ဒေါက်တာဖေသက်ခင်အားမေးမြန်းခြင်း
Healthcare System တခုလုံးမှာ အားနည်းချက်ကလေး တွေရှိတယ်။ ဒါတွေကိုလည်း ကျနော်တို့က Systems thinking ပေါ့နော်။…
မေး။ ။ရခိုင်ဒေသတွင်း IDPs Camp တွေမှာ လက်ရှိ ကိုဗစ်နဲ့ ပတ်သက်ပြီး အစိုးရ တပ်မတော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှု အခြေအနေကို သိချင်ပါတယ်။
ဖြေ။ ။ရခိုင်က IDPs Camp တွေက ပွင့်ပွင့်လင်းလင်းပြောရရင် အစကတည်းက နိုင်ငံတကာ အဆက်အသွယ်က ပြတ်တောက်နေတယ်။ သူတို့ကို အကူအညီပေးနေတာက ICRC တခုပဲ။ WFP ကနေတဆင့် ပစ္စည်းထောက်ပံ့မှုတွေကို ICRC ပို့ပေးတဲ့ဟာတွေကို ရတယ်။ တခြား နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ အကူအညီတွေကလည်း မရဘူး။ လူကယ်ပြန်ကနေပြီး ပေးတာတွေကလည်း မစို့မပို့လောက်ပဲ၊ သာမန်ပရဟိတအဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်ဆိုင်ရာတွေဆီကပဲ နည်းနည်းပါးပါးနဲ့ ရှင်သန်နေရတဲ့ အပိုင်းတွေရှိတယ်။ နောက်ဆုံးအခြေအနေပေါ့ဗျာ။ ဥပမာအားဖြင့် မိုးတွင်းရောက်လာတဲ့ အတွက်ကြောင့် IDPs Camp တွေကို လုံခြုံရေးအတွက် အသစ်ပြန်ဆောက်မယ်ဆိုတာကိုတောင်မှ အစိုးရခွင့်ပြုချက်မရဘဲနဲ့ မဆောက်နိုင်ဘူး။ သူတို့(အစိုးရ) ဆောက်ပေးမယ်လို့ပြောတယ်။ တကယ်တမ်းလည်း ဘာမှစီစဉ်ပေးတာလည်း မဟုတ်ဘူး။ အဲတော့ ဖြစ်သလိုပဲနေရတယ်။ အဲဒီပြဿနာ ရသေ့တောင်မှာ ကြီးကြီးမားမား ဖြစ်တယ်။ ရသေ့တောင်မှာရှိတဲ့ ပြည်သူ့လွှတ်တော်အမတ် ဒေါ်ခင်စောဝေဆို ခုထက်ထိပဲ IDPs Camp တွေအတွက် နေဖို့ထိုင်ဖို့၊ အိမ်ဆောက်ဖို့ အတွက် ရသေ့တောင်မှာ ခုထက်ထိရှိတယ်။ လွှတ်တော်တောင် မသွားဘူး။ သူ့ကိုမေးရင် ပိုလို့ အသေးစိတ်ဖြစ်မယ်။ ပြဿနာတွေက အဲလိုပဲ။ ဆိုလိုတာကဗျာ တကယ်လိုအပ်တယ် လူသားချင်းစာနာမှုဆိုင်ရာ အထောက်အကူတွေကို ပြည့်ပြည့်၀၀ မရဘူးလို့ ဆိုနိုင်တယ်။
မေး။ ။ စစ်ဘေးရှောင်တွေ၊ ဒုက္ခသည်တွေဆီ ကိုဗစ်ကပ်ရောဂါ မရောက်အောင် တားဆီးကာကွယ်ဖို့ ပူးပေါင်းဆောင်ရွက်မှု ဘယ်လိုရှိပါသလဲ။ နောက်ပြီး အထောက်အပံ့ ပစ္စည်းတွေရရှိဖို့ အခက်အခဲရှိလား။
ဖြေ။ ။ ပူးပေါင်းဆောင်ရွက်မှုက ရခိုင်ဒေသကို ပြည်မဘက်က ပစ္စည်းပစ္စယ မလာသလောက်ပဲ။ ကျနော်တို့ကို ကူညီတာကတော့ဗျာ သာမန်ပုဂ္ဂလိက အဖွဲ့တွေရှိတယ်။ အဲဒီပုဂ္ဂလိက အဖွဲ့တွေက သူတို့ လက်ထဲကို လိုအပ်တဲ့ ပိုက်ဆံတွေ ပို့ပေးတယ်။ ပစ္စည်းပစ္စယတွေ ပို့ပေးတယ်။ အဲဒီအဖွဲ့တွေက နီးစပ်ရာ Camp တွေကို အဆင်ပြေသလိုပဲ ပို့ပေးတယ်။ အဲဒီလောက်ပဲရှိတယ်။ ကျနော်တို့ အတွေ့အကြုံတခုအရ ပြောမယ်ဆိုရင် ပခုက္ကူဘက်ကနေပြီးတော့ တက္ကသိုလ်ကျောင်းသားသမဂ္ဂရယ်၊ လူငယ်တွေကနေပြီးတော့ ကားကြီးတွေနဲ့ ရခိုင်ဘက်ကို ကုန်ပစ္စည်းတွေ သယ်လာတယ်။ မကွေးတိုင်းကနေ ရခိုင်ဘက်ကို ကျော်လာပြီး အမ်းကို ရောက်တဲ့ အခါကျတော့ သွားခွင့်မပေးဘူး။ အဲဒီမှာ သောင်တင်နေရော။ အဲဒီတော့ ရခိုင်အမျိုးသားပါတီနဲ့ လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှတို့ ကြားဝင်စေ့စပ်ပေးတဲ့အတွက်ကြောင့် အဲဒီပစ္စည်းတွေက မင်းပြားဘက်ကိုတော့ ရောက်လာတယ်။ ပစ္စည်းတွေကို မင်းပြားမှာ ချပြီး စခန်းတွေကို မျှဝေပေးလိုက်တာပေါ့။ လူတွေကတော့ Camp တွေထဲ ဝင်ခွင့်မရှိဘဲ ပြန်သွားတယ်။ အဲလို ပြည်မဘက်ကလာတဲ့ အဖွဲ့အစည်းတွေ၊ ပရဟိတအဖွဲ့တွေလည်း လာဖို့ဆိုတာ အခက်အခဲရှိတယ်။ နောက် စစ်ပွဲက နည်းနည်းပြင်းထန်လာတဲ့ အခါကျတော့ အဲဒီလမ်းကြောင်းမှာ ပစ္စည်းပစ္စယတွေနဲ့ လာတာတွေလည်း လူတွေက သိပ်မလုပ်တော့ဘူး။ ဘာလို့လဲဆိုတော့ စွန့်စားဖို့ Risk က များတယ်လေ။ အဲတော့ သက်ဆိုင်ရာ စခန်းနဲ့ ပတ်သက်တဲ့ လူတွေဆီကိုပဲ ပိုက်ဆံတွေပို့ပေးပြီးတော့ အကူအညီပေးတယ်ဆိုတဲ့ သဘောရှိတယ်။
မေး။ ။ ဒေသတွင်း အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ဘယ်လိုပူးပေါင်းဆောင်ရွက်မှုတွေရှိပါသလဲ။
ဖြေ။ ။ ဒေသတွင်း အရပ်ဘက် အဖွဲ့အစည်းတွေကတော့ သူတို့ကလည်း ရံပုံငွေက တောင့်တောင့်တင်းတင်းရှိတာ မဟုတ်တော့ အချက်အလက်တွေ ကောက်ယူပြီးတော့၊ ကိုဇော်ဇော်ထွန်းတို့ လုပ်နေတဲ့ REC ဆိုရင် စခန်းတခုမှာ ရှိတဲ့ ဒုက္ခသည်တွေရဲ့ နေမှုထိုင်မှု အခက်အခဲတွေကို သုတေသနစာတမ်းတွေ ပြုစုတယ်။ တတ်နိုင်သမျှ စုဆောင်းရသမျှ အကူအညီတွေကို သွားပေးတယ်။ အဲလောက်ပါပဲ။ အဲဒီအဖွဲ့အစည်းတွေကလည်း အဖွဲ့အကြီးကြီးတော့ ရှိတာပေါ့။ နောက်တသီးပုဂ္ဂလတွေပေါ့ဗျာ။ သာမန် မြို့တွေ၊ ရွာတွေမှာရှိတဲ့ ပရဟိတလေးတွေကလည်း သူတို့စုမိဆောင်းမိတာလေး နည်းနည်းပါးပါးရှိရင် နည်းနည်းသွားပေး၊ အဲဒီလိုပဲရှိတယ်။ အဖွဲ့အစည်း ကြီးကြီးမားမားအနေနဲ့ ဆိုရင်တော့ အဲဒီ We Love Foundation တို့၊ REC တို့ အဖွဲ့တွေပဲ ရှိတယ်။ အဲဒီအဖွဲ့တွေကလည်း သုတေသနဆန်ဆန်လုပ်တယ်။ ဒါပေမမဲ့ ထောက်ပံ့ကူညီမှုကတော့ ကြီးကြီးမားမားတော့ မပေးနိုင်ဘူး၊
မေး။ ။ ကိုဗစ်ကာလမှာ ဒေသတွင်းလိုအပ်ချက်နဲ့ ထိရောက်စွာဟန့်တားနိုင်ဖို့ ဘယ်လို အကြံပြုချင်ပါသလဲခင်ဗျ။
ဖြေ။ ။ ကိုဗစ်ကာလမှာ IDPs Camp တွေအတွက် အချက်အလက်အရ ပြောမယ်ဆိုရင် အများကြီးပဲ။ ဒါပေမဲ့ အဓိကကတော့ ဒီဒုက္ခသည်တွေကို ပြည်ထောင်စုအစိုးရကနေပြီးတော့ သေချာ ထိထိရောက်ရောက် သေချာစနစ်တကျ စိစစ်ပြီးတော့ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေကို ပေးရမယ်။ နိုင်ငံတကာ အဖွဲ့အစည်းတွေကလည်း ပေးရမယ်။ ပေးရမယ်ဆိုလို့ရှိရင် နိုင်ငံတကာအဖွဲ့အစည်းတွေက INGOs တွေ၊ ဗမာပြည်က လူမှုအဖွဲ့အစည်းတွေအတွက် သွားဖို့လာဖို့၊ သတင်းမီဒီယာတွေ လွတ်လပ်ခွင့်တွေကလည်း အကန့်အသတ်တွေ ရှိတယ်ဗျ။ ဖြစ်တဲ့ အဖြစ်အပျက်တခုဆိုလို့ရှိရင် တယောက်နဲ့ တယောက် အပြစ်ပုံချတာလည်းရှိတယ်၊ သတင်းလွတ်လပ်ခွင့်၊ သတင်းစာလွတ်လပ်ခွင့်၊ သတင်းရယူခွင့်တွေကလည်း အင်မတန်အားနည်းတယ်။ နောက်တခုက အင်တာနက်ဖြတ်တောက်မှုတွေကလည်း ရှိနေတဲ့ အတွက်ကြောင့် အဲဒီအင်တာနက်ဖြတ်တောက်မှုတွေကို ဖွင့်ပေးရမယ်။ လွတ်လပ်စွာ သွားလာခွင့်တွေကို ဖွင့်ပေးရမယ်။ နိုင်ငံတကာ သတင်းမီဒီယာကို လာခွင့်ပေးရမယ်။ အဲဒီ ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်အစိုးရကနေပြီးတော့ သူတို့အတွက် တကယ့်လိုအပ်တဲ့ လူသားချင်းစာနာတဲ့ အထောက်အကူမှုတွေကို စနစ်တကျလုပ်ပေးရမယ်။ အဲဒါတွေကို လုပ်ပေးလို့ရှိရင်တော့ ပြည်သူတွေအတွက်တော့၊ ဒုက္ခသည်တွေ အတွက်တော့ နည်းနည်းပါးပါး လူလိုသူလို နေနိုင်တာပေါ့ဗျာ။
မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျူ (ISP Myanmar) သည် လွတ်လပ်ပြီး ပါတီစွဲကင်းသည့် အစိုးရမဟုတ်သော သုတေသနအဖွဲ့ဖြစ်ပါသည်။ ISP Myanmar ၏ မြော်မြင်ချက်မှာ မြန်မာနိုင်ငံကို ရုန်းထကြံ့ခိုင်မှုအားကောင်းပြီး သည်းခံစိတ်ကြီးမားသော လူ့အဖွဲ့အစည်းတစ်ရပ်အဖြစ်ပေါ်ထွန်းလာရေး ဖြစ်သည်။ ISP Myanmar ၏ ဦးတည်ချက်မှာ ဒီမိုကရေစီကျသော ခေါင်းဆောင်မှုကို မြှင့်တင်အားပေးရန်နှင့် နိုင်ငံအရေးတွင် နိုင်ငံသားများ ပါဝင်ဆောင်ရွက်မှုအားကောင်းစေရန်ဖြစ်သည်။
Healthcare System တခုလုံးမှာ အားနည်းချက်ကလေး တွေရှိတယ်။ ဒါတွေကိုလည်း ကျနော်တို့က Systems thinking ပေါ့နော်။…
အမျိုးသမီးတွေကတော့ အိမ်ထောင့် တာဝန်ထမ်းရမယ်ဆိုတဲ့ သတ်မှတ်ချက်တွေကြောင့် သာမန်ကျန်းမာရေးအပူတွေတင်မကဘဲ အမျိုးသမီးတွေမှာ အိမ်ထောင်နဲ့ ပတ်သက်ပြီးတော့ ငွေကို ဘယ်လိုမျိုးလောက်အောင်သုံးရမလဲ၊…
စိတ်ပိုင်းဆိုင်ရာ ကျဆင်းမှု၊ အရက်ပြဿနာ၊ မူးယစ်ဆေးဝါး ပြဿနာ ဒါတွေဟာ ကျေးလက်မှာ တော်တော့်ကို ကြီးကြီးမားမား ရှိနေတယ်။…
Discussion about this post