Menu & Search

ရည်ရွယ်ချက်ကောင်းများမှသည် ရလဒ်ကောင်း ထွက်ရေးဆီသို့

April 17, 2020

ပြီးခဲ့သည့် ကြာသပတေးနေ့ (ဧပြီ ၉ ရက်)တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က “ပုံမှန် ဝင်ငွေမရှိသော အခြေခံလူတန်းစား” များကို စားနပ်ရိက္ခာ ထောက်ပံ့ပေးမည့် သမိုင်းဝင် အစီအစဉ်တခုကို ကြေညာခဲ့သည်။ ဤအစီအစဉ်သည် နိုင်ငံတွင်း၌ မလုပ် ခဲ့ဖူးသေးသည့် အစီအစဉ်ဖြစ်ကြောင်းလည်း သူက ပြောကြားခဲ့သည်။ ယခင် ထောက်ပံ့ရေး အစီအစဉ်များက သဘာဝကပ်ဘေး ကျရောက်သည့် နိုင်ငံ၏ အစိတ်အပိုင်းတရပ် ကိုသာ ကူညီခဲ့ရခြင်းဖြစ်ပါသည်။ ဤ ရိက္ခာအစီအစဉ်တွင် ဆန်၊ စားဆီ၊ ဆားနှင့် ပဲမျိုးစုံကဲ့သို့သော မရှိမဖြစ် လိုအပ်သည့် ရိက္ခာ ပစ္စည်းများကို ဆင်းရဲသား ပြည်သူများသို့ ထောက်ပံ့ပေးပြီး မြန်မာ့ ရိုးရာသင်္ကြန် နှစ်သစ်ကူးပွဲတော် ပိတ်ရက် ၁၀ ရက် အတွင်း လူအများအိမ်တွင်း၌သာ နေထိုင် နိုင်ကြစေရန် ရည်ရွယ်ပြီး ဆောင်ရွက်ခဲ့သည်။ ဤ ရိက္ခာဖြန့်ဖြူးပေးမှုကို ဧပြီလ ၁၀ ရက်တွင် နိုင်ငံအနှံ့ရှိ မြို့ကြီးများစွာ၌ စတင်ခဲ့ရာ ပြည်နယ်၊ တိုင်း ဝန်ကြီးချုပ်များနှင့် အာဏာရပါတီမှ လွှတ်တော် ကိုယ်စား လှယ်များက ဦးဆောင် ဖြန့်ဝေ ပေးခဲ့သည်။ နိုင်ငံတဝန်း ဆောင်ရွက်ပေးခြင်း၏ ကြီးမြတ်သော စိတ်စေတနာကို ယုံမှား သံသယဖြစ်စရာ မလိုပါ။ ယခုအချိန်တွင် ဤအစီအစဉ်ကို အမှန်တကယ် လိုအပ်နေသည့် ပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင် ခြင်း ရှိ မရှိနှင့် ပိုမိုကောင်းမွန်သော ရလဒ်ထွက်စေရေး ဆက်၍သာ အလေးပေး ဆောင်ရွက်ရတော့မည့်အချိန် ဖြစ်ပါသည်။ ထို့အပြင် နိုင်ငံအတွင်း COVID-19 ကူးစက် ပြန့်ပွားမှု ကျယ်ပြန့် လာသည်နှင့်အမျှ အစိုးရက ဘက်စုံ အကူအညီများ ပေးနိုင်ရေး အစီအစဉ်များ ဆက်လက် စဉ်းစားနိုင်ရန် အကြံပြုအပ်ပါသည်။

အစီအစဉ် စတင် အကောင်အထည်ဖော်သည့် ပထမရက်၌ပင် ရည်ရွယ်မထားသည့် နောက်ဆက်တွဲ ကိစ္စများလည်း ကြုံတွေ့ခဲ့ရသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က တိုင်းဒေသကြီး၊ ပြည်နယ် ဝန်ကြီးချုပ်များကို အကူအညီများ ပေးကြရာ၌ ရောဂါမ”ပြီး” သည့်အတွက် လူစုလူဝေး မဖြစ်စေရန်နှင့် လူများ ခပ်ခွာခွာ နေထိုင်ကြရ မည့် လမ်းညွှန်ချက်များကို တင်းကျပ်စွာ လိုက်နာရန် သတိပေးခဲ့ရသည်။ စားနပ် ရိက္ခာများ ထုပ်ပိုးခြင်း၊ အမျိုးအစားခွဲခြင်း၊ ချိန်တွယ်ခြင်းနှင့် စီမံခြင်းကိစ္စ ဆောင်ရွက် နေကြသည့် ဓာတ်ပုံများအရ ဖြန့်ဝေမှု လုပ်ငန်းစဉ်တွင် လူအင်အား၊ လုပ်အား များစွာ လိုအပ်ပြီး၊ လက်ခံရ ယူမည့်သူများ ရှည်လျားစွာ တန်းစီ ရယူနေကြပုံများကလည်း လူများ ခပ်ခွာခွာနေရေး လမ်းòန်ချက်များကို ဖောက်ဖျက်ရာ ကျနေပါသည်။ ရိက္ခာ ကူညီထောက်ပံ့ပေးမှုက ဆင်းရဲနွမ်းပါးသူ ပြည်သူများ အိမ်တွင်း၌သာ နေထိုင်ကြ စေရန် ရည်ရွယ်ရင်း ဖြစ်သော်လည်း မှားယွင်းသည့်  ဖြန့်ဖြူးမှုပုံစံကြောင့် ရိက္ခာဝေရာ နေရာများသို့ လူများ စုဝေးလာစေခဲ့သည်။ မူလ ရည်ရွယ်ချက်ဖြစ်သည့် ပြည်သှူ ကျန်းမာရေး အစီအမံ ဦးတည်ချက်ကို အားနည်းစေခဲ့သည်။ ထို့အပြင် ယင်းအစီအစဉ်

ကို အကောင်အထည်ဖော်သည့် ပထမနေ့အတွင်းမှာပင် လက်တွေ့ မြေပြင်ပြဿနာ များစွာကိုလည်း တွေ့ကြရသည်။ အကယ်၍ အစိုးရက နောက်အကျော့ အကူအညီ ပေးမှု အစီအမံများပြုလုပ်လျှင်၊ ပြုပြင်ဆောင်ရွက်ရမည့် ကိစ္စများအတွက် အောက်ဖော်ပြပါ အချက်များကို သတိပြုသင့်ပါသည်။

ပထမအချက် အနေဖြင့် လူဦးရေထဲမှ ဆင်းရဲနွမ်းပါးသူများကို အမှန် ပစ်မှတ်ထား ထောက်ပံ့လိုပါက နိုင်ငံတကာက လက်ခံထားသော သတ်မှတ်ချက်များအရနှင့် နည်းနာအရ “ဆင်းရဲမှု” အဓိပ္ပာယ်ဖွင့်ဆို သတ်မှတ်ချက်ကို တပြေးညီ သုံးစွဲရန် လိုအပ် ပါသည်။ အကယ်၍ မည်သူမည်ဝါ ရသင့်သည် ဟူသော ပစ်မှတ်ထား ထောက်ပံ့ပေး ခြင်းသည် မူဝါဒ ရည်မှန်းချက်အရ အရေးမကြီးဟု ဆိုပါက၊ အကူအညီ လိုအပ်နေသူ တိုင်းထံသို့ စိစစ်မနေဘဲ ပေးသင့်ပါသည်။ ဖြစ်လာသည်မှာ ပြည်နယ်နှင့် တိုင်း ဒေသကြီး တခုချင်းစီက “ဆင်းရဲသူများ” မည်သူဖြစ်သည်ဟု ဒေသ္တရ အဓိပ္ပာယ် ဖွင့်ဆိုမှုများ ပြုလာကြသည့်အခါ၊ နည်းပညာ ပိုင်းဆိုင်ရာ ကျွမ်းကျင်သူ ဌာနဆိုင်ရာ များက ချမှတ်ထားသည့် သတ်မှတ်ချက်များအတိုင်း မဟုတ်ဘဲ ရွေးကောက်ခံ အုပ်ချုပ်ရေးမှူးများက မည်သူ ရသင့်သည်၊ မည်သူ မရသင့်ဟု တကျောင်း တဂါထာ၊ တရွာ တပုဒ်ဆန်းစွာ စီမံအုပ်ချုပ်သည့်အသွင် ဖြစ်လာစေပါသည်။ တိုင်းဒေသကြီး တခုတွင် ထုတ်လုပ်နိုင်စွမ်းရှိသော ပစ္စည်းများ ပိုင်ဆိုင်ထားပြီး၊ သီးနှံ အထွက်ကောင်း သူ လယ်သမားများ၊ နိုင်ငံရပ်ခြားမှ အိမ်ပြန်ပို့ငွေလွှဲ ရရှိနေသည့် အိမ်ထောင်စုများ အကူအညီမရသင့်ဟု ဆုံးဖြတ်ခဲ့ပါသည်။ အခြား တိုင်းဒေသကြီးတခုတွင်၊ ဆင်းရဲ သူများဟုဆိုရာ၌ သူတို့၏ အလုပ်အကိုင်ဖြင့်သာ သတ်မှတ်ခဲ့ကြသည်။ ထူးထူးဆန်းဆန်း “ဂေါက်သီးကောက်သူများ”ကဲ့သို့ အလုပ်များကိုလည်း ထည့်သွင်း ဖော်ပြထားရာ အဆိုပါ အလုပ်အကိုင်များ မလုပ်ကိုင်သူ ဆင်းရဲသားများနှင့် အကျုံးမဝင်သကဲ့သို့ ဖြစ် နေသည်။

အစိုးရအနေဖြင့် နိုင်ငံတကာ သတ်မှတ်ထားသည့် ဆင်းရဲမှုမျဉ်း (တနေ့လျှင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၉၀)  သို့မဟုတ် အလယ်အလတ် ဝင်ငွေရှိသူများ၏ အောက်ခြေအဆင့်အဖြစ် ဝင်ငွေရရှိမှု ဒေါ်လာ ၃ ဒသမ ၂၀ ကို ဆင်းရဲနွမ်းပါးမှုမျဉ်း အဖြစ် စဉ်းစား သတ်မှတ်နိုင်ပါသည်။ ဒုတိယ ဖော်ပြချက်ဖြစ်သည့် ဒေါ်လာ ၃ ဒသမ ၂၀ ဆိုသည့် ပမာဏမှာ မြန်မာနိုင်ငံ၏ အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ထားချက် တနေ့ ၄,၈၀ဝ ကျပ်နှင့် နီးစပ်ပါသည်။ အဓိပ္ပာယ်ဖွင့်ဆိုချက် ထွေပြား ကျယ်ပြန့်လာ သည်နှင့်အမျှ အထူး ထိခိုက် နစ်နာဖွယ်ရှိသော လူထုများကို ပစ်မှတ်ထား ရှာဖွေရန် ထားဦး မည်သူ အကျိုးခံစားခွင့် ရှိသည်ကိုပင် ဖော်ထုတ်သတ်မှတ်ရန် အောက်ခြေတွင် အငြင်းပွားစေပါသည်။ COVID-19 ကူးစက်ကပ်ဘေးကြောင့် အကျပ်အတည်းကာလ တွင် ပြည်သူများသို့ ထောက်ပံ့ကူညီပေးရေး ဥပဒေသအသစ်မှာ “နည်းသွားသည်ထက် စာလျှင် များသွားခြင်းကား ပိုကောင်းသည်။ အကူ အညီရသူများ ထပ်နေခြင်း၊ သို့မဟုတ် မလိုလား အပ်သူများ “ရရှိသွားခြင်း”ကို မကြောက်ပါနှင့်”ဟု ဆိုပါသည်။

ဒုတိယ အချက်အနေဖြင့် ဖြန့်ဖြူးပေးသော ကုန်ပစ္စည်းများသည် ရည်ရွယ်ထားသော ပြည်သူ များထံသို့ သေချာရောက်ရှိစေရေး၊ လူမှုအသိုက် အဝန်းအတွင်း ဖြစ်လာနိုင်သော လူမှုရေး တင်းမာမှုများ လျော့နည်း စေရေးအတွက် ကြိုတင်စီမံသည့် အနေဖြင့် ထိခိုက်နစ်နာသော လူမှုအသိုက်အဝန်း နှင့် ပို၍ အချိန်ယူ ထိတွေ့ရန် လိုအပ်ပါသည်။ အလျင်အမြန် ဖြန့်ဖြူး နိုင်ရေးအတွက်ဆိုပြီး  လက်ရှိ အစီအစဉ်သည် အုပ်ချုပ်ရေးမှူးများကသာ မည်သူများ အကျိုးခံစားခွင့်ရှိသည်ဟု ရွေးချယ်နိုင်ခွင့် အား ကြီးကြပ် စေခိုင်းလိုက်သည်နှင့် ပို၍ တူပါ သည်။ ဒေသခံများဘက်က မကျေနပ်မှုများနှင့် အယူခံမှုများကို ဖြေရှင်းရန်၊ ဒေသဆိုင်ရာ ထောက်ခံမှုများနှင့် လူထုအသံ ပြန်လည်တုံ့ပြန်မှု များ ရယူနိုင်ရန် ယန္တရားများ စနစ်များကိုလည်း တည်ဆောက် စုစည်းချိန် မရှိခဲ့ပါ။ ရလဒ်အနေဖြင့် ရပ်ရွာလူထုများထံမှ နားလည်မှုလွဲမှားခြင်းနှင့် မကျေနပ်မှုများ ဖြစ်စေနိုင်ပါသည်။ ထိုမျှမက အာဏာရှိသည့် လူမှု အသိုက်အဝန်းနှင့် နိုင်ငံရေးအရ ဆက်နွှယ်မှုမရှိသူများ (မင်းပေါက်စိုးပေါက်မဟုတ် သူများ)ကို ခွဲထုတ်ပစ်လိုက်သည့်နှယ် လူထုအား စိတ်ဝမ်းကွဲစေနိုင်ပါသည်။ ဤသို့သော မလိုလားအပ်သော အကျိုးဆက်များကို ရှောင်ရှားနိုင်ရန် အစိုးရက ကျွမ်းကျင်မှု ရှိပြီးသား ဌာနအသီးသီးက ဆောင်ရွက်နေဆဲဖြစ်သော တည်ဆဲ လူမှုကာကွယ်ပေးရေး အစီအစဉ်များကို ပြန်၍ မှီခိုအားထားနိုင်ပါသည်။ နိုင်ငံတကာနှင့် ရပ်ရွာအခြေပြု အကူအညီပေးရေး အစိုးရမဟုတ်သည့် အဖွဲ့အစည်း များကိုလည်း အသိအမှတ်ပြု တာဝန်ပေးနိုင်ပါသည်။ သူတို့တွင် ဒေသန္တရ ဗဟုသုတ များစွာရှိပြီး ရွေးကောက်ခံ ခေါင်းဆောင်များနှင့်အတူ ပူးတွဲစီမံမှုများ ဆောင်ရွက်နိုင်ပါ သည်။ လူသားချင်းစာနာမှုဆိုင်ရာ ကြားဝင်ဆောင်ရွက်ပေးမှုများတွင် လေ့လာမှု အများအပြားက ဖော်ညွှန်းသည်မှာ ရပ်ရွာ၏ ကြံ့ကြံ့ခံ ရပ်တည်နိုင်စွမ်းက အခရာကျပါ သည်။ နောက်ထပ် အစီအစဉ်များဆောင်ရွက်ရန်ရှိလျှင် ထိရောက်သော ရပ်ရွာပူး ပေါင်းဆောင်ရွက်မှု အဓိကကျပါလိမ့်မည်။

တတိယအချက်မှာ အစီအစဉ်အနေဖြင့် မြို့ပြရှိ ဆင်းရဲ နွမ်းပါးသူများကို ပို၍ အာရုံ စိုက်သင့်ပါသည်။ အကြောင်းမှာ မြို့ပိတ်ဆို့မှုများနှင့် ခြေချုပ်ချ ပိတ်သိမ်းမှုများ ရှိလာလျှင် ထိုသူများ၏ သက်မွေး ဝမ်းကျောင်းမှုနှင့် ဝင်ငွေအခွင့်အလမ်းများကို ရုတ်ခြည်း ထိခိုက်နစ်နာစေသောကြောင့် ဖြစ်သည်။ ကူးစက်ကပ်ရောဂါကြောင့် လူဦးရေ၏ အဆင်းရဲဆုံးသော အစိတ်အပိုင်းများကို ပိုမို ဆိုးရွားစွာ ထိခိုက်နစ်နာစေနိုင်ပါသည်။ သို့သော် နေရာတိုင်းရှိ ဆင်းရဲသူ လူထုများကို တန်းတူမျှတစွာ ထိခိုက်တတ်သည် မဟုတ်ပါ။ လူဦးရေ ထူထပ်စွာနေထိုင်သည့် မဂ္ဂါစီးတီး မြို့ကြီးများတွင် နေထိုင်ကြ ရသော မြို့ပြနေဆင်းရဲသူများအတွက် COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကြောင့် ပို၍ ထိခိုက် သက်ရောက်စေနိုင်ပါသည်။ ထိုသူများသည် မြို့ပြ၏ ပုံမှန်မဟုတ်သော စီးပွားရေးကဏ္ဍများတွင် ပါဝင်နေကြရပြီး မြို့ကို ပိတ်ဆို့ရပ်ဆိုင်းသည်နှင့် တပြိုင်နက် သူတို့၏ ဝင်ငွေရပေါက်ရလမ်းလည်း လုံးဝ ရပ်ဆိုင်းသွားပါမည်။

ကနဦးအဆင့် ထောက်ပံ့ပေးမှု အစီအစဉ်သည် တနိုင်ငံလုံး လွှမ်းခြုံရည်ရွယ် သော်လည်း ကူးစက် ကပ်ရောဂါကြောင့်ဖြစ်သော အ္တရာယ်ရှိမှုနှင့် ထိခိုက်နစ်နာ နိုင်ခြေများမှာ တိုင်းပြည်တဝန်းလုံး တန်းတူ တူညီခြင်း မရှိနိုင်ပါ။ ကူးစက်ရောဂါများ သည် သန့်ရှင်းသောရေနှင့် တကိုယ်ရေ သန့်ရှင်းရေးစနစ်၊ မိလ္လာစနစ်များ လုံလောက် စွာ မရရှိသော လူထုများ၊ ဆိုးရွားညံ့ဖျင်းသော လူနေအိုးအိမ်နှင့် လူဦးရေသိပ်သည်း ထူထပ်ခြင်းတို့ ရှိလျှင် လျှင်မြန်စွာ ကူးစက်ပြန့်ပွားနိုင်ပါသည်။ ၂၀၁၄ ခုနှစ် အနောက် အာဖရိကတွင် အီဘိုလာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားရာ၌ လူဦးရေထူထပ်သော မြို့ပြ ပျံကျရပ်ကွက်များတွင်  ကျေးလက်ဒေသများထက် စာလျှင် ပိုမို၍ ကူးစက်ပျံ့နှံ့ခဲ့ပါသည်။ အိန္ဒိယတွင် မကြာသေးမီက ပြုလုပ်ခဲ့သော လေ့လာမှုတခုအရ “မည်သို့သော ကြားဝင်ဆောင်ရွက်ပေးမှု အခြေအနေအောက်တွင် မဆို ဆင်းရဲသား ပျံကျရပ်ကွက် များသည် အခြား ပျံကျ မဟုတ်သော ရပ်ကွက်များနှင့် မတူဘဲ ပိုမို၍ ရောဂါကူးစက်မှုနှုန်း မြင့်သည်။ တခါတရံတွင် ၄၄ ရာခိုင်နှုန်းအထိ ပိုမိုကူးစက်မြန်သည်”ဟု ဖော်ပြထားသည်။  ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် ထုတ်ပြန်ခဲ့သော မြန်မာနိုင်ငံ၏ လူနေမှု အခြေအနေ စစ်တမ်း၏ နောက်ဆုံး ဖော်ပြချက်များအရ မြန်မာနိုင်ငံတွင် အိမ်ထောင်စုများ၏ ၁၁ ဒသမ ၇ ရာခိုင်နှုန်းခန့်သည် စိုက်ပျိုးရေး မဟုတ်သော လုပ်အား အသုံးပြုရရှိသော ဝင်ငွေကို တခုတည်းသော ဝင်ငွေရင်းမြစ်အဖြစ် မှီခိုနေရသည်ဟု ဖော်ပြထားသည်။လက်ရှိအခြေအနေတွင် ၎င်းတို့၏ ဝင်ငွေ အများစုသည် ဗိုင်းရပ်စ် ကူးစက်မှုကြောင့် ဒုက္ခတွေ့ကြရပြီ ဖြစ်သည်။ အန္တရာယ် ရှိနိုင်မှုအပေါ် စိစစ်ထားသည့် စီမံခန့်ခွဲမှု မဟာ ဗျူဟာများအရ ထောက်ပံ့မှု အစီအစဉ်ကို နေရာတိုင်းတွင် မဆောင်ရွက်ဘဲ အဆင့်များခွဲ၍ ဦးစားပေး အဆင့်လိုက် ဆောင်ရွက်သင့်ပါသည်။ အထူး ထိခိုက်နစ်နာဖွယ် ရှိသော ပြည်သူများထံမှ စတင်ပြီး အန္တရာယ် ပိုနည်းသော ဒေသများသို့ ဖြန့်သွားနိုင်ပါသည်။

နောက်ဆုံးအနေဖြင့် အစီအစဉ်များသည် မတူညီသော ထောက်ကူပေးမှု မိုဒယ် ပုံစံများကို ပေါင်းစပ်၍ စဉ်းစားနိုင်ပါသည်။ သမားရိုးကျ  လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေးမှုများတွင် မြန်မာနိုင်ငံ၌ ပစ္စည်းဖြင့်သာ ထောက်ပံ့ပေးကြပါသည်။ သို့ အတွက်ကြောင့် လက်ရှိ အစီအစဉ်သည်လည်း မရှိမဖြစ် လိုအပ်သော စားနပ်ရိက္ခာကို အဓိကထား ထောက်ပံ့ပုံရပါသည်။ အစိုးရ၏ ညွှန်ကြားချက် တခုအရ တာဝန်ရှိသည့် ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရများသည် စားနပ်ရိက္ခာ ပစ္စည်းများအား သယ်ယူ ပို့ဆောင်ရေးစရိတ်များကို ကျခံ၍ ပိုလျှံသည့်နေရာမှ လိုအပ်သည့်နေရာသို့ ထောက်ပံ့ စေရမည်ဟု ဆိုပါသည်။ ဒေသတခုနှင့်တခု တန်းတူညီမျှစွာ ထောက်ပံ့ပေးနိုင်ရေး အတွက် အပို ကုန်ကျစရိတ်များကိုလည်း ကျခံရမည်ဟု ဆိုပါသည်။ တဖက်တွင်လည်း အစိုးရက နိုင်ငံတကာ ဝယ်လက်များ၏ ဝယ်လိုအား ကျဆင်းသွားသောကြောင့် ပိုလျှံ သော စိုက်ပျိုးရေး ထုတ်ကုန်များ အလျှံပယ် ရှိနေသည်ဟုလည်း အာမခံထားပါသည်။ သို့အတွက်ကြောင့် ထိခိုက် နစ်နာနိုင်သော လူထုများအတွက် စားနပ်ရိက္ခာ ပြတ်လပ်မှု မရှိနိုင်ဟု ယူဆနိုင်ပါသည်။ ပြီးခဲ့သည့် ရေကြီးရေလျှံ ဘေးအ္တရာယ်များသည် စားနပ်ရိက္ခာထုတ်လုပ်မှုနှင့် ဖြန့်ဝေမှုကို အဓိက ထိခိုက်ခဲ့သဖြင့် ရိက္ခာဖြန့်ဖြူးရန် လိုအပ်ခဲ့သော်လည်း ယခုကာလတွင် အခြားလိုအပ်ချက်များက ပိုမို အရေးကြီးနိုင် သည်။ အထူးသဖြင့် မြို့ပြနေလူထုများတွင် မြို့ကိုပိတ်ချလိုက်ပါက သောက်သုံးရေ သို့မဟုတ် ချက်ပြုတ်လောင်စာကဲ့သို့သော အခြား မရှိမဖြစ် လိုအပ်ချက်များ ရှိနေနိုင် ပါသေးသည်။ ရန်ကုန်မြို့ပြရှိ ဒေသများတွင် အစားအစာ မဟုတ်သော သုံးစွဲရမှုသည် ၃၀ ရာခိုင်နှုန်းအထိ ရှိနေတတ်ပါသည်။

နောက်ဆုံး တင်ပြလိုသော အရေးကြီးနိုင်မည့် အချက်တရပ်မှာ ယခု အစီအစဉ်ကို ဖြည်းဖြည်းချင်း အဆင့်မြှင့်တင်လျက် အစိုးရဌာနများက ယခင်က ဆောင်ရွက်ခဲ့ကြ သော ငွေသားအခြေပြု ချဉ်းကပ်မှုများဖြင့် ပေါင်းစပ် တိုးချဲ့သွားသင့်ပါသည်။ ပြီးခဲ့ သည့် ၂၀၁၅ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ရေကြီးရေလျှံခြင်းနှင့် မြေပြိုခြင်း ကပ်ဘေး ကျရောက်စဉ် ကာလအတွင်းက လူမှု ဝန်ထမ်းဦးစီးဌာနက ဘေးဒဏ်သင့်ဒေသရှိ ထိခိုက်လွယ်သော လူထုများအတွက် အရေးပေါ် ငွေသားထောက်ပံ့ပေးမှုများ ဆောင် ရွက်ပေးခဲ့ဖူးပါသည်။ နောက်ပိုင်းတွင်လည်း မန္တလေးတိုင်းဒေသကြီး၌ ပင်စင် ထောက် ပံ့ပေးမှုအတွက် အီလက်ထရောနစ် ငွေလွှဲပြောင်း ထောက်ပံ့မှုစနစ်ကို အောင်မြင်စွာ အသုံးပြုနေပါသည်။ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်း ဒေသကြီးတို့တွင်လည်း အာဟာရဆိုင်ရာ အမူအကျင့်များ တိုးတက် ကောင်းမွန်စေရေးအတွက် မက်လုံးပေး တိုက်တွန်းချက်ဖြင့် ငွေသား လွှဲပြောင်းထောက်ပံ့ပေးခြင်းကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်။ အလားတူပင် လူမှု ဖူလုံရေးအဖွဲ့ကလည်း အာမခံထားရှိသော လုပ်သားများ၏ ကျန်းမာရေးခံစားခွင့်များ လွှဲပြောင်းလျော်ကြေးပေးနိုင်ရန် Wave money နှင့် စမ်း သပ် စီမံကိန်းတခုကို မကြာသေးမီက လက်မှတ်ရေးထိုး ဆောင်ရွက်ခဲ့ပါသည်။ နိုင်ငံ တကာ အသိုင်းအဝိုင်းအတွင်းရှိ လူသားချင်း စာနာမှုဆိုင်ရာ အရေးပေါ် အကူအညီပေးမှု မိုဒယ်နည်းလမ်းများနှင့် ပတ်သက်၍ ပြန်လည်သုံးသပ် လေ့လာမှုပေါင်း ၄,ဝ၀ဝ ကျော်အပေါ် သုတေသန သုံးသပ်ချက် ပြုခဲ့ရာတွင် ငွေသားအခြေပြု ချဉ်းကပ်နည်း များသည် သမားရိုးကျ ရိက္ခာဖြန့်ဖြူးခြင်း နည်းများထက် ပို၍ ထိရောက်သည်ဟု တွေ့ရှိခဲ့ရပါသည်။ (၄)

COVID-19 ကူးစက်ပြန့်ပွားမှု ကပ်ဘေးအခြေ အနေတွင် ငွေသားအခြေပြု ချဉ်းကပ်မှုကြောင့် စီးပွားရေးအရ အပြုသဘော ဆတိုးသက်ရောက်မှု (positive economic multiplier effects) ရလဒ် များသည်လည်း အလွန် အရေးကြီးပါသည်။ ငွေ သား ထောက်ပံ့ပေးမှုသည် ဆင်းရဲသူများထံသို့သာ ရောက်ရှိနိုင်သော်လည်း၊ သူတို့က ပြန်လည် အသုံး ပြုကြသောကြောင့် နောက်တဆင့် ရုန်းကန်နေရ သော အငယ်စား မိုက္ကရိုနှင့် အသေးစား စီးပွားရေး လုပ်ငန်းများအတွက် သွယ်ဝိုက်၍ အကျိုးရှိစေပါ သည်။ သံသယရှိရန် မလိုအပ်သောအချက်မှာ ငွေ သား အခြေပြု ထောက်ပံ့ပေးမှုသည် စားနပ်ရိက္ခာ ဖြန့်ဖြူးခြင်းထက် ပို၍ထိရောက်ပြီး ယင်းထက် အရေးကြီးသည်မှာ လုပ်အား အသုံးပြုရမှုလည်း နည်းပါးခြင်းပင် ဖြစ်သည်။ COVID-19 ကပ်ဘေးကို တုံ့ပြန်မှု၏ ထူးခြားသော လိုအပ်ချက်များအတွက်    ထိရောက်နိုင်မည့် မဟာဗျူဟာလည်း ဖြစ်ပါသည်။ မိုဘိုင်းငွေကြေးနှင့် အီလက်ထရွန်နစ် ဘောက်ချာ များကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဖြူးပေးရန်နှင့် လက်ရှိအစီအစဉ်နှင့် ပစ်မှတ်ထားသည့် နောက် အဆင့်ဆင့် ဖြန့်ဝေမှုများကို တိုးချဲ့နိုင်ရန် နည်း ပညာ အသစ်များကိုလည်း ချမှတ်ကျင့်သုံးနိုင် ပါသည်။ ဖြစ်နိုင်သည့်အခါတိုင်းတွင် အကူအညီ ပေးရေး အစီအစဉ်များသည် အကျိုးခံစားခွင့်ရှိသူ များအတွက် ပြည်သှူကျန်းမာရေး အစီအစဉ်များအတိုင်း လိုက်နာရန် မက်လုံးများ ထည့်သွင်း၍ ဒီဇိုင်းရေးဆွဲ ဆောင်ရွက်သင့်ပါသည်။ လူမှုရေးအရ ခပ်ခွာခွာနေရေး တကိုယ်ရေသန့်ရှင်းမှု ကိစ္စများအတွက် တောင်းဆိုချက်များကိုလည်း စဉ်းစား ထည့် သွင်းရပါမည်။ ဤသို့သော အနုနည်းချဉ်းကပ်မှုသည်သာ ရဲများနှင့် လုံခြုံရေးချ တင်းကျပ်ခြင်း၊ မြို့ပြ ပိတ်ဆို့စည်းကြပ်ရခြင်း စသည့် အကြမ်းပတမ်း ကိုင်တွယ်ဖြေ ရှင်းရခြင်းထက်စာလျှင် အခြားရွေးချယ်စရာ နည်းလမ်းတခု ဖြစ်ပါသည်။

များမကြာသေးမီက COVID-19 ကပ်ဘေးကြောင့် အလုပ်လက်မဲ့ ထောင်နှင့်ချီ၍ ဖြစ်ခဲ့ရသော မြန်မာ့ အထည်ချုပ်လုပ်သား များအတွက် ဥရောပသမဂ္ဂ၏ ကူညီပံ့ပိုးမှုသည် နိုင်ငံတကာ အကူအညီပေးရေး အစီ အစဉ်များနှင့် ဒေသခံတို့အကြား မည်သို့မည်ပုံ ပေါင်းစပ်ဆောင်ရွက်နိုင်မည်ကိုပြသည့် မိုဒယ်ပုံစံကောင်းတခု ဖြစ်ပါသည်။ ဥရောပသမဂ္ဂ၏ အကူအညီများသည် အလုပ်အထုတ်ခံရခြင်းနှင့် လုပ်သားများဘဝ ကမောက်ကမ ဖြစ်ရခြင်းများအတွက် ကာမိ သည့် လက်ငင်းအကူအညီအဖြစ် လွှမ်းခြုံနိုင်သော်လည်း ရန်ကုန်မြို့ ဆင်ခြေဖုံးရှိ စက်မှုဇုန်များအတွင်း အခြေချ နေထိုင်နိုင်နေကြဦးမည့် ပြည်တွင်း ရွှေ့ပြောင်း အလုပ် သမား မိသားစုများစွာတို့၏ စိန်ခေါ်မှုများကို ဖြေရှင်းပေးရေးအတွက်မှာမူ အစိုးရ၏ အခြား လူမှုကယ်ဆယ်ရေးပံ့ပိုးမှုများ လိုအပ်ပါလိမ့်မည်။

ရန်ကုန်မြို့တွင် ရပ်ရွာလူထုအတွင်း ကူးစက်ပြန့်ပွားသည့်လက္ခဏာ တိုးများလာ သည်နှင့်အမျှ ဖြစ်လာတော့မည့် ကျန်းမာရေးကပ်ဘေးသည် နိုင်ငံတော်၏ဘတ်ဂျက် ရင်းမြစ်အများစုကို အရေးပေါ်ကျန်းမာရေး အစီအစဉ်များအတွက် ဦးစားပေး သုံးစွဲရ တော့မည်ဖြစ်သည်။ ထိုအခါ အစိုးရက ပြည်သှူကျန်းမာရေး အထောက်အပံ့များ အတွက်သာမက လူမှုရေး အထောက်အပံ့များအား ပေးဆောင်နိုင်ရန် နိုင်ငံတကာ အကူအညီများကို တောင်းခံဖို့ ဖြစ်လာပေမည်။ များမကြာသေးမီက COVID-19 ကပ်ဘေးကြောင့် အလုပ်လက်မဲ့ ထောင်နှင့်ချီ၍ ဖြစ်ခဲ့ရသော မြန်မာ့ အထည်ချုပ်လုပ်သား များအတွက် ဥရောပသမဂ္ဂ၏ ကူညီပံ့ပိုးမှုသည် နိုင်ငံတကာ အကူအညီပေးရေး အစီ အစဉ်များနှင့် ဒေသခံတို့အကြား မည်သို့မည်ပုံ ပေါင်းစပ်ဆောင်ရွက်နိုင်မည်ကိုပြသည့် မိုဒယ်ပုံစံကောင်းတခု ဖြစ်ပါသည်။ ဥရောပသမဂ္ဂ၏ အကူအညီများသည် အလုပ်အထုတ်ခံရခြင်းနှင့် လုပ်သားများဘဝ ကမောက်ကမ ဖြစ်ရခြင်းများအတွက် ကာမိ သည့် လက်ငင်းအကူအညီအဖြစ် လွှမ်းခြုံနိုင်သော်လည်း ရန်ကုန်မြို့ ဆင်ခြေဖုံးရှိ စက်မှုဇုန်များအတွင်း အခြေချ နေထိုင်နိုင်နေကြဦးမည့် ပြည်တွင်း ရွှေ့ပြောင်း အလုပ် သမား မိသားစုများစွာတို့၏ စိန်ခေါ်မှုများကို ဖြေရှင်းပေးရေးအတွက်မှာမူ အစိုးရ၏ အခြား လူမှုကယ်ဆယ်ရေးပံ့ပိုးမှုများ လိုအပ်ပါလိမ့်မည်။ ထိုအခါ နိုင်ငံတကာ အထောက်အပံ့ အစီအစဉ်များနှင့် အံဝင်ခွင်ကျဖြစ်နိုင်ရေးအတွက် နိုင်ငံတော်၏ ပံ့ပိုး ရေးအစီအစဉ်များကိုလည်း စနစ်တကျ ပြင်ဆင်သင့်ပါသည်။ ဥပမာအားဖြင့် လူမှု ဖူလုံရေး ဘုတ်အဖွဲ့နှင့် ဒေသဆိုင်ရာ အစိုးရတို့က လူမှုကာကွယ်စောင့်ရှောက်ရေး ထပ်မံပံ့ပိုးမှုများကို ဥရောပသမဂ္ဂ ထောက်ပံ့မှု အစီအစဉ်နှင့်အတူ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်သွားရန် လိုအပ်မည် ဖြစ်ပါသည်။ ခန့်မှန်းတွက်ချက်မှုအရ အမျိုးသမီး အများစုဖြစ်သော ရွှေ့ပြောင်းအလုပ်သမား ၇၀ဝ,ဝ၀ဝ က နိုင်ငံ၏ ကျန်ဒေသ အသီး သီးတွင် ရှိနေကြသော မှီခိုသူ သူတို့၏မိသားစုများအတွက် ဝင်ငွေ ရှာဖွေပေးနေကြပါ သည်။ ယင်းသည် မြန်မာနိုင်ငံတွင် နှစ်အနည်းငယ်အတွင်း အအောင်မြင်ဆုံး ဝင်ငွေ ရှာဖွေမှုပုံစံလည်း ဖြစ်ပါသည်။ ထိုသူများကို ငွေသား ဆက်လက် ထောက်ပံ့ထားရေး အာမခံချက်သာရှိပါက မြို့ပြကိုပိတ်ဆို့ထားသော ကာလအတွင်း၌မှာပင် (အကျယ် အပြန့် ဆက်လက် ကူးစက်ပြန့်ပွားမှု မဖြစ်စေဘဲ) ဆက်လက်နေထိုင်၍ ဖြစ်နိုင်ပါမည်။ ထိုအခါ ယင်းအလုပ်သမားများ နောက်ထပ် ကျွမ်းကျင်မှုအသစ်များကို စောင့်ဆိုင်းစဉ် ကာလအတွင်း လေ့လာဆည်းပူးရန်လည်း အပိုဆောင်းဖြည့်ဆည်း ကူညီပေးနိုင်ပါ သေးသည်။ သို့မှသာ COVID-19 ကပ်ဘေးအလွန် ပြန်လည် ထူထောင်ရေးကာလတွင် အလုပ်အကိုင်သစ်များ ရှာဖွေရန်နှင့် အလုပ်သစ်များ လမ်းထွင်ဆောင်ရွက်ရန် ထိုသူ များ၏လုပ်အားကို အထောက်အကူပြုပေးနိုင်မည် ဖြစ်ပါ သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က COVID-19 ကူးစက်မှုဘေး၏ ကြိုတင်ခန့်မှန်း မထားနိုင်သော ထိခိုက်သက်ရောက်မှုများအပေါ် တနိုင်ငံလုံးအား သတိပေးခဲ့သည့် အတိုင်း ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးတွင်လည်း ၎င်းတို့၏ နိုင်ငံသားများကို ထောက်ပံ့ ပေးနိုင်ရေးအတွက် ကိုက်ညီသော အရေးပေါ်တုံ့ပြန်မှုများကို ရုန်းကန် ကြိုးပမ်းနေကြ ပါသည်။ ဤကူးစက်ရောဂါကြီးအား ပြည်သူများ အတူတကွတွန်းလှန်ရန် ညီညွတ်မှုကို ဖြစ်စေပါသည်။ ကူးစက်မှု ကာကွယ်ထိန်းချုပ်ရေး ရှေ့တန်းတွင် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင် လျက်ရှိသည့် သူရဲကောင်း ကျန်းမာရေးလုပ်သားများ၊ စေတနာ့ဝန်ထမ်းများနှင့် အစိုး ရဝန်ထမ်းများ၏ အနစ်နာခံမှုကို အသိအမှတ်ပြုသောအားဖြင့် ဤအကျပ်အတည်းကို အတူတကွ ရင်ဆိုင်တုံ့ပြန်ကြရန်၊ ကျန်ရှိသူများအကြား ညီညွတ်မှုပြသရန် လိုအပ် လျက်ရှိပါသည်။ ဤအကျပ်အတည်းကြောင့် ရရှိပြီးသား နိုင်ငံ၏  စီးပွားရေး ရင်းမြစ် များစွာကို ပေးဆပ်လိုက်ရပြီးဖြစ်သည်။ လှူအဖွဲ့အစည်းအပေါ် တစုံလုံး ထိခိုက်သက် ရောက်နိုင်မှု အတိုင်းအဆကို မသိရှိကြရသေးပါ။ ဤသို့လျှင် အစိုးရ၏ တုံ့ပြန်မှုများ သည် နိုင်ငံတဝန်းရှိ ရပ်ရွာပြည်သူများအတွင်း မယိုင်လဲသေးသည့် လူမှုအရင်းအမြစ် များကို အားဖြည့်ပေးရန် လိုအပ်နေပြီး ယင်းသည် နိုင်ငံအတွက် တခုတည်းသော ကျန်ရှိနေမည့် နိုင်ငံအရင်းအမြစ်များသာဖြစ်ရာ ချည့်နဲ့မသွားရန် သတိထားဆောင် ရွက်သင့်ပါသည်။

(၁)  Jason Furman, “The Case for a Big Coronavirus Stimulus,” Wall Street Journal, 5 March 2020. Jason Furman of Harvard University is the former Chairman of the Council of Economic Advisors under Obama Administration.

(၂)  Adiga, A. et al. “Disparities in spread and control of influenza in slums of Delhi: findings from an agent-based modelling study,” British Medical Journal (BMJ). 8(1): 2018. Accessed at 10.1136/bmjopen-2017-017353.

(၃) Central Statistical Organization. “Myanmar Living Conditions Survey 2017,” Nay Pyi Taw, February 2020. p.113.

(၄) Doocy, S. and Tappis, H. “Cash-based approaches in humanitarian emergencies: a systematic review,” Campbell Collaboration, International Development Coordination Group. December 2017.

(ဒေါက်တာဇော်ဦး၏ သုံးသပ်ချက်ဆောင်းပါးကို အောင်သူငြိမ်းက မြန်မာဘာသာသို့ ပြန်ဆိုပါသည်)

ဒေါက်တာဇော်ဦး ပေးပို့သည့် မူရင်း (အင်္ဂလိပ်ဘာသာ) ဆောင်းပါးမှာ အောက်ပါအတိုင်း ဖြစ်သည်။

 

Making good intentions into better outcomes

Zaw Oo
11 April 2020

Last Thursday, State Counsellor announced that a historic programme of distributing food supplies would be launched to benefit the “citizens of the basic strata of society who don’t have regular income.” She also mentioned that the programme is unprecedented in the country, as the previous crises dealt with only part of the countries affected by the natural disasters.  The program aimed to provide essential food items such as rice, cooking oil, salt and pulses to the poor for ten days of traditional new year celebrations during which the government asked people to stay home. The distributions began immediately on April 10 in many cities across the country where chief ministers and members of parliaments from the ruling party took charge of distributing the assistance. Impressive shows of good will around the country is an undoubted proof of “saytana” (good intent) of the programme. Now is time to follow through the program to ensure that the programme meets the real needs of people and produces better outcomes. Moreover, the government needs to develop more comprehensive assistance programs given the rapidly progressing Covid-19 pandemic in the country.

Within a day, there were several unintended consequences of the programme, and the State Counsellor had to warn the Chief Ministers to strictly follow social distancing guidelines while dispensing the assistance.  Several photos of packing, sorting, weighing and handling food rations showed that the delivery mechanism is highly labour-intensive while long lines of beneficiaries receiving the packages clearly breached the social distancing guidelines.  Although food assistance was meant to help the poor stay at their homes, the faulty delivery mechanism brought out crowding around the distribution sites and defeated the original purpose of public health measures.  In addition there are many practicalities of implementing the programme, which may require further modification in the next rounds of government assistance.

First, the programme needs to define the poor universally and technically across the population if it really wants to target them. If targeting is not an important policy goal, then it should give anyone who needs the assistance.  As it turns out, each state and region came up with local definitions of the poor while elected officials, not technical agencies, administratively deciding who is eligible or not.  In one region, any farmers who own productive assets and happen to experience good harvests or any households who happen to receive remittances from overseas are not eligible to receive the assistance.  In another region, the poor is solely defined in terms of occupation, which also includes some odd professions such as “golf caddies.”  The government may consider using poverty lines such as the international poverty line at USD 1.90 per day or a lower middle-income class poverty line at USD 3.20. The latter is close to the minimum wage of the country at 4,800 kyat per day.   The proliferation of definitions can make the programme harder to identify the beneficiaries, let alone targeting the most vulnerable effectively.   Under Covid-19 crisis, the new rule for public assistance is “to do too much rather than too little, and do not fear duplication or unintended ‘winners’ in the response.”[1]

Second, the programme should have taken more time in engaging with the affected communities to ensure that distributed goods reach the intended population while minimizing possibility of social tensions within a community. For the sake of speedy distribution, the current program seemed to have assigned elected officials at the helm of targeting beneficiaries. There was no time to organize local buy-ins and feed-back mechanisms to address complaints and appeals.   As a result, the poor neighborhoods may bear misunderstandings and resentments, further splitting more powerful community members from politically un-connected ones.  To avoid these unintended consequences, the government may fall back upon the existing social protection porgrammes already implemented by a wide range of government agencies as well as international and local aid organisations, which have a good deal of local knowledge and can be scaled up under joint governance mechanisms with elected community leaders.  Many studies showed that community resilience is the most important factor for the success of any humanitarian intervention, effective community engagement will be key for the next rounds.

Third, the programme should have focused more on the urban poor whose livelihoods and income opportunities were abruptly affected by closures and lockdowns. While the poorer segments of the populations will be more affected by the pandemic, not all poor populations are affected equally.  The urban poor living in large densely populated megacities are most vulnerable to the spread of Covid-19.  These populations also participate in the informal economy and the lockdowns will largely wipe out their sources of income once the virus spread to their communities.  At this initial stage, the programme is set to have nationwide coverage although the risk of community transmission and vulnerabilities of communities are not equal across the country.  Infectious disease spread quickly among the population with inadequate access to safe water and sanitation, poor housing and overcrowding conditions.  The Ebola epidemic in Western Africa in 2014 showed large and densely populated urban slums were more vulnerable than rural areas.   A recent study in India suggested that “slums sustain greater infection rates than non-slums under all intervention scenarios, sometimes by as much as 44%.”[2] According to the latest statistics of Myanmar Living Conditions Survey published last February,[3] there are as many as 11.7 percent of households in Myanmar, who depended only on non-agriculture labour as the single source of income. Under the current circumstances, their incomes are mostly disrupted by the virus.  Based upon proper risk management strategy, the programme should roll out in phases, starting with the most vulnerable populations then moving to the lesser regions.

Finally, the programme may consider combination of different assistance modalities.  Traditional humanitarian assistance was usually delivered in the form of in-kind goods in Myanmar; therefore, the current programme focused mainly on essential food items.   A directive of the government also revealed that responsible state and region governments should absorb all the logistic costs from transporting food items from surplus to deficit areas, adding extra costs to distribute equally across the regions.  The government has already assured that Myanmar economy is aflush with surplus agriculture supplies thanks to lower demand from international buyers; therefore, the vulnerable populations are not necessarily facing food security challenges.  Instead, these populations may need other essential items such as drinking water or cooking fuel particularly among poor urban households under lockdown situations.    Non-food consumption in urban centres are as high as 30 percent in Yangon.

Last but not the least, the programme should gradually integrate and scale up cash-based approaches that some government agencies have already done in the past.   During the last major disaster of floods and landslides in 2015, the Department of Social Welfare has developed emergency cash transfer to vulnerable populations in the disaster-affected areas.  Later, it has successfully developed electronic cash transfers for social pension delivery in Mandalay region as well as conditional cash transfer to improve nutrition behaviors in Shan State and Ayeyarwady region.  Likewise, the Social Security Board has recently signed up a pilot project with Wavemoney to compensate medical benefits to the insured workers.    A recent international review of over 4,000 studies on assistance modalities in humanitarian emergencies suggest that cash-based approaches are much more effective than traditional in-kind food distribution.[4]

Under the Covid-19 circumstances, positive economic multiplier effects of cash-based approaches are very important.  While the cash transfer reaches out only the poor, their spending can indirectly benefit the next tiers of micro- and small enterprises that are also struggling under the Covid-19 crisis.  No doubt, cash-based approaches are more cost-efficient than food distribution and more importantly, they are less labour intensive – a perfect response strategy under Covid-19.  New technologies can be adopted here to facilitate mobile money and electronic vouchers to disseminate widely and scale up the current programme for targeted and phased deliveries. Whenever possible the assistance program should design incentives for the beneficiaries to follow strict public health measures by adding elements of conditionality in terms of social distancing and personal hygiene.   These approaches can be better alternatives to heavy-handed, securitized policing efforts to enforce lockdowns.

With growing signs of community transmission in Yangon, the impending health disaster will take a large chunk of budgetary resources to emergency health programmes.   Then, the government response should embrace international assistance programs to channel not just public health support but also social assistance deliveries.   The recent initiative of European Union to support thousands of Myanmar garment workers who have lost their jobs due to the Covid-19 pandemic can be a model for synchronizing local response to international aid programs.   While EU assistance will cover the immediate effects of layoffs and disruptions, the ongoing challenges of these migrant workers settling in peri-urban industrial zones in Yangon needs additional social protection support from government counterparts such as the Social Security Board as well as the regional government.  It is estimated that 700,000 predominantly female migrant workers are making the most successful story of generating incomes for their dependent families from various regions of the country. A guaranteed support of cash assistance will make them stay put under the lockdown period (without triggering widespread community transmissions) and any complimentary support schemes can enable them to learn a new skill or to find a new job in the post-Covid-19 recovery period.

As the State Counsellor reminded us about the unprecedented impact of Covid-19, every country on earth is struggling to develop and design a matching emergency response to support their citizens.  The pandemic has brought people together to fight against it. Admirable show of heroism among health care workers, volunteers and civil servants call for a moment of unity to learn together to respond better to the crisis.  The crisis has already taken away much of the country’s economic capital, and the total impact on the society is still unknown. The government response needs to strengthen the remaining social capital within the communities across the country, not wear it down.

 

[1] Jason Furman, “The Case for a Big Coronavirus Stimulus,” Wall Street Journal, 5 March 2020. Jason Furman of Harvard University is the former Chairman of the Council of Economic Advisors under Obama Administration.
[2] Adiga, A. et al. “Disparities in spread and control of influenza in slums of Delhi: findings from an agent-based modelling study,” British Medical Journal (BMJ). 8(1): 2018.  Accessed at 10.1136/bmjopen-2017-017353.
[3] Central Statistical Organization. “Myanmar Living Conditions Survey 2017,” Nay Pyi Taw, February 2020. p.113.
[4] Doocy, S. and Tappis, H. “Cash-based approaches in humanitarian emergencies: a systematic review,” Campbell Collaboration, International Development Coordination Group. December 2017.

Dr Zaw Oo

ဒေါက်တာဇော်ဦးသည် Centre for Economic and Social Development ၏ အမှုဆောင်ဒါရိုက်တာ ဖြစ်ပါသည်။

Related article
ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနှင့်  လော့ခ်ဒေါင်းမှတ်စု  (လော့ခ်ဒေါင်းနှင့်အတူနေထိုင်ခြင်း)

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနှင့် လော့ခ်ဒေါင်းမှတ်စု (လော့ခ်ဒေါင်းနှင့်အတူနေထိုင်ခြင်း)

လော့ခ်ဒေါင်းချ ဆောင်ရွက်တဲ့ အခါမှာ ဆင်းရဲတဲ့အိမ်ထောင်စုတွေ၊ အလုပ်အကိုင် ဆုံးရှုံးသွားသူတွေ၊ ချို့တဲ့အားနည်းတဲ့ လူတွေအတွက်လည်း အဓိကစဉ်းစားပေးပြီး ကုစားရေး…

တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ကာကွယ်ဆေး သံတမန်လှုပ်ရှားမှုနှင့် မြန်မာနိုင်ငံအတွက် အလားအလာ

တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ကာကွယ်ဆေး သံတမန်လှုပ်ရှားမှုနှင့် မြန်မာနိုင်ငံအတွက် အလားအလာ

တရုတ်နိုင်ငံဟာ ကာကွယ်ဆေးကို အများကောင်းကျိုးအဖြစ် အသုံးပြုမယ်၊ မြန်မာနိုင်ငံစတဲ့ မိတ်ဖက်နိုင်ငံတွေကို ဦးစားပေးဖြန့်ဝေမယ် ဆိုတာဟာ စေတနာကောင်းရင်တောင် လက်တွေ့…

ကိုဗစ်-၁၉ကပ်ရောဂါနှင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ဒီမိုကရေစီစံနှုန်း

ကိုဗစ်-၁၉ကပ်ရောဂါနှင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ဒီမိုကရေစီစံနှုန်း

ကိုဗစ်-၁၉ ကပ်ရောဂါကာလလို အကျပ်အတည်း ကာလမျိုးမှာ "ရွေးကောက်ပွဲဖြစ်စဉ်တခုလုံးကို တန်းတူညီမျှစွာ ပါဝင်ဆောင်ရွက်ခွင့်"ဆိုတဲ့ ရွေးကောက်ပွဲတွေရဲ့ အခြေခံကျတဲ့ ဒီမိုကရေစီစံနှုန်းကို…

Discussion about this post

Leave a Reply

Your email address will not be published. Required fields are marked *

Type your search keyword, and press enter to search