Menu & Search

ကိုဗစ်-၁၉ အရေးနှင့် ဆက်နွှယ်၍ ဖြစ်ပွားခဲ့သော အမှုဖြစ်စဉ်များ

July 15, 2020

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPPB) က ကိုဗစ်၁၉နှင့် ဆက်နွှယ်၍ တရားစွဲဆို ပြစ်ဒဏ်ချမှတ်မှုများကို ဧပြီလမှစတင်ပြီး မှတ်တမ်းပြုစုလျက်ရှိပါ သည်။ မတ်လနှင့် ဧပြီလအတွင်းတွင် ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေး ဥပဒေ ပုဒ်မ ၁၅၊ ပုဒ်မ ၁၈၊ သဘာ၀ဘေးအ္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅၊ ပုဒ်မ ၂၆၊ ပုဒ်မ ၂၇၊ ပုဒ်မ ၂၈၊ ပုဒ်မ ၃၀၊ ရာဇသတ်ကြီးပုဒ်မ ၁၈၈၊ နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်းမရှိသောကြောင့် ဖမ်းဆီးခံရခြင်း စသည့်ဥပဒေတို့ဖြင့် တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရသူ ၆၇၀ ဦးရှိခဲ့ပြီး မေလအတွင်းတွင် ၃၇၀၅ ဦးအထိ မြင့်တက်လာခဲ့ကာ ဇွန်လတွင် ၅၆ ဦးအထိ ပြန်လည် လျော့ကျသွားခဲ့သည်ကို တွေ့ရှိရသည်။

ဇွန်လအတွင်း ညမထွက်ရအမိန့်ကို ချိုးဖောက်ခြင်းအတွက် ရာဇသတ်ကြီး ပုဒ်မ ၁၈၈ ဖြင့် တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသူ စုစုပေါင်း ၁၉ ဦးရှိသည်။ ထို့အပြင် ကွာရန် တင်းစင်တာတွင် နေထိုင်စဉ် သတ်မှတ်ထားသော စည်းကမ်းများကို လိုက်နာခြင်းမရှိခြင်းနှင့် သတ်မှတ်ထားသောအမိန့်များကို ချိုးဖောက်ခြင်းအတွက်  ကူးစက်ရောဂါများ ကာကွယ်နှိမ် နင်းရေးဥပဒေ ပုဒ်မ ၁၅၊ ပုဒ်မ ၁၈ တို့ဖြင့် တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသူ စုစု ပေါင်း ၂၉ ဦးရှိသည်။ နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်းမရှိသောကြောင့် အပြစ်ပေး အရေး ယူခြင်းခံထားရသူ စုစုပေါင်း ၇ ဦး ရှိပါသည်။

ဧပြီလအတွင်းတွင် အစိုးရမှ ညမထွက်ရအမိန့်ကို ည ၁၀ နာရီမှ နံနက် ၄ နာရီအထိ ထုတ်ပြန်ခဲ့ပြီး မေလတတိယအပတ်တွင် ည ၁၂ နာရီမှ နံနက် ၄ နာရီအထိ ပြန်လည်ဖြေလျှော့ပေးခဲ့ပါသည်။

ISP Admin

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျူ (ISP Myanmar) သည် လွတ်လပ်ပြီး ပါတီစွဲကင်းသည့် အစိုးရမဟုတ်သော သုတေသနအဖွဲ့ဖြစ်ပါသည်။ ISP Myanmar ၏ မြော်မြင်ချက်မှာ မြန်မာနိုင်ငံကို ရုန်းထကြံ့ခိုင်မှုအားကောင်းပြီး သည်းခံစိတ်ကြီးမားသော လူ့အဖွဲ့အစည်းတစ်ရပ်အဖြစ်ပေါ်ထွန်းလာရေး ဖြစ်သည်။ ISP Myanmar ၏ ဦးတည်ချက်မှာ ဒီမိုကရေစီကျသော ခေါင်းဆောင်မှုကို မြှင့်တင်အားပေးရန်နှင့် နိုင်ငံအရေးတွင် နိုင်ငံသားများ ပါဝင်ဆောင်ရွက်မှုအားကောင်းစေရန်ဖြစ်သည်။

Related article
ကိုဗစ်-၁၉ ကူးစက်မှုများနှင့် ကျန်းမာရေးအရင်းအမြစ်များ

ကိုဗစ်-၁၉ ကူးစက်မှုများနှင့် ကျန်းမာရေးအရင်းအမြစ်များ

ယခုအခါ ကိုဗစ်-၁၉ ကူးစက်ရောဂါ ပျံ့နှံ့မှုသည် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးသို့ ရောက်ရှိနေပြီ ဖြစ်သည့်အတွက် တိုင်းဒေသကြီးနှင့်…

ကိုဗစ်-၁၉ ရှေ့တန်းမှ ကျန်းမာရေးဝန်ထမ်းများ

ကိုဗစ်-၁၉ ရှေ့တန်းမှ ကျန်းမာရေးဝန်ထမ်းများ

မြန်မာနိုင်ငံရဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှာ တာဝန် ထမ်းဆောင်နေကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေဟာ ကိုဗစ်-၁၉ တုံ့ပြန် ဆောင်ရွက်ရေးအတွက် ရှေ့တန်းက…

ကိုဗစ်-၁၉ ရန်ပုံငွေမှ စီးပွားရေးလုပ်ငန်းများသို့ချေးငွေ

ကိုဗစ်-၁၉ ရန်ပုံငွေမှ စီးပွားရေးလုပ်ငန်းများသို့ချေးငွေ

အစိုးရအနေနဲ့ ၂၀၂၀ ပြည့်နှစ် ဧပြီလကစပြီး စီးပွားရေး လုပ်ငန်းများကို ချေးငွေများ ထုတ်ပေးခဲ့ရာမှာ ခုနစ်ကြိမ်အထိ ရှိခဲ့ပြီဖြစ်ပြီး…

Discussion about this post

Leave a Reply

Your email address will not be published. Required fields are marked *

Type your search keyword, and press enter to search