ကိုဗစ်-၁၉ ကူးစက်မှုများနှင့် ကျန်းမာရေးအရင်းအမြစ်များ
ယခုအခါ ကိုဗစ်-၁၉ ကူးစက်ရောဂါ ပျံ့နှံ့မှုသည် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးသို့ ရောက်ရှိနေပြီ ဖြစ်သည့်အတွက် တိုင်းဒေသကြီးနှင့်…
မြန်မာနိုင်ငံတွင်း၌ ကိုဗစ်-၁၉ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ ကာလအတွင်း အဆိုပါ ကိစ္စရပ်နှင့် ဆက်နွှယ်၍ ဖြစ်ပွားခဲ့သော အမှု ဖြစ်စဉ်များကို AAPP-B (နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း – မြန်မာနိုင်ငံ)မှ စောင့်ကြည့် မှတ်တမ်းတင်ခဲ့သည်။ ထိုမှတ်တမ်းများအရ ၂၀၂၀ ပြည့်နှစ် မေ ၁ ရက်မှ ၂၀ ရက်အထိ လူဦးရေ စုစုပေါင်း ၆၀၁ ဦး ပြစ်ဒဏ် ချမှတ်ခြင်း ခံခဲ့ရသည်။ ထိုကဲ့သို့ ပြစ်ဒဏ် ချမှတ်ခြင်း ခံထားရမှုများတွင် ညမထွက်ရ အမိန့်ကို ချိုးဖောက်ခြင်းအတွက် ရာဇသတ်ကြီးပုဒ်မ ၁၈၈ ဖြင့် ပြစ်ဒဏ် ၁ လမှ ၃ လအထိ ချမှတ်ခြင်းခံထားရသူနှင့် ဒဏ်ငွေရိုက်ခံရသူ စုစုပေါင်း ၄၃၄ ဦး၊ ကူးစက်ရောဂါများ ကာကွယ်နှိမ်နှင်းရေး ဥပဒေ ပုဒ်မ ၁၈ ဖြင့် ပြစ်ဒဏ် ၃ လမှ ၆ လအထိ ချမှတ်ခြင်း ခံထားရသူနှင့် ဒဏ်ငွေ ရိုက်ခံရသူ စုစုပေါင်း ၁၂၀ ဦးနှင့် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၆၊ ၃၀ (က) တို့ဖြင့် ပြစ်ဒဏ် ၃ လမှ ၉ လအထိ ချမှတ်ခြင်း ခံထားရသူနှင့် ဒဏ်ငွေ ရိုက်ခံရသူ စုစုပေါင်း ၁၇ ဦး ရှိပါသည်။
မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျူ (ISP Myanmar) သည် လွတ်လပ်ပြီး ပါတီစွဲကင်းသည့် အစိုးရမဟုတ်သော သုတေသနအဖွဲ့ဖြစ်ပါသည်။ ISP Myanmar ၏ မြော်မြင်ချက်မှာ မြန်မာနိုင်ငံကို ရုန်းထကြံ့ခိုင်မှုအားကောင်းပြီး သည်းခံစိတ်ကြီးမားသော လူ့အဖွဲ့အစည်းတစ်ရပ်အဖြစ်ပေါ်ထွန်းလာရေး ဖြစ်သည်။ ISP Myanmar ၏ ဦးတည်ချက်မှာ ဒီမိုကရေစီကျသော ခေါင်းဆောင်မှုကို မြှင့်တင်အားပေးရန်နှင့် နိုင်ငံအရေးတွင် နိုင်ငံသားများ ပါဝင်ဆောင်ရွက်မှုအားကောင်းစေရန်ဖြစ်သည်။
ယခုအခါ ကိုဗစ်-၁၉ ကူးစက်ရောဂါ ပျံ့နှံ့မှုသည် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးသို့ ရောက်ရှိနေပြီ ဖြစ်သည့်အတွက် တိုင်းဒေသကြီးနှင့်…
မြန်မာနိုင်ငံရဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှာ တာဝန် ထမ်းဆောင်နေကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေဟာ ကိုဗစ်-၁၉ တုံ့ပြန် ဆောင်ရွက်ရေးအတွက် ရှေ့တန်းက…
အစိုးရအနေနဲ့ ၂၀၂၀ ပြည့်နှစ် ဧပြီလကစပြီး စီးပွားရေး လုပ်ငန်းများကို ချေးငွေများ ထုတ်ပေးခဲ့ရာမှာ ခုနစ်ကြိမ်အထိ ရှိခဲ့ပြီဖြစ်ပြီး…
Discussion about this post