်း၊ စိတ်ထားချင်း ကွာကြတာတွေတော့ ရှိကြတာပေါ့။ အကုန်လုံး လူသားမှန်သမျှ စိတ်ကောင်းရှိအောင် နေနိုင်ကြတဲ့သူတွေချည်းပါပဲ။ အပြစ်ပြောတာနဲ့ အားနည်းချက်ကို ထောက်ပြတာနဲ့ နှစ်မျိုး ရှိပါတယ်။ အားနည်း ချက်ကို ထောက်ပြတယ်ဆိုတာ အားသာချက်ကိုလည်း သိတယ်၊ အားနည်းချက်ကို လည်း သိတယ်။ အသိဉာဏ်ရှိသူတွေ မဖြစ်မနေ လုပ်ကိုလုပ်ရတဲ့ အလုပ်ပါ။ အဲဒါ အားနည်းချက် ထောက်ပြပေးတာ။ အားသာအောင်၊ ကောင်းသထက် ကောင်းအောင် လို့ပါ။ အပြစ်တင်တယ် ဆိုတာကျတော့ အားနည်းချက်လည်း မသိ၊ အားသာချက်လည်း မသိ၊ သူ့ဘက်ကိုယ့်ဘက်လည်း စဉ်းစားမှုတွေ အားနည်းပြီးတော့မှ ကိုယ့်ရဲ့ အားနည်းချက် မရ၊ အားမရှိလို့ သူများကို အပြစ်တင်တာမျိုးပါ။ ကိုယ်ပြောလိုက်တဲ့ စကားတခွန်းက သာမန်ဆိုပေမဲ့ တဖက်ခံရတဲ့ ပုဂ္ဂိုလ်တွေမှာ စိတ်မကောင်း အလွန်ဖြစ်ကြပါတယ်။ ဒီအချိန်မှာ စိတ်ဓာတ်ရေးရာ၊ စိတ်အားကောင်းဖို့ အရေးကြီးပါတယ်။ ဘုန်းဘုန်းတို့ သိသလောက် ဗဟုသုတလေးနဲ့ ပြောရင်တော့ ဒီရောဂါပိုးကို ရုပ်ပိုင်းဆိုင်ရာ ဆေးပညာတွေနဲ့ ရှာဖွေကုသဖို့ ကြိုးစားနေတဲ့အခါမှာ တိတိကျကျ ဖြေဖျောက်နိုင်အား မရှိသေးဘူးလို့ သိပါတယ်။ ဘုရားရှင်ကိုယ်တော်မြတ်ကြီး မိန့်ထားတဲ့ စကားတော်အရ ဘာလို့ ငတ်မွတ်တဲ့ဘေးဒုက္ခကြီး ကြုံရတာလဲဆိုတော့ လောဘကြီးကြလို့။ လောဘ တဦးကြီးရင် သူကိုယ်တိုင်လည်း ငတ်မွတ်တယ်။ ဘေးကလူတွေလည်း ငတ်မွတ်တာပေါ့လေ။ အဲဒါ ငတ်မွတ်တဲ့ဘေးဒုက္ခကြီး ဖြစ်တယ်။ တုတ်၊ ဓား လက်နက်တွေ ဆွဲပြီးတော့ တယောက်နဲ့တယောက် အန္တရာယ်တွေပြုကြတဲ့ ဘေးဆိုး ဒုက္ခကြီးကျတော့ ဒေါသတွေကြောင့်၊ တဦးနဲ့တဦး ဒေါသမလျှော့ကြလို့ ဖြစ်တယ်လို့ မိန့်တော်မူပါတယ်။ အခုလို ရောဂါဆိုးကြီးကျတော့ ဘုန်းတော်ကြီး မြတ်စွာဘုရားက မသိမှု၊ နားမလည်မှု၊ စည်းကမ်းမရှိမှု၊ အသိပညာတွေ အားနည်းလို့ ဒီရောဂါမျိုးကြီး ဖြစ်တယ်လို့ ပြောပါတယ်။ ဒါကြောင့်မို့ ဒီရောဂါဆိုးကြီး ဖြစ်တာမျိုးကို ကျော်လွှားနိုင်ဖို့ အသိဉာဏ်၊ စည်းကမ်းရှိရှိနဲ့ နေစေချင်ပါတယ်။ တယောက်နဲ့ တယောက် အပြစ်မတင် ပါနဲ့လို့ ပြောလိုသော်လည်း အပြစ်တင်လေ့ရှိတဲ့သူကတော့ အပြစ်တင်မှာပါပဲ။ အပြစ် တင်တဲ့သူဟာ အားနည်းချက်လည်း မသိဘူး၊ အားသာချက်လည်း မသိဘူး။ ကိုယ် ဖြစ်ချင်တဲ့ ဆန္ဒနဲ့ မကိုက်ရင်ကို ပြောမိသမျှတွေဟာ အပြစ်တင်တဲ့စကားတွေ ဖြစ်ကုန် တာပဲ။ သူ့ခမျာ သနားပါတယ်၊ ကိုယ့်ရဲ့ အားနည်းချက်ကို ကိုယ် မဖြည့်နိုင်ဘူး။ ကိုယ့်ရဲ့ အားသာချက်ကို အားသာအောင် မလုပ်နိုင်တော့ အပြစ်တင်တတ်တဲ့အလေ့၊ အပြစ် တင်တတ်တာဟာ သနားစရာကောင်းပါတယ်။ အားနည်းချက်ကို ထောက်ပြရပါတယ်။ ဒီနေရာမှာလည်း ပြောချင်တာက ကိုယ့်အထင်နဲ့ကိုယ် သတင်းအမှားတွေ၊ စိတ်ဓာတ်မကောင်းလို့ သတင်းအမှားတွေ လွှင့်တယ်လို့တော့ ဘုန်းဘုန်းတို့ မဆိုလိုပါဘူး။
စကားကောင်းနဲ့ လုပ်ရပ်ကောင်းကို ပြောတဲ့အခါမှာတောင်မှ လွဲချော်တတ်တာ လေးတွေ ရှိတော့ စိတ်ထားကောင်းလေးတွေ မွေးပေးကြပါ။ ဘုန်းဘုန်းတို့ ကိုယ်တိုင် လုပ်နေတာပင်လျှင် အားကြီး၊ အားသာလို့ လုပ်နေတာ မဟုတ်ပါဘူး။ အားနည်းချက် တွေ ရှိမှာပါ။ ထောက်ပြပေးကြပါ၊ ပြောဆိုပေးကြပါ။ အပြစ်တင်တာမျိုး မပါရင် ကိုယ့်ရဲ့အားနည်းချက်ကို ကိုယ်ဖြည့်တဲ့၊ ကိုယ့်အားသာချက်တွေ တိုးတက်လာတဲ့ အသိဉာဏ်ရှိတယ်လို့ ဘုန်းဘုန်းတို့က မြင်တော့ အပြစ်တင်ခြင်းထက် အားဖြည့်ပေးကြပါ။
ဒီရောဂါဆိုးကြီးကို ဘုန်းဘုန်းတို့ မြင်တဲ့ အမြင်ကတော့ သတ္တဝါဆိုးကြီး တကောင်လို့ မြင်ပါတယ်။ ဘာလို့ သတ္တဝါဆိုးကြီးလဲ ဆိုရင် နဂိုက စိတ်ဝမ်းကွဲတတ်တဲ့၊ ပညာတတ်သူ၊ မတတ်သူ၊ အသိဉာဏ် ကြွယ်ဝသူ၊ မကြွယ်ဝသူ၊ ချမ်းသာသူနဲ့ နွမ်းပါးသူ၊ ရာထူးရာခံ ရှိသူနဲ့ ရာထူးရာခံ မရှိသူ၊ လူကြီးနဲ့ လူငယ်၊ နယ်ပယ်အသီးသီးမှာ စိတ်ဝမ်းကွဲ တတ်လေ့ ရှိတတ်တဲ့အထဲမှာ ဒီရောဂါဆိုးကြီးက စိတ်ဝမ်းပိုကွဲအောင် ခွဲတယ်လို့ မြင်ပါတယ်။ အထူးအားဖြင့်တော့ ဒီစိတ်ဝမ်းကွဲအောင် ခွဲနေတဲ့ ကိုဗစ်-၁၉ က ပြည်ပက လာတဲ့သူကြောင့် ဖြစ်တယ်၊ ပြည်တွင်းမှာပဲ ဖြစ်နေတယ်၊ ဒါတွေက စိတ်ဝမ်းကွဲတာ၊ ဒါတွေ ပြောကြရမယ့်အချိန် မဟုတ် တော့ဘူး။ ပြည်တွင်းမှာပဲ နေနေ၊ ပြည်ပကပဲလာလာ ကိုယ့်မြန်မာနိုင်ငံသူ၊နိုင်ငံသား၊ကိုယ့်မိသားစု၊ ကိုယ့်သားသမီးတွေချည်းပဲလေ။ ကိုယ့် ညီအစ်ကို မောင်နှမတွေချည်းပဲလေ။ စိတ်ဝမ်းမကွဲကြပါနဲ့။
စိတ်ဓာတ်မကျကြပါနဲ့။ အခက်အခဲဆိုတာ သတ္တိရှိသူတွေအတွက် တန်ဖိုးကြီးတဲ့ စာမေးပွဲတခုပါ။ အခက်အခဲဆိုတာ အသိဉာဏ်ရှိသူတွေ အတွက် လွယ်ကူတဲ့အဖြေ ထုတ်ပေးနိုင်တဲ့ အမေး ပုစ္ဆာလေးတွေပါ။ ဒါကြောင့်မို့ စိတ်ဓာတ်မကျ ကြပါနဲ့။
စိတ်ကောင်းလေးတွေ မွေးကြစေချင်ပါတယ်။ မိမိတို့ တဦးနဲ့တဦး အသိဉာဏ်အားရှိတဲ့သူနဲ့ အသိဉာဏ်အားနည်းတဲ့သူ ကွာတာလေးတွေတော့ ရှိတာပေါ့။ အသိဉာဏ်နည်းတယ် ဆိုသော်လည်း ကိုယ့်ကိုယ့်ကိုယ် အချစ်ဆုံးပါပဲ။ အသိဉာဏ်ကြီး လာတဲ့ ပုဂ္ဂိုလ်ကျတော့ ကိုယ့်ကိုယ်ကိုယ် ချစ်ခင်တတ်သလို၊ ကိုယ့်မိသားစုကို ချစ်ခင်တတ်တယ်။ ကိုယ့်မိသားစုဆိုတာ တအူထုံ့ဆင်း၊ ဒီအဖေ အမေ၊ ဒီသားသမီး၊ ညီအစ်ကို မောင်နှမ၊ ဒီအိမ်လေးထဲနေတဲ့သူတင်လို့ အဲဒီလောက်ပဲ အသိဉာဏ်အားနဲ့ ကြည့်တတ် တဲ့သူ ရှိသလို၊ ကိုယ့်ရပ်ကွက်ဟာ ကိုယ့်မိသားစုပဲ။ ကိုယ့်မြို့ဟာ ကိုယ့်မိသားစုပဲ။ ကိုယ့် နိုင်ငံကြီးတခုလုံးဟာ ကိုယ့်မိသားစုပဲ။ ဘုန်းဘုန်းတို့ အခုဆိုရင် ဒီ ကိုဗစ်-၁၉ ရောဂါ ဆိုးကြီးဟာ ဘုန်းဘုန်းတို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွက် ဒီမြန်မာ နိုင်ငံမိသားစုအတွက် အန္တရာယ်ဆိုးကြီးပဲ။ တချို့ အသိဉာဏ်ကြီးတဲ့ သူတွေကျတော့ တနိုင်ငံလုံး တောင်ပေါ်မြေပြန့်လည်းမခွဲဘူး။ အဖြူအနက်လည်း မခွဲဘူး။ ဘာသာရေး လည်း မခွဲဘူး။ အားလုံး ဒါ ကိုယ့်မိသားစုပဲဆိုတဲ့ စိတ်ဓာတ်နဲ့ ဘယ်လို ဘယ်လို အဖွဲ့အစည်းတွေမှ အကွဲမခံဘဲနဲ့ အားလုံး ညီညီညွတ်ညွတ်နဲ့ ဆောင်ရွက်ချင်တဲ့စိတ်ဓာတ် ဟာ ဒါ အသိဉာဏ်အားကြီးသူတွေရဲ့ စိတ်ဓာတ်ပါ။ ဒီစိတ်ဓာတ်မျိုးလေးတွေ မွေးစေချင်တယ်။ မွေးလည်း မွေးနေကြတာ ဝမ်းသာပါတယ်။
အားလုံး စိတ်တူကိုယ်တူ ညီညီညာညာနဲ့၊ မိသားစုတစု၊ အမေ၊ အဖေ၊ ညီအစ်ကို မောင်နှမတွေ အားလုံး တစည်းတဝမ်းတည်း စိတ်တူကိုယ်တူ လက်တွဲပြီးတော့ ဆောင်ရွက်ကြသလို ဆောင်ရွက်ကြရင် အိမ်တိုးတက်ပြီး အန္တရာယ်ကင်းသလို ဘုန်းဘုန်းတို့ တနိုင်ငံလုံး တိုင်းသူပြည်သားအားလုံးကလည်း ကျန်းမာရေးအသိ သတိ ရှိပြီး တော့၊ စည်းကမ်းတကျနဲ့ တဦးနဲ့တဦး လက်တွဲပြီးတော့၊ တဦးနဲ့တဦး အပြစ်မတင် ကြဘဲနဲ့၊ တဦးနဲ့တဦး လက်တွဲပြီးတော့ ဆောင်ရွက်ကြပါလို့ မေတ္တာရပ်ခံပါတယ်။
အထူးအားဖြင့် ထပ်ပြောချင်တာက နိုင်ငံတော်အစိုးရက စီမံညွှန်ကြားတဲ့အတိုင်း ဆောင်ရွက်ကြပါ။ တပ်မတော်အနေနဲ့ရော၊ ကျန်းမာရေးဝန်ကြီးဌာန အနေနဲ့ရော၊ ပြည်ထဲရေးဌာနအနေနဲ့ရော၊ အများကြီး အများကြီးပေါ့လေ။ လူမှုဝန်ထမ်းဌာနတွေ ရော။ အများကြီး ဝိုင်းဝန်းပြီးတော့ တိုင်းပြည်ကို ဆောင်ရွက်သလို ကိုယ့်ရပ်ကွက် ကလေးတွေလည်း အဲဒီလိုမျိုး ဆောင်ရွက်ကြစေချင်ပါတယ်။ စိတ်ထဲမှာ ဘုန်းဘုန်း ဖြစ်နေတာတခုက ဟိုး ကချင်ပြည်နယ်မှာ၊ ကရင်ပြည်နယ်မှာ၊ ချင်းမှာ၊ ရခိုင်မှာ၊ ရှမ်းမှာ၊ မွန်မှာ၊ တိုင်းရင်းသား၊ တိုင်းရင်းသားတွေနေကြတဲ့ ဒေသတွေမှာလည်းပဲ အဲဒီ အထိ ဘုန်းဘုန်းတို့မေတ္တာကတော့ ရောက်ပါတယ်။ လာပြီး လူအားနဲ့ မကူညီနိုင်တာ၊ ခါတိုင်းကိစ္စတွေကတော့ ကူညီတာတွေရှိခဲ့ပါတယ်။ အခု ဒီကိစ္စမှာ လာမကူညီနိုင်တာ လည်း သည်းခံပေးကြပါ။ ခွင့်လွှတ်ပေးကြပါ။ ပြည်မ၊ တောင်တန်း မခွဲခြားဘဲ အားလုံး တိုင်းရင်းသား၊ ညီအစ်ကိုမောင်နှမတွေ စည်းစည်းလုံးလုံး၊ ညီညီညာညာနဲ့ ကိုယ့်ရပ်ကွက်ကို၊ ကိုယ့်မြို့ကို၊ ကိုယ့်နိုင်ငံကို အားလုံး စီမံတဲ့သူက စီမံ၊ ဆောင်ရွက်တဲ့သူက ဆောင်ရွက်ပြီး တက်ညီလက်ညီနဲ့ စည်းကမ်းရှိရှိ၊ အသိဉာဏ်ရှိရှိနဲ့ ဆောင်ရွက်ကြရင် ရက်ပိုင်းနဲ့ ဒီရောဂါကြီး ပျောက်ကင်းမှာပါ။ ပျောက်ကင်းစေချင်ပါတယ်။
ဒီနေရာမှာ ကျန်းမာရေးဝန်ထမ်းတွေကို အထူးကျေးဇူးတင်ပါတယ်။ မေတ္တာလည်း ပို့ပါတယ်။ အနယ်နယ်အရပ်ရပ်မှာ ပင်ပန်းနေတယ်။ ဘုန်းဘုန်းတို့ ကျောင်းမှာ လည်း နေ့ရောညရော သူတို့ အကုန်တာဝန်ယူ၊ အချိန်နဲ့အမျှ အမြဲတမ်း သတိရှိပြီး ဆောင်ရွက်နေရပါတယ်။ တအားပင်ပန်းပါတယ်။ ဘုန်းဘုန်းတို့ သူတို့ကိုယ်စား ဂုဏ် ယူပါတယ်။ ဂုဏ်လည်း ပြုပါတယ်။ နောက်တခု ဒီကျောင်းတိုက်မှာက မောင်မယ်တွေ ဆိုတာ ရှိပါတယ်၊ ဓမ္မဒူတ မောင်မယ်တွေ။ မနေ့ညက ဒီမှာ Lockdown မလုပ်ခင်က ရောက်လာတဲ့ မောင်မယ်တွေ အသစ်တွေပဲရှိပါသေးတယ်။ မောင်မယ်ရောက်နေတဲ့ အဟောင်းတွေကလည်း ဘယ်သူနဲ့မှ ထိတွေ့မှုမရှိပါဘူး။ သူတို့နေရာမှာပဲ အလုပ်လုပ် နေတာပါ။ နောက်ရောက်လာတဲ့ သားတွေသမီးတွေကို အေး၊ ဘုန်းဘုန်း Lockdown လုပ်တော့မယ်၊ ဒီ ၁၂ နာရီကျော်ရင်၊ ည ၁၂ နာရီကျော်ရင်။ ကားကြီးထိုးထားပြီးတော့ သားတို့၊ သမီးတို့ ပြန်ချင်ရင်ပြန်လို့ရတယ်။ ကနေ့လာတဲ့ သားသမီးတွေဆို ၁၅ ယောက်လောက် ရှိတယ်။ သူ့အကိုကြီး ဥက္ကာက စိတ်ပူပြီးတော့ ပြန်စေချင်တာ။ အဲဒီတော့ သားတွေသမီးတွေက ပြောတယ်။ ဘုန်းဘုန်းတဲ့၊ သားတို့သမီးတို့ ဒီရောက်နေတဲ့ ဦးတွေ၊ အဒေါ်တွေ၊ အဖေတွေ၊ အမေတွေကို ပြုစုချင်လို့လာတာတဲ့။ ၁၄ ရက်နေဆို လည်း နေပါမယ်။ ဒီထဲမှာ အသက်သေဆိုလည်း အသေခံပါမယ်တဲ့။ မပြန်ပါရစေနဲ့လို့ ပြောတော့လေ စိတ်ထဲမှာ တော်တော် ကြက်သီးမွေးညင်းထတယ်။ ဝမ်းသာတာထက် လွန်သွားတာပေါ့လေ။ သူတို့လေးတွေရဲ့ စိတ်ဓာတ်၊ အဲဒီလိုမျိုး စိတ်ဓာတ်ရှိတဲ့ သားကောင်း သမီးကောင်းတွေ ဘုန်းဘုန်းတို့ မြန်မာနိုင်ငံမှာ အများကြီးရှိပါတယ်။ အများ ကြီးရှိပါတယ်။ သူတို့လေးတွေလို ဆောင်ရွက်ပေးချင်တဲ့ ပုဂ္ဂိုလ်တွေ အများကြီး ရှိပါ တယ်။
ပြောမကုန်နိုင်အောင်ရှိတဲ့ ဒီ ကိုဗစ်-၁၉ရောဂါဆိုးကြီး ဆွဲထုတ်သွားမယ့် ပုဂ္ဂိုလ်တွေကို အားလုံး ကျေးဇူးတင်ပါတယ်။ အားလုံး ကျေးဇူးတင်ပါတယ်။ ဝိုင်းဝန်းဆောင်ရွက်ကြရအောင်ပါ။ မေတ္တာလည်း ပေးပါတယ်။ မေတ္တာလည်း ခံယူပါတယ်။
ကျေးဇူးရှင် ဓမ္မဒူတဆရာတော် ဒေါက်တာအရှင်ဆေကိန္နသည် ဓမ္မဒူတဇေတဝန်တောရ ဆေကိန္နရာမကျောင်းတိုက်ကြီး၏ပဓာန နာယက ဆရာတော်ြဖစ်ပြီး အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်၏ ပါမောက္ခချုပ်နှင့် ဒုတိယ ပါမောက္ခချုပ်တာဝန်များကို တွဲဖက်တာဝန်ထမ်းနေသူအရှင်မြတ်တပါးဖြစ်ပါသည်။ ထို့အပြင် ဓမ္မဒူတဆေကိန္နတက္ကသိုလ်ကို တည်ထောင်သူ ဆရာတော် လည်းဖြစ်ပါသည်။
မြန်မာနိုင်ငံက အခုအချိန်မှာ လူပေါင်း ၁ ဒသမ ၇ သန်းကို ကာကွယ်ဆေး ထိုးနှံ ပြီး…
လော့ခ်ဒေါင်းချ ဆောင်ရွက်တဲ့ အခါမှာ ဆင်းရဲတဲ့အိမ်ထောင်စုတွေ၊ အလုပ်အကိုင် ဆုံးရှုံးသွားသူတွေ၊ ချို့တဲ့အားနည်းတဲ့ လူတွေအတွက်လည်း အဓိကစဉ်းစားပေးပြီး ကုစားရေး…
တရုတ်နိုင်ငံဟာ ကာကွယ်ဆေးကို အများကောင်းကျိုးအဖြစ် အသုံးပြုမယ်၊ မြန်မာနိုင်ငံစတဲ့ မိတ်ဖက်နိုင်ငံတွေကို ဦးစားပေးဖြန့်ဝေမယ် ဆိုတာဟာ စေတနာကောင်းရင်တောင် လက်တွေ့…
Discussion about this post