Menu & Search

ISP-Myanmar Special Series (No-3) (COVID 19 & Myanmar)

May 25, 2020

မည်သူမဆို အခမဲ့ Download ရယူ ဖတ်ရှုနိုင်ပါသည်။

ISP-Myanmar Special Series (No-3)

ဧပြီ ၂၇ ရက်၌ နိုင်ငံတော်သမ္မတရုံး၊ အမိန့်ကြော်ငြာစာ အမှတ် ၆၃/ ၂၀၂၀ ဖြင့် “COVID-19 ကာကွယ် ထိန်းချုပ် ကုသရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်း ပူးပေါင်းရေး ကော်မတီ” ဖွဲ့စည်းကြောင်း ကြေညာခဲ့သည်။ နောက်ပိုင်းတွင် ဆွေးနွေးညှိနှိုင်းမှုများ၊ ပူးပေါင်း ဆောင်ရွက်မှု၊ ကူညီပေးမှုများကို မြင်တွေ့ကြရသည်မှာ ဝမ်းမြောက် ကြိုဆိုဖွယ် ဖြစ်ပါသည်။ ကိုဗစ်-၁၉ ကပ်ဘေး တုံ့ပြန်ရေး၌ အစိုးရ၏ နိုင်ငံတော်အတွင်း မှီတင်း နေထိုင်သူ မည်သူ့ကိုမျှ ချန်လှပ် မထားရေးမူဝါဒ (No one left behind Policy) ချမှတ်ထားသည့် အပေါ်တွင်လည်း ကြိုဆိုပါသည်။ ယခု စာအုပ်တွင် အစိုးရတာဝန်ရှိသူ များ၊ တပ်မတော်မှ တာဝန်ရှိသူများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များကို မေးမြန်း၍ စုံလင်အောင် တင်ပြထားပါသည်။

ယခုစာအုပ်၌ အခြား အရေးကြီးသော ကဏ္ဍများကိုလည်း ထည့်သွင်း ဖော်ပြထားပါသည်။ မိုးဦးကျရာသီ ဖြစ်သည့် အလျောက် လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ အရေးကြီးပုံကို တင်ပြထားသည့် ဆောင်းပါးများ၊ ကူးစက် ကပ်ဘေးကြောင့် ကျား-မ တန်းတူရေးကဏ္ဍ (Gender equality) တွင် အမျိုးသမီးများ အပေါ် မမျှမတ သက်ရောက်နေရပုံ၊ ကိုဗစ်အလွန် ပညာရေး၊ လေကြောင်း ပို့ဆောင်ရေးကဏ္ဍ စသည်တို့ကို တင်ပြထားသည့် ဆောင်းပါးများ ပါဝင်ပါသည်။ ISP-Myanmar အဖွဲ့သားများ၏ မြန်မာအစိုးရက စီးပွားရေးကုစားမှု အစီအစဉ် (COVID-19 Economic Relief Plan- CERP) အပေါ် သုံးသပ်ချက်၊ ကပ်ဘေးအလွန် ပထဝီနိုင်ငံရေးက မြန်မာနိုင်ငံအပေါ် ရိုက်ခတ်လာနိုင်ခြေ၊ မြန်မာပြည် အနောက်ပိုင်းမှ စစ်ဘေးရှောင် ပြည်သူများ၏ အခြေအနေတို့ကိုလည်း တင်ပြထားပါသည်။

Article Tags
ISP Admin

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျူ (ISP Myanmar) သည် လွတ်လပ်ပြီး ပါတီစွဲကင်းသည့် အစိုးရမဟုတ်သော သုတေသနအဖွဲ့ဖြစ်ပါသည်။ ISP Myanmar ၏ မြော်မြင်ချက်မှာ မြန်မာနိုင်ငံကို ရုန်းထကြံ့ခိုင်မှုအားကောင်းပြီး သည်းခံစိတ်ကြီးမားသော လူ့အဖွဲ့အစည်းတစ်ရပ်အဖြစ်ပေါ်ထွန်းလာရေး ဖြစ်သည်။ ISP Myanmar ၏ ဦးတည်ချက်မှာ ဒီမိုကရေစီကျသော ခေါင်းဆောင်မှုကို မြှင့်တင်အားပေးရန်နှင့် နိုင်ငံအရေးတွင် နိုင်ငံသားများ ပါဝင်ဆောင်ရွက်မှုအားကောင်းစေရန်ဖြစ်သည်။

Related article
ISP-Myanmar Special Series (No-5) (COVID 19 & Myanmar)

ISP-Myanmar Special Series (No-5) (COVID 19 & Myanmar)

မည်သူမဆို အခမဲ့ Download ရယူ ဖတ်ရှုနိုင်ပါသည်။

ISP-Myanmar Special Series (No-4) (COVID 19 & Myanmar)

ISP-Myanmar Special Series (No-4) (COVID 19 & Myanmar)

မည်သူမဆို အခမဲ့ Download ရယူ ဖတ်ရှုနိုင်ပါသည်။

ISP-Myanmar Special Series (No-2) (COVID 19 & Myanmar)

မည်သူမဆို အခမဲ့ Download ရယူ ဖတ်ရှုနိုင်ပါသည်။

4 Discussion to this post

  1. san hla says:

    ယခုချိန်ခါနဲ့လိုက်လျောညီပါတယ်၊👍👍👍

  2. U mg mg than says:

    စာအုပ်ထွက်ရင်ဝယ်ချင်ပါသည်

  3. Wammaung says:

    Good job for Myanmar.

Leave a Reply

Your email address will not be published. Required fields are marked *

Type your search keyword, and press enter to search