Menu & Search

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများအရေး ဦးထူးချစ်အား မေးမြန်းခြင်း

May 4, 2020
အယ်ဒီတာမှတ်ချက်

ယခုဖော်ပြထားသည့် အင်တာဗျူးကို ဦးထူးချစ်က ဧပြီ ၂၅ ရက်တွင် ဖြေကြားခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် အင်တာဗျူးတွင် ပါဝင်သော အချက်အလက်များမှာ ဧပြီ ၂၅ ရက် မတိုင်ခင်က  အခြေအနေများကို ထင်ဟပ်ပါကြောင်း သိစေအပ်ပါသည်။

မေး – လက်ရှိမှာ (ဧပြီလ နောက်ဆုံးပတ်ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာပြောင်းရွှေ့အခြေချလုပ်သားတွေ အခြေအနေက ဘယ်လိုရှိပါသလဲ။ အရေအတွက်အားဖြင့် ဘယ်လောက်ရှိနေနိုင်သေးတယ် ယူဆပါသလဲ။ နေရာအားဖြင့် ဘယ်ဒေသတွေမှာ အများဆုံး ကျန်ရှိနေနိုင်သေးသလဲ။  

ဖြေ – အခုဆိုရင်ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါကြောင့် လုပ်ငန်းတွေတော်တော်များများ ရပ်နားထားတာတွေ တွေ့ရှိရပါတယ်၊ ဓိကအားဖြင့် ဟိုတယ် ခရီးသွားလာရေးနဲ့ စားသောက်ဆိုင်လုပ်ငန်းတွေက ပိုပြီး အထိနာတယ်လို့ ပြောလို့ ရပါတယ်။ တချိန်တည်းမှာပဲ နိုင်ငံခြားကို ကုန်ပစ္စည်းတင်ပို့နေတဲ့ စက်ရုံတွေနဲ့ နိုင်ငံခြားတိုင်းပြည်တွေ (ဓိကအားဖြင့် တရုတ်နိုင်ငံကုန်ကြမ်း ပစ္စည်းမှီခိုနေရတဲ့ စက်ရုံတွေနဲ့ တချို့ ဆောက်လုပ်ရေးလုပ်ငန်းတွေ ဓိကအထိနာတယ်လို့ ပြောလို့ ရပါတယ်။ ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ ဓိအားဖြင့် သုံးအုပ်စုရှိတယ်လို့ ပြောလို့ ရပါတယ်။ 

  • () (လုံးဝ) အလုပ်ပြုတ်သွားသူတွေ၊ 
  • (အလုပ်ချိန်အလျှောခံထားရသူတွေ 
  • (ယာယီ အလုပ်ရပ်နား (အခြေအနေကို စောင့်ဆိုင်းခိုင်းထားသူတွေ တွေဆိုပြီး ပြောလို့ရနိုင်ပါတယ်။  

ချို့အလုပ်သမားတွေ အများအားဖြင့် (လုံးဝအလုပ်ပြုတ်သွားသူတွေကတော မြန်မာနိုင်ငံပြန်ဖို့ ပြင်ဆင်နေ ကြပါတယ် တချို့ အလုပ်သမားတွေဆိုရင် နှစ်နိုင်ငံ အစိုးရတွေရဲ့ တရားဝင် လမ်းဖွင့်မှာကို မစောင့်နိုင်လို့ တရား မဝင် နည်းလမ်းတွေနဲ့ ပွဲစားတွေနဲ့ ဆက်သွယ်ပြီး ပြန်နေတာတွေ ရှိပါတယ်။ ဧပြီလကုန်လို့ လမ်းတွေ ပြန်ဖွင့်ရင် မြန်မာရွှေ့ပြောင်းအလုပ်သမား  အနည်းဆုံး  ရှစ်သောင်း၊ ိန်းလောက်တော့ ပြန်ကြလိမယ်လို့ ခန်ံမှန်းပါတယ်။  

အလုပ်သမားတွေအနေနဲ့ ထိုင်းနိုင်ငံရဲ့ စီးပွားရေးအချက်အခြာ မြို့ကြီးတွေဖြစ်တဲ့ ဘန်ကောက်၊ မဟာချိုင်၊ ချင်းမိုင်၊ ဖူးခက်နဲ့ ထိုင်းနိုင်ငံတောင်ပိုင်းက ဟိုတယ် ခရီးသွားလာရေးလုပ်ငန်းတွေ၊ စားသောက်ဆိုင်လုပ်ငန်းက အလုပ်သမားတွေ ဓိကအားဖြင့် ကျန်ရှိနေတယ်လို့ ပြောလို့ ရပါတယ်။  

မေး – ထိုင်းနိုင်ငံက လူထုတွေ အခြေခံလိုအပ်ချက်တွေအတွက် ထောက်ပံ့မှုတွေ၊ လူမှုဖူလုံရေးကြေးထည့်ဝင်ထားသူ အလုပ် သမားတွေအတွက် ထောက်ပံ့မှုတွေ ရှိပါတယ်။ မြန်မာအလုပ်သမားတွေက အခုလို ထောက်ပံ့မှုတွေအတွက် အကျုံးဝင်ပါ သလား။ အလားတူပဲ ကျန်းမာရေး စောင့်ရှောက်မှုတွေ ခံစားရဖို့ အကျုံးဝင်ပါသလား။  

ဖြေ – လူမှုဖူလုံရေးရန်ပုံငွေ ည့်ဝင်ထားတဲ့ အလုပ်သမားတွေအနေနဲ့ ထိုင်းအစိုးရကသတ်မှတ်ထားတဲ့ အခွင့်အရေး၊ စည်းမျဥ်းစည်းကမ်းအတိုင်း၊ ၎င်းတို့ ထည့်ဝင်ထားတဲ့ လူမှုဖူလုံရေးရန်ပုံငွေ အချိုးအစားအတိုင်း အကျိုးခံစားခွင့် ရှိပါတယ် ထိုင်းအစိုးရအနေနဲ့လည်း ထုတ်ပေးဖို့ တရားဝင် အသိပေးထားပြီးဖြစ်ပါတယ် ရရှိနိုင်တဲ့ အကျိုး အမြတ်တွေနဲ့ ဘယ်လို အလုပ်သမားတွေ ရရှိနိုင်မယ်ဆိုတာကိုလည်း ကျနော်တို့ လို အစိုးရမဟုတ်တဲ့ ဖွဲ့အစည်း တွေအနေနဲ့ လက်လှမ်းမီသလောက် အလုပ်သမားတွေကို လိုအပ်တာတွေ ဘာသာပြန်ပြီး အကြောင်းကြားပေးနေ ပါတယ် ထိုင်းအစိုး ကျန်းမာရေးဌာနမှာ ကျန်းမာရေးအာမခံ  လုပ်ထားတဲ့ အလုပ်သမားတွေ ( အလုပ်သမား တိုင်းနီးပါး ကျန်းမာရေးအာမခံ လုပ်ထားရပါတယ်) နဲ့ လူမှုဖူလုံရေး ရန်ပုံငွေ ည့်ဝင်ထားတဲ့ အလုပ်သမားတွေအနေနဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပြည့်ပြည့်ဝဝရရှိမှာ ဖြစ်ပါတယ်။  

မေး – ထိုင်းနိုင်ငံက မကြာခင်မှာ ပြန်ပြီးဖြေလျော့ တံခါးဖွင့်ဖို့ ပြင်ဆင်နေတာ တွေ့ရပါတယ်။ (တနိုင်ငံလုံးအတိုင်းအတာ မဟုတ်ရင်တောင် ဒေသအချို့ကစပြီး တဖြည်းဖြည်း ပြန်ဖွင့်သွားဖို့ အနေအထားတွေ တွေ့နေရပါတယ်)။ ဒီလို အခြေအနေမှာ မြန်မာပြောင်းရွှေ့အခြေချလုပ်သားတွေ အခြေအနေက ဘယ်လို ဖြစ်လာနိုင်ပါသလဲ။ မြန်မာပြည်ကို ပြန်လာကြဖို့ များသလား၊ သို့မဟုတ်ရင်လည်း ထိုင်းနိုင်ငံမှာ အလုပ်အကိုင်ရှာဖွေကြဖို့ ပြန်သွားကြမှာလား။ ပြောင်းရွှေ့အခြေချလုပ်သားတွေ ရွှေ့လျားမှုက ဘယ်လိုအခြေအနေ ဖြစ်လာနိုင်ပါသလဲ။  

ဖြေ – ရွှေ့ပြောင်းအလုပ်သမားတွေကလည်း ထိုင်းအစိုးရအနေနဲ့ ကိုဗစ်ရောဂါကို အမြန်ဆုံး ထိန်းချုပ်နိုင်ပြီး နိုင်ငံလုံးအတိုင်းအနေနဲ့ မဟုတ်တောင် သတ်မှတ် (ကန့်သတ်ဒေသသတ်မှတ်ပြီး ပြန်ဖွင့်ပါစေလို့ ဆုတောင်မျှော် လင့်နေကြပါတယ်။ ထိုင်းနိုင်ငံရဲ့ ီးပွားရေးအခြေအနေဟာ ကိုဗစ်ရောဂါကို ဘယ်လောက်မြန်မြန်ဆန်ဆန် ထိန်းချုပ်နိုင်မလဲ ဆိုတဲ့အပေါ်မှာလည်း အများကြီး မှီတည်နေပါတယ် အခြေခံအားဖြင့် ရွှေ့ပြောင်းအလုပ်သမားတွေဆိုတာ ထိုင်းနိုင်ငံကို အလုပ်လုပ်ဖို့ လာတာဖြစ်ပါတယ် သူတို့အနေနဲ့  (လုံးမဖြစ်နိုင်လို့သာ မြန်မာနိုင်ငံကို ပြန်ဖို့ စဥ်းစားကြတာ ဖြစ်ပါတယ်။  

ထိုင်းအစိုးရအနေနဲ့ အရေးပေါ်အခြေအနေတွေကို ဖြေလျှောပြီး ချို့ဒေသတွေနဲ့ ချို့ စီးပွားရေးလုပ်ငန်းတွေ ပြန်ဖွင့်မယ်ဆိုရင်တော့ အလုပ်သမားတွေအနေနဲ့ အလုပ်ပြန်ရလာနိုင်ပါတယ် အလုပ်ပြန်ရမယ်ဆိုရင်တော့ အလုပ်သမားအများစုအနေနဲ့ ထိုင်းနိုင်ငံမှာ ဆက်လက် အလုပ်လုပ်ကိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ် ဒါပေမဲ့ အစိုးရနဲ့ လုပ်ငန်းရှင်တွေအနေနဲ့ ဘယ်အချိန်၊ ဘယ်ဒေသမှာ ဘယ်လိုလုပ်ငန်းတွေကို ပြန်ဖွင့်မယ်ဆိုတာ တိတိ ကျကျ ရှင်ရှင်းလင်းလင်း မပြောနိုင်သေးပါဘူး။ ထိုင်းနိုင်ငံလုပ်ငန်းတွေ ပြန်ဖွင့်၊ မဖွင့်ဆိုတာ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ သူတို့ရဲ့ မိသားစုတွေအတွက် သေရေးရှင်ရေးလောက် အရေးကြီးနေပါတယ်   

မေး – ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာသံရုံး (အထူးသဖြင့် အလုပ်သမားရေးရာ ကောင်စစ်ဝန်က ကူညီပံ့ပိုးမှုတွေ ဘယ်လိုရှိပါသလဲ။ ဘယ်လိုကိစ္စတွေ တိုးပြီးပံ့ပိုးဖို့ လိုအပ်ပါသလဲ။  

ဖြေ – ရိုးရိုးရှင်းရှင်းနဲ့ အားမနာတမ်း ပြောရမယ်ဆိုရင်တော့ ထင်သာမြင်သာတဲ့ (စနစ်တကကူညီပံ့ပိုးမှုတွေ လုပ်နေတာ မတွေ့ရပါဘူး။ ချို့ အလုပ်သမားတွေဖုန်းဆက်တာတောင် ဖုန်းမကိုင်ဘူးလို့ အလုပ်သမားတွေက ပြောနေပါတယ်။ သူတို့အနေနဲ့ ပုံမှန်လုပ်နေကျ လုပ်ငန်းလေးတွေလောက်ပဲ လုပ်နေတာတွေ့ရပါတယ်။ အခုလို ရောဂါကပ်ဘေးဆိုက်ရောက်နေတဲ့အချိန်မှာ ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ ဝန်ဆောင်မှုမျိုးစုံ လိုအပ်နေပါတယ်။  

ရွေပြောင်းအလုပ်သမားတွေအနေနဲ့ လုပ်ငန်းသဘာဝနဲ့ အခြေအနေမတူတဲ့အတွက် လိုအပ်ချက်တွေလည်း နေရာနဲ့ နေရာ ကွဲပြားနိုင်ပါတယ်။ ဓိကအားဖြင့်တော့ အရေးပေါ် စားနပ်ရိက္ခာထောက်ပံ့မှု၊ ရှင်းလင်း တိကျတဲ့ သတင်းအချက်အလက်တွေ ဖြန့်ဝေပေးမှု၊ ကျန်းမာရေးပညာပေးမှု၊  လူမှုဖူလုံရေးရန်ပုံငွေ အကျိုး ခံစားပိုင်ခွင့်၊ ဗီဇာကိစ္စ၊ အလုပ်သမား အခွင့်အရေးကိစ္စနဲ့ ပြည်တော်ပြန်မယ့် အလုပ်သမားတွေကို စနစ်တကျ စီစဥ်ဆောင်ရွက်မှုတွေကို လက်ရှိအချိန်မှာ သက်ဆိုင်ရာအဖွဲ့အစည်းတွေ လူပုဂ္ဂိုလ်တွေနဲ့ ပေါင်းပြီး ကိုဗစ ရောဂါအရေးပေါ် ကူညီရေးကော်မတီတွေဖွင့်ပြီး သတ်သတ်မှတ်မှတ် တာဝန်ပေး လုပ်ဆောင်သင့်တယ်လို့ ထင်ပါတယ်။ 

မြန်မာအစိုးရအနေနဲ့ ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ယာယီရပ်တည်နိုင်အောင် ( မြန်မာပြည်ကို မပြန်အောင်ဆောင်ရွက်ပေးသင့်ပါတယ် အဆိုပါဆောင်ရွက်ပေးခြင်းဖြင့်  ရွှေ့ပြောင်းအလုပ်သမားတွေ ထိုင်းမှာ ရှိနေခြင်းဟာ မြန်မာအစိုးရနဲတကွ မြန်မာပြည်သူ လူထုအနေနဲ့ မြန်မာပြည်တွင်းမှာ ခံရလာနိုင်တဲ့ ဝန်ထုပ်ဝန်ပိုးတွေကို တစုံတရာလျော့ကျနိုင်မှာ ဖြစ်ပါတယ် 

တရားဝင် အလုပ်လုပ်ပိုင်ခွင့်လက်မှတ်နဲ့ ဗီဇာလက်ဝယ်ရှိတဲ့ အလုပ်သမားတွေကိုလည်း အလုပ်အကိုင် အလွယ်တကူ ပြောင်းရွှေ့နိုင်အောင် မြန်မာအစိုးရအနေနဲ့ ထိုင်းအစိုးရ တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းပေးသင့်ပါတယ်။ (ထိုင်းအစိုးရ အလုပ်သမားဝန်ကြီးဌာနအနေနဲ့ MOU နဲ့ ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို စာချုပ် ချုပ်ဆိုစဥ်အချိန်ကတည်းက အလုပ်ရှင်တူ၊ လုပ်ငန်းသဘာဝတူမှ အလုပ်လုပခွင့် ပေးထားတာ ဖြစ်ပါတယ်၊ အလုပ် ပြောင်းရွှေ့လုပ်ကိုင်ဖို့ ပုံမှန်အားဖြင့် ခက်ခဲနေပါတယ်)     

မေး – ပြောင်းရွှေ့အခြေချလုပ်သားတွေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအပေါ် ဘယ်လို ရိုက်ခတ်မှုတွေ ကြုံရနိုင်ပါသလဲ။ ဒုတိယ အကျော့ အစုအဝေးနဲ့ မြန်မာနိုင်ငံကို ပြန်လာကြတာတွေ ရှိနိုင်ပါသလား။ မြန်မာနိုင်ငံက ဘယ်လိုပြင်ဆင်ထားသင့်ပါသလဲ။ အခြားတဖက်မှာလည်း ပြည်ပရောက် မြန်မာအလုပ်သမားတွေရဲ့ အိမ်ပြန်ပို့ငွေ လျော့ကျသွားနိုင်ပါတယ်၊ ဒီအတွက်ကြောင့် မြန်မာနိုင်ငံမှာ ဘယ်လိုရိုက်ခတ်မှုတွေ ဖြစ်နိုင်ပါသလဲ။ ထိုင်းနိုင်ငံကိုယ်၌က လာမယ့်ကာလတွေမှာ စီးပွားရေးထိုင်းမှိုင်းမှုတွေကို ကြိုတင်ဆွေးနွေးနေကြပါတယ်။ ဒါဆိုရင် မြန်မာနိုင်ငံကို အစုအပြုံလိုက် ပြန်လာကြတဲ့ ပြောင်းရွှေ့အခြေချလုပ်သားတွေကို ဘယ်လို အသုံးချနိုင်ပါမလဲ။ ဘယ်လို အကြံပြုချင်ပါသလဲ။  

ဖြေ – လက်ရှိဖြစ်ပေါ်နေတဲ့ ကမ္ဘာ့ကျန်းမာရေးကပ် ကိုဗစ်ရောဂါကြောင့် မြန်မာနိုင်ငံကို စီးပွားရေး၊ လူမှုရေးနဲ့ ကျန်းမာရေးကိစ္စတွေမှာ ကြီးမားစွာ ရိုက်ခတ်နိုင်ပါတယ် ဆိုးရွားမှု အတိမ်အနက်ကတော့ နှစ်နိုင်ငံ (ထိုင်းနဲ့ မြန်မာအစိုးရတွေအနေနဲ့ ကိုဗစ်ရောဂါကို ဘယ်လောက်ထိ မြန်မြန်ဆန်ဆန် ထိန်းချုပ်နိုင်မလဲနဲ့ စီးပွားရေးလုပ်ငန်းတွေကို ဘယ်လောက်ထိ မြန်မြန်ဆန်ဆန် စတင်အကောင်အထည်ဖော်နိုင်မလဲဆိုတဲ့ အချက်တွေပေါ်မှာ မူတည်တယ်လို့ ပြောချင်ပါတယ်။  

အခုဆိုရင်  ၂၀၂၀ ဧပြီ ကုန်ရင် ထိုင်းနိုင်ငံအနေနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေပြန်ဖို့ လမ်းတွေဖွင့်ပေးမယ်လို့ ပြောနေသလို မြန်မာအစိုးရတွေအနေနဲ့ ပြန်ဝင်လာမယ့် ရွှေ့ပြောင်းအလုပ်သမားတွေကို ကြိုဆိုဖို့ တစုံတရာ လုပ်ထားတာတွေ တွေ့နေရပါတယ် ကျနော်တို့အနေနဲ့ ခန့်မှန်းရမယ်ဆိုရင်တော့ နည်းဆုံး ရှစ်သောင်း၊ တသိန်းလောက အလုပ်သမားတွေပြန်မယ်လို့ မျှော်လင့်ပါတယ် 

ပြီးခဲ့တဲ့ မတ်လတုန်းကလို ပြနာတွေ မဖြစ်အောင် ပြင်ဆင်နေတယ်လို့ ဆိုပေမဲ ပြည့်စုံလုံလောက်နေပြီလို့တော့ ပြောလို့မရသေးပါဘူး ဓိကအရေးကြီးတာက မြန်မာအစိုးရအနေနဲ့ ထိုင်းနိုင်ငံက ပြန်လာမယ့် ရွှေ့ ပြောင်းအလုပ်သမားတွေကို နစ်တကျကူညီဆောင်ရွက်ပေးနိုင်ဖို့ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ စနစ်တကျစုဖွဲ့ပြီး ထိုင်းမြန်မာနယ်စပ လျှောက်လုံးကို စနစ်တကျ ထိန်းချုပ်ထားသင့်ပါတယ် ထိုင်းမြန်မာ တရားဝင် ဖွင့်လှစ်ထားတဲ့ နယ်စပ်ဂိတ်တွေကိုပဲ အာရုံမစိုက်သင့်ပါဘူး မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ နည်းလမ်းပေါင်းစုံသုံးပြီး နယ်စပ်တွေကို ဖြတ်ကျော်နေတာ တွေ့နေရပါတယ် တရားမဝင် နယ်စပ်ဖြတ်ကျော်မှုတွေဟာ မလိုလားအပ်တဲ့ ဆိုးကျိုးတွေများစွာ ဖြစ်ပေါ်နိုင်ပါတယ်။ နယ်စပ်ဒေသက မြို့ရွာတွေမှာ ထိုင်းကပြန်လာတဲ့ အလုပ်သမားတွေကို Quarantine စင်တာတွေ ထားရှိပေးသလို သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းအလိုက် နယ်စပ်ဒေသတွေကနေ လာရောက်ခေါ်ယူပြီး သက်ဆိုင်ရာဒေသတွေက Quarantine စင်တာတွေမှာ ထားမယ်ဆိုရင် အလုပ်သမားတွေအနေနဲ့လည်း သူတို့ မိသားစုတွေနဲ့ ဆက်သွယ်ရလွယ်ကူသလို နယ်စပ်ပြည်နယ်တွေအတွက်လည်း ဝန်ထုတ်ဝန်ပိုး လျှော့ချနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။  

နောက်တချက်ကတော့ နှစ်နိုင်ငံနားလည်မှု စာချွန်တော် (MOU) နဲ့ အလုပ်လာလုပ်နေတဲ့ အလုပ်သမားတွေဆိုရင် အခုအချိန်အထိ အကြွေးမကျေသေးတာ တွေ့ရပါတယ် အလုပ်ပြုတ်၊ အလုပ်ချိန်လျှော့၊ အလုပ်စောင့်နေရတဲ့ အလုပ်သမား တွေအနေနဲ့ ဘယ်လိုနည်းနဲ့မှ သူတို့ရဲ့ မိသားစုတွေကို ငွေပြန်ပို့နိုင်မယ့် အခြေအနေမရှိပါဘူး ပြည်တွင်းမှာ ကျန်နေတဲ့ မိသားစုတွေအနေနဲ့ကလည်း ရွှေ့ပြောင်းအလုပ်သမားတွေကို မှီခိုနေရတာဖြစ်ပါတယ် ကျနော်တို့ အနေနဲ့ အမြဲတမ်းပြောနေသလို ကိုဗစ်ရောဂါကို မြန်မြန်ဆန်ဆန် ထိန်းချုပ်နိုင်ရင် စီးပွားရေးလုပ်ငန်းတွေကို အချိန်တိုအတွင်းမှာ ပြန်လည်မစတင်နိုင်ဘူးဆိုရင်တော့ မြန်မာပြည်ရဲ့ ချို့ဒေသ ( အဓိအားဖြင့် ရွှေ့ပြောင်း အလုပ်သမားတွေ ပို့ပေးတဲငွေနဲ့ ရပ်တည်နေရတဲ့ ဒေသတွေ အနေနဲ့  အငတ်ဘေးဆိုက်တဲ့အထိ ဖြစ်လာနိုင် တယ်လို့ ပြောချင်ပါတယ် အဲဒီကတဆင့် ကလေးတွေရဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ ခြားလူမှုရေး လုပ်ငန်း တွေကို ရိုက်ခတ်လာလိမ့်မယ်လို့ ထင်ပါတယ်။  

ချို့ ရွှေ့ပြောင်းအလုပ်သမားတွေဆိုရင် သက်ဆိုင်ရာလုပ်ငန်းတွေမှာ ကျွမ်းကျင်လုပ်သားတွေ ဖြစ်နေပါပြီ (ဥပမာအားဖြင့်  စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆောက်လုပ်ရေး၊ ငါးဖမ်းလုပ်ငန်း၊ ဟိုတယ်နဲ့ ခရီးသွားလာရေး လုပ်န်းတွေ စားသောက်ဆိုင် လုပ်ငန်းတွေ)  အစုလိုက်အပြုံလိုက် ပြန်လာမယ့် အလုပ်သမားတွေကို သူတိုရဲ့ ကျွမ်းကျင်မှုနဲ့ ဝါသနာတွေကို သိရှိနိုင်မယ့် စစ်တမ်းတွေ ကောက်ယူထားသင့်ပါတယ်။ ကိုယ့်နိုင်ငံနဲ့ ကိုက်ညီမယ့် စီးပွားရေးလုပ်ငန်းတွေကို အစိုးရအနေနဲ့ အကောင်အထည် ဖော်ပေးသင့်သလို ရွှေ့ပြောင်း အလုပ်သမားတွေ ကိုယ်တိုင် စုပေါင်းလုပ်ကိုင်နိုင်မယ့် အသေးစား စီးပွားရေးလုပ်ငန်းတွေကိုလည်း ဖော်ဆောင်ပေးသင့်ပြီး (အတိုးမဲ ချေးပေးတဲ့ သဘောမျိုးရင်းအနှီး စိုက်ထုတ်ပေးထားသင့်ပါတယ်  

ဓိက လုပ်သင့်တာက စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းတွေကို ကျွမ်းကျင်စိုက်ပျိုးမွေးမြူရေး ပညာရှင်တွေ စျေးကွက် ပညာရှင်တွေ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတွေနဲ့ စနစ်တကျ တိုင်ပင်ညှိနှိုင်းပြီး အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်မယ်ဆိုရင်တော့ မြန်မာပြည်အတွက် စားနပ်ရိက္ခာ ရရှိနိုင်တဲ့အပြင် နိုင်ငံခြား ဝင်ငွေလည်း ရရှိနိုင်မှာဖြစ်ပါတယ်။ 

 မေး – ပြောင်းရွှေ့ အခြေချ လုပ်သားတွေနဲ့ပတ်သက်လို့ မြန်မာအစိုးရကို ဘယ်လို အကြံပြုချက်များ ပြုချင်ပါသလဲ။  

ဖြေ – မြန်မာအစိုးရ အဆက်ဆက်ကို ကျနော်တို့အနေနဲ့ စိုက်မတ်မတ် အကြံပေးခဲ့တာရှိသလို ရွှေ့ပြောင်းအလုပ် သမားတွေကို စနစ်တကျ ကာကွယ်ပေးနိုင်ဖို့ မူဝါဒလမ်းစဥ်တွေလည်း ပေးထားဖူးပါတယ်။ နိုင်ငံခြားတိုင်းပြည်တွေမှာ သွားရောက်လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့အညီ အကာအကွယ်ပေးနိုင်ဖို့ ရှင်းလင်းတိကျတဲ့ ရွှေ့ပြောင်းအလုပ်သမား ကာကွယ်ရေးတွေကိစ္စတွေကို စနစ်တကျပြင်ဆင် ပြဋ္ဌာန်းထား သင့်ပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာရုံးက ထုတ်ပြန်ထားတဲ့ လူအခွင့်အရေးနဲပတ်သက်ပြီး အကာအကွယ်ပေးမှု၊ လေးစားလိုက်နာမှု၊ အကောင်အထည်ဖော်မှုဆိုတဲ့ မူဘောင်နဲ့အညီ၊ နိုင်ငံတကာ အလုပ်သမားအဖွဲ့ ချုပ်က ထုတ်ပြန်ထားတဲ့အလုပ်သမားအခွင့်အရေး စံချိန်စံညွန်းတွေနဲ့အညီ ရေးဆွဲထားသင့်ပါတယ် 

အခုလို ကမ္ဘာ့ကျန်းမာရေး ကပ်ဘေးတို့၊ သဘာဝ ဘေးအန္တရာယ် ( မီးဘေး၊ ရေဘေး၊ မုန်တိုင်း၊ ဆူနာမီကြုံလာရင် ဘယ်လိုအရေးပေါ် ကူညီဆောင်ရွက်မှုတွေ လုပ်မယ်ဆိုတာနဲ့၊ အရေးပေါ်ကာလအတွင်းနဲ့ အရေးပေါ် ကာလအလွန် လုပ်ကိုင်ဆောင်ရွက်ရမယ့် လုပ်ငန်းတွေအတွက် ဗဟာဗျူဟာမြောက် မူဝါဒတွေ ရေးဆွဲထားသင့်ပါ တယ်။ 

နိုင်ငံတော်ရဲအတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ အခုမှ လူထုနဲ့ တွေ့ဆုံပြီး အကြံညဏ်တွေယူနေရတယ် ဆိုကတည်းက အစိုးရမှာ တိကျပြတ်သားတဲ့ အရေးပေါ်ကယ်ဆယ်ရေး မူဝါဒနဲ့ လုပ်ငန်းစဥ်တွေ မရှိသေးဘူးဆိုတာ သိသာပါတယ် နိုင်ငံတော်အနေနဲ့ အခုလိုအချိန်မှာ အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းတွေကို  သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ (တပ်မတော်နဲ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ အပါအဝင်) စနစ်တကျ စုဖွဲ့ပြီး အမျိူးသားရေး တာဝန်တရပ်အနေနဲ့ အင်နဲ့အားနဲ့ လုပ်ကိုင်ဆောင်ရွက်သင့်ပါတယ်။  

ချိန်ထဲမှာဘဲ ကိုဗစ်အလွန် (ရောဂါတွေထိမ်းချုပ်နိုင်ပြီးဘာတွေဆောင်ရွက်မယ်ဆိုတာကို အစိုးရအနေနဲ့ စနစ်တကျ ပြင်ဆင်ထားသင့်ပါတယ်။ လူထုကို ရှင်းရှင်းလင်းလင်း ချပြထားသင့်ပါတယ်။ လူထုနဲ့ စိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေအနေနဲ့ အစိုးရရဲ့ ရှင်းလင်းပြတ်သားတဲ့ လုပ်ငန်းလမ်းညွှန်မှုတွေ သိမှသာ တတ်နိုင်တဲ့က်က ပူးပေါင်း ပါဝင်နိုင်မှာ ဖြစ်ပါတယ်  

အစိုးရအနေနဲ့ သတိကြီးကြီး ထားသင့်တာက တခါတရံမှာ အရေးပေါ်ကာလ ကူညီဆောင်ရွက်မှုတွေထက် ပြန်လည် ပြုစုပျိုးထောင်ရေး (ပုံမှန်အခြေအနေ ပြန်ရောက်အောင် တည်ဆောက်ရေးကာလက ပိုမို ကြာမြင့် (ကြန့်ကြာတတ်ပါတယ်။ ငွေကြေး၊ နည်းပညာနဲ့ စနစ်ကျတဲ့ မူဝါဒရေးရာနဲ့ အကောင်အထည် ဖော်နိုင်မှုတွေအပေါ်မှာ အများကြီး မှီတည်နေတယ် ဆိုတာပါပဲ။

U Htoo Chit

ဦးထူးချစ်သည် ထိုင်းနိုင်ငံတောင်ပိုင်းရှိ ရွှေ့ပြောင်းလုပ်သားများကို ကူညီပေးနေသော FED အဖွဲ့အစည်း၏ အမှုဆောင်ဒါရိုက်တာဖြစ်သည်။

Related article
ကိုဗစ်-၁၉ ကူးစက်ကာလနှင့် ကျား-မ ကွဲပြားမှု မမျှတသည့် ဝန်ထုပ်ဝန်ပိုး( ဦးအောင်မျိုးမင်းအား မေးမြန်းခြင်း)

ကိုဗစ်-၁၉ ကူးစက်ကာလနှင့် ကျား-မ ကွဲပြားမှု မမျှတသည့် ဝန်ထုပ်ဝန်ပိုး( ဦးအောင်မျိုးမင်းအား မေးမြန်းခြင်း)

အမျိုးသမီးတွေကတော့ အိမ်ထောင့် တာဝန်ထမ်းရမယ်ဆိုတဲ့ သတ်မှတ်ချက်တွေကြောင့် သာမန်ကျန်းမာရေးအပူတွေတင်မကဘဲ အမျိုးသမီးတွေမှာ အိမ်ထောင်နဲ့ ပတ်သက်ပြီးတော့ ငွေကို ဘယ်လိုမျိုးလောက်အောင်သုံးရမလဲ၊…

ဒေါက်တာသောင်းထွန်းအား မေးမြန်းခြင်း

ဒေါက်တာသောင်းထွန်းအား မေးမြန်းခြင်း

စိတ်ပိုင်းဆိုင်ရာ ကျဆင်းမှု၊ အရက်ပြဿနာ၊ မူးယစ်ဆေးဝါး ပြဿနာ ဒါတွေဟာ ကျေးလက်မှာ တော်တော့်ကို ကြီးကြီးမားမား ရှိနေတယ်။…

Lဂျာနန်အားမေးမြန်းခြင်း

Lဂျာနန်အားမေးမြန်းခြင်း

မဟုတ်ရင် Silent Carrier တွေများလာနိုင်ပြီး ပိုပြီးတော့ အန္တရာယ်ရှိလာမယ်။ ပြည်ပအရပ်ရပ် တရုတ်ပြည်ကဖြစ်ဖြစ်၊ မလေးရှားကဖြစ်ဖြစ်၊ ထိုင်းကဖြစ်ဖြစ်…

Discussion about this post

Leave a Reply

Your email address will not be published. Required fields are marked *

Type your search keyword, and press enter to search