နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP-B) က ကိုဗစ်-၁၉နှင့် ဆက်နွှယ်၍ တရားစွဲဆို ပြစ်ဒဏ်ချမှတ်မှုများကို ဧပြီလမှစတင်ပြီး မှတ်တမ်းပြုစုလျက်ရှိပါ သည်။ မတ်လနှင့် ဧပြီလအတွင်းတွင် ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေး ဥပဒေ ပုဒ်မ ၁၅၊ ပုဒ်မ ၁၈၊ သဘာ၀ဘေးအ္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅၊ ပုဒ်မ ၂၆၊ ပုဒ်မ ၂၇၊ ပုဒ်မ ၂၈၊ ပုဒ်မ ၃၀၊ ရာဇသတ်ကြီးပုဒ်မ ၁၈၈၊ နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်းမရှိသောကြောင့် ဖမ်းဆီးခံရခြင်း စသည့်ဥပဒေတို့ဖြင့် တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရသူ ၆၇၀ ဦးရှိခဲ့ပြီး မေလအတွင်းတွင် ၃၇၀၅ ဦးအထိ မြင့်တက်လာခဲ့ကာ ဇွန်လတွင် ၅၆ ဦးအထိ ပြန်လည် လျော့ကျသွားခဲ့သည်ကို တွေ့ရှိရသည်။
Continue Reading