စီးပွားရေးကဏ္ဍ စောင့်ကြည့်ရမည့် အရေးကြီးဖြစ်စဉ်များ
ကမ္ဘာဘဏ် အစီရင်ခံစာ Myanmar Economic Monitor (မြန်မာ့စီးပွားရေး စောင့်ကြည့်လေ့လာမှု အစီရင်ခံစာ) အဖြစ် ၂၀၂၀…
မေလ ၁ ရက်နေ့တွင် ဖြန့်ချိခဲ့သော ISP-Myanmar ၏ COVID-19 Special series ဒုတိယမြောက်စာအုပ်မှ စတင်၍ စီးပွား ရေးကဏ္ဍ စောင့်ကြည့်ရမည့် အရေးကြီးဖြစ်စဉ်များကို မှတ်တမ်းတင် ဖော်ပြခဲ့ပါသည်။ ယခုစာအုပ်တွင်လည်း ထူးခြားချက်များကို ဆက်လက်၍ စုစည်းဖော်ပြအပ်ပါသည်။
စီးပွားရေးအရ ကြံ့ကြံ့ခံနိုင်စွမ်း (Economic resiliency)
မြန်မာအစိုးရ၏ စီးပွားရေးကုစားမှု အစီအစဉ် (COVID-19 Economic Relief Plan- CERP)
ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြား စီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန၏ ဝန်ကြီး ဦးသောင်းထွန်း ဦးဆောင်၍ အခြားဝန်ကြီးဌာနများ ပါဝင်သော ကိုဗစ်-၁၉ ရောဂါကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီကို မတ်လ ၁၃ ရက်တွင် ဖွဲ့စည်းခဲ့ပြီး၊ ထိခိုက်သည့် စီးပွားရေး လုပ်ငန်းများအတွက် ကျပ်ဘီလီယံ ၁၀၀ (အမေရိကန်ဒေါ်လာ သန်း ၆၄ ခန့်) အား စတင် ထုတ်ချေးခဲ့သည်။
မြန်မာအစိုးရက ဧပြီလ ၂၇ ရက်တွင် COVID-19 ကူးစက်ဘေးကြောင့် သက်ရောက်မှုများအပေါ် စီးပွားရေး ကုစားမှု အစီအစဉ်ကို ထုတ်ပြန် ကြေညာခဲ့သည်။ ယင်းတွင် ရည်မှန်းချက် ခုနစ်ခု၊ မဟာဗျူဟာ ၁၀ ခု၊ ဆောင်ရွက်မည့် အစီအစဉ် ၃၆ ခု၊ ဆောင်ရွက်နေတဲ့ အစီအစဉ် ၇၆ ခု ပါဝင်သည်။ လက်ငင်းနှင့် ၂၀၂၀ ခုနှစ် အကုန်အထိ ဆောင်ရွက်ရန် အစီအစဉ်များကို ဖော်ပြထားသည်။ ယင်းအစီအစဉ်၏ ရန်ပုံငွေဖြည့်ဆည်းရန် ကြိုးပမ်းမှု တခုအနေဖြင့် ၂၀၁၉-၂၀၂၀ အစိုးရဘတ်ဂျက်မှ ဝန်ကြီးဌာန အသုံးစရိတ်များ၏ ၁၀ ရာခိုင်နှုန်းကို ဖြတ်တောက်၍ အသုံးပြုရန် ဆုံးဖြတ်ခဲ့သည်။ ၂၀၂၀ ခုနှစ် မေလတွင် နောက်ထပ် စီးပွားရေး လှုံ့ဆော်မှု အသုံးငွေ အမေရိကန်ဒေါ်လာ ၂-၃ ဘီလီယံခန့် စတင်သုံးစွဲမည်ဟု ယူဆသည်။ ၂၀၂၀ ခုနှစ် နိုဝင်ဘာလတွင် ရွေးကောက်ပွဲကျင်းပရန်ရှိရာ ဤအသုံးစရိတ်ကို နိုဝင်ဘာလ မတိုင်မီတွင် သုံးမည်ဟု The Economist Intelligence Unit (EIU) က ခန့်မှန်း ဖော်ပြသည်။
COVID-19 ကူးစက်ဘေးကြောင့် လူမှုစီးပွားရေးဆိုင်ရာ သက်ရောက်မှုများကို ကုစားရေး နိုင်ငံတကာချေးငွေများ မြင့်မားလာ နိုင်ခြင်း
အစိုးရ၏ COVID-19 စီးပွားရေးကုစားမှု အစီအစဉ်အတွက် နိုင်ငံတကာ ဖွံ့ဖြိုးရေး အဖွဲ့အစည်းများထံမှ အမေရိကန်ဒေါ်လာ ၂ ဘီလီယံခန့် ရရှိမည်ဟု မျှော်လင့်ထားကြောင်း အာဏာပိုင်များက ပြောဆိုခဲ့သည်။ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒု-ဝန်ကြီး ဦးဆက်အောင်က Facebook တွင် ရေးသားရာ၌ နိုင်ငံတကာအဖွဲ့အစည်းများကို ဖော်ပြထားခြင်း မရှိပေ။ သူက ဖော်ပြရာတွင် မြန်မာနိုင်ငံ၏ ချေးငွေနှင့် GDP အချိုးမှာ ၁၅ ရာခိုင်နှုန်းအောက်သာ ရှိသေးသောကြောင့်၊ အတိုးနည်းချေးငွေ များ ရယူသင့်သည်ဟု ဆိုသည်။
သတင်းများအရ-
(၁) IMF ထံမှ Rapid Credit Facility (RCF) နှင့် Rapid Financing Instrument (RFI) အတွက် အမေရိကန်ဒေါ်လာ သန်း ၇၀၀
(၂) အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ထံမှ မြန်မာနိုင်ငံ၏ အသေးစားနှင့်အလတ်စား စက်မှုလုပ်ငန်းများဖွံဖြိုးတိုးတက်ရေးအတွက် ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၆၀
(၃) ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ထံမှ CERP အစီအစဉ်အတွက် လိုအပ်သည့် အရင်းအမြစ်များ ဖြည့်ဆည်းရန် ချေးငွေ ဂျပန်ယန်း ဘီလျံ ၃၀
(၄) ကမ္ဘာ့ဘဏ်၏ Fast Track COVID 19 Facility ခေါင်းစဉ်အောက်မှ ကျန်းမာရေးဆိုင်ရာ တုံပြန်မှုအရေးပေါ်စီမံချက် လုပ်ငန်းအတွက် ချေးငွေ အမေရိကန် ဒေါ်လာ သန်း ၅၀
(၅) ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (KOICA) မှ ဖွံ့ဖြိုးရေး ချေးငွေ ဒေါ်လာ သန်း ၂၀
(၆) လူဝင်မှုကြီးကြပ်ရေး Unique ID စနစ်၊ အီး-အစိုးရ၊ ဒစ်ဂျစ်တယ်စနစ်များ တည်ဆောက်ရန် ဩစတြီးယားနိုင်ငံမှ ယူရို ၃၃ သန်းချေးယူရန် ပြည်ထောင်စုလွှတ်တော် ၁၆ ကြိမ်မြောက် ပုံမှန်အစည်းအဝေးသို့ တင်ပြခဲ့သည်။ မြန်မာနိုင်ငံ၏ ချေးငွေများ မြင့်တက်လာမည် ဖြစ်သည်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားချေးငွေ ၂၂၁၃ ဒသမ ၃၃၅ ဘီလီယံနှင့် အများဆုံးဖြင့် ချေးငွေ စံချိန်တင်ထားသည်။ ၂၀၁၉ ခုနှစ်ဇွန်လ ၃၀ ရက်နေ့အထိ ပြည်ပကြွေးမြီလက်ကျန်အဖြစ် အမေရိကန်ဒေါ်လာ ၁၀၁၄၅ ဒသမ ၅ သန်း (၁၀ ဘီလီယံကျော်) ရှိနေသည်။
ငွေကြေးမူဝါဒ
မြန်မာနိုင်ငံတော် ဗဟိုဘဏ်က မျှော်လင့်မထားဘဲ မူဝါဒအရ ငွေတိုးနှုန်း (Key policy interest rate) ကို မတ်လ ၁၂ ရက် တွင် ၀ ဒသမ ၅ ရာခိုင်နှုန်းနှင့် မတ်လ ၂၅ ရက်တွင် နောက်ထပ် ၁ ရာခိုင်နှုန်း ထပ်မံ လျှော့ချခဲ့သည်။ EIU ၏ မေလ ၁၄ အစီရင်ခံစာတွင် နောက်ဆုံး လျှော့ချထားသည့်နှုန်း ၇ ရာခိုင်နှုန်း အတိုင်း ယခုနှစ်ကုန် အထိ ဆက်လက်ရှိနေမည်ဟု ခန့်မှန်းထားသည်။ ၂၀၁၂ ခုနှစ်တွင် တကြိမ် လျှော့ချခဲ့ရာမှ ယခု COVID-19 ကပ်ဘေးကာလတွင် လျှော့ချမှု စတင်ခြင်း ဖြစ်သည်။ ထို့အပြင် ငွေပေါ်လွယ်ရေးအတွက် ဘဏ်တွင် အပ်နှံထားရမည့် အနိမ့်ဆုံးနှုန်းထား (Bank deposit rate) ကို ၇ ဒသမ ၅ ရာခိုင်နှုန်းမှ ၆ ဒသမ ၅ ရာခိုင်နှုန်းသို့ လျှော့ချပေးခဲ့သည်။ မိုဘိုင်း ဘဏ်စနစ် ကန့်သတ်ထားမှုကို လျှော့ချပေးခဲ့ပြီး၊ ဒစ်ဂျစ်တယ် ဘဏ်စနစ်အတွက် ပလက်ဖောင်းကို တွန်းအားပေးမြှင့် တင်သွားမည်ဟု ဆိုသည်။
ဘတ်ဂျက်မူဝါဒ
အစိုးရက စီးပွားရေး လှုံ့ဆော်မှု နှင့် COVID-19 ထိန်းချုပ်ရေးအတွက် ဘတ်ဂျက်ကို ပို၍ သုံးစွဲမည် ဖြစ်သည်။ EIU ၏မေလ ၁၄ အစီရင်ခံစာအရ ဘတ်ဂျက်လိုငွေပြမှုသည် GDP နှင့် နှိုင်းယှဉ်လျှင် ၂၀၁၉-၂၀၂၀ နှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာ နှစ်များတွင် (Budget Deficit to GDP ratio) ၆ ဒသမ ၉ ရာခိုင်နှုန်းနှင့် ၅ ဒသမ ၇ ရာခိုင်နှုန်း အသီးသီး ရှိမည်ဟု ဖော်ပြသည်။
(က) ပုဂ္ဂလိက လုပ်ငန်းများ ယိုင်နဲ့လာမှု နှင့် လူမွဲအဖြစ် ခံယူလာရနိုင်မှု [အန္တရာယ် – မြင့်မား]
Covid-19 ကူးစက်ကပ်ဘေး ကာလအတွင်း မြန်မာ့စီးပွားရေးလုပ်ငန်းများ ယိုင်နဲ့လာသည်။ တရားဝင်မှတ်ပုံတင်ထားသော လုပ်ငန်း ၉၀၀ နီးပါး ယာယီနှင့် အမြဲတမ်း ပိတ်သိမ်းခဲ့ရသည်။ (ယင်းသည် နိုင်ငံတခုလုံး စုစုပေါင်းလုပ်ငန်းအားလုံး၏ ၁၂ ရာ ခိုင်နှုန်း ဖြစ်သည်။) အခြားစစ်တမ်း တခုတွင် စက်မှုကုန်ထုတ်နှင့် ဝန်ဆောင်မှုလုပ်ငန်းများ၏ ၂၀ ရာခိုင်နှုန်းမှာ ငွေသားစီး ဆင်းမှု အခက်အခဲရှိနေကြသည်။ အများစုမှာ တလသာ တောင့်ခံနိုင်မည်ဟု ဖော်ပြသည်။
(ခ) ဝယ်လိုအား ကျဆင်းမှု [အန္တရာယ် – မြင့်မား]
လေကြောင်းနှင့် နိုင်ငံ ဝင်ပေါက်များ ပိတ်သိမ်းကုန်ရာ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း လုံးဝ ရပ်ဆိုင်းလုနီးပါး ဖြစ်သွားသည်။ မြန်မာနိုင်ငံ၏ ပို့ကုန်များ ဖြစ်သည့် သဘာဝဓာတ်ငွေ့၊ လယ်ယာထွက်ကုန်၊ စက်မှုထွက်ကုန်များအပေါ် ဝယ်လိုအား သိသိသာ သာ ကျဆင်းခဲ့သည်။ တရုတ်-မြန်မာနယ်စပ်ကို ဧပြီလ ၂၃ ရက်နေ့တွင် နှစ်လကြာ တင်းတင်းကျပ်ကျပ် ပိတ်လိုက်ရာ ကုန် သွယ်မှု ကျဆင်းမှု၊ စက်မှုကုန်ကြမ်းနှင့် လူသုံးကုန်ပစ္စည်းများ ပြတ်လပ်မှုများ ဖြစ်ပေါ်နိုင်သည်။ [ မြန်မာနိုင်ငံ၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှု ပမာဏသည် ၃၅ ဒသမ ဝ၂၀ ဘီလီယံကျော်ရှိပါသည်။ မူဆယ် နယ်စပ်ကုန်သွယ်ရေးစခန်း၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ကုန်သွယ်မှု ပမာဏသည် အမေရိကန် ဒေါ်လာ သန်းပေါင်း ၄၉၁၇ ဒသမ ၉၇၆ ရှိသည်။ မူဆယ်စခန်း၏ ကုန်သွယ်မှု ပမာဏသည် မြန်မာနိုင်ငံတစ်ခုလုံးကုန်သွယ်မှု ပမာဏ၏ ၁၄ ရာခိုင်နှုန်းရှိနေသည်။] ရလဒ်အဖြစ် နိုင်ငံတကာ ဈေးကွက်ဝယ်လိုအား ကျဆင်းမှုကြောင့် ပို့ကုန်ရငွေများလည်း ကျဆင်းသွားမည်။
(ဂ) တန်ဖိုးကွင်းဆက် ပြတ်တောက်မှု [အန္တရာယ် – သင့်]
ကျန်းမာရေး လိုအပ်ချက်အရ ကာကွယ် ထိန်းချုပ်မှုများကြောင့် ပြည်တွင်းဈေးကွက် ပြတ်တောက်မှုများ ဖြစ်ပေါ်နိုင်သည်။ ဥပမာ- ညမထွက်ရ အမိန့်ကြောင့် ကုန်စည်စီးဆင်းမှုအပေါ် သက်ရောက်မှုမျိုး ဖြစ်သည်။ ပြည်တွင်း ဈေးကွက် ပြတ်တောက် မှုများ ဖြစ်ပေါနိုင်သည်။ လူအများ အိမ်တွင်းပုန်းနေရမှု၊ လူများ၏ ဝင်ငွေကျဆင်းလာမှုကြောင့် စားသုံးသူ ဝယ်လိုအား ကျဆင်း မှုများလည်း ဖြစ်ပေါ်လာမည်။
(ဃ) ဘဏ္ဍာဝင်ငွေ ကျဆင်းမှု (Loss of revenue) [အန္တရာယ် – မြင့်]
EIU ၏ မေလ ၁၄၊ ၂၀၂၀ ဖော်ပြချက်အရ မြန်မာနိုင်ငံတွင် အခွန်မူဝါဒ အပြောင်းအလဲများ အစိုးမရခြင်းကြောင့် ဘဏ္ဍာဝင် ငွေရရှိမှု နိမ့်ပါးမည့်အရေး [အန္တရာယ် – မြင့်] ဟု ဖော်ပြထားသည်။ Covid-19 ကူးစက်ကပ်ဘေး ကာလတွင် အစိုးရက ကော်ပို ရေးရှင်း ဝင်ငွေခွန်များ၊ ကုန်သွယ်ခွန်များ ဆိုင်းငံ့ထားခြင်း၊ ပြည်ပ ပို့ကုန်များအတွက် ကြိုတင် ကောက်ခံ အခွန်များကို ဆိုင်းငံ့ထားခြင်း၊ ဟိုတယ်-ခရီးသွားလုပ်ငန်းတွင် ငှားရမ်းခများကို ကင်း လွတ်ခွင့်ပေးထားခြင်း၊ ကျန်းမာရေးနှင် သက်ဆိုင်သော သွင်းကုန်များအပေါ် အကောက်ခွန်များ ကင်းလွတ်ခွင့်ပေးခြင်း စသည့် အခြေအနေတို့ကြောင့် အခွန်ဘဏ္ဍာ လျှော့ နည်းစေမည် ဖြစ်သည်။
(င) ရေတိုကာလ ငွေကျုံ့ခြင်း [အန္တရာယ် – မြင့်မား]
အာရှ ဖွံ့ဖြိုးရေးဘဏ် (ADB) ၏ ဖော်ပြချက်အရ မြန်မာနိုင်ငံ၏ ငွေကြေး ဖောင်းပွမှုနှုန်းသည် ၂၀၁၉ ခုနှစ်တွင် ၈.၆ ရာခိုင်နှုန်း ရှိရာမှ၊ Covid-19 ကပ်ဘေးကာလအတွင်း ၂၀၂၀ နှင့် ၂၀၂၁ ခုနှစ်များတွင် ၇ ဒသမ ၅ ရာခိုင်နှုန်းသာ ရှိမည်ဟု ခန့်မှန်းသည်။ The Economist မဂ္ဂဇင်းက အစိုးရများက ငွေအမြောက်အများ သုံးခြင်း၊ စီးပွားရေးလှုံ့ဆော်မှု အကူအညီများ (stimulus package) များ ပေးခြင်းသည် ငွေကြေးဖောင်းပွမှုအတွက် အခြေခံဖြစ်စေသည် (supply shock) ဟု သီအိုရီသဘောအရ ပြောပါသည်။ သို့သော် ပိတ်ဆို့တားမြစ်မှုများ (lockdowns) ကြောင့် ထုတ်လုပ်သူများကလည်း မထုတ်လုပ်နိုင်ခြင်း၊ စားသုံးသူ လုပ်သား အင်အားစုများကလည်း ဝင်ငွေရရှိ နိုင်စွမ်းနှင့် သုံးစွဲနိုင်စွမ်း မရှိနေခြင်းတို့ကြောင့် ငွေကြေးဖောင်းပွမှု မဖြစ်စေ နိုင်ဟု ပြန်၍ ဆွေးနွေးသည်။ လူအများ အိမ်တွင်း ပုန်းနေရမှု၊ အလုပ်အကိုင် မဲ့ခြင်း နှင့် လူများ၏ ဝင်ငွေ ကျဆင်းလာမှုကြောင့် စားသုံးသူ ဝယ်လိုအား ကျဆင်းလာရာ ငွေကြေး၏ ဆတိုးလည်ပတ်မှုနှုန်း (multiplier effect) ကျဆင်းသွားနိုင်သည်။ ရလဒ်အဖြစ် စီးပွားရေး၊ ကုန်သွယ်မှု နှင့် ဝန်ဆောင်မှု လုပ်ငန်းများ သေးကျုံ့ခြင်း ဖြစ်ပေါ်နိုင်သည်။ အစိုးရက ငွေပေါ်လွယ်မှု (liquidity) နှင့် ကြွေးမြီ ပြန်ဆပ်နိုင်မှု ပြဿနာ (insolvency) ပြေလည်စေရေးအတွက် လုပ်ငန်းများကို ချေးငွေများ ပြန်ဆပ် ကာလဆိုင်းငံ့ခြင်း၊ ပြည်သူများ အိပ်ကပ်တွင်းသို့ ငွေများထည့်ပေးခြင်း၊ ငွေထုတ်ပေးခြင်း လုပ်ငန်းများ လိုအပ် လိမ့်မည်။
(စ) အိမ်ပြန်လွှဲငွေ (Remittance) [အန္တရာယ် – မြင့်မား]
International Growth Center (IGC) 2015 အစီရင်ခံစာအရ ပြည်ပမှာ တရားဝင်သွားရောက် အလုပ်လုပ်ကိုင်နေကြသူ မြန်မာနိုင်ငံသား သုံးသန်းကျော်၏ အိမ်ပြန် လွှဲပို့ငွေကို အမေရိကန်ဒေါ်လာ ၃,၅၀၀ သန်းဟု ခန့်မှန်း ဖော်ပြထားသည်။ မြန်မာနိုင်ငံ GDP ၏ ၅ ရာခိုင်နှုန်းခန့် ရှိနေသည်။ ကမ္ဘာ့ဘဏ်၏ နောက်ဆုံး ထုတ်ပြန်ချက်အရ ၂၀၁၉ ခုနှစ်တွင် ပြည်ပရောက် မြန်မာလုပ်သားများထံမှ အိမ်ပြန်လွှဲငွေသည် အမေရိကန်ဒေါ်လာ ၂,၈၀၀ သန်းကျော်ရှိပြီး၊ GDP ၏ ၄ ဒသမ ၃ ရာခိုင်နှုန်း ပါဝင်သည်။ အချို့ အစီရင်ခံစာများက အမေရိကန်ဒေါ်လာ ၈,၀၀၀ သန်းကျော် ရှိမည်ဟု သုံးသပ်မှုကြသည်။ ယင်းပမာဏသည် မြန်မာနိုင်ငံသို့ ရောက်ရှိသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (FDI) နှင့် တန်းတူ နီးပါး ရှိနေသည်။ (မြန်မာနိုင်ငံ ရရှိသော FDI သည် ၂၀၁၆ မှာ သန်း ၆,၆၀၀၊ ၂၀၁၇ မှာ သန်း ၅,၇၀၀၊ ၂၀၁၈ မှာ သန်း ၁,၇၀၀ ကျော်နှင့် ၂၀၁၉ မှာ သန်း ၄,၁၀၀ ကျော် ရရှိခဲ့သည်)။ ဤသို့ အိမ်လွှဲငွေများ နိမ့်ကျသွားဖွယ် ရှိနေသည်။
(ဆ) ဆင်းရဲနွမ်းပါးမှု [အန္တရာယ် – မြင့်မား]
ကမ္ဘာ့ဘဏ်၏ လေ့လာမှု ၂၀၁၇ အရ မြန်မာနိုင်ငံရှိ အခြေခံ လူတန်းစား အိမ်ထောင်စုများ၏ ဝင်ငွေ ၆၆ ရာခိုင်နှုန်းကို အစား အသောက်အတွက် အသုံးပြုနေကြရသည်။ [World Bank. (2017). An Analysis of Poverty in Myanmar. Part 1. Poverty Profile.] မြန်မာနိုင်ငံတွင် လုပ်အားလျော့ခံထားရသူမှာ လတ်တလောတွင် လူဦးရေ တသိန်းနီးပါး ရှိနိုင်သည်ဟု ခန့်မှန်းသည်။ အချိန်ပိုင်း လျှော့ချခံရခြင်းနှင့် အချိန်ပိုင်း လုပ်ရခြင်း ပမာဏမှာ ဆယ်ဆခန့် ပို၍ကြီးမားနိုင်သည်။ သိုအတွက်ကြောင့် ယခု ကပ်ဘေးကာလတွင် ရုတ်တရက် ဝင်ငွေ ကျဆင်းမှု ဖြစ်လာပြီး၊ နွမ်းပါးသော မိသားစုများက ဝင်ငွေနည်းပါးလာသည့် အလျောက် အစားအသောက်အတွက် ပို၍ သုံးစွဲရမည်ဟု တွက်ဆနိုင်သည်။ နောက်ဆက်တွဲ ရလဒ်အဖြစ် အာဟာရ ရရှိမှု ပြဿနာများ၊ ကြွေးမြီမြင့်မားမှု ပြဿနာများ ကြုံရနိုင်သည်။
(ဇ) လျှပ်စစ်မီး [အန္တရာယ် – မြင့်]
EIU ၏ မေလ ၁၄၊ ၂၀၂၀ ဖော်ပြချက်အရ မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်နိုင်စွမ်းကို [အန္တရာယ် – မြင့်] ဟု ဖော်ပြထားပြီး၊ သက်ရောက်မှုအပေါ်တွင်လည်း [မြင့်] ဟုဖော်ပြထားသည်။ ထိခိုက်မှုအပေါ် အမှတ် ၂၅ မှတ်ပေးထားရာတွင် ၁၆-မှတ်အထိ မြင့်မားသည်ဟု ဖော်ပြထားသည်။
(ဈ) ငွေလဲနှုန်း (Foreign Exchange) [အန္တရာယ် – နိမ့်]
EIU ၏ မေလ ၁၄၊ ၂၀၂၀ ဖော်ပြချက်အရ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်တွင် မြန်မာငွေသည် အမေရိကန်ဒေါ်လာနှင့် ယှဉ်လျှင် အနည်းငယ် မြင့်နေမည်ဟု သုံးသပ်ထားသည်။
(ည) နိုင်ငံတကာ ဆက်ဆံရေး [အန္တရာယ် – သင့်]
EIU ၏ မေလ ၁၄၊ ၂၀၂၀ ဖော်ပြချက်အရ အနောက်နိုင်ငံများက လူ့အခွင့်အရေးမှတ်တမ်းကြောင့် မြန်မာနိုင်ငံအပေါ် စီးပွား ပိတ်ဆို့ဒဏ်ခတ်မှုများ အန္တရာယ်- [သင့်] (ဖြစ်လာပါက သက်ရောက်ထိခိုက်နိုင်မှု- [အလွန်မြင့်မား]) ဟု ဖော်ပြထားပါသည်။ အပြည်ပြည်ဆိုင်ရာ တရားခုံရုံး (ICJ) ၏ ကြားဖြတ်ဆောင်ရွက်ရမည့် အစီအစဉ်များ ဆုံးဖြတ်ချက်အရ မေလ ၂၃ ရက်နေ့တွင် မြန်မာနိုင်ငံက ဆောင်ရွက်ထားမှု အခြေအနေ ၄ လပြည့်အစီရင်ခံစာကို ပြန်လည်တင်သွင်းရမည် ဖြစ်သည်။
အကိုးအကား
မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျူ (ISP Myanmar) သည် လွတ်လပ်ပြီး ပါတီစွဲကင်းသည့် အစိုးရမဟုတ်သော သုတေသနအဖွဲ့ဖြစ်ပါသည်။ ISP Myanmar ၏ မြော်မြင်ချက်မှာ မြန်မာနိုင်ငံကို ရုန်းထကြံ့ခိုင်မှုအားကောင်းပြီး သည်းခံစိတ်ကြီးမားသော လူ့အဖွဲ့အစည်းတစ်ရပ်အဖြစ်ပေါ်ထွန်းလာရေး ဖြစ်သည်။ ISP Myanmar ၏ ဦးတည်ချက်မှာ ဒီမိုကရေစီကျသော ခေါင်းဆောင်မှုကို မြှင့်တင်အားပေးရန်နှင့် နိုင်ငံအရေးတွင် နိုင်ငံသားများ ပါဝင်ဆောင်ရွက်မှုအားကောင်းစေရန်ဖြစ်သည်။
ကမ္ဘာဘဏ် အစီရင်ခံစာ Myanmar Economic Monitor (မြန်မာ့စီးပွားရေး စောင့်ကြည့်လေ့လာမှု အစီရင်ခံစာ) အဖြစ် ၂၀၂၀…
စီးပွားရေးအရ ကြံ့ကြံ့ခံနိုင်စွမ်း (Economic resiliency) ကမ္ဘာ့ဘဏ်၏ ဧပြီ ၁ ရက် ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၏…
Discussion about this post