Menu & Search

စီးပွားရေးကဏ္ဍအလိုက် လုပ်သားဦးရေ

May 18, 2020
အယ်ဒီတာမှတ်ချက် 

ယခုဖော်ပြထားသည့် အချက်အလက်များကို The Ananda အဖွဲ့က ဧပြီ ၂၄ ရက်တွင် ISP-Myanmar Special Series 2 အတွက် ပေးပို့ခဲ့ခြင်းဖြစ်သည်။ The Ananda သည် ၂၀၁၈ ခုနှစ်က ဖွဲ့စည်းခဲ့သော အကျိုးအမြတ် မယူသည့် လူမှုအကျိုးပြု လုပ်ငန်းတခု ဖြစ်သည်။ The Ananda အနေဖြင့် သုတေသန၊ ဆန်းသစ်တီထွင်မှုနှင့် တိုက်တွန်း အားပေးမှုဆိုင်ရာ လုပ်ငန်းများကို အချက်အလက်များ ဖော်ပြခြင်း၊ ဆောင်းပါးများ ရေးသားခြင်းတို့ဖြင့်လုပ်ဆောင်လျက် ရှိပါသည်။

စီးပွားရေးကဏ္ဍအလိုက် လုပ်သားဦးရေ

ကိုဗစ်-၁၉ ရောဂါကပ်ဆိုးကို ကာကွယ် တိုက်ဖျက်ဖို့အတွက် နိုင်ငံအလိုက် နည်းဗျူဟာတွေ ချမှတ်ပြီး ရင်ဆိုင်ကြရာမှာ အထိအတွေ့ကို ကန့်သတ် လျှော့ချတဲ့ (mitigation) ဗျူဟာနဲ့ ရောဂါပိုး ပြန့်ပွားမှုကို ကန့်သတ်ထိန်းချုပ်တဲ့ (suppression) ဗျူဟာတို့ကို ယေဘုယျ အသုံးပြုကြတယ်လို့ ဆိုနိုင်ပါတယ်။ ဒီလို ရင်ဆိုင် ကြရာမှာ စီးပွားရေး ဆိုင်ရာ လုပ်ငန်း ဆောင်တာတွေကို အစိုးရတွေအနေနဲ့ ကန့်သတ် ကြပ်မတ်ဖို့လည်း လိုလာသလို၊ သက်ရောက်မှု အများဆုံး ခံစားရနိုင်တဲ့ အစုအဖွဲ့တွေ အလိုက် ပံ့ပိုး ထောက်ကူမှုတွေ ပုံစံမျိုးစုံနဲ့ ဖြန့်ဝေပေးဖို့ လိုအပ်လာပါတယ်။ စီးပွားရေး လုပ်ငန်းတွေကို ထိန်းချုပ် ကန့်သတ်ရာမှာ အစိုးရတွေ အနေနဲ့ မဖြစ်မနေ ဖွင့်လှစ်ရန် လိုအပ်သော စီးပွားရေး လုပ်ငန်းများနဲ့ မဖြစ်မနေ မလိုအပ်သော လုပ်ငန်းများဆိုပြီး ထုတ်ပြန် ကြေငြာပြီး ကန့်သတ်ကြလေ့ ရှိပါတယ်။

မြန်မာနိုင်ငံမှာတော့ ကိုဗစ်-၁၉ နဲ့ ဆက်စပ်ပြီး ဒီလို ထုတ်ပြန်တာမျိုး မရှိသေးပေမယ့် အလုပ်သမား ရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေနဲ့ အလုပ်သမား အဖွဲ့အစည်း ဥပဒေတွေမှာ မရှိမဖြစ် လိုအပ်သည့် ဝန်ဆောင်မှုများကို အဓိပ္ပာယ် ဖွင့်ဆိုထားတာ တွေ့ရပါတယ်။ ရေ ပေးဝေရေး၊ လျှပ်စစ်၊ မီးသတ်၊ ကျန်းမာရေးနဲ့ တယ်လီကွန်း လုပ်ငန်းတွေ ပါဝင်ပါတယ်။ အလုပ်သမား ရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေကြမ်းမှာတော့ အခြားသော ဝန်ဆောင်မှု လုပ်ငန်းတွေဖြစ်တဲ့ သယ်ယူ ပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ ငွေကြေး ဝန်ဆောင်မှု စတာတွေကို အများပြည်သူ ဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းတွေအဖြစ် သတ်မှတ် ထားပါတယ်။ နောက်ခံ အခြေအနေ ကွာခြားပေမယ့် ဒီဥပဒေတွေအရ အစိုးရအနေနဲ့ မရှိမဖြစ် လိုအပ်သည့် ဝန်ဆောင်မှု လုပ်ငန်းတွေကို ကြေငြာခွင့် ရှိနေပါတယ်။ အစိုးရအနေနဲ့ ကန့်သတ် ပိတ်ဆို့မှုတွေ လုပ်မယ်ဆိုရင်တောင် အစိုးရနဲ့ ပုဂ္ဂလိက ဝန်ဆောင်မှု တစိတ်တပိုင်းကို ဆက်လက် လည်ပတ်နေဖို့ လိုမှာ ဖြစ်ပါတယ်။

ကိုဗစ်-၁၉ ကြောင့် ဖြစ်ရတဲ့ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအပေါ် သက်ရောက်မှုနဲ့ ပတ်သက်ပြီး ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (FAO) က နိုင်ငံတွေ အားလုံးကို အကြံ ပြုထားတာကတော့ ကျန်းမာရေး ဆိုင်ရာ လိုက်နာ စရာတွေကို တင်းတင်းကျပ်ကျပ် လိုက်နာပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ရေလုပ်ငန်းတွေကို တတ်နိုင်သမျှ ဆက်လက် လည်ပတ်စေဖို့၊ အသေးစား လယ်ယာ သမားတွေ၊ မွေးမြူရေး သမားတွေနဲ့ ငါးဖမ်းသူတွေထံ လိုအပ်တဲ့ သွင်းအားစုတွေ ဖြန့်ဝေပေးပြီး အသက် ဆက်နိုင်အောင် လုပ်ပေးဖို့ဖြစ်ပါတယ်။ နိုင်ငံတကာ စားနပ်ရိက္ခာ စျေးကွက်မှာ အနှုတ်လက္ခဏာပြမယ့် အခြေအနေတွေကို ဧပြီ၊ မေမှာ မြင်ရမယ်လို့ ခန့်မှန်းထားတဲ့ အတွက် ပြည်တွင်းစားသုံးမှုစျေးကွက်ကို အသက်ဆက်ဖို့ တိုက်တွန်းထားပါတယ်။ ဒီအထဲမှာ အထိအခိုက် များနိုင်တဲ့ သူတွေအတွက် လတ်တလော စားဝတ်နေရေး လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ကိုလည်း တိုက်တွန်း ထားပါသေးတယ်။

အခု ဖော်ပြထားတဲ့ ဇယားက  ၂၀၁၆-၁၇ ခုနှစ် ဘဏ္ဍာရေး နှစ်အတွင်း အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက ကောက်ယူထားတဲ့ ကဏ္ဍအလိုက် လုပ်သား အင်အားဦးရေကို သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ် အလိုက် နှိုင်းယှဉ် ကြည့်နိုင်အောင် ရည်ရွယ်တာ ဖြစ်ပါတယ်။ ကဏ္ဍအလိုက်၊ ဒေသအလိုက် စုစုပေါင်း အရေအတွက်ကို ကွင်းစ ကွင်းပိတ်နဲ့ ဖော်ပြထားပါတယ်။ ကိုဗစ်-၁၉ တုံ့ပြန် ဆောင်ရွက်ရေးကို စီမံကိန်း ချရာမှာနဲ့ အထိအခိုက်အများဆုံး ဖြစ်နိုင်တဲ့ လူဦးရေ အရေအတွက်ကို ခန့်မှန်း ပံ့ပိုးထောက်ပံ့နိုင်ရေး စဉ်းစားရာမှာ ဒီအချက်အလက်တွေက အထောက်အပံ့ပြုနိုင်ပါတယ်။

 

 

ISP Admin

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျူ (ISP Myanmar) သည် လွတ်လပ်ပြီး ပါတီစွဲကင်းသည့် အစိုးရမဟုတ်သော သုတေသနအဖွဲ့ဖြစ်ပါသည်။ ISP Myanmar ၏ မြော်မြင်ချက်မှာ မြန်မာနိုင်ငံကို ရုန်းထကြံ့ခိုင်မှုအားကောင်းပြီး သည်းခံစိတ်ကြီးမားသော လူ့အဖွဲ့အစည်းတစ်ရပ်အဖြစ်ပေါ်ထွန်းလာရေး ဖြစ်သည်။ ISP Myanmar ၏ ဦးတည်ချက်မှာ ဒီမိုကရေစီကျသော ခေါင်းဆောင်မှုကို မြှင့်တင်အားပေးရန်နှင့် နိုင်ငံအရေးတွင် နိုင်ငံသားများ ပါဝင်ဆောင်ရွက်မှုအားကောင်းစေရန်ဖြစ်သည်။

Related article
ကိုဗစ်-၁၉ ကူးစက်မှုများနှင့် ကျန်းမာရေးအရင်းအမြစ်များ

ကိုဗစ်-၁၉ ကူးစက်မှုများနှင့် ကျန်းမာရေးအရင်းအမြစ်များ

ယခုအခါ ကိုဗစ်-၁၉ ကူးစက်ရောဂါ ပျံ့နှံ့မှုသည် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးသို့ ရောက်ရှိနေပြီ ဖြစ်သည့်အတွက် တိုင်းဒေသကြီးနှင့်…

ကိုဗစ်-၁၉ ရှေ့တန်းမှ ကျန်းမာရေးဝန်ထမ်းများ

ကိုဗစ်-၁၉ ရှေ့တန်းမှ ကျန်းမာရေးဝန်ထမ်းများ

မြန်မာနိုင်ငံရဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှာ တာဝန် ထမ်းဆောင်နေကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေဟာ ကိုဗစ်-၁၉ တုံ့ပြန် ဆောင်ရွက်ရေးအတွက် ရှေ့တန်းက…

ကိုဗစ်-၁၉ ရန်ပုံငွေမှ စီးပွားရေးလုပ်ငန်းများသို့ချေးငွေ

ကိုဗစ်-၁၉ ရန်ပုံငွေမှ စီးပွားရေးလုပ်ငန်းများသို့ချေးငွေ

အစိုးရအနေနဲ့ ၂၀၂၀ ပြည့်နှစ် ဧပြီလကစပြီး စီးပွားရေး လုပ်ငန်းများကို ချေးငွေများ ထုတ်ပေးခဲ့ရာမှာ ခုနစ်ကြိမ်အထိ ရှိခဲ့ပြီဖြစ်ပြီး…

Discussion about this post

Leave a Reply

Your email address will not be published. Required fields are marked *

Type your search keyword, and press enter to search