Menu & Search

အယ်ဒီတာ မှတ်စု

April 16, 2020

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလမှ စတင်၍ တရုတ်နိုင်ငံ၊ ဟူဘေးပြည်နယ်၊ ဝူဟန်မြို့တွင် ကူးစက်ရောဂါ ဖြစ်ပွားနေကြောင်း ကမ္ဘာ့ သတင်းမီဒီယာများတွင် တွေ့နေရသည်။ ကျနော်တို့ အိမ်ပေါက်ဝနှင့် အလှမ်းဝေးသေးသည်ဟု မြင်ခဲ့သည်။ များမကြာမီ လပိုင်းတွင် ဗိုင်းရပ်စ်ပိုးက ကမ္ဘာတပတ် ခရီးထွက်ခဲ့ပြီဖြစ်သည်။ နိုင်ငံအများအပြားတွင် ကူးစက်ပြန့်ပွားမှုကို အင်အားမမျှ ကြံ့ကြံ့ခံရင်ဆိုင်နေကြရပြီး ကျန်းမာရေးအဖွဲ့ ချုပ် (WHO) ကပင် အ္တရာယ်ကြီးမားသည့် ကပ်ရောဂါအဖြစ် သတ်မှတ် ကြေညာခဲ့သည်။

ယခုတော့ COVID-19 ကူးစက် ကပ်ရောဂါက မိမိတို့ တဦးချင်းနှင့် လူမှုအသိုင်း အဝိုင်းအတွက် အတူတကွ စိတ်ပူပန်စရာ ဖြစ်နေပါပြီ။ လက်ငင်း ကူးစက် ပြန့်ပွားမှုနှုန်း မြန်ခြင်းကို စိုးရိမ် နေကြရသကဲ့သို့၊ မိမိတို့ မသိရှိနိုင်သေးဘဲ လှည့်ဖျား တတ်သည့် ဗိုင်းရပ်စ်၏ မာယာကိုလည်း ကြောက်လန့် နေကြရသည်။ အလယ်အလတ်ကာလနှင့် ရေရှည်ကာလတွင် မိမိတို့၏ အိမ်ထောင်စု၊ နိုင်ငံအဆင့်နှင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ကိုပါ ထိခိုက် သက်ရောက်လာမည်ဖြစ်သည်။ ဤသို့ ကျန်းမာရေးနှင့် ဖူလုံ ပွားစည်းရေး စိုးရိမ်ပူပန်ချက် နှစ်ရပ်ဖြင့်ပင် အတော့်ကို ထိတ်လန့် ကြောက်ရွံ့ဖွယ် ကောင်းနေပါပြီ။ တတိယ စိုးရိမ်ပူပန်ချက်မှာ မိုးကုတ်စက်ဝိုင်းသို့ မျှော်ရည်ကြည့်ရမည့် စိုးရိမ်ပူပန်ချက် ဖြစ်သည်။ နိုင်ငံတော်နှင့် လူမှုအသိုက်အဝန်းများ၏ ဆက်ဆံရေး ကိစ္စဖြစ်သည်။ အရေးပေါ် အခြေအနေများကြောင့် ပို၍ ထိန်းချုပ်လာမည်လောဟု စိုးရိမ် ပူပန်နေကြရသလို၊ နိုင်ငံတော် အစိုးရအများက ကောင်းစွာ ရှင်သန် လည်ပတ်နိုင်ရေးအတွက် ရောဂါပြန့် ပွားခြင်းထိန်းချုပ်မှုကိုလည်း ဖိဖိစီးစီး ဆောင်ရွက်ရန် လိုအပ်နေပါသေးသည်။ နိုင်ငံတခုချင်း၏ အုပ်ချုပ်ရေးစနစ် (Govenance) သာမက၊ နိုင်ငံအချင်းချင်း ပူးပေါင်း ဆောင်ရွက်မှုကိစ္စများအတွက်လည်း စိုးရိမ်ပူပန်နေကြရပါသည်။

ယခု COVID-19 ကူးစက်ကပ်ဘေးက နိုင်ငံများကို ဆွဲဖျင် ချလိုက်သည်။ ကမ္ဘာကြီး ၏ အခင်းအကျင်းကို ပြောင်းလဲသွားစေမည့် ကိစ္စဖြစ်သည်။ လူတဦးချင်း၏ ဘဝများကို ဆွဲဖျင် ဖျက်ဆီးနိုင်သည်။ ဈေးကွက်များကို ဖရိုဖရဲဖြစ်သွားစေသည်။ အစိုးရများ၏ စွမ်းဆောင်ရည်ကိုလည်း ဘူးပေါ်သလို ပေါ်စေခဲ့ပါသည်။ အထူးသဖြင့် မတည်ငြိမ် ပြိုကွဲလွယ်သည့် နိုင်ငံများ (fragile states) အဖို့ ဗိုင်းရပ်စ်တိုက်ခိုက်မှု ပို၍ ပြင်းထန်စွာ ခံစားရမည်ဟု တွက်ဆကြသည်။ အုပ်ချုပ်မှုစနစ် ယိုယွင်းခြင်း၊ အစိုးရနှင့် ပြည်သူများ အကြား လူမှုပဋိဉာဉ် ချည့်နဲ့ အားနည်းနေခြင်းအပြင်၊ မဖြေရှင်း နိုင်သေးသည့် ပြည် တွင်းစစ်ပွဲ ပဋိပက္ခများကြောင့်လည်း ပို၍ နစ်နာ ဆုံးရှုံးရဖွယ် ရှိနေပါသည်။ ဆင်းရဲ သည့် နိုင်ငံများအဖို့ ကျန်းမာရေး စောင့်ရှောက်မှု စနစ်လည်း ညံ့ဖျင်းနေတတ်သည်။ ပြည်သူအများကို ရောဂါပိုးစစ်ဆေးမှု ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်ဖွယ် မမြင်၊ ဆင်းရဲလွန်းသည့် ဘဝများက ခပ်ခွာခွာနေနိုင်သည့် အခြေအနေ၊ လမ်းမထွက်ဘဲ အိမ် မှာ ထိုင်စားနေခွင့်လည်း မပေးပါ။

ဤအခြေအနေအသစ်နှင့် လာမည့် အနီးကပ် အနာဂတ်များအတွက် နိုင်ငံအစိုးရ ပေါင်းစုံက မဟာဗျူဟာပေါင်းစုံဖြင့် ကြိုးပမ်း ရုန်းကန်နေကြပါသည်။ မှန်သည်လည်း ရှိမည်။ မှားသည်လည်း ရှိမည်။ ဘာသာရပ် ရှုထောင့်ပေါင်းစုံမှ သင်ခန်းစာယူစရာ ပြည့်နေသောကာလ ဖြစ်သည်။ ဤသို့သော ကပ်ဘေးကြောင့် လုပ်ငန်းများ ခေတ္တ ဆိုင်းငံ့နေရချိန်၊ နောက်တဆင့် ပြင်ဆင်မှုအဖြစ် လုပ်ငန်းဌာနအားလုံး စမ်းတဝါးဝါး လျှောက်လှမ်းနေရချိန်တွင် မြန်မာ့ မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) က မူဝါဒဆိုင်ရာ စဉ်းစားချက်များ၊ ဖြည့်ဆည်းမှုများကို အုတ်တချပ် သဲတပွင့်အဖြစ် ပြုလိုပါသည်။

လူတို့တွင် ” ဦးနှောက်ပိုင်း” နှင့် “ကြွက်သားပိုင်း”ဟူ၍ နှစ်ပိုင်းရှိကြောင်း ခွဲခြားဆွေးနွေးခဲ့ဖူးသည်။ ဗိုင်းရပ်စ်ပိုး တိုက်ဖျက်ရေးတွင် ရှေ့တန်းက အင်ဖြင့်အားဖြင့် “ကြွက်သားပိုင်း” ကို အသုံးပြု၍ တိုက်ပွဲဝင်နေကြသူများကို လေးစား တန်ဖိုး ထားပါသည်။ မရှိမဖြစ် လိုအပ်ပါသည်။ သို့သော် ယခုမူဝါဒနှင့် စဉ်းစားဖွယ်ရာ တင်ပြချက်များက စာဖတ်သူများ၊ မူဝါဒ ဆုံးဖြတ်ချမှတ်သူများအတွက် ” ဦးနှောက်ပိုင်း” သန်စွမ်းရေး တနည်းတဖုံ အထောက်အကူ ဖြစ်စေမည်ဟု ယုံကြည်မိပါသည်။

ISP-Myanmar Special Series (COVID-19 & Myanmar) အထူးထုတ်ကို နယ် ပယ်အသီးသီးမှ ပညာရှင်များ၊ လက်တွေ့ ဆောင်ရွက်နေကြသူများထံမှ သုတေသန အခြေခံဆောင်းပါးများ၊ သုံးသပ်ချက်များ၊ အင်တာဗျူးများဖြင့် စုစည်း တင်ပြလိုက် ပါသည်။ ဤနေရာတွင် တိုင်းရင်းသား ခေါင်းဆောင်တဦး၏ ဆွေးနွေးချက်ကို သဘော ကျ၍ မှီငြမ်း တင်ပြလိုပါသည်။ သူက လူတို့တွင် ” ဦးနှောက်ပိုင်း” နှင့် “ကြွက်သားပိုင်း”ဟူ၍ နှစ်ပိုင်း ရှိကြောင်း ခွဲခြားဆွေးနွေးခဲ့ဖူးသည်။ ဗိုင်းရပ်စ်ပိုး တိုက်ဖျက်ရေးတွင် ရှေ့တန်းက အင်ဖြင့်အားဖြင့် “ကြွက်သားပိုင်း” ကို အသုံးပြု၍ တိုက်ပွဲဝင်နေကြသူများကို လေးစား တန်ဖိုးထားပါသည်။ မရှိမဖြစ် လိုအပ်ပါသည်။ သို့သော် ယခု မူဝါဒနှင့် စဉ်းစားဖွယ်ရာ တင်ပြချက်များက စာဖတ်သူများ၊ မူဝါဒဆုံးဖြတ်ချမှတ်သူများအတွက် ” ဦးနှောက်ပိုင်း” သန်စွမ်းရေး တနည်းတဖုံ အထောက်အကူ ဖြစ်စေမည်ဟု ယုံကြည်မိ ပါသည်။

ယခုအချိန်သည် ကူးစက်ကပ်ဘေး ပြင်းထန်နေသည့် ကာလဖြစ်သည်။ ပုံမှန် အခြေအနေသို့ မည်သည့်အချိန်တွင် ပြန်ရောက်မည်ကို မတွက်ဆနိုင်ကြသေးပါ။ ဤအတောအတွင်း ISP-Myanmar ၏ Special Series အထူးထုတ်ကို ရက်သတ္တပတ် နှစ်ပတ်လျှင် တကြိမ် စုစည်း ထုတ်ဝေသွားနိုင်အောင် ဖြစ်နိုင်သမျှ ကြိုးစားပါမည်။ ထို့ အတူ မူလက စာမျက်နှာ ၁၀ဝ ခန့်ဖြင့် ထုတ်ဝေရန် ပြင်ဆင်ခဲ့ပြီး ယခု အမှတ်စဉ် – ၁ မှာပင် စာမျက်နှာ ၃၀ဝ နီးပါး ရှိသည်အထိ အကြောင်းအရာစုံခဲ့ပါသည်။ နောင်လာမည့် အမှတ်စဉ်များတွင်မူ စာမျက်နှာ ၁၀ဝ ဝန်းကျင်ဖြင့် ထုတ်ဝေသွားရန် ရည်သန် ထားပါသည်။

ယခုတင်ပြမှုတွင် မူဝါဒဆိုင်ရာ တုံ့ပြန်မှုများ၊ သိပ္ပံနှင့်နည်းပညာပိုင်းဆိုင်ရာ တုံ့ပြန်မှုများ၊ လူမှုအသိုက်အဝန်း၏ တုံ့ပြန်မှုများနှင့် လူတဦးချင်းစီအတွက် စိတ်ဓာတ် ရေးရာဆိုင်ရာ တုံ့ပြန်မှုများကို စုစည်းဖော်ပြထားပါသည်။ ISP-Myanmar ၏ Special Series အထူးထုတ်ကို eBook အနေဖြင့် အွန်လိုင်းမှ အခမဲ့ ဖြန့်ဝေသွားမည်ဖြစ်ပြီး၊  ဝက်ဘ်ဆိုက် တွင်လည်း ဖော်ပြပေးထားပါမည်။

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတလွှား၌ နေထိုင်ကြသူအပေါင်း ကပ်ရောဂါဘေး အ္တရာယ်မှ အမြန်ဆုံးလွတ်မြောက်ပြီး ကျန်းမာခြင်းသုခ အပြည့်အဝ ရရှိနိုင်ပါစေ ကြောင်း မြန်မာနှစ်သစ်ကူး ဆုမွန်အဖြစ် မေတ္တာပို့သအပ်ပါသည်။

ISP Admin

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျူ (ISP Myanmar) သည် လွတ်လပ်ပြီး ပါတီစွဲကင်းသည့် အစိုးရမဟုတ်သော သုတေသနအဖွဲ့ဖြစ်ပါသည်။ ISP Myanmar ၏ မြော်မြင်ချက်မှာ မြန်မာနိုင်ငံကို ရုန်းထကြံ့ခိုင်မှုအားကောင်းပြီး သည်းခံစိတ်ကြီးမားသော လူ့အဖွဲ့အစည်းတစ်ရပ်အဖြစ်ပေါ်ထွန်းလာရေး ဖြစ်သည်။ ISP Myanmar ၏ ဦးတည်ချက်မှာ ဒီမိုကရေစီကျသော ခေါင်းဆောင်မှုကို မြှင့်တင်အားပေးရန်နှင့် နိုင်ငံအရေးတွင် နိုင်ငံသားများ ပါဝင်ဆောင်ရွက်မှုအားကောင်းစေရန်ဖြစ်သည်။

Related article
အယ်ဒီတာမှတ်စု

အယ်ဒီတာမှတ်စု

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) ၏ COVID-19 Special series အထူးထုတ် စာအုပ်က…

အယ်ဒီတာမှတ်စု

အယ်ဒီတာမှတ်စု

အကျပ်အတည်းကို ဖြတ်ကျော်ရာတွင် အချည်းနှီး မဖြစ်စေသင့်ပါ။ ယခု ကိုရိုနာဗိုင်းရပ်စ်က ရိုက်ခတ်ခဲ့သည့် ဧရာမ အကျပ်အတည်းသည် ရာစုနှစ်တခုအတွင်း…

အယ်ဒီတာမှတ်စု

အယ်ဒီတာမှတ်စု

အခြား အရေးကြီးသော ကဏ္ဍများကိုလည်း ထည့်သွင်းဖော်ပြထားပါသည်။ မိုးဦးကျရာသီ ဖြစ်သည့် အလျောက် လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေး ကဏ္ဍ…

Discussion about this post

Leave a Reply

Your email address will not be published. Required fields are marked *

Type your search keyword, and press enter to search