Menu & Search

ဆရာတော် အရှင်သောဘိသ (IBEC) အား မေးမြန်းလျှောက်ထားချက်

April 17, 2020
အယ်ဒီတာမှတ်ချက်

ဆရာတော် အရှင်သောဘိတသည် စစ်ကိုင်း အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ ပညာရေးစင်တာ (IBEC) ၏ ကျောင်းအုပ်ကြီးဖြစ်ပြီး စတော့ဟုမ်း ငြိမ်းချမ်းရေးဆု ရရှိခဲ့သော ဆရာတော်ဖြစ်သည်။ ယခု အင်တာဗျူးအတွက် ဆရာတော် အရှင် သောဘိသကို ဧပြီ ၁၀ ရက်က လျှောက်ထား မေးမြန်းခဲ့ခြင်း ဖြစ်ပါသည်။ ထို့ကြောင့် အင်တာဗျူး အဖြေများတွင် ပါဝင်သော ကိန်းဂဏန်း၊ အချက်အလက်များသည် ဧပြီ ၁၀ ရက် မတိုင်ခင်က အခြေအနေများကို ထပ်ဟပ်ဖော်ပြထားခြင်း ဖြစ်ကြောင်း သိစေအပ်ပါသည်။

 

မေး – အရင်ဆုံးအနေနဲ့ တပည့်တော် အဓိကသိလိုတာကတော့ Covid-19  ကပ်ရောဂါကြောင့် မြန်မာနိုင်ငံမှာ နေထိုင်ကြတဲ့ ရဟန်းရှင်လူ ပြည်သူတွေ တွေ့ကြုံနေရသော အခြေအနေ တွေနဲ့ ပတ်သက်ပြီးတော့မှ ဆရာတော်ရဲ့ အမြင်နဲ့သုံးသပ်ချက်တွေကို သိလိုပါတယ်ဘုရား။ မူဝါဒရေးရာ လုပ်ကြတဲ့သူတွေ စဉ်းစားလို့ရအောင် ဆရာတော်ကို မေးခွန်း သုံးခုလောက် မေးခွင့်ပြုပါဘုရား။ ပထမဆုံး မေးခွန်းက တပည့်တော်တို့ လက်ရှိ သံဃ အဖွဲ့အစည်းတွေမှာဆိုရင် ဒီကပ်ဘေးကြီးဖြစ်လို့ ပိုဆိုးမှာပေါ့။ တချိန်တည်းမှာပဲ သံဃအဖွဲ့အစည်းဆိုတာ ကလည်း ကြိုတင် ပြင်ဆင်မှုကောင်းတဲ့ အဖွဲ့အစည်းဖြစ်တယ်။ လက်ရှိဖြစ်နေတဲ့ အခက်အခဲတွေကို ကျော်လွှားတဲ့နေရာမှာ အထောက်အကူဖြစ်အောင်လို့ ဆရာတော်တို့အနေနဲ့ ဘယ်လို ကျော်ဖြတ်နေလဲ၊ ပြီးတော့ သံဃ အဖွဲ့အစည်းတွေကနေ ဘယ်လို ပံ့ပိုးကူညီမှုတွေ လုပ်ပေးတာတွေရှိလဲဆိုတာ သိလိုပါတယ် အရှင်ဘုရား။

ဖြေ – သံဃအဖွဲ့ အစည်းဆိုတာ မြန်မာနိုင်ငံရဲ့ အင်အားအကြီးဆုံး အဖွဲ့ အစည်းတွေထဲမှာ တခုအပါအဝင် ဖြစ်တယ်။ ခေတ်အဆက်ဆက်မှာ ကျုပ်တို့ ပြောခဲ့ကြတယ်။ မြန်မာနိုင်ငံမှာ အင်အားအကြီးဆုံး organization community ဟာ သံဃာ့ အဖွဲ့အစည်းရယ်၊ ကျောင်းသားရယ်၊ တပ်မတော်ရယ်ဆိုတဲ့ အပိုင်း၊ ခေတ် အဆက်ဆက်မှာ အင်အားအကြီးဆုံးဆိုတဲ့ အဖွဲ့ထဲမှာ ပါတာပေါ့။ အဲဒီတော့ ဦးဇင်းတို့ရဲ့ ဒီ သံဃ community ဆိုတာ ဘုရားသားတော်တွေ ဖြစ်တဲ့အတွက် ဘုရားရှင် ကိုယ်တော်မြတ်ကြီးရဲ့ ဓမ္မဝိနိယနဲ့အညီ နေထိုင်ကြတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်တယ်။ ဒါကြောင့်မို့လို့  ဒီလို Covid-19  ဖြစ်တဲ့အခါမှာ ဘယ်လို စိန်ခေါ်မှုတွေ ရှိသလဲဆိုတော့ ပထမ ဦးဆုံးကတော့ စာသင်တိုက်ကြီးတွေရဲ့ အပိုင်းကဏ္ဍမှာ သံဃာတော်တွေ အားလုံးကို ဒီ Covid-19  ကူးစက်နိုင်တာ ကနေ ကာကွယ်ဖို့ဆိုပြီး၊ နိုင်ငံတော် သံဃမဟာနာယက ကလည်း လမ်းòန်ချက် ထွက်တဲ့အတွက် စာသင်တိုက်က သံဃာတော်တွေကို ဒေသပြန်ခွင့် ပြုရတယ်ပေါ့နော်။ ဒါက ပထမဆုံးဦးသော စိန်ခေါ်မှုပေါ့။ နောက် နိုင်ငံတော်အစိုးရက တရားဝင်လုပ်နေတဲ့ ပထမပြန် စာမေးပွဲတွေ၊ ဓမ္မာစရိယ စာမေးပွဲတွေကို ရပ်ဆိုင်းလိုက်ရပြီးတော့မှ စာမေးပွဲတွေ ရပ်တန့်သွားတယ်ဆိုတာ စိန်ခေါ်မှုတခုပေါ့။ အဲဒီလို စိန် ခေါ်မှုတွေနဲ့အတူ သံဃာတော်တွေ နေရပ်ပြန်ရတဲ့ အခါ ကာလတွေမှာ ဒီသံဃအဖွဲ့အစည်းထဲမှာ ရှိကြတဲ့၊ သွားနေတဲ့ လုပ်ငန်းစဉ်တွေ ရပ်တန့်သွားတယ်ဆိုတာ ဒါကတော့ ပထမ စိန်ခေါ်မှု ဖြစ်တယ်။

ဒုတိယ စိန်ခေါ်မှုကတော့ ဒကာတော် မေးတဲ့ ဒီ Covid-19  ကာလတွေ ဖြစ်တဲ့အခါမှာ တချို့ တချို့သော ဒေသတွေမှာ လူတွေ လူတွေက ဒါတွေကို ကြောက်ရွံ့လာ ကြတဲ့အတွက် ဘုန်းကြီးကျောင်းတွေ၊ ဘာသာရေး အခမ်းအနားတွေကို ရပ်တန့်လိုက်တာတွေ ရှိတယ်။ ဒီလို အလား သဏ္ဍာန်တူတဲ့ ပုံစံမျိုးကို ဒုတိယ ကမ္ဘာစစ်ကာလ မတိုင်ခင်နဲ့ ကိုလိုနီခေတ် မြန်မာပြည်မှာ ကြုံဖူးတယ်။ အဲဒီကာလ ကပ်ရောဂါဆိုးတွေ ကာလဝမ်းရောဂါတို့၊ ပုလိပ်ရောဂါတို့ အစ ရှိတဲ့ ရောဂါမျိုးတွေ ဖြစ်ခဲ့ဖူးတဲ့အချိန်မှာ လယ်တီဆရာတော် ဘုရားကြီးတို့က တတိုင်းပြည်လုံးကို မေတ္တာရှေ့ထားပြီးတော့ မှ ပရိတ်တွေ ရွတ်ဖတ်ပေးခဲ့ပြီးတော့မှ ဆောင်ရွက်ခဲ့ကြတာ တွေလည်း ရှိတယ်။ အဲဒီတော့ ဒီနေ့ မျက်မှောက်ခေတ်မှာ Covid-19  မှာတော့ မြန်မာနိုင်ငံ အတောအတွင်းမှာရှိတဲ့ ကျောင်းတွေက ဘုရားပုထိုးတွေ စေတီတွေပါ မကျန် အား လုံးကို လူတွေ ဘာသာရေးအခမ်းအနားတွေ ဝင်ရောက် ဆောင်ရွက်ခွင့်ကို နိုင်ငံတော်အစိုးရကလည်း ဒေသ္တရ အမိန့်ဆိုပြီးမှ ပိတ်လိုက်တယ်ပေါ့နော်။ ပိတ်လိုက်တဲ့အတွက် ကျောင်းတွေမှာ လူတွေအဝင်အထွက် သိပ်မရှိဘူး။ ဘုရားတွေမှာလည်း သွားတာလာကြတာ မရှိဘူးပေါ့။ ဒါကတော့ ကာကွယ်ရေးအတွက် ကောင်းတယ်လို့ မြင်ပေမဲ့ ဘုန်းတော်ကြီးကျောင်း တော်တော်များများကိုပေါ့နော်၊ ဒီဆွမ်းကွမ်း ဝေယျာဝစ္စ ကိစ္စတွေလည်း ခက်ခဲသွားတာကိုလည်း တွေ့ရ တယ်။

ဥပမာ ပြောရရင်တော့ ကျုပ်တို့လို အင်အားကြီးပါတယ် ဆိုတဲ့ IBEC ကျောင်းတော်ကြီးမှာတောင်မှ ဒါ ဆွမ်းကွမ်း ဝေယျာဝစ္စကိစ္စတွေ၊ တချို့ကိစ္စတွေမှာ ခက်ခဲသွားတာတွေ ကျုပ်တို့ တွေ့ရတယ်ပေါ့နော်။ ဒါက စိန်ခေါ်မှုကို ပြောပြတာ။ အဲဒီ စိန်ခေါ်မှုတွေကနေပြီးတော့မှ ဘယ်လို ကျော်လွှားမှု လုပ်ကြသလဲဆိုတော့ သံဃာဆိုတာ ရောင့်ရဲ တင်းတိမ် ရတယ်၊ ခြိုးခြံချွေတာရတယ်၊ ရှိတာနဲ့ မျှတရတဲ့အတွက် ဒီ အစားအသောက်နဲ့ ပတ်သက်လို့ကတော့ ကျုပ်တို့တတွေက ရဟန်းသံဃာတွေအပိုင်းမှာ ဒါက အရေးကြီးကိစ္စကြီးတခု လို့ မသတ်မှတ်ကြဘဲနဲ့ ကိုယ့် တိုင်းသူပြည်သားတွေရဲ့ အရေး မှာ ကိုယ်တတ်စွမ်းသမျှ ပေးကမ်းထောက်ပံ့တဲ့ အပိုင်းကဏ္ဍတွေကို ဘုန်းကြီးကျောင်းတွေက လုပ်တယ်။

နောက် အသိုက်အဝန်းကို ကူညီထောက်ပံ့တာမျိုး ဖြစ် တဲ့ ဥပမာဆိုပါစို့တော့၊ ဓမ္မဒူတဆရာတော် အရှင်ဆေကိန္န တို့ဆိုရင် ရန်ကုန်မှာ သှူရဲ့ ဓမ္မဒူတ ကျောင်းတော်ကြီးကနေ ပြီးတော့မှ ဒီနိုင်ငံခြားကနေပြန်လာတဲ့ စောင့်ကြည့်ရမယ့် Covid-19  စောင့်ကြည့်လူ မြောက်မြားစွာကို (နေရေး၊ စားရေး တာဝန်ယူ စောင့်ကြည့်လျက်) အင်တိုက်အားတိုက် နဲ့ ဆောင်ရွက်ပေးတာပေါ့။ ဒါက သံဃအဖွဲ့ အစည်းက လူထု အပေါ်မှာ၊ အစိုးရအပေါ်မှာ ပံ့ပိုးကူညီပေးတဲ့ အပိုင်းတွေပေါ့ နော်။ သံဃာတော်တွေဆိုတာ ခေတ်အဆက်ဆက်မှာ တိုင်း ပြည်နိုင်ငံနဲ့ အစိုးရနဲ့လူထုအပေါ်မှာ ဘယ်လိုအချိန် မှာပဲဖြစ် ဖြစ် ကျဉ်းထဲ ကျပ်ထဲမှာဆို ဝိုင်းဝန်းပြီးတော့မှ ဝန်းရံပေးကြ တယ်။ ဥပမာ –  သီတဂူဆရာတော်ဘုရားကြီးတို့  ရခိုင် ပြည်မှာ စစ်ဘေးကြောင့် ဒုက္ခရောက်နေတဲ့ ပုဂ္ဂိုလ်တွေကို Covid-19  ကာလအတောအတွင်း ထောက်ပံ့ရေးသွားပြီး တော့မှ ဒီ အသိုက်အဝန်းကို ဝိုင်းဝန်းပြီးတော့မှ ဆောင်ရွက် ပေးတဲ့ အပိုင်းတွေ၊ နောက် သက်ဆိုင်တဲ့ ဆေးရုံတွေမှာ တတိုင်းပြည်လုံးမှာရှိတဲ့ သီတဂူနဲ့ပတ်သက်တဲ့ ဆေးရုံပေါင်း ၄၀ ကျော်မှာ ဒီ Covid-19  နဲ့ ပတ်သက်ပြီး စောင့်ကြည့်ရမယ့် လူနာတွေကို ခွင့်ပြုလိုက်တယ်။ ဥပမာ – ကျုပ်ရဲ့ ကျွန်းလှမြို့မှာ ဆိုလို့ရှိရင်လည်း (ကျွန်းလှ) သီတဂူ စက္ခုဒါနဆေးရုံမှာ ဒီနိုင်ငံခြားပြန်တွေကို Covid-19  စောင့်ကြည့်တဲ့လူတွေ ထားဖို့ရာအတွက် ကျုပ်တို့ ခွင့်ပြုပြီးတော့မှ ကူညီထောက်ပံ့မှု အဖြစ်နဲ့ ကျုပ်တို့ ဆောင်ရွက်ပေးကြတာရှိတယ်။

အဲဒီတော့ ခေတ်အဆက်ဆက်မှာ ရဟန်းသံဃာတွေရဲ့ အပိုင်းမှာ တိုင်းပြည်မှာ အကျပ်အတည်း ကြုံလာပြီဆိုရင် လက်တွေ့ဆောင်ရွက်နေတဲ့ ကာယကံနည်းကနေ ဆောင် ရွက်ပေးတယ်။ Spiritual နည်းကနေ ဘယ်လို ဆောင်ရွက် သလဲ ဆိုရင်တော့ တတိုင်းပြည်လုံးမှာရှိတဲ့ ရဟန်းသံဃာ တွေက သူတို့ရဲ့ Spiritual Power တွေနဲ့ ပရိတ်မေတ္တာတွေ ရွတ်ဖတ်ပေးကြခြင်း အဲဒါတွေကတော့ တတိုင်းပြည်လုံးမှာ ကျုပ်တို့ ရဟန်း သံဃာတော်တွေ လုပ်နေကြတာပဲ။ ဒါက လည်း ဘာကြောင့်လဲဆိုတော့ ဒီလို လုပ်ဆောင်ခြင်းက၊ ဗုဒ္ဓ ဘုရားရှင် လက်ထက်တော်ကာလက ဝေသာလီပြည်မှာ ကပ်ရောဂါဘေးကြီး  ဖမ်းစားတဲ့အချိန်မှာ ညီတော်အာနန္ဒာ တို့ကိုယ်တိုင် ဝေသာလီပြည်ရဲ့ တံတိုင်းသုံးထပ်ကိုမှ ပတ်ရံပြီး တော့မှ ဒီရတနသုတ် ပရိတ်တော်တို့ကို ရွတ်ဖတ်ပြီး တိုင်း ပြည်ရဲ့ ကပ်ရောဂါဘေးကနေ ကာကွယ်ပေးတဲ့ Spiritual Power တွေနဲ့ ဆောင်ရွက်ခဲ့ကြတာတွေရှိတော့ အခု တတိုင်း ပြည်လုံးမှာ ရဟန်းသံဃာတွေအားလုံးက တောရော မြို့ပါ မကျန် ပရိတ်တွေရွတ်ဖတ်ပေးတယ်။ ကမ္မဝါတွေ ရွတ်ဖတ် ပေးတယ်။ မေတ္တာတွေ ပို့ပေးနေကြတာလည်း ကျုပ်တို့ ဒီ Covid-19  ကို ကျော်လွှားအောင်လုပ်တဲ့နေရာမှာ Spiritual ပိုင်းအရ အနည်းနဲ့အများ အထောက်အကူ ဖြစ်ပါတယ်လို ဦးဇင်းအနေအထားနဲ့ ပထမမေးခွန်းကို ဖြေပါရစေ။

မေး – Community Service ကို ဆရာတော်တို့လို ရဟန်းသံဃာတွေ က ကူညီပေးနေတာ သာဓုခေါ်စရာပါဘုရား။ တချိန်တည်းမှာ ပဲပေါ့။ ဆရာတော်တို့ သံဃာတွေကြားထဲမှာလဲ တချို့ အဆင် မပြေတဲ့ကျောင်းတွေ ရှိတယ်။ အဲဒီ ရဟန်းတော်တွေအပေါ် မှာ သံဃာ့အဖွဲ့အစည်းတွေက စနစ်တကျ အဖွဲ့တွေဖွဲ့ပြီးတော့ ကူညီထောက်ပံ့တာမျိုးတွေရော ရှိပါသလားဘုရား။

ဖြေ – ခုလောလောဆယ် အနေအထားကတော့ သံဃာအ¸ အစည်း အဆင့်ဆင့်မှာ သာသနနုဂ္ဂဟ အ¸အစည်းတခုက တော့ သက်ဆိုင်တဲ့ကျောင်းတွေမှာ ဆွမ်းကွမ်း ဝေယျာ ဝစ္စတွေ အခက်အခဲဖြစ်ရင် ထောက်ပံ့ကူညီဖို့ ဆိုပြီးတော့မှ လျှောက်ထားကြတာတော့ အသံ ကြားတယ်ပေါ့နော်။ ဒါပေမဲ့ လောလောဆယ် ဒီနေ့မျက်မှောက် အချိန်အခါကာလ ထိအောင်ကတော့ တော်တော်များများ ကျောင်းတွေက ကိုယ့်အစီအစဉ်နဲ့ကိုယ်ပဲ ရပ်တည်နေကြတာပါ။ နိုင်ငံတော် အစိုးရဘက်ကလည်း တချို့ဟာက သူတို့က ဆောင်ရွက်ပေး နိုင်တဲ့အား မရှိဘူး။ ဒကာ၊ ဒကာမတွေ အပိုင်းကလည်း သူတို့ တတ်နိုင်သလောက်ပဲ သူတို့က အဝေးရောက် လှူကြ တာလေးတွေတော့ ရှိကြတာပေါ့၊ အဲဒီတော့ သံဃအသိုက် အဝန်းမှာတော့ အရင်ထက်စာရင်တော့ ရပ်တည်ရေး ပိုပြီး တော့မှ ခက်ခဲသွားတယ်လို့ ဦးဇင်း မြင်ပါတယ်။

မေး – တင်ပါ့ဘုရား။ နောက်တပိုင်းကတော့ အခုလောလောဆယ်မှာ ဒီကပ်ရောဂါနဲ့ ပတ်သက်ပြီး တပည့်တော်တို့ မြန်မာနိုင်ငံ မှာလည်း ရင်ဆိုင်ဖြေရှင်းနေကြပါတယ်။ သံဃာတော်တပါးရဲ့ ရှုမြင်မှုအရ ဘာတွေကို ဘယ်လိုလုပ်ရင် ပိုကောင်းလာနိုင် မယ်လို့ မြင်မိပါသလဲ အရှင်ဘုရား။

ဖြေ – ဒကာကြီး မေးခွန်းက အင်မတန်မှ စိတ်ဝင်စားစရာကောင်း တဲ့ မေးခွန်းပါ။ ဒါတွေက ပညာရှင်တွေမှ ဖြေနိုင်မှာဗျ။ ကျုပ်လို ဂလိုဘယ်တောသားက ဒါတွေ သိပ်မကျွမ်းကျင် တော့။ ဒါပေမဲ့ သိသလောက်လေးတော့ ပြောပြရမှာပေါ့ လေ။ လက်ရှိ Covid-19 ကာလဟာ ပြန်ပြီး သုံးသပ်ရမယ် ဆိုရင် ဒီ Covid- 19  ရောဂါသည် မြန်မာနိုင်ငံနဲ့ Boder line ဖြစ်တဲ့ တရုတ်ပြည်ကနေ စပြီးတော့မှ မြစ်ဖျားခံတာပေါ့ဗျ။ ဒီရောဂါ Covid-19  က တရုတ်နိုင်ငံမှာ နိုဝင်ဘာ၊ ဒီဇင်ဘာ လလောက်ကတည်းက စဖြစ်နေတာ၊ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ မြန်မာပြည်ဟာ ဘယ်လိုမှ ဒီရောဂါပိုး မပျံ့နှံ့စရာအကြောင်း မရှိဘူးလို့ ဦးဇင်းက စောစောပိုင်းကတည်းက ဒါကို သုံးသပ် မိတယ်။ အဲ့ဒီတော့ ဒီရောဂါပိုးတွေနဲ့ ပတ်သက်လို့ ဒါဟာ က္ဘာ့ကပ်ရောဂါဖြစ်တယ်ဆိုတာ ဥရောပတို့၊ အမေရိကတို့ တက္ဘာလုံးကို ပျံ့လွင့်ပြီးတော့မှ စိုးရိမ်ရေမှတ် ရောက်လာတဲ့ အချိန်ကျမှ မြန်မာနိုင်ငံရဲ့ ဒီ Covid-19  ဟာ အ္တရာယ် ရှိတယ်လို့ နိုင်ငံတော်အစိုးရက ကြပ်မတ်ပြီး ပြောလာတာ ရှိတယ်ပေါ့နော်။ အဲဒါသည် သူက နိုင်ငံကြီးတနိုင်ငံ ဖွံ့ဖြိုး တိုးတက်တဲ့ နိုင်ငံကြီးတနိုင်ငံရဲ့ ဘေးမှာနေထိုင်တဲ့ နိုင်ငံငယ် လေး တနိုင်ငံဟာ ဆင်းရဲနွမ်းပါးပေမယ့် ဆင်းရဲနွမ်းပါးတာနဲ့ ဒီမိုကရေစီ မဖွံ့ဖြိုးသေးတာကို အကြောင်းပြပြီးတော့မှ ဒါကို နိုင်ငံသူ၊ နိုင်ငံသားတွေကို ကြိုတင်ပြီး Awareness အသိ ပညာတွေ ပေးရမယ့်အပိုင်းတွေကို မပေးခဲ့တဲ့ အားနည်းချက် တခုကို ဦးဇင်းတို့ တွေ့ရတယ်ပေါ့နော်။ အဲဒီဟာတွေက ဘာဖြစ်လဲဆိုတော့ နိုင်ငံတခုရဲ့ National Planning ပေါ့၊ National Project က တိုင်းသူပြည်သားတွေရဲ့ အရေးကို ကြည့်မယ်ဆိုရင် နိုင်ငံကို ဦးဆောင်ဦးရွက်ပြုကြတဲ့ ပုဂ္ဂိုလ် တွေက ဒီလိုဟာမျိုးကိုလည်း အင်မတန်မှ အရေးကြီးတယ် လို့ စောစောစီးစီးတည်းက ဉာဏ်ကြီးကြီး၊ မျက်စိကြီးကြီးနဲ့ နိုင်ငံတော် အကြီးအကဲတွေက မြင်ဖို့ လိုတာပေါ့နော်။ အဲဒီ လို မမြင်ခဲ့တဲ့အတွက် အခုအချိန်မှာတော့ Positive တွေ တော်တော်များများ တွေ့လာရတယ်။ ရာခိုင်နှုန်းအားဖြင့် ကြည့်ရင်တော့ ဦးဇင်းတို့တိုင်းပြည်က အရှေ့တောင်အာရှမှာ အများဆုံး အနေအထားကို ရောက်လာတာဟာ ဒါဟာ တနည်းအားဖြင့် ပြောရင်တော့ တိုင်းပြည်မှာရှိကြတဲ့ စီမံ ခန့်ခွဲမှု ထိပ်သီးမှာရှိကြတဲ့ ပုဂ္ဂိုလ်တွေက တချို့အရာလေး တွေမှာ နိုင်ငံရေးလောက်ကိုပဲ ဦးဆောင်ပြီးတော့မှ နိုင်ငံ့ရဲ့ အရေးအရာ ကိစ္စတွေမှာ မကျွမ်းကျင်ဘူးလို့ ဦးဇင်းကတော့ လေ့လာသုံးသပ်တဲ့ အပိုင်းပေါ့နော်။ အဲဒီအပိုင်းတွေကတော့ ထားလိုက်တော့။

လက်ရှိအပိုင်းမှာကို ဘယ်လိုကောင်းအောင် သွားမလဲ ဆိုတဲ့အခါမှာ တိုင်းပြည်မှာရှိတဲ့ နိုင်ငံတော် အကြီးအကဲတွေ၊ ပြည်သူတွေ၊ ရဟန်းသံဃာတွေ၊ Spiritual  ပိုင်းက ပုဂ္ဂိုလ်တွေ အားလုံးက ဝန်းရံပြီးတော့မှ ဒါကြီးကို ဝိုင်းဝန်းပြီးတော့မှ ကာကွယ်နေကြတယ်။ ဝိုင်းဝန်းပြီးတော့မှ စောင့်ရှောက် နေကြတဲ့အတွက် ကျုပ်တို့တိုင်းပြည်မှာက အခြားတိုင်းပြည်နဲ့ မတူညီတဲ့ ခွန်အားတွေရှိတယ်။ ဥပမာ – အမေရိကန်တို့၊ EU တို့လို နိုင်ငံမျိုးတွေ၊ ဂျပန်တို့၊ ကိုရီးယားတို့ နိုင်ငံမျိုးတွေဆိုရင် မင်းတို့ အစိုးရပဲလုပ်၊ ငါတို့ပြည်သူနဲ့ မဆိုင်ဘူး ဒီလိုတွေးမှာ ပေါ့။ ဒါပေမဲ့ ကျုပ်တို့မြန်မာပြည်မှာ ဘာ အားသာချက်ရှိလဲ ဆိုတော့ မြန်မာလူမျိုးတွေက နဂိုတည်းက ပေးချင်တယ်၊ ကမ်းချင်တယ်၊ လှူချင်တယ်၊ တမ်းချင်တယ်။ ထောက်ပံ့ချင် တယ်။ အဲဒီလို မေတ္တာတရားတွေ၊ ကရုဏာတရားတွေကို အခြေခံတဲ့ လူမျိုးဖြစ်တဲ့အတွက် ကျုပ်တို့ ဒီနေ့ ဒီချိန်မှာ Covid – 19 ကို ကြံ့ကြံ့ခံနိုင်ပြီးတော့ အားလုံး တတိုင်းပြည်လုံး က ပူးပေါင်းပါဝင်နေကြတာ အဲဒီ အကျိုးသက်ရောက်မှုပါပဲ။ ဃသာကညငအပ တွေကို လိုက်လံကြည့်တဲ့ အခါမှာ ဒီဟာကို အားသာချက်လို့ တွေ့ရတယ်။ ဒါပေမဲ့ အဲဒီ အားသာချက်သည် ဘယ်လို အားသာချက်လဲဆိုတော့ လူထုရဲ့ ပူးပေါင်းပါဝင်မှု ဃသသစနမအေငသည က အားသာချက်ဖြစ်ပြီးတော့မှ တကျောင်း တဂါထာ၊ တရွာ တပုဒ်ဆန်းနေကြတဲ့ ဒေသန္တရအမိန့်တွေ၊ ဒေသန္တရအုပ်ချုပ်ရေး အဖွဲ့အစည်းတွေရဲ့ တလွဲ စီမံခန့်ခွဲနေ ကြတာကိုလည်း မျက်ဝါးထင်ထင် တွေ့နေရပါတယ်။ အဲဒီ တလွဲဆံပင်ကောင်းပြီးတော့မှ စီမံခန့်ခွဲနေကြတဲ့ ဒေသန္တရ အမိန့်တွေနဲ့ ညွှန်ကြားချက်တွေကို နိုင်ငံတော်က နည်းမှန် ကမ်းမှန် ဒေသရဲ့အခြေအနေကို ကြည့်ပြီးတော့မှ ဉာဏ်ကြီး ကြီး၊ မျက်စိကြီးကြီး၊ အမြော်အမြင်ကြီးကြီးနဲ့ စီမံခန့်ခွဲပြီး တော့မှ ထိန်းကျောင်းပေးမယ်ဆိုရင်တော့ ဒါ အားသာချက် ကို ပြောင်းလို့ရတယ်လို့ ဦးဇင်းမြင်ပါတယ်။

မေး – တပည့်တော်တို့ စိတ်ဓာတ်ပိုင်းဆိုင်ရာ တုံ့ပြန်အဖြေရှာမှုပေါ့။ အဲဒါကိုကြည့်မယ်ဆိုလို့ရှိရင် ဘာသာတရားတိုင်းမှာတော့ အဆုံးအမရှိတယ်ဘုရား။ အခုလိုအချိန်မျိုးမှာ တယောက်နဲ့ တယောက် ကွဲပြားနေတာခွဲခြားနေတာမဟုတ်ဘဲနဲ့ ချစ်ကြည် ရင်းနှီးစွာနဲ့ ညီညွတ်မှုရှိကြဖို့ လိုအပ်မှာလည်း ဖြစ်ပါတယ် ဘုရား။ လူလူချင်း ကျောချင်းကပ်လို့မရရင်တောင် စိတ်နှလုံး သားချင်း ကျောချင်းကပ်ထားဖို့အတွက် ဘယ်လိုအဆုံးအမ မျိုးက သင့်တော်ပါ့မလဲ ဘုရား။

ဖြေ – ဒါကတော့ အင်မတန်မှ ကောင်းတဲ့ Spiritual point of questionပါပဲ။ ဗုဒ္ဓရဲ့ ဓမ္မမှာတော့ ခင်ဗျားတို့၊ ကျုပ်တို့က လူသားတွေ အချင်းချင်းကို တယောက်နဲ့တယောက် မေတ္တာ နှလုံးသားတွေနဲ့ မေတ္တာသုတ်မှာပဲ ကြည့်လိုက်။ “မာတာ ယထာ နိယံပုတ္တ၊ မာယုသာ ဧကပုတ္တ မနုရက္ခေ” ဆိုတဲ့ ပါဠိတော်လေး ရှိတယ်။ အမေသည်တဲ့၊ ကိုယ့်ရဲ့သားသမီးကို ချစ်သကဲ့သို့ သတ္တဝါတွေပေါ်မှာ လူသားတွေပေါ်မှာ တန်းတူ ချစ်မြတ်နိုးနိုင်တဲ့ စိတ်နှလုံးသား ရှိရမယ်တဲ့။ ဒါ မေတ္တသုတ် မှာ တော်တော်များများလည်း သိကြပါတယ်။ အဲဒီတော့ အခုလို အချိန်အခါကာလမျိုးမှာ တိုင်းသူပြည်သားတွေ ညီညွတ်ကြတယ်ဆိုပေမဲ့ တကယ်တမ်း ညီညွတ်ချင်ယောင် ဆောင်ကြတာ ဒကာကြီးရေ။ တကယ် မညီညွတ်ပါဘူး။ တကယ် ညီညွတ်ဖို့ရာအတွက် မြန်မာနိုင်ငံ အတောအတွင်း မှာရှိတဲ့ လက်ရှိ တိုင်းပြည်အုပ်ချုပ်တဲ့ နိုင်ငံတော်အစိုးရ ဝန်ကြီးတွေ အပါအဝင် နိုင်ငံတော် အကြီးအကဲတွေ၊ မြန်မာ့ တပ်မတော်၊ ရဟန်းသံဃာတော်တွေ၊ ပြည်သူပြည်သားတွေ က အတိတ်တွေ၊ အနာဂတ်တွေ၊ အဖြူတွေ၊ အစိမ်းတွေ၊ အနီတွေကို ခဝါချ။ Covid-19 ကိုသာလျှင် ငါတို့တွေ ပူးပေါင်းပြီးတော့ ကာကွယ်ကြမယ်။ တို့ တိုင်းသူပြည်သား တွေရဲ့ ဆင်းရဲဒုက္ခတွေကို ငါတို့ ဝိုင်းပြီးတော့မှ ညီညီညွတ်ညွတ်နဲ့ ဖြတ်သန်းကြမယ်။ အဲဒီတော့ အမေသည် သားသမီး ကို ချစ်သကဲ့သို့တတိုင်းပြည်လုံးမှာရှိကြတဲ့ တိုင်းသူပြည်သား အားလုံး၊ တိုင်းရင်းသား ညီအစ်ကို မောင်နှမတွေအားလုံးဟာ တို့တအိမ်တည်းမှာ မွေးဖွားခဲ့ကြတဲ့ ညီအစ်ကို မောင်နှမတွေ။ ဒါ့ကြောင့် အမေနဲ့ အဖေဟာ သားသမီးကို ချစ်သလို ဒီ တိုင်းရင်းသား ညီအစ်ကို မောင်နှမတွေဟာ ငါတို့ရဲ့ သွေး ချင်းတွေ လူချင်းသာလျှင် ၆ပေ၊ ၃ပေခွာပြီးတော့မှ နေကြ မယ်။ နှလုံးသားချင်းကတော့ ထပ်တူကျတယ်ဆိုတဲ့ စိတ် ထားလေးနဲ့ ရင်ဆိုင်ဖြတ်သန်းကြမယ်ဆိုရင် ဒီ Spiritual point of view ကနေပြီးတော့မှ ဗုဒ္ဓရဲ့ မေတ္တာတရားနဲ့ လျှောက်လှမ်းမယ်ဆိုရင်တော့ အားလုံး ညီညွတ်မျှတပြီး တော့မှ ငြိမ်သက်ငြိမ်းချမ်းပြီးတော့မှ Covid ရန်ကို ဘေး မသန်း ကာကွယ်နိုင်တဲ့တိုင်းပြည် ဖြစ်ပါမယ်လို့ ဦးဇင်း ဖြေ ကြားပါရစေ။

ISP Admin

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျူ (ISP Myanmar) သည် လွတ်လပ်ပြီး ပါတီစွဲကင်းသည့် အစိုးရမဟုတ်သော သုတေသနအဖွဲ့ဖြစ်ပါသည်။ ISP Myanmar ၏ မြော်မြင်ချက်မှာ မြန်မာနိုင်ငံကို ရုန်းထကြံ့ခိုင်မှုအားကောင်းပြီး သည်းခံစိတ်ကြီးမားသော လူ့အဖွဲ့အစည်းတစ်ရပ်အဖြစ်ပေါ်ထွန်းလာရေး ဖြစ်သည်။ ISP Myanmar ၏ ဦးတည်ချက်မှာ ဒီမိုကရေစီကျသော ခေါင်းဆောင်မှုကို မြှင့်တင်အားပေးရန်နှင့် နိုင်ငံအရေးတွင် နိုင်ငံသားများ ပါဝင်ဆောင်ရွက်မှုအားကောင်းစေရန်ဖြစ်သည်။

Related article
ဒေါက်တာဖေသက်ခင်အားမေးမြန်းခြင်း

ဒေါက်တာဖေသက်ခင်အားမေးမြန်းခြင်း

Healthcare System တခုလုံးမှာ အားနည်းချက်ကလေး တွေရှိတယ်။ ဒါတွေကိုလည်း ကျနော်တို့က Systems thinking ပေါ့နော်။…

ကိုဗစ်-၁၉ ကူးစက်ကာလနှင့် ကျား-မ ကွဲပြားမှု မမျှတသည့် ဝန်ထုပ်ဝန်ပိုး( ဦးအောင်မျိုးမင်းအား မေးမြန်းခြင်း)

ကိုဗစ်-၁၉ ကူးစက်ကာလနှင့် ကျား-မ ကွဲပြားမှု မမျှတသည့် ဝန်ထုပ်ဝန်ပိုး( ဦးအောင်မျိုးမင်းအား မေးမြန်းခြင်း)

အမျိုးသမီးတွေကတော့ အိမ်ထောင့် တာဝန်ထမ်းရမယ်ဆိုတဲ့ သတ်မှတ်ချက်တွေကြောင့် သာမန်ကျန်းမာရေးအပူတွေတင်မကဘဲ အမျိုးသမီးတွေမှာ အိမ်ထောင်နဲ့ ပတ်သက်ပြီးတော့ ငွေကို ဘယ်လိုမျိုးလောက်အောင်သုံးရမလဲ၊…

ဒေါက်တာသောင်းထွန်းအား မေးမြန်းခြင်း

ဒေါက်တာသောင်းထွန်းအား မေးမြန်းခြင်း

စိတ်ပိုင်းဆိုင်ရာ ကျဆင်းမှု၊ အရက်ပြဿနာ၊ မူးယစ်ဆေးဝါး ပြဿနာ ဒါတွေဟာ ကျေးလက်မှာ တော်တော့်ကို ကြီးကြီးမားမား ရှိနေတယ်။…

Discussion about this post

Leave a Reply

Your email address will not be published. Required fields are marked *

Type your search keyword, and press enter to search