Menu & Search

ကိုဗစ် – ၁၉ အရေးနှင့် ဆက်နွှယ်၍ ဖြစ်ပွားခဲ့သော အမှုဖြစ်စဉ်များ

May 26, 2020

မြန်မာနိုင်ငံတွင်း၌ ကိုဗစ်-၁၉ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ ကာလအတွင်း အဆိုပါ ကိစ္စရပ်နှင့် ဆက်နွှယ်၍ ဖြစ်ပွားခဲ့သော အမှု ဖြစ်စဉ်များကို AAPP-B (နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း – မြန်မာနိုင်ငံ)မှ စောင့်ကြည့် မှတ်တမ်းတင်ခဲ့သည်။ ထိုမှတ်တမ်းများအရ ၂၀၂၀ ပြည့်နှစ် မေ ၁ ရက်မှ ၂၀ ရက်အထိ လူဦးရေ စုစုပေါင်း ၆၀၁ ဦး ပြစ်ဒဏ် ချမှတ်ခြင်း ခံခဲ့ရသည်။ ထိုကဲ့သို့ ပြစ်ဒဏ် ချမှတ်ခြင်း ခံထားရမှုများတွင် ညမထွက်ရ အမိန့်ကို ချိုးဖောက်ခြင်းအတွက် ရာဇသတ်ကြီးပုဒ်မ ၁၈၈ ဖြင့် ပြစ်ဒဏ် ၁ လမှ ၃ လအထိ ချမှတ်ခြင်းခံထားရသူနှင့် ဒဏ်ငွေရိုက်ခံရသူ စုစုပေါင်း ၄၃၄ ဦး၊ ကူးစက်ရောဂါများ ကာကွယ်နှိမ်နှင်းရေး ဥပဒေ ပုဒ်မ ၁၈ ဖြင့် ပြစ်ဒဏ် ၃ လမှ ၆ လအထိ ချမှတ်ခြင်း ခံထားရသူနှင့် ဒဏ်ငွေ ရိုက်ခံရသူ စုစုပေါင်း ၁၂၀ ဦးနှင့် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၆၊ ၃၀ (က) တို့ဖြင့် ပြစ်ဒဏ် ၃ လမှ ၉ လအထိ ချမှတ်ခြင်း ခံထားရသူနှင့် ဒဏ်ငွေ ရိုက်ခံရသူ စုစုပေါင်း ၁၇ ဦး ရှိပါသည်။

  • ညမထွက်ရအမိန့်ကို ချိုးဖောက်ခြင်းအတွက် ရာဇသတ်ကြီးပုဒ်မ ၁၈၈ ဖြင့် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသူ စုစုပေါင်း ၄၃၄ ဦးရှိပြီး၊ ထိုသူများမှာ စစ်ကိုင်းတိုင်း၊ ကရင်ပြည်နယ်နှင့် ရန်ကုန်တိုင်းတို့မှ ဖြစ်သည်။
  • ကူးစက်ရောဂါများ ကာကွယ်နှိမ်နှင်းရေးဥပဒေ ပုဒ်မ ၁၈ ဖြင့် ပြစ်ဒဏ် ချမှတ်ခြင်း ခံထားရသူ စုစုပေါင်း ၁၂၀ ဦးရှိပြီး၊ ထိုသူများမှာ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ်၊ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့မှ ဖြစ်ပါသည်။
  • သဘာဝ ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၆၊ ၃၀(က) တို့ဖြင့် ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူ စုစုပေါင်း ၁၇ ဦးရှိပြီး၊ ထိုသူများ မှာ မ္တလေးတိုင်းနှင့် မွန်ပြည်နယ်တို့မှ ဖြစ်ပါသည်။

ISP Admin

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျူ (ISP Myanmar) သည် လွတ်လပ်ပြီး ပါတီစွဲကင်းသည့် အစိုးရမဟုတ်သော သုတေသနအဖွဲ့ဖြစ်ပါသည်။ ISP Myanmar ၏ မြော်မြင်ချက်မှာ မြန်မာနိုင်ငံကို ရုန်းထကြံ့ခိုင်မှုအားကောင်းပြီး သည်းခံစိတ်ကြီးမားသော လူ့အဖွဲ့အစည်းတစ်ရပ်အဖြစ်ပေါ်ထွန်းလာရေး ဖြစ်သည်။ ISP Myanmar ၏ ဦးတည်ချက်မှာ ဒီမိုကရေစီကျသော ခေါင်းဆောင်မှုကို မြှင့်တင်အားပေးရန်နှင့် နိုင်ငံအရေးတွင် နိုင်ငံသားများ ပါဝင်ဆောင်ရွက်မှုအားကောင်းစေရန်ဖြစ်သည်။

Related article
ကိုဗစ်-၁၉ ကူးစက်မှုများနှင့် ကျန်းမာရေးအရင်းအမြစ်များ

ကိုဗစ်-၁၉ ကူးစက်မှုများနှင့် ကျန်းမာရေးအရင်းအမြစ်များ

ယခုအခါ ကိုဗစ်-၁၉ ကူးစက်ရောဂါ ပျံ့နှံ့မှုသည် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးသို့ ရောက်ရှိနေပြီ ဖြစ်သည့်အတွက် တိုင်းဒေသကြီးနှင့်…

ကိုဗစ်-၁၉ ရှေ့တန်းမှ ကျန်းမာရေးဝန်ထမ်းများ

ကိုဗစ်-၁၉ ရှေ့တန်းမှ ကျန်းမာရေးဝန်ထမ်းများ

မြန်မာနိုင်ငံရဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှာ တာဝန် ထမ်းဆောင်နေကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေဟာ ကိုဗစ်-၁၉ တုံ့ပြန် ဆောင်ရွက်ရေးအတွက် ရှေ့တန်းက…

ကိုဗစ်-၁၉ ရန်ပုံငွေမှ စီးပွားရေးလုပ်ငန်းများသို့ချေးငွေ

ကိုဗစ်-၁၉ ရန်ပုံငွေမှ စီးပွားရေးလုပ်ငန်းများသို့ချေးငွေ

အစိုးရအနေနဲ့ ၂၀၂၀ ပြည့်နှစ် ဧပြီလကစပြီး စီးပွားရေး လုပ်ငန်းများကို ချေးငွေများ ထုတ်ပေးခဲ့ရာမှာ ခုနစ်ကြိမ်အထိ ရှိခဲ့ပြီဖြစ်ပြီး…

Discussion about this post

Leave a Reply

Your email address will not be published. Required fields are marked *

Type your search keyword, and press enter to search