
ISP-Myanmar Special Series (No-5) (COVID 19 & Myanmar)
မည်သူမဆို အခမဲ့ Download ရယူ ဖတ်ရှုနိုင်ပါသည်။
မည်သူမဆို အခမဲ့ Download ရယူ ဖတ်ရှုနိုင်ပါသည်။
ISP-Myanmar Special Series (No-2)
◉ အယ်ဒီတာမှတ်စု
ISP-Myanmar အဖွဲ့သားများက COVID-19 Special Series ပထမစာစောင်ကို သင်္ကြန်အပြီး မြန်မာနှစ်သစ်ကူးတွင် Covid-19 ကူးစက် ကပ်ဘေးကာလ အတွင်း အုတ်တချပ်၊ သဲတပွင့်အဖြစ် မိမိတို့ တဖက်တလမ်းက ဖြည့်ဆည်း ပေးခဲ့ကြပါသည်။ ရှေ့တန်းက အင်ဖြင့် အားဖြင့် “ကြွက်သားပိုင်း” မစွမ်းသော်လည်း၊ “ဦးဏှောက်ပိုင်း” သန်စွမ်းရေး အတွက် မူဝါဒနှင့် စဉ်းစား ဖွယ်ရာ တင်ပြချက်များ ပြုခဲ့ပါသည်။ စာဖတ်သူများက တခဲနက် အားပေးသည့် အတွက်လည်း ဝမ်းမြောက်ကြရပါသည်။
နှစ်ပတ် တကြိမ် စုစည်း ထုတ်ဝေသွားနိုင်အောင် ကြိုးစားမည်ဆိုသည့်အတိုင်း ယခု ဒုတိယတွဲကို တင်ဆက်နိုင်ပြီ ဖြစ်ပါသည်။ မူဝါဒဆိုင်ရာ တုံ့ပြန်မှုများ၊ စောင့်ကြည့်ရမည့် အရေးကြီး ဖြစ်စဉ်များ၊ သိပ္ပံနှင့် နည်းပညာ ပိုင်းဆိုင်ရာ တုံ့ပြန်မှုများ၊ လူမှု အသိုက်အဝန်း၏ တုံ့ပြန်မှုများ နှင့် စိတ်ဓာတ် ရေးရာဆိုင်ရာ တုံ့ပြန်မှုများကို စုစည်းဖော်ပြထားပါသည်။ ခန့်မှန်းသည်ထက် စာမျက်နှာ လွန်စွာများပြားခဲ့ပါသည်။ ထို့အတူ ဆောင်းပါးပေးပို့မှု များစွာကိုလည်း ရရှိခဲ့ပြီး ယခုကဲ့သို့ ပါဝင်အားဖြည့်ပေးသူ အများအပြား ရှိခဲ့ခြင်းကလည်း ဝမ်းမြောက်စရာ ဖြစ်ပါသည်။
ယခုအခါ နိုင်ငံအများ၏ အစိုးရ ခေါင်းဆောင်များကရော၊ အခြား သုံးသပ်သူ ပညာရှင်များကပါ ကျန်းမာရေး ပြဿနာတခု တည်းအဖြစ် ခွဲခြား၍ မရှုမြင်ကြတော့ပါ။ လူတို့၏ အသက်ရှင်ရေး (ကျန်းမာရေးပြဿနာ) မျှသာ မဟုတ်၊ ဘဝနေရေး (စီးပွား ရေး နှင့် သက်မွေးဝမ်းကျောင်း ပြဿနာကြီး) အဖြစ်ပါ ယှဉ်တွဲ ဆွေးနွေး လာကြခြင်းပင် ဖြစ်ပါသည်။ လန်ဒန်အခြေစိုက် Centre for Economic Policy Research (CEPR) စုစည်း ထုတ်ဝေသည့် စာတန်းတွင် “Covid-19 ကြောင့် လူသားတို့ စီးပွား ရေးအရ နစ်နာ ခံစားရမှုသည် တကမ္ဘာလုံးသို့ ပျံ့နှံ့နေချေပြီ။ ဗိုင်းရပ်စ်သည် ကျန်းမာရေးအရ ကူးစက်သည့် အတိုင်း၊ စီးပွားရေး အရလည်း တကမ္ဘာလုံးသို့ ပျံ့နှံ့ကူးစက်နေချေပြီ” ဟု ရေးသားခဲ့သည်။ ကျန်းမာရေးအတွက် ကာကွယ်နည်း၊ ကုထုံးအဖြေသာ မက စီးပွားရေးအရ ကယ်”မ”ရမည့် ကုထုံးများကိုပါ နိုင်ငံအစိုးရများ၊ စီးပွားရေး ပညာရှင်များ ကြံဆနေကြရပြီ ဖြစ်ပါသည်။
ယခု ထုတ်ဝေသည့် ဒုတိယစာအုပ်နှင့် တိုက်ဆိုင်စွာပင် မြန်မာအစိုးရက ၂၀၂၀ ခုနှစ်၊ ဧပြီလ ၂၇ ရက်တွင် Covid-19 စီးပွား ရေးသက်ရောက်မှု သက်သာစေရေး အစီအစဉ် (Economic Relief Plan) ကို ပန်းတိုင် ၇-ခု၊ မဟာဗျူဟာ ၁၀ ရပ်၊ လုပ်ငန်း အစီအစဉ် ၃၆ ခု၊ လုပ်ငန်း ၇၆ ခုဖြင့် ထုတ်ပြန်ခဲ့ပါသည်။ စီးပွားရေး ပြန်လည် ထူထောင်ရေး အစီအစဉ်ထုတ်ပြန်ခဲ့သည့် အပေါ် ဝမ်းမြောက် ကြိုဆိုဖွယ်ဖြစ်ပြီး၊ မည်သူမျှ နောက်မကျန်ရစ်စေရ (leaving no-one behind) မူချမှတ်ထားသည့်အတွက်လည်း အားတက်မိသည်။
ယခု စာစောင်တွင်မူ ဘာသာရပ် နယ်ပယ်အသီးသီးမှ ကျွမ်းကျင်သူများ၊ ပညာရှင်များ၏ စဉ်းစားချက်၊ အကြံပြုချက်၊ ဆောင်း ပါးများ တင်ပြထားသော်လည်း၊ အထူးသဖြင့် အလေးပေးဖော်ပြလိုသည်မှာ ယခု Covid-19 ကပ်ဘေးကာလအတွင်း မြန်မာနိုင်ငံရှိ လူဦးရေ သုံးပုံတစ်ပုံမျှရှိသော ဆင်းရဲ နွမ်းပါးသူ ပြည်သူများ၏ အရေးနှင့် အခြေခံလုပ်သားများ ရှင်သန်ရပ်တည် ရုန်း ကန်ကြရမည့် အရေးဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် စက်မှုဇုန်များနှင့် အထည်ချုပ် စက်ရုံများမှ လုပ်အား လျော့ခံထားရသူမှာ လတ်တလောတွင် လူဦးရေ တသိန်းနီးပါး ရှိနိုင်သည်ဟု ခန့်မှန်းသည်။ အချိန်ပိုင်း လျှော့ချခံရခြင်းနှင့် အချိန်ပိုင်း လုပ်ရခြင်း ပမာဏမှာ ၁၀-ဆ ခန့် ပို၍ ကြီးမားနိုင်သည်။ ထိုအခါ အခြေခံ လုပ်သားများအတွက် ရုတ်တရက် ဝင်ငွေ ကျဆင်းမှု ဖြစ်လာပြီး၊ ငတ်မွတ်ခေါင်းပါးမှု၊ အာဟာရ ရရှိမှု ပြဿနာများ၊ ကြွေးမြီ မြင့်မားမှု ပြဿနာများ ကြုံရနိုင်ပါသည်။ ထိုမျှမက ခရီးသွားနှင့် ဟိုတယ် လုပ်ငန်းများလည်း ရပ်ဆိုင်းလုနီးပါး ဖြစ်ရာ ဆက်စပ်နှင့် အခြား တရားဝင် မှတ်ပုံတင်ထားသော လုပ်ငန်း ၉၀၀ နီးပါး ယာယီနှင့် အမြဲတမ်း ပိတ်သိမ်းရမည့် အန္တရာယ် ရှိနေပါသည်။ ကော်လာဖြူ ရုံးလုပ်သားများပါ အလုပ်လက်မဲ့ တပ်ကြီးအဖြစ် ပူးပေါင်းလာတော့မည် ဖြစ်သည်။ ထိုမျှမက နိုင်ငံရပ်ခြားမှ အမေ့အိမ်ပြန်လာကြမည့် ရွေ့ပြောင်း လုပ်သားများ ထုနှင့်ထည်နှင့် ရှိနေပါသေးသည်။
မြန်မာနိုင်ငံ၏ လူမှုဖူလုံရေး စနစ်နှင့် လူမှုဖူလုံရေး ပိုက်ကွန်က ဤသို့သော ဒုက္ခ ကြုံတွေ့ကြရမည့် လူထုများကို စောင့်ရှောက်မှု ပေးနိုင်ရန် ဤမျှ သန်စွမ်းမနေပါ။ တိုးများလာမည့် ခိုးဆိုးလုယက် ရာဇဝတ်မှုများ၊ ရပ်တွင်းရွာတွင်း လူမှုအကြမ်း ဖက်မှုများ စသည်ဖြင့် တရားဥပဒေစိုးမိုးရေး ပြဿနာပါ တနွယ်ငင်၊ တစင်ပါ လာပေရော့မည်။ ရင်ဆိုင်ကြရမည့် ဧရာမ ပြဿနာ အတိုင်းအဆနှင့် တီထွင်ဖန်တီးမှုရှိသော အဖြေ ရှာရန် လိုအပ်ပုံကို တင်ပြ ဆွေးနွေးထားပါသည်။ အစိုးရ၏ Economic Relief Plan တွင် အခြေခံလူထု ဆင်းရဲနွမ်းပါးသူများ အတွက် စဉ်းစားပေးထားချက်မှာ နည်းပါးလွန်းသေးသည်ဟု ထောက်ပြလိုပါသည်။
ကပ်ဘေးကြောင့် ကြုံနေကြရသည့် စီးပွား တုံ့နှေးမှု ပဏာမ အတိုင်းအဆ မည်မျှ ကြီးမည်၊ ကာလ မည်မျှ ကြာရှည်မည်ကို မည်သူမျှ မသိနိုင်ကြပါ။ သို့သော် နဂိုအခံက ဆင်းရဲသူ တယောက်အဖို့တော့ သာမန်တုပ်ကွေးသည်ပင် အသက်ဆုံးရသည် အထိ ဖြစ်နိုင်သည်။ ပြန်နာလန်ထူရန် ခက်ခဲပြီး နာတာ ရှည်လည်း ဖြစ်သွားနိုင်ပါသေးသည်။ ဝဲဂယက်ပမာ နွံပမာ ဆွဲယူနှစ် ယူသွားစေနိုင်သော ရောဂါကပ်ဘေးကို ရင်ဆိုင်ဖို့အတွက်တော့ မြန်မာနိုင်ငံကဲ့သို့သော ဖွံ့ဖြိုးဆဲနိုင်ငံများအဖို့ အဆပေါင်း များစွာ ပို၍ကြိုးပမ်း ရုန်းကန်ကြရ ပါမည်။
မည်သူမျှ နောက်မကျန်ရစ်စေရ (leaving no-one behind) ဟူ၍ မူဝါဒ ချမှတ်ထားသည့်အတိုင်း ဆင်းရဲနှင့် အခြေခံလူထု များအတွက် လူမှုဖူလုံရေး နှင့် ကာကွယ်ပေးရေး မူဝါဒများ အကောင်အထည်ဖော်စေလိုပါကြောင်း။
မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျူ (ISP Myanmar) သည် လွတ်လပ်ပြီး ပါတီစွဲကင်းသည့် အစိုးရမဟုတ်သော သုတေသနအဖွဲ့ဖြစ်ပါသည်။ ISP Myanmar ၏ မြော်မြင်ချက်မှာ မြန်မာနိုင်ငံကို ရုန်းထကြံ့ခိုင်မှုအားကောင်းပြီး သည်းခံစိတ်ကြီးမားသော လူ့အဖွဲ့အစည်းတစ်ရပ်အဖြစ်ပေါ်ထွန်းလာရေး ဖြစ်သည်။ ISP Myanmar ၏ ဦးတည်ချက်မှာ ဒီမိုကရေစီကျသော ခေါင်းဆောင်မှုကို မြှင့်တင်အားပေးရန်နှင့် နိုင်ငံအရေးတွင် နိုင်ငံသားများ ပါဝင်ဆောင်ရွက်မှုအားကောင်းစေရန်ဖြစ်သည်။
မည်သူမဆို အခမဲ့ Download ရယူ ဖတ်ရှုနိုင်ပါသည်။
မည်သူမဆို အခမဲ့ Download ရယူ ဖတ်ရှုနိုင်ပါသည်။
မည်သူမဆို အခမဲ့ Download ရယူ ဖတ်ရှုနိုင်ပါသည်။
“အနာဂတ်တွင်Covid-19ရောဂါဆိုးကျိူးများ
ကြိူတင်ပြင်ဆင်မှုနှင့် ဆောင်ရန်ရှောင်ရန်လိုက်နာရမည့်အရာများကိုပိုမိုသိရှိလာခြင်း
ပြည်တွင်းပြည်ပနိုင်ငံတစ်ဝန်း ဖြစ်ပေါ်နေမှု
အခြေအနေများကိုနှံ့နှံ့စပ်စပ်သိရှိလေ့လာ
ရာခြင်း”
ကျေးဇူးပါ
Great
No 1 မတွေ့ပါလား
အခု link မှာ Series-1 ကို download ရယူနိုင်ပါတယ်ခင်ဗျာ။
https://ispmyanmarspecialseries.com/special-series-no-1/