Menu & Search

ကိုဗစ်- ၁၉ ကပ်ရောဂါဆိုးနှင့် ရခိုင်ပြည်နယ် အခြေအနေ

April 23, 2020

အထူးသဖြင့် လက်ရှိ ထိုးစစ်ဆင်နေသော စစ်ဒဏ်ကြောင့် ထွက်ပြေး တိမ်းရှောင် လာကြရသော စစ်ဘေး ဒုက္ခသည်များ၊ ယာယီ ခိုလှုံရာနေရပ်များ (ဘုန်းကြီးကျောင်း၊ ဓမ္မာရုံ၊ စာသင်ကျောင်း) ကျေးရွာရှိ ဆွေမျိုးများနေအိမ်များတွင် နေထိုင်ရသူများအဖို့ ကပ်ရောဂါဘေးထက် အငတ်ဘေး ကြုံတွေ့နေကြရသည်။ ကျန်းမာရေး ဝန်ကြီးဌာန အနေဖြင့် အသိ ပညာပေးမှု၊ ကြိုတင် ကာကွယ်ရန် ဆောင်ရွက်မှုများကို မြို့ပေါ်ဒေသ များတွင် လုပ်ဆောင် နေသော်လည်း စစ်ဘေး ဒုက္ခသည်များနှင့် ကျေးရွာများအထိ လုပ်ဆောင်နိုင်မှုများ အားနည်းနေကြောင်းလည်း လေ့လာ သိရှိရပါသည်။ မြို့နယ်တိုင်း လိုလို မြို့ပေါ်များတွင် လုပ်ဆောင်မှု အားကောင်းသလောက် ကျေးလက် ဒေသများသို့ ထိရောက်စွာ လုပ်ဆောင်နိုင်မှု အားနည်းနေသည်ကို တွေ့ရှိရပေသည်။

Continue Reading

ကပ်ဆိုးတခုရဲ့ ကောက်ကြောင်း

April 22, 2020

ရောဂါတခုရဲ့ ကူးစက် ပြန့်ပွားမှုနှုန်းကို R0 နဲ့ ပြလေ့ရှိပါတယ်။ အသံထွက်က အာနောက်လို့ ထွက်ပါတယ်။ R0 တန်ဖိုး မြင့်လေလေ ရောဂါက ကူးစက် ပြန့်ပွားနိုင်မှု မြင့်လေပါပဲဲ။ COVID-19 ရဲ့ R0 ဟာ စဦးချင်းမှာ ၂.၂ ကနေ ၂.၇ ကြား ရှိပါတယ်။ သဘောက လူတယောက်ကနေ နောက်ထပ် လူ နှစ်ယောက်ကျော်လောက်ကို ကူးစက် ပြန့်ပွားနိုင်တယ်လို့ ဆိုလိုပါတယ်။ ဒါပေမဲ့ နောက်ဆက်တွဲ လေ့လာချက်တွေမှာတော့ ကူးစက် ပြန့်ပွားနိုင်တဲ့နှုန်းက အဲဒီထက် မြင့်မားတယ်လို့ တွေ့ရှိချက်တွေ ရှိလာပါတယ်။ R0 ဟာ ၁ အထက် ဖြစ်ပြီဆိုရင် ဒါဟာ ကူးစက်နှုန်းမြင့်တယ်လို့ ဆိုနိုင်ပြီး ၁ အောက်ကို ရောက်နေတယ် ဆိုရင်တော့ အဲဒီလိုရောဂါမျိုးဟာ သူ့ဘာသာ ပျောက်ကင်းသွားနိုင်ပါတယ်။ ဒါပေမဲ့  COVID-19 လိုမျိုး ကူးစက်နှုန်း မြင့်မားတဲ့ ရောဂါတွေကတော့ သူ့ဘာသာ မပျောက်သွားနိုင်ပါဘူး။

Continue Reading

COVID-19 နှင့် မြန်မာ့လုပ်သားဈေးကွက်

April 22, 2020

COVID-19 ကပ်ရောဂါကြောင့် မြန်မာနိုင်ငံရှိ အထည်ချုပ် လုပ်သားများသည် ယာယီအလုပ်လက်မဲ့ဖြစ်မှုအပြင် လုပ်သားများ၏ ဝင်ငွေ (သို့) အလုပ်ချိန်နာရီလျော့နည်းသွားသော သိသာသက်ရောက်မှုကို ခံစားရသည်။ အထည်ချုပ်ကဏ္ဍများနည်းတူ အခြားကဏ္ဍများ (အထူးသဖြင့် ပိုကုန့် အခြေပြု ကုန်ထုတ် လုပ်ငန်းများ၊ သယ်ယူ ပို့ဆောင်ရေးနှင့် ခရီးသွား ဝန်ဆောင်မှု လုပ်ငန်းများ) တွင် ဤအကျပ်အတည်းသည် လာမည့် လ အနည်းငယ် အထိ ဆက်လက် ရှိနေမည် (သို့) ပိုမိုကြီးမား လာနိုင်ပါသည်။ လူမှု ဖူလုံရေး စနစ်ပြင်ပရှိ လုပ်သားများ မဆိုထားနှင့် လူမှုဖူလုံရေး စနစ်ထဲရှိ ၁၀ ရာခိုင်နှုန်းအောက် ရှိသော လုပ်သားများသည်ပင်လျှင် အလုပ်ရပ်နားခံရလျှင် အခြေခံခံစားခွင့်ကို လက်လှမ်းမှီရန် ခက်ခဲနေသည်ကို တွေ့ရသည်။ ထိုအပြင် နိုင်ငံတကာ သင်ခန်းစာများကို ကြည့်လျှင် အကျပ်အတည်း (crisis) ကာလတွင် စည်းပြင် လုပ်သားများ (informal worker) သည် စည်းတွင်း လုပ်သားများ(formal worker)ထက် ပိုမို ထိခိုက်မှု များနိုင်သည်ကို တွေ့ရှိရသည် (ဥပမာ- နစ်နာကြေး မရရှိခြင်း၊ လုပ်ခလစာ မရရှိခြင်း)။ ထိုအတူ ပြည်တွင်း ရွှေ့ပြောင်း လုပ်သားများနှင့် ပြည်ပရွှေ့ပြောင်း လုပ်သားများသည် အကျဉ်အတည်းကာလတွင် ပို၍ ထိခိုက်နစ်နာနိုင်ခြေ ရှိကြသည် (ဥပမာ – အစားအသောက်ကုန်ကျစရိတ်အပြင် နေထိုင်မှု အခက်အခဲဖြစ်ခြင်း)။

Continue Reading

နိုင်ငံရေးစနစ်၊ စီမံအုပ်ချုပ်မှုယန္တရား၏ စွမ်းဆောင်ရည်နှင့် ကပ်ရောဂါထိန်းချုပ်ရေးအပေါ်သက်ရောက်မှု

April 21, 2020

လက်ရှိ အချိန်အထိ လေ့လာ တွေ့ရှိချက်တွေအရ ကပ်ရောဂါ ထိန်းချုပ်မှုတွေမှာ ဒီမိုကရေစီ စနစ်ကြောင့် ထိရောက်မှု အားနည်းတယ် ဆိုတာကို ဖော်ပြနေတဲ့ တိကျတဲ့ သုတေသန အထောက်အထားတွေ မတွေ့ရသေးသလို အာဏာရှင် စနစ်ကြောင့် အောင်မြင်တယ်ဆိုတဲ့ ခိုင်လုံတဲ့ သက်သေတွေလည်း မရှိသေးပါဘူး။ ကပ်ရောဂါကို ဘယ်လောက် အောင်မြင်စွာ ကိုင်တွယ်နိုင်သလဲ ဆိုတာဟာ အဲဒီနိုင်ငံရဲ့ အုပ်ချုပ်ပုံ စနစ်ထက် နိုင်ငံတွေရဲ့ စွမ်းဆောင်ရည်၊ ခေါင်းဆောင်တွေရဲ့ တုံ့ပြန်မှုနဲ့ ပြည်သူလူထုရဲ့ စိတ်လိုလက်ရ ပူးပေါင်းပါဝင်မှုတွေ အပေါ်မှာ များစွာ မှီတည်နေတာကို တွေ့ရပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံအနေနဲ့လည်း လက်ရှိ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ကပ်ရောဂါဘေးကို ကိုင်တွယ် ဖြေရှင်းရာမှာ အာဏာရှင် ကျော့ကွင်းကို ရှောင်ရှားကာ အရည်အသွေးမြင့်တဲ့ အစိုးရ၊ စွမ်းဆောင်ရည် မြင့်မားတဲ့ နိုင်ငံတော် ယန္တရားတွေနဲ့ လူမှု အဖွဲ့အစည်းတွေရဲ့ ပူးပေါင်းပါဝင်မှုတွေကို ပိုမိုအားကောင်းစေပြီး တဖက်မှာလည်း ဒီမိုကရေစီ စံချိန်စံညွှန်းတွေကို ဆက်လက် ရှင်သန်စေခြင်းကပဲ ကောင်းမွန်တဲ့ ရလဒ်တွေကို ဖော်ဆောင်နိုင်မယ်လို့ သုံးသပ်ရပါတယ်။

Continue Reading

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါအတွက် နိုင်ငံတကာအစိုးရများ၏ မူဝါဒတုံ့ပြန်ပုံနှင့် မြန်မာနိုင်ငံအတွက် သင်ခန်းစာများ

April 20, 2020

ရောဂါ ကာကွယ်ရေး အစီအမံတွေ လုပ်ရာမှာ အစိုးရဌာန အချင်းချင်း ချိတ်ဆက်မှု ကောင်းဖို့၊ ပူးပေါင်း ဆောင်ရွက်မှု ကောင်းဖို့ လိုအပ်ပါတယ်။ တိကျ ရှင်းလင်းတဲ့ အမိန့်ညွှန်ကြားချက်တွေ မချမှတ်နိုင်ခင် ပြည်ထောင်စုအစိုးရအဆင့် ကော်မတီတွေကို ဖွဲ့စည်းတာ၊ ဖျက်သိမ်းတာ စတာတွေ လုပ်တဲ့အခါ ဖြစ်စေ၊ အမိန့်တွေကို ချမှတ်တာ၊ အလျင်စလို ဖျက်သိမ်းတဲ့အခါ ဖြစ်စေ ဗဟိုနဲ့ ပြည်နယ်နဲ့ တိုင်းမှာရှိတဲ့ ဝန်ထမ်းတွေနဲ့ ချိတ်ဆက်ရာမှာ  မလိုလားအပ်တဲ့ ပြဿနာတွေ ရှိလာနိုင်ပါတယ်။ ဥပမာ  ပြည်ထောင်စု အစိုးရက  ပြည်သူတွေ နေအိမ်တွင်း နေစေဖို့ ညွှန်ကြားချက်ကို တိတိပပ ထုတ်ပြန်တာ မရှိတာကြောင့် အချို့ ဒေသန္တရ အစိုးရတွေ၊ ဒေသတွင်း ကွင်းဆင်း ဆောင်ရွက်နေရတဲ့ ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေက တင်းကျပ်တဲ့ ညွှန်ကြားချက်တွေနဲ့ အကောင်အထည် ဖော်မိတာ၊  အချို့ဒေသတွေမှာ လုံးဝ အကောင်အထည်မဖော်တာ စတဲ့ တကျောင်းတဂါထာ၊ တရွာတပုဒ်ဆန်း အနေနဲ့ ချဉ်းကပ်ကြပါတယ်။  ဗဟိုအစိုးရက အစားထိုးနိုင်တဲ့ ညွှန်ကြားချက် မထုတ်ပြန်ဘဲ အဲဒီ ဒေသန္တရ အမိန့်တွေကို အချို့ပြည်နယ်၊ တိုင်းတွေမှာ ပြန်လည် ရုတ်သိမ်းတဲ့အခါ  ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေနဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေရဲ့ မြေပြင်မှာ အရေးတကြီး လုပ်ဆောင်ရမယ့် ရောဂါ ကာကွယ် ထိန်းသိမ်းရေး လုပ်ငန်းတွေကို အဟန့်အတားဖြစ်နိုင်ပါတယ်။

Continue Reading

တောင်ထွတ် Peak (ဝါ) “စစ်” နိုင်မှ ထိရောက်မည်

April 20, 2020

ကိုဗစ် – ၁၉ ရောဂန္တရကပ်ကို တုံ့ပြန်ရာတွင် အမေရိကန် ပြည်ထောင်စုသည် ဗဟိုကြိုး နီစနစ် ကြီးစိုးနေခဲ့ခြင်း ဖြစ်ပြီးလျှင် ၎င်းကြိုးနီ စနစ်သည် အမေရိကန် ပြည်သူတို့ကို သတ်လိုက်ခြင်းပင် ဖြစ်လေသည်။ ကျနော်တို့နိုင်ငံ အနေဖြင့်လည်း အမေရိကန်ပြည်ထောင်စုလို နိုင်ငံကြီးတောင်မှ အလွဲလွဲအချော်ချော် ဖြစ်ခဲ့ရသော အဖြစ်အပျက်ကို သင်ခန်းစာယူပြီးလျှင် ကြိုးနီစနစ်တို့ကို ဖြေလျှော့၊ ကိုရီးယား နိုင်ငံမှ ပေးသော သင်ခန်းစာကို အတုယူကာ လုံလောက်သော အတိုင်းအတာတခုကို ရောက်သည်အထိ သည့်ထက်မက များစွာသော ပိုးစစ်ဆေးမှုတွေကို လုပ်ဆောင်ပြီးလျှင် ကူးစက်ကပ်ရောဂါကို ထိန်းချုပ်ဖို့ ကြိုးစား ကြရလိမ့်မည် ဖြစ်သည်။ ကျနော်တို့ သည် လုံလောက်သောအမြင့်နေရာ တခု (ဝါ) တောင်ထွတ် (Peak) ကို မရောက်ဘဲ မြေပြင်မှာပဲ တွယ်ကပ်ကာ အလျားလိုက် ကြည့်မြင်နေလို့တော့ဖြင့် ကျနော်တို့အားလုံးမှာ တကယ်တမ်း ဘာတွေဖြစ်ပျက်နေသလဲ ဆိုတာကို မသိနိုင်။

Continue Reading

ကိုဗစ်- ၁၉ ကူးစက်ကပ်ဘေးကာလ နိုင်ငံတကာအစိုးရများ၏ စီးပွားလှုံ့ဆော်မှု ဆောင်ရွက်ချက်များ

April 19, 2020

အစိုးရများက စီးပွားရေးအရ မကျရှုံးရလေအောင် ကယ်ဆယ်ကူမရေး အထူး အရေးကြီးသူများ ဖြစ်ပါသည်။ COVID-19 ကူးစက်မှု ကပ်ဘေးကြောင့် ထိခိုက်သက်ရောက်မှုများက မျှော်လင့်ထားသည်ထက် ပို၍ကြီးမားသည်။ ယေဘုယျ တွက်ချက်မှုများအရ နိုင်ငံအစိုးရများက စီးပွားလှုံ့ဆော်တုံ့ပြန်မှု (stimulus package) ကို နိုင်ငံများ၏ အမျိုးသား အသားတင်ထုတ်ကုန် တန်ဖိုးစုစုပေါင်း GDP ၏ ၁၀ ရာခိုင်နှုန်းခန့် အသုံးပြုကြသည်ကို တွေ့ရှိရသည်။

Continue Reading

Covid-19 ကူးစက်ကပ်ဘေးနှင့် ပြောင်းလဲလာနေသော နိုင်ငံတော်၏ အခန်းကဏ္ဍ

April 19, 2020

မြန်မာအစိုးရအတွက်လည်း အဆိုးထဲမှ အကောင်း၊ လားရာအသစ်ကို ဖန်တီးနိုင်သော အခွင့်အလမ်းများ ရှိနိုင်ပါ သေးသည်။ ဘဏ္ဍာငွေ အင်တိုက်အားတိုက်သုံး၍ နိမ့်ကျနေသော ကျန်းမာရေးစနစ်ကို အသွင်သစ်မြှင့်တင်နိုင်သော အခွင့် အရေး ပေါ်ပေါက်နေပါသည်။ မြန်မာနိုင်ငံတွင် မပေါ်ထွန်းခဲ့ဖူးသေးသော၊ ရှိခဲ့လျှင်သော်မှ ချိနဲ့လွန်းသော လူမှုဖူလုံရေး ပိုက်ကွန်စနစ်ကို အသစ်စတင် တည်ဆောက်နိုင်သော အခြေအနေ ဖြစ်ပါသည်။ E-Government စွမ်းဆောင်ရည်နှင့် ရုံးစနစ် များ၊ ဒစ်ဂျစ်တယ်ငွေကြေး နှင့် ဒစ်ဂျစ်တယ် စီးပွားရေးစနစ်.. စသည် အခွင့်အလမ်းများစွာတို့ကို မြော်မြင်တည်ဆောက်နိုင် သော အခွင့်အလမ်းများ ရရှိနေပါသည်။ သို့သော် တခုတော့ရှိသည်။ ဤသို့ ပြုပြင်ပြောင်းလဲမှုမျိုးက ဗဟုသုတကို အခြေခံရ မည်။ ဗဟုသုတက မောင်းနှင်သော စီးပွားရေးနှင့် လူမှုအသိုက်အဝန်းကို တက်လှမ်းရမည် ဖြစ်ပါသည်။

Continue Reading

ကိုမြအေးအား မေးမြန်းခြင်း

April 19, 2020

ဒီရောဂါက ပျောက်ဖို့၊ ကင်းဖို့ အရေးကြီးတယ်။ မပျောက်ကင်းဘဲ ရေရှည်ဆက်သွားနေရင် လူမှုစီးပွားဘဝ ကျပ်တည်းမှု အထွေထွေက ကျနော်တို့ရဲ့ လူနေမှုပုံစံရော၊ တိုင်းပြည်ရဲ့ပုံစံကိုပါ ပျက်သွားအောင် ဖျက်လိုက်နိုင်တယ်လို့ ကျနော်မြင်တယ်။ ဒီနေရာမှာတော့ ရောဂါပျောက်ကင်းရေးနဲ့ ပတ်သက်ပြီး အစိုးရရဲ့ ကုသပေးမှု တွေ၊ အားနည်းချက်တွေ ဘယ်လောက်ပဲရှိရှိ၊ ဒီဟာကိုလည်း ကောင်းဖို့မျှော်လင့်တယ်။ အားလည်းအားထားတယ်။ နောက်တခုကတော့ ကျနော်တို့က ဘာသာရေးအရ ဘယ်ကိစ္စမဆို ဘုရားသခင်ကို တိုင်တည်ပြီးမှ ဖြေရှင်းတတ်တဲ့ သဘာဝရှိပြီးသားဆိုတော့ ကျနော်တို့ ဘုရားသခင်ကို ဆုတောင်းရုံမှလွဲပြီး အခြားမရှိသေးပါဘူး။

Continue Reading

ကချင် နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဋ္ဌ ဒေါက်တာ ခလမ်ဆမ်ဆွန်အား မေးမြန်းခြင်း

April 19, 2020

ဒီအချိန်မှာ အချင်းချင်း အပြစ်တင်နေမဲ့အစား၊ တိုင်းပြည် တပြည်နဲ့တပြည်ကို အပြစ်တင်နေမဲ့အစား နား လည်ခွင့်လွှတ်မှုနဲ့ ဆောင်ရွက်ဖို့ လိုပါလိမ့်မယ်။ ဒီလိုအချိန်မှာ ကျနော်တို့ မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေးကို ပြောချင်တာကတော့ တိုင်းရင်းသားဒေသတွေမှာ ကချင်၊ ရှမ်း မြောက်၊ ရခိုင် တို့မှာလည်း တိုက်ပွဲတွေကို ရပ်ဆိုင်းပြီး အားလုံးက ဒီရောဂါ ကို ကျော်လွှားနိုင်အောင် အရင်ဆုံး လုပ်သင့်တယ်ဆိုတာ ပြောချင်ပါတယ်။ နောက်ပြီး ဒီအချိန်မှာ ကျနော်တို့ ကိုယ် ယုံကြည်ရာဘုရားကို ဆုတောင်းခြင်းအားဖြင့် ခွန်အားယူပြီးမှ မြန်မာပြည်ကြီး ငြိမ်းချမ်းသာယာအောင် လုပ်ဆောင်သွားဖို့ လိုပါတယ်

Continue Reading
Page 13 of 15 1 11 12 13 14 15
Type your search keyword, and press enter to search