Menu & Search

မိုးမပြိုဘူး ပြိုခဲ့သော်

April 17, 2020

ပြင်ဆင်ချိန် တလခွဲလောက် ရပါတယ်၊ ကျနော်တို့နိုင်ငံအနေနဲ့ လုပ်နိုင်တဲ့ ငွေအား၊ နည်းပညာအား၊ စီမံခန့်ခွဲနိုင်မှု ဘောင်ထဲမှာ ရှိနေပါတယ်။ ဒါဆိုရင် အကြောင်းကြောင်းကြောင့် ဒီကူးစက်ရောဂါ ပေါက်ကွဲလို့ လူနာတွေများလာမယ့် စွတ်စိုထိုင်းမှိုင်းတဲ့ မုတ်သုံရာသီ မေလလောက်ကို ကြိုတင် ပြင်ဆင်ပြီးသား ဖြစ်နိုင်ပါတယ်။

Continue Reading

ရည်ရွယ်ချက်ကောင်းများမှသည် ရလဒ်ကောင်း ထွက်ရေးဆီသို့

April 17, 2020

ဤအကျပ်အတည်းကြောင့် ရရှိပြီးသား နိုင်ငံ၏ စီးပွားရေး ရင်းမြစ် များစွာကို ပေးဆပ်လိုက်ရပြီးဖြစ်သည်။ လှူအဖွဲ့အစည်းအပေါ် တစုံလုံး ထိခိုက်သက် ရောက်နိုင်မှု အတိုင်းအဆကို မသိရှိကြရသေးပါ။ ဤသို့လျှင် အစိုးရ၏ တုံ့ပြန်မှုများ သည် နိုင်ငံတဝန်းရှိ ရပ်ရွာပြည်သူများအတွင်း မယိုင်လဲသေးသည့် လူမှုအရင်းအမြစ် များကို အားဖြည့်ပေးရန် လိုအပ်နေပြီး ယင်းသည် နိုင်ငံအတွက် တခုတည်းသော ကျန်ရှိနေမည့် နိုင်ငံအရင်းအမြစ်များသာဖြစ်ရာ ချည့်နဲ့မသွားရန် သတိထားဆောင် ရွက်သင့်ပါသည်။

Continue Reading

မေတ္တာဖွံ့ ဖြိုးရေး ဖောင်ဒေးရှင်း တည်ထောင်သူ လဖိုင်ဆိုင်းရော်အား မေးမြန်းခြင်း

April 16, 2020

ဗိုင်းရပ်စ်က ကျမတို့ကို ပိုပြီး ကြောက်လန့်အောင်၊ သည်းညည်းခံတဲ့တရား ဆိတ်သုဉ်းအောင် လုပ်နေပြီ။ ဒါဟာ ကျမတို့ တန်ဖိုးထားမှု၊ လူသားဆန်မှု၊ သူတော်စင် သဖွယ် မြင့်မြတ်မှုတွေကိုလည်း ပြန်ပြီး စာမေးပွဲ စစ်ဆေးနေတဲ့ ကာလပါပဲ။ ရင်ဆိုင်နေရတဲ့ တိုက်ပွဲ စစ်မျက်နှာက ပိုနီးလာတယ်။ ကျမတို့ အိမ်နဲ့ ပိုပိုပြီး နီးလာပြီ။

Continue Reading

ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ဖြစ်တန်ခြေသုံးရပ်

April 16, 2020

မိမိတို့က အကောင်းဆုံးကို မျှော်လင့်ထားနိုင်ပါသည်။ သို့သော် မျှော်လင့်ချက်သည် မဟာဗျူဟာ မဟုတ်ပါ။ လက်ရှိတွင် အရေးပေါ် လိုအပ်နေသည်မှာ စီးပွားရေး လှုံ့ဆော်မှု အထောက်အပံ့ စီမံကိန်းကြီး တစ်ခု ချမှတ်ရန် ဖြစ်ပါသည်။ ဤသို့သော စီမံကိန်းကို စီးပွားရေးလုပ်ငန်းကြီးများကို ဖေးမရန်မျှမက၊ ဆင်းရဲသားများနှင့် လက်လုပ်လက်စား မိသားစုများ အပါအဝင်၊ သာမန်ပြည်သူများကို တိုက်ရိုက် ကူညီထောက်ပံ့ပေးရန်ပါ အသုံးပြုနိုင်ပေမည်။

Continue Reading

အယ်ဒီတာ မှတ်စု

April 16, 2020

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလမှ စတင်၍ တရုတ်နိုင်ငံ၊ ဟူဘေးပြည်နယ်၊ ဝူဟန်မြို့တွင် ကူးစက်ရောဂါ ဖြစ်ပွားနေကြောင်း ကမ္ဘာ့ သတင်းမီဒီယာများတွင် တွေ့နေရသည်။ ကျနော်တို့ အိမ်ပေါက်ဝနှင့် အလှမ်းဝေးသေးသည်ဟု မြင်ခဲ့သည်။ များမကြာမီ လပိုင်းတွင် ဗိုင်းရပ်စ်ပိုးက ကမ္ဘာတပတ် ခရီးထွက်ခဲ့ပြီဖြစ်သည်။ နိုင်ငံအများအပြားတွင် ကူးစက်ပြန့်ပွားမှုကို အင်အားမမျှ ကြံ့ကြံ့ခံရင်ဆိုင်နေကြရပြီး ကျန်းမာရေးအဖွဲ့ ချုပ် (WHO) ကပင် အ္တရာယ်ကြီးမားသည့် ကပ်ရောဂါအဖြစ် သတ်မှတ် ကြေညာခဲ့သည်။ ယခုတော့ COVID-19 ကူးစက် ကပ်ရောဂါက မိမိတို့ တဦးချင်းနှင့် လူမှုအသိုင်း အဝိုင်းအတွက် အတူတကွ စိတ်ပူပန်စရာ ဖြစ်နေပါပြီ။ လက်ငင်း ကူးစက် ပြန့်ပွားမှုနှုန်း မြန်ခြင်းကို စိုးရိမ် နေကြရသကဲ့သို့၊ မိမိတို့ မသိရှိနိုင်သေးဘဲ လှည့်ဖျား တတ်သည့် ဗိုင်းရပ်စ်၏ မာယာကိုလည်း […]

Continue Reading
Page 10 of 10 1 8 9 10
Type your search keyword, and press enter to search