Menu & Search

ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ဖြစ်တန်ခြေသုံးရပ်

April 16, 2020
အယ်ဒီတာမှတ်ချက်

ယခုဖော်ပြထားသည့် အထူးသုံးသပ်ချက်ကို ဒေါက်တာ သန့်မြင့်ဦးက ဧပြီ ၈ ရက်တွင် ပေးပို့ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သုံးသပ်ချက်တွင် ပါဝင်သော ကိန်းဂဏန်း အချက်အလက်များသည် ဧပြီ ၈ ရက် မတိုင်ခင်က အခြေအနေများကို ထင်ဟပ် ဖော်ပြထားခြင်းဖြစ်ကြောင်း သိစေအပ်ပါသည်။

၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၈ ရက်နေ့အထိဆိုလျှင် မြန်မာနိုင်ငံတွင် Covid-19 ဗိုင်းရပ်စ် ကူးစက်ခံရသူ ၂၁ ဦး ရှိပြီဟု အတည် ပြုထားသည်။ ကမ္ဘာတစ်ဝန်း ရောဂါကူးစက်ခံရသူပေါင်း ၁.၃ သန်းနှင့် နှိုင်းယှဉ်တွက်ဆလျှင် အလွန်အမင်း နည်းပါးပါသေးသည်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် မြန်မာနိုင်ငံတွင် သေဆုံးရသူ တစ်ဦးသာ ရှိပါသေးသည်။ ကမ္ဘာနှင့်အဝှမ်း သေဆုံးရသူ ၇၀,၀၀၀ ကျော် ရှိနေပြီ ဖြစ်သည်။ သို့တိုင်အောင် ယနေ့ မြန်မာနိုင်ငံတွင် မကြုံစဖူး အရေးပေါ်အခြေအနေနှင့် ရင်ဆိုင်နေရပြီဟု ဆိုချင်ပါသည်။ လာမည့်နေ့ရက်များ၊ လာမည့် ရက်သတ္တပတ်များတွင် ချမှတ်ရမည့် ဆုံးဖြတ်ချက်များ က နောက်လာမည့် ဆယ်စုနှစ်များအတွက် အနာဂတ်ကို ပုံသွင်းပေးပါလိမ့်မည်။

Covid-19 ဗိုင်းရပ်စ်ကူးစက်မှုသည် ၂၀၁၉ ခုနှစ် နှောင်းပိုင်းက တရုတ်နိုင်ငံ၊ ဟူဘေးပြည်နယ် ဒေသတစ်ခုတွင် အစပျိုး ဖြစ်ပွားခဲ့သည်။ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့် နီးကပ်နေသော်လည်း နယ်စပ်ဖြတ်ကျော်၍ ယခုတိုင် ကူးစက်ပြန့်ပွားမှု မတွေ့ရ သေးသည်မှာလည်း အံ့ဩဖွယ်ပင် ဖြစ်သည်။ လွန်ခဲ့သည့် အစောပိုင်းလများတွင် နှစ်နိုင်ငံ နယ်စပ်ကို ကုန်သွယ်ရေး နှင့် လူများ ကူးသန်းသွားလာမှု အတွက် ကျယ်ကျယ်ပြန့်ပြန့် ဖွင့်ထားခဲ့သည်။ သို့သော် ဤအခြေအနေကို သေချာ စမ်းစစ်ကြည့်လျှင် များစွာ အံ့ဩဖွယ် မရှိပါ။ အိမ်နီးချင်း ယူနန်ပြည်နယ်နှင့် အခြားဒေသများသို့ လူထောင်နှင့်ချီ၍ ဝင်၊ ထွက် ဖြတ်သန်းနေကြသော်လည်း၊ ရောဂါသစ် ဖြစ်ပေါ်ရာ ဗဟိုချက်မနှင့် အလှမ်းဝေးပါသည်။ လေကြောင်း ဆက်သွယ်မှုများလည်း အမှန်တကယ် များများစားစား ရှိမနေခဲ့ပါ။ အီတလီနိုင်ငံတွင်ဆိုလျှင် ၂၀၁၉ ခုနှစ်က တရုတ်နိုင်ငံမှ ခရီးသွား ၆ သန်းကျော် လာရောက်ခဲ့ကြောင်း တွေ့ရှိရပြီး၊ ၂၀၂၀ ပြည့်နှစ် နှစ်ဆန်းပိုင်းတွင်ပင် တရုတ်တိုးရစ် ၄၀၀,၀၀၀ ကျော် လာရောက်ခဲ့ကြပါသည်။

နယ်စပ်ဖြတ်ကျော်၍ ဗိုင်းရပ်စ်ကူးစက်မှု နှင့် ပြန့်ပွားမှု ရှိကောင်း ရှိနိုင်ပြီး၊ စုံစမ်းထောက်လှမ်း၍ မရသည်လည်း ရှိနေနိုင်ပါသည်။ မြန်မာနိုင်ငံရှိ ပြည်သူ အများစုမှာ ပြည့်သူ့ကျန်းမာရေး ဝန်ဆောင်မှုများကို အနည်းအကျဉ်းသာ လက်လှမ်းမီသူ သို့မဟုတ် လုံးဝလက်လှမ်းမမီသူများ ဖြစ်ပါသည်။ လွန်ခဲ့သည့် ၂-၃ လ အတွင်းက မြန်မာနိုင်ငံရှိ ပြည်သူများထဲတွင် Covid-19 ရောဂါကူးစက်ခံရမှု ရှိ၊ မရှိကို အင်တိုက်အားတိုက် စစ်ဆေးမှုများလည်း မရှိခဲ့ပါ။

သို့သော် လက်တွေ့မှာ ယခုအခါ အတည်ပြုနိုင်သော လူနာများ တွေ့ရှိနေခဲ့ပြီ ဖြစ်သည်။ ကူးစက်ခံရမှုများ အားလုံးက နိုင်ငံရပ်ခြားမှ ပြန်လာသူများ (ဖြစ်ရပ်တစ်ခုသာ ထိုင်းနိုင်ငံမှ ပြန်လာသူ) နှင့် ချိတ်ဆက်နေပါသည်။ ကျန်သမျှမှာမူ မှန်းဆရုံသာ ရှိသည်။ ရောဂါပိုး စစ်ဆေးခဲ့သည်မှာလည်း လူ ၁,၀၀၀ အောက်သာ ရှိပါသေးသည်။ ရောဂါပိုးမှာ နိုင်ငံ၏ အခြားသောဒေသများသို့ ပျံ့နှံ့နေပြီကို မိမိတို့ မသိရှိသည်လည်း ဖြစ်နိုင်ပါသည်။ ရောဂါပိုးနှင့် ပတ်သက်၍ အချက်အလက် များများစားစား မသိရှိနိုင်ကြသေးဘဲ သေဆုံးနိုင်မှုနှုန်းကိုလည်း မသိနိုင်ကြပါ။ ရောဂါပိုးသည် ပူပြင်းသော ရာသီတွင်လည်း ရှင်သန်နေနိုင်ပြီး မကြာခင် မိုးရာသီ ရောက်ရှိသည့်အခါ ပျံ့နှံ့ကူးစက်မှုများ ဖြစ်လာနိုင်ကြောင်း ခန့်မှန်း တွက်ဆမှုများလည်း ရှိနေသည်။ ဤသည်မှာလည်း မှန်းဆချက်များသာ ဖြစ်ပါသည်။

မိမိတို့ သိရှိနိုင်သည်က ရောဂါ ပျံ့နှံ့ကူးစက်နိုင်သည့် အနေအထားပင် ဖြစ်သည်။ ဤအနေအထားကလည်း မဟန်လှပါ။ ၂၀၀၀ ခုနှစ်များ အစောပိုင်းတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) က မြန်မာနိုင်ငံ၏ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုစနစ်ကို ကမ္ဘာပေါ်တွင် အဆိုးဆုံး အခြေအနေ အဖြစ် သတ်မှတ်ခဲ့ဖူးပါသည်။ ပြီးခဲ့သည့်နှစ်များက အခြားကဏ္ဍများတွင် သိသာထင်ရှားသော တိုးတက်မှုများ ရှိခဲ့သော်လည်း စိတ်မကောင်းစရာမှာ ကျန်းမာရေး စောင့်ရှောက်မှုစနစ်တွင်မူ ဝန်ထမ်း အင်အား မလုံလောက်မှုများနှင့် စက်ပစ္စည်းကိရိယာ မစုံလင်မှုများနှင့်သာ ခရီးဆက်နေခဲ့ရသည်။ လူသန်းပေါင်းများစွာ လျော်ကန်သော ဆေးဝါးကုသခံနိုင်မှုကို လက်လှမ်းမမီကြပါ။ တီဘီရောဂါ၊ ငှက်ဖျားရောဂါ ကဲ့သို့သော ကူးစက်ရောဂါများကြောင့် နှစ်စဉ် ပြည်သူများ သောင်းချီ မဟုတ်လျှင်တောင် ထောင်ချီကာ သေဆုံးကြရပါသည်။ အနောက်နိုင်ငံများတွင် ပြည်သူများ ဆေးရုံသွား၍ ကုသခံနိုင်ခြင်း မရှိကြသည်မှာ စိုးရိမ်တုန်လှုပ်ဖွယ်ရာ အခြေအနေတစ်ခု ဖြစ်သည်။ မြန်မာနိုင်ငံကမူ ကျန်းမာရေးအရ အရေးပေါ်အခြေအနေ ဖြစ်နေသည့် နိုင်ငံတစ်ခုအဖြစ် ရပ်တည်နေခဲ့သည်မှာ ကာလကြာမြင့်နေခဲ့ပြီ ဖြစ်ပါသည်။

ပထမဦးစွာ တုံ့ပြန်ရမည်မှာ ရှင်းပါသည်။ တတ်စွမ်းသရွေ့ အမြန်ဆုံး ကျန်းမာရေး စောင့်ရှောက်မှု စွမ်းဆောင်နိုင်ရည်ကို မြှင့်တင်ရပါမည်။ ကမ္ဘာတစ်ဝှမ်းတွင် ကူးစက်ပျံ့ပွားမှုကို ထိန်းချုပ်နိုင်သည်အထိ၊ သို့မဟုတ် ကာကွယ်ဆေး တွေ့သည်အထိ ရောဂါကူးစက်မှုကို တတ်နိုင်သမျှ လျှော့ချပေးမည့် ကန့်သတ်မှုများ ပြုလုပ်ရပါမည်။ ထိုသို့ ပြုလုပ်ရာတွင် မြန်မာနိုင်ငံကမူ လုပ်ဆောင်နိုင်မှု၊ ရွေးချယ်နိုင်မှု အကန့်အသတ် ရှိနေပါသည်။ ဥပမာအားဖြင့်- မြို့ကြီးများတွင် အရေးပေါ်ကြပ်မတ်ကုသခန်း (ICU) အရေအတွက်ကို ဖြစ်နိုင်သမျှ တိုးမြှင့်ရမည် ဆိုပါစို့။ နိုင်ငံတစ်ဝှမ်းလုံးတွင် အစောတလျင် လိုအပ်သော်လည်း ရက်သတ္တပတ် အနည်းငယ်အတွင်း အကျယ်အပြန့် ဆောင်ရွက်ရန် ဖြစ်နိုင်ခြေ မရှိလှပါ။

စင်ကာပူနှင့် တောင်ကိုရီးယားနိုင်ငံများကဲ့သို့ စောင့်ကြည့်လေ့လာမှု နှင့် ရောဂါနောက်ကြောင်းလိုက်ခြင်း လုပ်ငန်းများမှာ နမူနာယူဖွယ်ဖြစ်သော်လည်း၊ အလားတူ လုပ်ဆောင်နိုင်ရန် ခက်ခဲပါမည်။ ရောဂါကူးစက်မှု များပြားလာသည်နှင့်အမျှ တရုတ်နိုင်ငံ ဟူဘေးပြည်နယ်နှင့် အီတလီနိုင်ငံတွင်ကဲ့သို့ မြို့ကို ပိတ်ချလိုက်ရန်မှာလည်း အလွယ်တကူ ရွေးချယ်စရာ နည်းလမ်းတစ်ခု မဟုတ်ပါ။

သို့ဆိုလျှင် အလေးထား ဦးစားပေးရမည်မှာ ကူးစက်မှု လျှော့နည်းစေရေး နှင့် တိုက်ဖျက်ခြင်းပင် ဖြစ်သည်။ အမှန်ဆိုရလျှင် မြန်မာအစိုးရက ဤလုပ်ငန်းများတွင် သိသာထင်ရှားစွာ အရေးယူ ဆောင်ရွက်နေပါသည်။ နိုင်ငံတကာမှ ခရီးသည်တင် လေကြောင်းလိုင်းများ ပျံသန်းမှုကို ဆိုင်းငံ့ထားခြင်းမှသည်၊ စီးပွားရေးအရ လုပ်ငန်းဆောင်တာများကို ကန့်သတ်ခြင်း၊ လူစုလူဝေးများကို တားမြစ်ခြင်း အထိ ဆောင်ရွက်နေပါသည်။ နိုင်ငံရပ်ခြားမှ ပြန်လာကြသူများကို ခြေချုပ် ကန့်သတ်ရန် ကြိုးပမ်းမှုများလည်း တိုးမြှင့်ဆောင်ရွက်နေသည်ကို မြင်တွေ့နေရသည်။ သို့သော်လည်း အစိုးရက လုပ်ဆောင်နိုင်သည်မှာ အကန့်အသတ်များလည်း ရှိနေပါသည်။ စင်ကာပူနှင့် တောင်ကိုရီးယားနိုင်ငံများကဲ့သို့ စောင့်ကြည့်လေ့လာမှု နှင့် ရောဂါနောက်ကြောင်းလိုက်ခြင်း လုပ်ငန်းများမှာ နမူနာယူဖွယ်ဖြစ်သော်လည်း၊ အလားတူ လုပ်ဆောင်နိုင်ရန် ခက်ခဲပါမည်။ ရောဂါကူးစက်မှု များပြားလာသည်နှင့်အမျှ တရုတ်နိုင်ငံ ဟူဘေးပြည်နယ်နှင့် အီတလီနိုင်ငံတွင်ကဲ့သို့ မြို့ကို ပိတ်ချလိုက်ရန်မှာလည်း အလွယ်တကူ ရွေးချယ်စရာ နည်းလမ်းတစ်ခု မဟုတ်ပါ။ အရင်းအမြစ် ကောင်းစွာရှိသော ခေတ်သစ်နိုင်ငံများ၏ အစိုးရများ၊ အများအားဖြင့် မြို့ပြလူဦးရေကို စီမံအုပ်ချုပ်နေရသော အစိုးရများက လုပ်၍ ဖြစ်သော လုပ်ဆောင်ချက်များ အတိုင်း မြန်မာနိုင်ငံတွင် စီမံရန် မဖြစ်နိုင်ပါ။

ဤသို့ ဆောင်ရွက်ရန် ဆန္ဒရှိကြမည် မထင်ပါ။ စက်မှုနိုင်ငံများတွင် လူမှုရေးအရ ခပ်ခွာခွာနေကြရန် စည်းမျဉ်းတင်းကျပ်ပြီးနောက် စီးပွားရေးလုပ်ငန်းဆောင်တာများတွင် မျှော်လင့်မထားသော ကျဆင်းလာမှုများ ကြုံတွေ့ကြရသည်။ မြန်မာနိုင်ငံတွင် ဤသို့ အလားတူ ဆောင်ရွက်ပါက ပို၍ပင် ဆုံးရှုံးမှု များနိုင်သည်။ အထူးသဖြင့် ဆင်းရဲသူ ပြည်သူများနှင့် လူမှုအသိုက်အဝန်းအတွင်း အထူးထိခိုက်နစ်နာဖွယ် ရှိသောသူများအတွက် ပို၍ ဒုက္ခများစေပါမည်။ လူမှုရေးအရ ခပ်ခွာခွာနေကြရန် ဆိုလျှင် ကျွမ်းကျင်ဝန်ထမ်းများ အတွက် စိတ်အနှောင့်အယှက် ဖြစ်ရရုံသာ ရှိမည်။ အမေရိကန် ပြည်ထောင်စု၊ ဥရောပသမဂ္ဂနိုင်ငံများကဲ့သို့ အိမ်မှ အလုပ်လုပ်နိုင်သေးသည်။ လိုအပ်သည်များကို အိမ်တိုင်ရာရောက် ပို့ဆောင်စေရန် စီမံနိုင်သေးသည်။ သို့သော် ရန်ကုန် ပျံကျရပ်ကွက်များတွင် နေထိုင်နေကြရသော၊ တစ်နေ့လုပ် တစ်နေ့စား ကျပန်းအလုပ်သမား မိသားစုများအတွက်မူ မဖြစ်နိုင်ပါ။ သူတို့ အလုပ်ရှိရာကို ဝမ်းရေးက တွန်းပို့လာမည်ပင် ဖြစ်သည်။ အိန္ဒိယနိုင်ငံတွင် တွေ့မြင်ကြရသည့်အတိုင်း ကျန်းမာရေးရှုထောင့်ကိုသာ အလေးပေးပြီး ရောဂါပိုးကို ကာကွယ်ရန်သာ ဆောင်ရွက်လိုက်သောကြောင့် သာမန်ပြည်သူများအတွက် အလွန်အမင်း ဆင်းရဲကျပ်တည်းမှု ဖြစ်စေခဲ့ပါသည်။ Covid-19 ရောဂါ ခံစားရသည်ထက်ပင် ပိုဆိုးသည့် နစ်နာမှုများ ဖြစ်ပေါ်စေနိုင်ပါသည်။

ယခုတိုင် အတည်ပြုလူနာ ၂၁ ယောက်သာ ရှိသေးသော်လည်း အခြားနိုင်ငံများနှင့် ယှဉ်လျှင် စီးပွားရေးအရ ထိခိုက်သက်ရောက်မှုကို လက်တွေ့ မြင်နေရပေပြီ။ အစိုးရ၏ ကန့်သတ်မှုများကြောင့်သာ မဟုတ်ဘဲ၊ ကမ္ဘာကြီးတစ်ခုလုံး၏ စီးပွားရေးကျဆင်းမှုများကြောင့်လည်း ဖြစ်သည်။ မြန်မာနိုင်ငံ၏ အပြည်ပြည်ဆိုင်ရာ ခရီးသွားလုပ်ငန်းမှာ ပြိုဆင်းသွားပေပြီ။ လူဦးရေ သန်းတစ်ဝက်ကျော်မျှကို အလုပ်ပေးထားသော အထည်ချုပ်လုပ်ငန်းများမှာလည်း နိုင်ငံတကာ ဝယ်လိုအား ကျဆင်းသွားသောကြောင့် များမကြာခင် ထိုးဆင်းသွားဖို့ ရှိနေသည်။ ပို၍ဆိုးသည်မှာ ထိုင်းနိုင်ငံမှ ပြန်လာကြသည့် ရွှေ့ပြောင်းလုပ်သားများနှင့် အခြားနိုင်ငံများမှ အလုပ်ပြုတ်လာကြသည့် ထောင်သောင်းချီ လုပ်သားများကြောင့် အိမ်ပြန်ပို့ငွေများလည်း သိသိသာသာ ကျဆင်းလျှော့နည်းသွားမည် ဖြစ်သည်။ နယ်စပ်ကုန်သွယ်ရေးတွင် အနှောင့်အတား ဖြစ်သည်နှင့် တစ်ပြိုင်နက် အစိုးရက ဆန်စပါး ပြည်ပတင်ပို့မှုများလည်း ကန့်သတ်ရန် ဆုံးဖြတ်ချက် ချမှတ်ခဲ့ရာ လယ်သမား သန်းပေါင်းများစွာ၏ ဝင်ငွေများလည်း ကျဆင်းရတော့မည်။ ဟိုတယ် နှင့် စားသောက်ဆိုင်များ အပါအဝင် အခြားသော စီးပွားရေးလုပ်ငန်းများမှလည်း ဝန်ထမ်း ထောင်သောင်းနှင့်ချီ၍ အလုပ်ရပ်ဆိုင်း၊ လူလျှော့ချရတော့မည်။

ကမ္ဘာတလွှားရှိ နိုင်ငံများက စီးပွားရေး ပြန်လည်လှုံ့ဆော်မှု အထောက်အပံ့များ (stimulus packages) ဖြင့် တန်ပြန်နိုင်ရန် ကြိုးပမ်းနေကြပါသည်။ အချို့သောနိုင်ငံများက ဒေါ်လာ ထရီလီယံနှင့် ချီ၍ သုံးကြပြီး သမိုင်းတလျှောက်တွင် မကြုံခဲ့ရဖူးသော စီးပွားရေးဆောင်ရွက်ချက်များကိုလည်း ပြုနေကြပါသည်။ နိုင်ငံအများက သူတို့နိုင်ငံ၏ အမျိုးသား အသားတင် ထုတ်ကုန်စုစုပေါင်းတန်ဖိုး (GDP) ၏ ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ စီးပွားရေးလုပ်ငန်းများကို ပြန်လည်ကယ်တင်ရန် နှင့် သာမန်ပြည်သူများကို ထောက်ပံ့ပေးရန် သုံးစွဲနေကြသည်။ ထိုင်းနိုင်ငံက မကြာသေးမီပင် GDP ၏ ၁၁ ရာခိုင်နှုန်းခန့် ရှိမည့် ဒေါ်လာ ၆၀ ဘီလီယံတန်ဖိုးရှိ ထောက်ပံ့မှု အစီအစဉ်အသစ်ကို ကြေညာခဲ့သည်။ နှိုင်းယှဉ်ချက်အရဆိုလျှင် မြန်မာနိုင်ငံက အချို့သော ပံ့ပိုးဆောင်ရွက်ချက်များ ပြုခဲ့သော်လည်း သေးငယ်လွန်းပါသည်။ နိုင်ငံ GDP ၏ .၀၂ ရာခိုင်နှုန်းသာ ရှိပါလိမ့်မည်။ မြန်မာနိုင်ငံသည် ဤထက် ပို၍ သုံးစွဲရန် အခွင့်အလမ်းများ ရှိနေပါသေးသည်။ ၂၀၁၉-၂၀၂၀ ဘတ်ဂျက်အများစုမှာ မသုံးစွဲရသေးဘဲ ကျန်ရှိနေပါသေးသည်။ ထို့အပြင် နိုင်ငံပိုင်ဘဏ်များတွင် ဒေါ်လာဘီလီယံနှင့် ချီ၍ ရှိနေပါသေးသည်။ ဗဟိုဘဏ်ကလည်း၊ ကမ္ဘာပေါ်ရှိ အခြားနိုင်ငံများရှိ ဗဟိုဘဏ်များ နည်းတူ ငွေကြေးများ ပိုမိုဖန်တီးနိုင်ပါသေးသည်။ မြန်မာနိုင်ငံသည်လည်း အနည်းဆုံး ဒေါ်လာ ၁-၂ ဘီလီယံ တန်ဖိုးရှိ အထောက်အပံ့ အစီအစဉ်မျိုး အလွယ်တကူ ဖန်တီးနိုင်ပါသည်။

မိမိတို့က အကောင်းဆုံးကို မျှော်လင့်ထားနိုင်ပါသည်။ သို့သော် မျှော်လင့်ချက်သည် မဟာဗျူဟာ မဟုတ်ပါ။ လက်ရှိတွင် အရေးပေါ် လိုအပ်နေသည်မှာ စီးပွားရေး လှုံ့ဆော်မှု အထောက်အပံ့ စီမံကိန်းကြီး တစ်ခု ချမှတ်ရန် ဖြစ်ပါသည်။ ဤသို့သော စီမံကိန်းကို စီးပွားရေးလုပ်ငန်းကြီးများကို ဖေးမရန်မျှမက၊ ဆင်းရဲသားများနှင့် လက်လုပ်လက်စား မိသားစုများ အပါအဝင်၊ သာမန်ပြည်သူများကို တိုက်ရိုက် ကူညီထောက်ပံ့ပေးရန်ပါ အသုံးပြုနိုင်ပေမည်။

ကပ်အသွင် ကူးစက်ပြန့်ပွားမှု မြန်မာနိုင်ငံမှာ ဖြစ်ပေါ်လာခဲ့လျှင် (ဖြစ်နိုင်ခြေလည်း အလွန်များပါသည်) လူသန်းပေါင်းများ စွာ ကူးစက်ခံရမည် ဖြစ်သည်။ လူထောင်သောင်းနှင့်ချီ၍ ဆေးရုံတင် ကုသမှုပေးရန် လိုအပ်မည် ဖြစ်ပြီး၊ အကယ်၍ လျော်ကန်သော ကုသပေးမှု မရရှိလျှင် လူအများ သေဆုံးနိုင်ပါသည်။ ဤအခြေအနေတွင်၊ အစိုးရအတွက် ရွေးချယ်စရာ နည်းလမ်းကောင်းများ မရှိနိုင်တော့ပါ။ ကျန်းမာရေး စောင့်ရှောက်မှုစနစ်သည်လည်း ခါးကျိုးသည့်တိုင် ဖိစီးမှု ခံရပါလိမ့် မည်။ ဖြစ်နိုင်သမျှ အလုံးစုံ ခြေချုပ်ချ ပိတ်ဆို့ရသည်အထိ ဖြစ်လာလျှင်မူ အထွေထွေ စီးပွားရေး ပြိုလဲမှုကြီး မဖြစ်ပေါ်စေရေး အတွက် ဘီလီယံဒေါ်လာနှင့် ချီကာ သုံးစွဲရန် လိုအပ်ပါလိမ့်မည်။ မိမိတို့ သတိပြုထားရမည့်ကိစ္စမှာ မြန်မာနိုင်ငံတွင် နိုင်ငံတော်အစိုးရက အားလုံးကို ထိန်းချုပ်ထားနိုင်သည့် နိုင်ငံတစ်ခု မဟုတ်ပါ။ အစိုးရမဟုတ်သော လက်နက်ကိုင်အဖွဲ့အစည်း အများအပြား ရှိနေပြီး၊ မြန်မာ့တပ်မတော်နှင့် အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှသည်၊ ပြည်သူ့စစ် လက်နက်ကိုင်အဖွဲ့များ၊ လက်ရှိပင် ရခိုင်ပြည်နယ်တွင် စစ်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသေးသော ရခိုင့်တပ်တော် (AA) တို့တိုင် အသီးသီး ရှိနေကြပါသည်။ အခြားသော အကျပ်အတည်းများနှင့် မတူသည်မှာ ပုံမှန်အားဖြင့် ထောက်ပံ့ပေးသည့် အလှူရှင်နိုင်ငံများကလည်း သူတို့နိုင်ငံတွင်း အကျပ်အတည်းများနှင့် ရှုပ်ထွေးနေစဉ်ကာလ ဖြစ်သောကြောင့် နိုင်ငံတကာ အကူအညီများလည်း ရရှိရန် ခက်ခဲနိုင်ပါသည်။

အကျယ်အပြန့်အားဖြင့် ဆိုလျှင် ဖြစ်တန်ခြေ (scenarios) သုံးခု ရှိနိုင်ပါသည်။

ပထမတစ်ခုမှာ ဗိုင်းရပ်စ်ကူးစက် ပြန့်ပွားမှု အနည်းအကျဉ်းသာ ရှိနိုင်သည် ဆိုကြပါစို့။ လူထောင်ချီ ကူးစက်ခံရပြီး၊ ရာဂဏန်းမျှ ဆေးရုံတင်ကုသရန် လိုအပ်နိုင်သည်။ သို့ဆိုလျှင် လက်ရှိ ကျန်းမာရေးစနစ်က ရင်ဆိုင်နိုင်ပေမည်။ ခရီးသွားလာ ကန့်သတ်မှုများ တိုးမြင့်လာပြီး လူအများအတွက် စီးပွားရေးအကျပ်အတည်းက ပိုကြီးလာမည်။ သို့သော် သမိုင်းတလျှောက် တွေ့ကြုံခဲ့ရသော အခြား အခြေအနေများထက် ပိုမဆိုးဟု ယူဆထားနိုင်ပါသည်။

ဒုတိယ ဖြစ်တန်ခြေမှာ အကယ်၍ ဗိုင်းရပ်စ်ကူးစက်ပျံ့ပွားမှု ဖြစ်ခဲ့ပြီး၊ လူထောင်သောင်းချီ၍ သေဆုံးမည်။ သို့သော် အများအားဖြင့် အရောက်အပေါက် နည်းသည့် ကျေးလက်များနှင့် မြို့ငယ်များတွင် ဖြစ်သည် ဆိုပါစို့။ ရောဂါကူးစက်ခံရသူများကလည်း ကျန်းမာရေး စောင့်ရှောက်မှုများ မရ၊ နောက်ဆုံး Covid-19 ကြောင့် သေဆုံးရမှုများ စာရင်းပင် အတိအကျ ကောက်ယူရန် ခက်ခဲနိုင်သော အခြေအနေမျိုး ဖြစ်သည်။ မြို့ကြီးပြကြီးများတွင်လည်း သေဆုံးမှုများ ရှိပြီး ယင်းအချိန်တွင် ဆေးရုံများက အပြည့်ဖြစ်နေမည်။ သို့သော် လအနည်းငယ်အတွင်း အခြေအနေက ပုံမှန်သို့ ပြန်ရောက်သွားမည်။

တတိယ ဖြစ်တန်ခြေမှာ မြန်မာနိုင်ငံက ရောဂါသစ်ကြောင့် အပြင်းအထန် ထိုးနှက်ခံရခြင်းမျိုး ဖြစ်သည်။ မြို့ကြီးပြကြီးများ အပါအဝင် နိုင်ငံအနှံ့အပြားတွင် လူထောင်သောင်းချီ၍ သေဆုံးကြမည်။ အစိုးရအနေဖြင့်လည်း မျှော်လင့်မထားသည့် လူမှုရေး နှင့် စီးပွားရေး အကျပ်အတည်းများကြောင့် စီမံခန့်ခွဲရန် အလွန်အမင်း ခက်ခဲမည်။ နစ်နာထိခိုက်မှုက ဆင်းရဲသားလူတန်းစား အတွက်မျှသာ မဟုတ်၊ လူလတ်တန်းစားများသို့တိုင် သက်ရောက်မည်။ ရွေးချယ်စရာ နည်းလမ်းကောင်း မရှိတော့သည့် အခြေအနေတွင် ကစဉ့်ကလျား အနေအထားကို ထိန်းသိမ်းနိုင်ရန် နောက်ဆုံး လုံခြုံရေး အလေးကဲသော နည်းလမ်းကိုသာ အသုံးပြုရဖွယ် ရှိသည်။ သို့ဆိုလျှင် ပိုပို၍ ဆိုးရွားသွားပြီး တက်လမ်းမရှိ၊ အဆင့်ဆင့် ကျဆင်းသည့် လမ်းစ ဖြစ်လာကာ၊ ကာလအတန်ကြာ အထိ ပြန်လည် နာလန်မထူနိုင်ဘဲ ဖြစ်နေနိုင်ပါသည်။

မိမိတို့က အကောင်းဆုံးကို မျှော်လင့်ထားနိုင်ပါသည်။ သို့သော် မျှော်လင့်ချက်သည် မဟာဗျူဟာ မဟုတ်ပါ။ လက်ရှိတွင် အရေးပေါ် လိုအပ်နေသည်မှာ စီးပွားရေး လှုံ့ဆော်မှု အထောက်အပံ့ စီမံကိန်းကြီး တစ်ခု ချမှတ်ရန် ဖြစ်ပါသည်။ ဤသို့သော စီမံကိန်းကို စီးပွားရေးလုပ်ငန်းကြီးများကို ဖေးမရန်မျှမက၊ ဆင်းရဲသားများနှင့် လက်လုပ်လက်စား မိသားစုများ အပါအဝင်၊ သာမန်ပြည်သူများကို တိုက်ရိုက် ကူညီထောက်ပံ့ပေးရန်ပါ အသုံးပြုနိုင်ပေမည်။ ဤသို့ ကူညီထောက်ပံ့ရာတွင် လက်ရှိ အနိမ့်ဆုံး လုပ်ခလစာထက် မများလျှင်သော်မှ အခြေခံလုပ်ခလစာနှင့် ညီမျှသော တိုက်ရိုက် ငွေသားထောက်ပံ့ပေးမှုမျိုး လိုအပ်ပါသည်။ ထိုင်းနိုင်ငံမှ ပြန်လာကြသည့် ရွှေ့ပြောင်းလုပ်သားများ အတွက်လည်း ထည့်သွင်း စဉ်းစားသင့်ပါသည်။ ထိုသူတို့က စီးပွားရေးစနစ်ကြီး လည်ပတ်နိုင်အောင် များစွာ စွမ်းဆောင်ခဲ့ကြသူများ ဖြစ်ပြီး ယခင်က သူတို့၏ ဝင်ငွေဖြင့် နိုင်ငံ၏ မိသားစုသန်းပေါင်းများစွာကို ပံ့ပိုးထားခဲ့ကြသူများ ဖြစ်ပါသည်။

စီးပွားရေး လှုံ့ဆော်မှု အထောက်အပံ့ (stimulus package) များအပြင်၊ အစိုးရက ကျန်းမာရေး စွမ်းဆောင်မှု မြင့်မားလာစေရန်နှင့် လူတိုင်း တန်းတူညီမျှ ကျန်းမာရေး စောင့်ရှောက်မှုများ ရရှိနိုင်စေရန် လိုအပ်သလောက် ကျခံသုံးစွဲသင့်ပါသည်။ တိုင်းရင်းသား လူနည်းစုများ နေထိုင်ရာ ဒေသများတွင်လည်း အလားတူ ဆောင်ရွက်ရပါမည်။

အကယ်၍ အကျပ်အတည်း ပိုမို ဆိုးရွားလာပါက ခရီးသွားလာမှုများကို ပို၍တင်းကျပ်ရန် အရေးကြီးပြီး အလုပ်လုပ်သူ ပြည်သူများ၏ ဝင်ငွေဆုံးရှုံးရမှုကို ကာကွယ်ပေးသည့် ဆောင်ရွက်ချက်များဖြင့်ပါ ဖြည့်ဆည်း ပံ့ပိုးပေးရပါမည်။ စောင့်ကြည့်လေ့လာခြင်း၊ ရောဂါခြေရာခံခြင်း၊ ခြေချုပ် ကန့်သတ်ခြင်း သို့မဟုတ် လူမှုရေးအရ ခပ်ခွာခွာနေရန် ကိစ္စများ စည်းကြပ်ခြင်းနှင့် အလားတူ အရေးကြီးသည့် အရေးကိစ္စမှာ ပွင့်လင်းမြင်သာစွာနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာ ဆောင်ရွက်ရေးပင် ဖြစ်သည်။ ရောဂါပိုးကို တုံ့ပြန် တိုက်ခိုက်ခြင်းကြောင့် ဒီမိုကရေစီအစိုးရကို အားကောင်းဖို့သာ ဖြစ်စေရပါမည်။ ခွန်အားချည့်နဲ့စေရန် မဖြစ်စေသင့်ပါ။

အကျပ်အတည်းများသည် တစ်ဖက်တွင် အခွင့်အလမ်းများလည်း ဖြစ်ပါသည်။ လုပ်ဆောင်မှု မှန်ကန်ပါက၊ ယခုအချိန်တွင် ငွေကြေး ကုန်ကျခံမှုသည် အစိုးရနှင့် စီးပွားရေးလုပ်ငန်းများ အကြား ခိုင်မာသည့် မိတ်ဘက်ဆက်ဆံရေး၊ ခိုင်မာသည့် ပြည်သူ့လူမှုဖူလုံရေး စနစ်တစ်ခု ဖြစ်ပေါ်စေရေး တို့အတွက် အခြေခံအုတ်မြစ်လည်း ဖြစ်လာနိုင်ပါသည်။ သို့ဆိုလျှင် ပြည်သူတို့ အတွက် ပို၍ ကောင်းမွန်သော ကျန်းမာရေး စောင့်ရှောက်မှုစနစ်၊ ပြည်သူတို့ အတွက် လူမှုဖူလုံရေးစနစ်များ ဖြစ်ပေါ်လာပါမည်။ ဤအချက်သည်ပင် မြန်မာ့ဒီမိုကရေစီစနစ်သစ် အတွက် ဗဟိုချက်မ နှလုံး ဖြစ်လာသင့်ပါသည်။ ဤအကျပ်အတည်းကြီး ပြီးဆုံးချိန်တွင် မြန်မာနိုင်ငံသည် နိုင်ငံသားတို့ကို အကျိုးပြုပြီး ကမ္ဘာ့စီးပွားရေး ဇာတ်ခုံပေါ်တွင် အဆင်သင့်စွာ ပြိုင်ဆိုင်နိုင်သည့် နိုင်ငံတစ်ခု အဖြစ် ထွက်ပေါ်လာသင့်ပါသည်။

(ဒေါက်တာသန့်မြင့်ဦး၏ သုံးသပ်ချက်ဆောင်းပါးကို အောင်သူငြိမ်းက မြန်မာဘာသာသို့ ပြန်ဆိုပါသည်)

ဒေါက်တာသန့်မြင့်ဦး ပေးပို့သည့် မူရင်း (အင်္ဂလိပ်ဘာသာ) ဆောင်းပါးမှာ အောက်ပါအတိုင်း ဖြစ်သည်။ 

 

As of 8 April 2020, Myanmar had 21 confirmed cases of the Covid-19 virus.  This was an infinitely small fraction of the 1.3 million cases worldwide.  One person is known to have died so far in Myanmar from the coronavirus.  More than 70,000 have died in countries around the world.  Yet Myanmar today faces an unprecedented emergency.  The decisions it makes over the coming days and weeks may shape its future for decades to come.

The Covid-19 virus almost certainly originated in Hubei province in China sometime in very late 2019.  Given Myanmar’s proximity to China it may at first seem surprising that we have not seen any transmission across the border, especially in the early months when the border was wide open to trade and movement of people.  But on closer inspection this is perhaps not too surprising.  Though thousands of people travelled back and forth from Yunnan, other places, much further away, were actually far more connected, by air, to the center of the new disease: Italy alone saw 6 million Chinese tourists visit over 2019 and more than 400,000 Chinese traveled to the US in early 2020.

It’s also possible that there was some transmission and spread of the virus across the border and that it was not detected.  So many people in Myanmar have little or no access to public health and no one in Myanmar two or three months ago was actively looking much less testing for Covid-19.

The only real facts we have so far are the confirmed cases, all linked to people coming from overseas or (in a single case) from Thailand.  The rest is guesswork.  Fewer than 1,000 people have been tested.  It’s very possible that the disease has spread to different parts of the country.  We just don’t know. And so much about this virus is still unknown including its lethality.  There is much speculation about whether warmer weather inhibits the virus or the coming rains will see its spread.  But it’s just that: speculation.

What we do know is the context in which the disease will spread.  And that context is not good.  In the early 2000s, the World Health Organization rated Myanmar’s public health system the absolute worst in the world.  Over recent years there have been significant improvements, but the health system remains woefully under-staffed and ill-equipped.  Millions of people have no access to proper medical case.  Thousands if not tens of thousands of people die every year from infectious diseases like TB and malaria.  People not being able to get the hospital treatment they need may be a new and shocking thing in the West.  Myanmar however has been in a medical emergency for a very long time.

The response then would at first seem straight forward:  build clinical capacity as quickly as possible and adopt measures to limit the spread of the disease, until it is properly contained worldwide and a vaccine is available.   Myanmar’s options to do the first may be limited.  In the big cities it may be possible to increase the number of ICU beds for example.  But it’s impossible to see how this might be done country-wide on the scale that may be necessarily, not in a matter of weeks.

The focus then might be on mitigation and suppression.  And indeed, the government have taken significant measures on this front, from suspending international commercial flights to restricting some commercial activity and ending large gatherings.  Efforts to quarantine people returning from abroad have been visibly stepped up.  But here too state capacity is limited.  The kinds of surveillance and tracking measures undertaken by South Korea and Singapore for example will be difficult to match. And the disease takes off, the kind of lockdowns enacted in Hubei province or Italy simply not be an option.  What’s possible for a well-resourced modern state governing a largely urban society will not be possible in Myanmar.

It will also likely not be desirable as well.  In industrial countries, enforced social-distancing has triggered an unprecedented decline in economic activity.  In Myanmar, any attempt to do anything similar may be disastrous, not least for the poorest and most vulnerable in society.  Social-distancing means discomfort for people who are professionals, can work from home, and have things delivered, as in the US or Europe.  It’s impossible for poor families living in slums around Yangon or casual labourers who are forced to live on site.  As we’ve seen in India, what may make sense from a purely clinical perspective, focued on this virus, may bring about extreme suffering for ordinary people, perhaps far worse than anything Covid-19 itself may inflict.

And even with just 21 confirmed cases, the economic damage is already all too real, not from the government’s restrictions so far, but from the deteriorating global economy.  Myanmar’s international tourism sector has collapsed.  The garment sector – employing over half a million – will soon follow with the steep fall in international demand.  Even worse is the rapid fall in remittances as workers return from Thailand and hundreds of thousands of others lose their jobs and are unable to send money home.  With disruptions to border trade the government’s decision to restrict rice exports, income for millions of farmers may also drop.  Businesses including hotels and restaurants may soon need to lay off tens of thousands of staff.

Countries around the world have responded with stimulus packages – some in the trillions of dollars – and other economic measures never before seen in history.  Many countries are spending 10 or even 15 percent of their GDP to rescue businesses and provide income to ordinary people.  Thailand has just announced a new package of nearly $60 billion or 11% of its GDP.  Myanmar by comparison has responded with some measures, but infinitely smaller, representing at most .02% of GDP.   This is despite there being considerably greater room for Myanmar to spend more.  Much of the 2019-20 budget remains underspent. In addition, billions of dollars are available in state-owned banks.  And the Central Bank could create more money as well, as central banks are doing almost everywhere in the world.  Myanmar could easily afford a package of $1-2 billion.

If the epidemic spreads in Myanmar, as is very possible, millions may become infected, hundreds of thousands may require hospital treatment, and many will die, especially if not proper care is available.   At that point, the government will be faced with no good options.  The healthcare system will be strained to breaking point.  And moving towards a general lockdown, to the extent possible, would require billions more dollars to prevent a general economic collapse.  We must remember too that this is not a country where the state is everywhere in control.  It’s a country with dozens of non-State armies, ranging form Ethnic Armed Organizations that have ceasefires with the Myanmar armed forces to militia groups to the Arakan Army fighting now an intense war in Rakhine state.  Unlikely other crises, international assistance may also be difficult to access as the very countries that are normally ‘donors’ will remain preoccupied with their own crises at home.

There are broadly three scenarios.  In the first, the spread of the virus remains minimal.  Perhaps there are thousands of cases and hundreds of people requiring hospital care, but the existing system is able to cope.  Restrictions on movement are increased and there is great economic hardship for many, but no worse than at other times in recent history.   The second scenario is one where the virus spreads, and tens of thousands, die, but mainly out of sight, in villages and small towns, people who rarely receive medical care and whose deaths from Covid-19 may not even be reported.  In the cities there are deaths as well, and for a time the hospitals are full, but within months things begin to return to normal.  The third is that Myanmar faces the full onslaught of this new disease, with hundreds of thousands dying including in the big cities.  The government would have difficulty managing what would be an unprecedented social as well as economic crisis.  The effect would not only be on the poor but also the middle classes.  In the absence of good options, there might be a slide towards a more security-oriented approach, to keep unrest in check.  This would be the beginning of a downward spiral from which there may not be any recovery for a very long time.

We can hope for the best.  But hope is not a strategy.  What’s urgent now is embark on a bold programme of economic stimulus.  The funds should be used not only to rescue businesses but also to directly help ordinary people, including and in particular poor and working families. This could be through direct cash transfers that guarantee a basic wage equal to if not greater than the current minimum wage. We should think especially of migrant workers returning from Thailand, who have done so much to keep this economy going, and whose past income has helped millions of families around the country.

In addition to the stimulus package, the government should of course spend as much as needed to boost medical capacity and ensure equitable access to healthcare, including in all minority areas.

If the crisis worsens, what’s important is to make sure that any measures to restrict movement are coupled with measures to prevent any loss of income to working people.  What’s also important is to make sure that any surveillance, tracking, and quarantine or enforced social distancing, are done in ways that are transparent and accountable:  the response to the virus should strengthen not weaken democratic government.

Crisis can also mean opportunity as well. Done right, spending now can  lay the foundations for a strong development partnership between government and business.   Spending can also lay the foundations for a stronger welfare state – with better healthcare and social security for all people.  This should be at the very center of Myanmar’s new democracy.  When this crisis is over, Myanmar should emerge more ready to compete in the global economy, and more ready to create an economy that’s good for all its citizens.

 

 

.

 

Dr Thant Myint-U

ဒေါက်တာသန့်မြင့်ဦးသည် U Thant House ၏ ဥက္ကဋ္ဌဖြစ်ပြီး စာရေးဆရာနှင့် သမိုင်းပညာရှင်လဲဖြစ်သည်။ ထို့အပြင် Yangon Heritage Trust ကိုတည်ထောင်ခဲ့သူလည်းဖြစ်သည်။

Related article
ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနှင့်  လော့ခ်ဒေါင်းမှတ်စု  (လော့ခ်ဒေါင်းနှင့်အတူနေထိုင်ခြင်း)

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနှင့် လော့ခ်ဒေါင်းမှတ်စု (လော့ခ်ဒေါင်းနှင့်အတူနေထိုင်ခြင်း)

လော့ခ်ဒေါင်းချ ဆောင်ရွက်တဲ့ အခါမှာ ဆင်းရဲတဲ့အိမ်ထောင်စုတွေ၊ အလုပ်အကိုင် ဆုံးရှုံးသွားသူတွေ၊ ချို့တဲ့အားနည်းတဲ့ လူတွေအတွက်လည်း အဓိကစဉ်းစားပေးပြီး ကုစားရေး…

တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ကာကွယ်ဆေး သံတမန်လှုပ်ရှားမှုနှင့် မြန်မာနိုင်ငံအတွက် အလားအလာ

တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ကာကွယ်ဆေး သံတမန်လှုပ်ရှားမှုနှင့် မြန်မာနိုင်ငံအတွက် အလားအလာ

တရုတ်နိုင်ငံဟာ ကာကွယ်ဆေးကို အများကောင်းကျိုးအဖြစ် အသုံးပြုမယ်၊ မြန်မာနိုင်ငံစတဲ့ မိတ်ဖက်နိုင်ငံတွေကို ဦးစားပေးဖြန့်ဝေမယ် ဆိုတာဟာ စေတနာကောင်းရင်တောင် လက်တွေ့…

ကိုဗစ်-၁၉ကပ်ရောဂါနှင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ဒီမိုကရေစီစံနှုန်း

ကိုဗစ်-၁၉ကပ်ရောဂါနှင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ဒီမိုကရေစီစံနှုန်း

ကိုဗစ်-၁၉ ကပ်ရောဂါကာလလို အကျပ်အတည်း ကာလမျိုးမှာ "ရွေးကောက်ပွဲဖြစ်စဉ်တခုလုံးကို တန်းတူညီမျှစွာ ပါဝင်ဆောင်ရွက်ခွင့်"ဆိုတဲ့ ရွေးကောက်ပွဲတွေရဲ့ အခြေခံကျတဲ့ ဒီမိုကရေစီစံနှုန်းကို…

Discussion about this post

Leave a Reply

Your email address will not be published. Required fields are marked *

Type your search keyword, and press enter to search