Menu & Search

ကိုဗစ်-၁၉က မီးမောင်းထိုးပြသော အရေးတကြီးပြင်ဆင်ရမည့် မြန်မာ့လူမှုဖူလုံရေး လိုအပ်ချက်များနှင့်အလုပ်သမားရေးရာ

May 4, 2020

CONID-19 ၏ စီးပွားရေးအပေါ်ထိခိုက်မှုမှာ ကာလရှည်ဖြစ်သွားနိုင်သည့်အတွက် အစိုးရအနေဖြင့် ရေရှည်အတွက် မဟာဗျူဟာများ ချမှတ်ရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းသစ်များ ဖန်တီးနိုင်ရန် လိုအပ်‌ြေကာင်းသုံးသပ်မှုများရှိနေသည်။

Continue Reading

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများအရေး ဦးထူးချစ်အား မေးမြန်းခြင်း

May 4, 2020

ကျန်နေတဲ့ မိသားစုတွေအနေနဲ့ကလည်း ရွှေ့ပြောင်းအလုပ်သမားတွေကို မှီခိုနေရတာဖြစ်ပါတယ်။ ကျနော်တို့ အနေနဲ့ အမြဲတမ်းပြောနေသလို ကိုဗစ်ရောဂါကို မြန်မြန်ဆန်ဆန် မထိန်းချုပ်နိုင်ရင်၊ စီးပွားရေးလုပ်ငန်းတွေကို အချိန်တိုအတွင်းမှာ ပြန်လည်မစတင်နိုင်ဘူးဆိုရင်တော့ မြန်မာပြည်ရဲ့ တချို့ဒေသ ( အဓိအားဖြင့် ရွှေ့ပြောင်း အလုပ်သမားတွေ ပို့ပေးတဲ့ငွေနဲ့ ရပ်တည်နေရတဲ့ ဒေသ) တွေ အနေနဲ့ အငတ်ဘေးဆိုက်တဲ့အထိ ဖြစ်လာနိုင် တယ်လို့ ပြောချင်ပါတယ်။

Continue Reading

ကိုဗစ်-၁၉ ကပ်ရောဂါခေတ်တွင် သီးသန့်နေထိုင်ခြင်း

April 28, 2020

လူသားတွေဟာ အကျင့်ဝသီ (ဝါ) အလေ့အထရှိတဲ့ သတ္တဝါတွေ ဖြစ်တဲ့အတွက်ကြောင့် ပုံမှန် လုပ်ရိုးလုပ်ဆောင်ရသော အလုပ်များသည် စိတ်ချမ်းမြေ့စေရန် လိုအပ်ပါသည်။ သင်၏ဘဝကို ပုံမှန် နေ့စဉ် အစီအစဉ်ချထားသော ကြိုတင်ခန့်မှန်းနိုင်သည့် ပုံစံမျိုးဖြင့် လုပ်ကိုင်ရသော အလုပ်မျိုးကို လုပ်ကိုင်ရန် သင် ဆန္ဒရှိနိုင်ပေသည်။ ယခု ကာလသည် သင့်တွင် အချိန်လည်းရှိပြီး စိတ်အနှောင့်အယှက် နည်းပါးသော အချိန် ဖြစ်ရာ တရားဓမ္မနှင့်အညီ နေထိုင်သက်ရှင်ရန် အကောင်းဆုံး အခွင့်အခါပင် ဖြစ်ချေတော့သည်။

Continue Reading

ကိုဗစ် – ၁၉ နှင့် အသက်ရှူကျပ်လျက်ရှိသည့် ကျေးလက်လူနေမှုဟန်ပန်

April 27, 2020

အထက်ဌာနများက စေခိုင်း ညွှန်ကြားချက်များအရ ၁၄ ရက်ကြာ သီးခြားထား၍ စောင့်ကြည့်သည် ဆိုသော်လည်း မည်ကာမတ္တ သဘောဆောင်ပါသည်။ ဝတ္တရားကျေ ဆန်ပါသည်။ ထိုသူတို့အား မိသားစုဝင်တို့က ချိုင့်ကိုဆွဲလျက် သူတို့ဆီသို့ နေ့စာ၊ ညစာ ထမင်း၊ ဟင်း သွားရောက် ပို့ဆောင်ပေးသည်။ ထမင်းလက်ဆုံ စားရင်း တနာရီ၊ နှစ်နာရီကြာအောင် စကားစမြည် ပြောသည်။ ညဘက်တွင် အပျင်းပြေစေရန် အလည်အပတ် သွားရောက်၍ အဖော် လုပ်ပေးသည်။ ပြီးလျှင် အိမ်ပြန်ကြ။ ရပ်ထဲရွာထဲသို့ ပုံမှန်အတိုင်း ကူးလူးဆက်ဆံကြ။

Continue Reading

ထိုင်းရောက် ရွှေ့ပြောင်းအလုပ်သမားများ၊ ဒုက္ခသည်စခန်းများမှ တိုင်းရင်းသားများအရေးနှင့် မယ်တော်ဆေးခန်း၏ ပြင်ဆင်မှု

April 26, 2020

ရွှေ့ပြောင်းလုပ်သားအရေးနဲ့ ပတ်သက်ပြီးတော့ ဆောင်ရွက်ရမယ့် ကိစ္စတွေမှာတော့ လုံလုံခြုံခြုံနဲ့ စနစ်တကျပြန်နိုင်မယ့် အစီအစဉ်တွေအပြင် ကိုယ့် ဒေသအလိုက်မှာ လူထုအခြေပြု Facility Community Quarantine Centre တွေ ပြင်ဆင်ထားမှု အားနည်း နေသေးတယ်ဆိုတာ သိရတယ်။ ပြည်တွင်းမှာရှိတဲ့ လူထု အခြေပြု အဖွဲ့အစည်းတွေအနေနဲ့ရော သူတို့ရဲ့ဒေသအလိုက် Quarantine Area တွေကို ဆောင်ရွက်တာတင်မကဘူး၊ သူတို့အနေနဲ့ လူနာတွေကို အဆင့်ဆင့် လွှဲပြောင်းတဲ့ အချိန်မှာ သတင်းအချက်အလက်တွေ တိတိကျကျ မှန်မှန်ကန်ကန် ရရှိမှုကအစ သူတို့ အတွက် ကာကွယ်စောင့်ရှောက်မှုတွေကအစ ဒီဒေသထဲမှာရှိတဲ့ ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုတွေကအစ ပိုပြီးတော့ ဆောင်ရွက်နိုင်ဖို့ ဒါကို ပြင်ဆင်ဆောင် ရွက်ဖို့ လိုနေပါသေးတယ်။

Continue Reading

အကျဉ်းထောင်တွင်း လူဦးရေလျှော့ချရန် အရေးကြီးသည်

April 25, 2020

မြန်မာနိုင်ငံတွင် အကျဉ်းသားတဦး၏ စားသောက်ရေးအတွက် သတ်မှတ်ထားသည့် နှုန်းထားမှာ အကျဉ်းသားတဦးလျှင် ၉၇၅ ကျပ်နှုန်းသာ သတ်မှတ်ထားသဖြင့် ထိုနူန်းထားဖြင့် ကျွေးမွေးနေသည်မှာ ကိုယ်ခံအားကောင်းရန် လုံလောက်သော အာဟာရဓာတ် ဖြစ်ပါ့မလား ဆိုသည်က မေးခွန်းထုတ်စရာ ဖြစ်ပေသည်။ ထိုနှုန်းထားဖြင့် တွက်ကြည့်လျှင်တောင်မှ အကျဉ်းသား တသိန်းအတွက် တရက်ဆိုလျှင်ပင် သိန်းပေါင်း ၉၇၅ သိန်းကျပ် (၉၇,၅၀ဝ,ဝ၀ဝ ကျပ်) ဖြစ်နေသည်။ ထိုသည်မှာ အစားအသောက် စရိတ်မျှပင် ဖြစ်ပြီး ကျန်းမာရေးစရိတ်၊ ဝန်ထမ်းစရိတ်၊ နေ့စဉ် မြို့နယ် အသီးသီးသို့ ရုံးထုတ်ရသော အသုံးစရိတ်များ၊ အဆောက်အဦများ ထိန်းသိမ်းပြင်ဆင် စရိတ်များ၊ အခြားသော အထွေထွေစရိတ်များ မပါဝင်သေးပါ။ ၂၀၁၆ – ၂၀၁၇ ခုနှစ် အတွက် အကျဉ်းသား၊ အချုပ်သား ကျွေးမွေး ကုန်ကျစရိတ်မှာ ကျပ် ၁၉ ဒသမ ၆၁၄ ဘီလီယံ ကုန်ကျခဲ့သည်။ အကျဉ်းသားဦးရေ ၃ ပုံ ၁ ပုံ ကိုသာ လျှော့ချလိုက်ပါက ကုန်ကျစရိတ်သည်လည်း နေ့စဉ်အတွက် အစားအသောက်စရိတ်ပင် ၃၂၅ သိန်းကျပ် သက်သာမည်ဖြစ်ပြီး အခြားသော နေရာများတွင် အသုံးချနိုင်ပါသည်။ ပိုကောင်းသည့်အချက်မှာ COVID-19 ကာကွယ်နိုင်ရေး အတွက် လိုအပ်သည့် နေရာ အကျယ်အဝန်းလည်း ထွက်လာနိုင်ပေမည်။

Continue Reading

အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုကို ပြည်နယ်ဒေသန္တရမှု ပြုခြင်း

April 25, 2020

အချိန်မီ ထိရောက်သည့် အရေးပေါ် အခြေအနေ တုန့်ပြန်မှုမျိုးကို စီမံဆောင် ရွက်နိုင်ရန်အတွက် ပြည်နယ် ဒေသန္တရအဆင့် အစိုးရဌာနများ၊ အေဂျင်စီများနှင့် အဖွဲ့အစည်းများ အနေဖြင့် ၎င်းတို့ သက်ဆိုင်ရာ ပြည်နယ်ဒေသများအတွက် ထိရောက်ကောင်းမွန်သည့် အရေးပေါ်အခြေအနေ စီမံခန့်ခွဲရေးအစီအမံများ ရေးဆွဲနိုင်ရန်နှင့် လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်တို့အတွက် ၎င်းတို့၏ ဝေဖန်ပိုင်းခြား တွေးခေါ်စဥ်းစားနိုင်စွမ်းနှင့် စီမံခန့်ခွဲမှုစွမ်းဆောင်ရည် မြင့်မားလာစေရန် တည်ဆောက် ပေးရန်လိုအပ်ပါသည်။ သို့မှသာ နိုင်ငံအစိုးရများအနေဖြင့် ကြုံတွေ့နေရဆဲနှင့် နောင်ကာလများတွင် ထပ်မံ ကြုံတွေ့ကြရဦးမည်ဖြစ်သည့် အတိုင်းအဆကြီးမားသည့် ဘေးအန္တရာယ်များနှင့် အရေးပေါ်အခြေအနေများကို လျင်မြန်ထိရောက်စွာ တုန့်ပြန်ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။

Continue Reading

ကိုရိုနာဗိုင်းရပ်စ် တုံ့ပြန်ဆောင်ရွက်မှုဆိုင်ရာ မူဝါဒလိုအပ်ချက်များနှင့် အခွင့်အလမ်းများ

April 24, 2020

ယခုစာတမ်းဟာ မတ်လကုန်အထိ လက်လှမ်းမီတဲ့ သတင်း အချက်အလက်တွေပေါ်မူတည်ပြီး ရေးသားထုတ်ဝေတာဖြစ်ပေမဲ့ အစိုးရရဲ့ လက်ရှိ လုပ်ဆောင်ချက်တွေဟာ စာတမ်းမှာဖော်ပြထားတဲ့ အချို့သော အကြံပြုချက်တွေနဲ့ ကိုက်ညီမှုရှိတာကို မြင်နိုင်ပါတယ်။ နိုင်ငံတကာ တုံ့ပြန်ချက်တွေကို ဖော်ပြတဲ့နေရာမှာ အရေးကြီးတဲ့ အိမ်နီးချင်း တရုတ်နိုင်ငံရဲ့ ဆောင်ရွက်ချက်တွေကို ထည့်သွင်းရေးသားရင် ပိုကောင်းမယ်လို့ သုံးသပ်မိပေမဲ့ အချက်အလက်ပြည့်စုံပြီး ကောင်းမွန်တဲ့ မူဝါဒ စာတမ်းတစောင်ဆိုတာ ငြင်းဆိုဖွယ်ရာ မရှိပါ။ မြန်မာနိုင်ငံအတွက် COVID-19 ကူးစက် ကပ်ရောဂါကို ကာကွယ်၊ ထိန်းချုပ်၊ ကုသဖို့ရာ အစိုးရက ရှင်းလင်းတိကျတဲ့ သတင်း အချက်အလက်ကို မြန်မြန်ဆန်ဆန်ပေးနိုင်မှု၊ ထိရောက်တဲ့ မူဝါဒပိုင်းဆိုင်ရာ ထုတ်ပြန် ချက်တွေအပြင် ကောင်းမွန်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုကိုပါ ပြည်သူလူထုဆီ ရောက်အောင် လုပ်ဆောင်သင့်ကြောင်းကို အခွင့်အလမ်းများ၊ စိန်ခေါ်မှုများနဲ့တကွ အကြံပြုသုံးသပ်ချက်တွေကို ဒီစာတမ်းမှာ ဖတ်ရှုနိုင်ပါတယ်။

Continue Reading

ကပ်လွန် မြန်မာ့ခရီးသွားကဏ္ဍ စိန်ခေါ်မှုများ

April 24, 2020

ကပ်လွန်ကာလ နိုင်ငံတော်မှာ လုပ်စရာများပါတယ်။ stimulus package ကပ်ကာလ လူမှု စီးပွား ထောက်ပံ့ရေး အစီအမံတွေနဲ့ ၂၀၂၀ နှစ်ကုန် ကာလအထိ အခက်အခဲရှိနေတဲ့ စီးပွားရေး လုပ်ငန်းတွေကို ငွေချေးပြီး ကျားကန်ပေးဖို့ လိုပါတယ်။ ခရီးသွားကဏ္ဍ သက်သက်ကိုသာပြောရရင် ကိုဗစ်အလွန်ကာလ ခရီးသွားပုံမှန်ဖြစ်ရေး ဒေသတွင်း ခရီးသွားအားပြိုင်ပွဲထဲဝင်ပါဖို့ ငွေလုံးငွေရင်း ထုတ်နုတ် အသုံးပြုသင့်ပါတယ်။ တဖက်မှာ လုပ်ငန်းရှင်တွေကလည်း စည်းလုံး ညီညွတ်မှုနဲ့ ဒေသတွင်းဈေးကွက်နဲ့ ယှဉ်ပြိုင်နိုင်အောင် ဈေးလျှော့ချပြီး ယှဉ်ပြိုင်နိုင်ရပါမယ်။ နိုင်ငံတော်ဟာ ခရီးသည်တွေအပေါ် ကောက်ခံနေတဲ့ အခွန်အခ၊ ဇုန်ဝင်ကြေးများကို လျှော့ချပစ်ဖို့ သို့မဟုတ် အချိန်ကာလ တခုအထိ လုံးဝ ပယ်ဖျက်ပစ်ဖို့ လိုပါတယ်။ ခရီးသွား ကဏ္ဍမှာ ပါဝင်နေတဲ့ ပြည်သူများရဲ့ အခက်အခဲများကို တတ်နိုင်သမျှ နိုင်ငံတော်ဘက်မှ မျှယူထမ်းပိုးပေးဖို့ လိုနေပါတယ်။ နိုင်ငံတော်ဟာ လက်ရှိအချိန် ကမ္ဘာ့ခရီးသွား ကဏ္ဍရဲ့ ပြောင်းလဲနေမှုများကို မျက်ခြည်မပြတ်ကြည့်ရှုပြီး မိမိ ခရီးသွားကဏ္ဍကို လိုက်လျောညီထွေ ပြုပြင်နိုင်ရေး အစီအမံတွေ ချမှတ်ဖို့လည်းလိုပါတယ်။ ကပ်လွန် ရေတို အချိန်ကာလတခုဟာ အမြတ်အစွန်းထက် မိမိတို့ ရေရှည် ရပ်တည်နိုင်ရေး ဦးတည်နေရကြောင်း လုပ်ငန်းရှင်နဲ့ ဝန်ထမ်းများ သဘောပေါက်ပြီး ညီညွတ်စွာ ကျားကန်ဖို့ လိုအပ်နေပါတယ်။

Continue Reading
Page 12 of 15 1 10 11 12 13 14 15
Type your search keyword, and press enter to search